ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.1.14

မင်းသမီး အဖြစ် သရုပ်ဆောင်ခြင်းကို တက္ကသိုလ်ဝင်တန်း ပြီးမှ လုပ်ဆောင်ရန် စဉ်းစားပါမယ် ဆိုတဲ့ အကယ်ဒမီ ယွန်းယွန်း

ကလေး သရုပ်ဆောင်အဖြစ် ၂ဝ၁၂ ခုနှစ် အကယ်ဒမီ ရွှေစင်ရုပ်ဆုကို ပိုင်ဆိုင်ခဲ့သူ ယွန်းယွန်းက မင်းသမီးအဖြစ် ရုပ်ရှင် ရိုက်ကူးခြင်းကို တက္ကသိုလ် ဝင်တန်း ပြီးဆုံးချိန်မှ စတင်လုပ်ဆောင်ရန် စဉ်းစားမည် ဖြစ်ကြောင်း မြဝတီ သတင်းစာသို့ ပြောကြားခဲ့သည်။

မအူပင်မီးကြိုတင်ကာကွယ်လေ့ကျင့်မှု အပြီး ငါးနာရီအကြာ တွင် မီးလောင်မှု ဖြစ်

ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့တွင် ဇန်န၀ါရီ၂၃ရက်က အမှတ်(၃) ရပ်ကွက် မြို့မဈေးအတွင်း၌ မြို့ နယ်စည်ပင်နှင့် မီးသတ်ဦးစီးဌာန တို့မှ မီးဘေးကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်မှုပြု လုပ်အပြီး ငါးနာရီအကြာတွင် အဆိုပါအမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းနှင့် ဈေးလမ်း ထောင့်ရှိ ကုန်စုံဆိုင်မှ မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည် ဟု သိရသည်။

April Fool's Day ဖြစ်ပေါ်လာပုံ

သမိုင်းတစ်လျှောက် ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့ စက်တင်ဘာလ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။

အမျိုးသားရင်ကြားစေ့ရေး မထိခိုက်အောင် ဆောင်ရွက်ဖို့ ဒေါ်အောင် ဆန်းစုကြည် တိုက်တွန်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာမှာ အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်တဲ့ ဆွေးနွေးညှိ့နှိုင်း အဖြေရှာတဲ့နည်းလမ်းနဲ့ ပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ အပစ်အခတ်ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုး

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ (ခေါ်) လေးဝါးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကုလသမဂ္ဂ ထုတ်ပြန်ချက် လက်ခံနိုင်ဖွယ် မရှိဟု ဦးရဲထွဋ် ပြော

ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ခံရမှု အပေါ် ကုလသမဂ္ဂက အဖြစ်မှန် အမြန်ဆုံး ပေါ်ပေါက်ရေး ချက်ချင်း

ကချင်ပြည်နယ် အန်ဒီအက်ဖ်ခေါင်းဆောင် ဒေါ်ဘောက်ဂျာ လွတ်မြောက်



အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖါးကန့်မြို့နယ် ရဲစခန်းမှာ ၆ လကျော်ကြာ ထိန်းသိမ်းခံထားရပြီး မနေ့က ပြန်လည်လွတ်မြောက်လာပါတယ်။

ဒေါ်ဘောက်ဂျာကို ပုဒ်မ ၃၀၄ (က) လူသေမှု၊ ပုဒ်မ ၄၁ ဆေးကောင်စီအက်ဥပဒေ၊ ပုဒ်မ ၃၃ ယစ်မျိုးဥပဒေစတဲ့ အမှု ၃ ခုနဲ့ တရားစွဲဆို ဖမ်းဆီးခဲ့တာပါ။ အဲဒီအမှုတွေဟာ အမှုဆင်ပြီး ထောင်ချတာဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက RFA ကို ပြောပါတယ်။

မလေးရှားတွင် မှတ်ပုံတင်ထားခြင်း မရှိသော မြန်မာဆေးများ ဖမ်းဆီးခံရ

မြန်မာအလုပ်သမား များစွာရှိသော မလေးရှားနိုင်ငံတွင် ကာမ အားတိုးဆေး အပါအဝင် မလေးရှားနိုင်ငံတွင် မှတ်ပုံတင် ထားခြင်း မရှိသော မြန်မာဆေးများ ရောင်းချသည့် ဆေးဆိုင်များကို မလေးရှား ကျန်းမာရေးဌာနက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မလေးရှား နိုင်ငံထုတ် The Star Online သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် ၄ ကီလိုမီတာ (၂ ဒသမ ၅) မိုင် အကွာတွင် ရှိသော Bangsar ဆင်ခြေဖုံးနှင့် Persiaran Syed Putra တို့တွင်ရှိသော ဆေးပစ္စည်းများ သိုလှောင်ထားသည့် ဘန်ဂလို အိမ်နှစ်လုံးနှင့် ဆေးဆိုင် သုံးဆိုင်ကို မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူမြို့တော် ကျန်းမာရေး ဝန်ကြီးဌာန၏ လက်ထောက် Syed Fadzli Syed Syial- uddin

" ယာဉ်မတော်တဆမှုအတွက် သတိပေးနေသော်လည်း ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိမ်းမှောက် သေဆုံးမှု လျော့နည်းလာခြင်းမရှိ"

ယာဉ်မတော်တဆ ဖြစ်နိုင်သည့်အတွက်သတ်မှတ်အရှိန်နှုန်းဖြင့်
မောင်း နှင်ကြရန် သတိပေးထားသော်လည်း အမြန်လမ်းတွင် ကားတိမ်းမှောက်၍ သေဆုံး မှုလျော့ နည်းလာခြင်း မရှိဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးနေဝင်း က ပြောသည်။

”လစဉ် အမှုက ၁၅၊ ၂ဝ၊ ၂၅ ဒီလို ပဲသွားနေတယ်။ လျော့သွားတယ်ရယ် လို့ မရှိဘူး” ဟု ရဲမှူးကြီးက ပြောသည်။

၂ဝဝ၉ ခုနှစ် မတ်လတွင် ကား စတင် ဖြတ်သန်းခွင့်ပြုပြီးနောက် ကား ဖြတ်သန်းမောင်းနှင်ခဲ့သည့် ကြိမ်ရေ ၈ သန်းရှိခဲ့သည်။

လေဒီဂါဂါ၏ တေးအယ်လ်ဘမ်သစ် တရုတ်တွင် ဖြန့်ချိခွင့် ပြန်လည်ရရှိ

အမေရိကန်အဆိုတော် လေဒီဂါဂါ၏ တေးအယ်လ်ဘမ်များအား တရုတ်နိုင်ငံတွင် ရောင်းချခွင့် ကို သုံးနှစ်ကြာ တားမြစ်ခံရပြီးနောက် သူမ၏ တေးအယ်လ်ဘမ်သစ် Artpop ကို အာဏာပိုင် များက ရောင်းချ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လေဒီဂါဂါ၏ Artpop တေးအယ်လ်ဘမ် မျက်နှာဖုံးမှ မူရင်းဓာတ်ပုံအား ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် တားမြစ်မှုကို ရုပ်သိမ်းရန် တရုတ်နိုင်ငံ၏ တည်းဖြတ်ရေး အဖွဲ့က သဘောတူ ခဲ့သည်။ ယခုအခါ လေဒီဂါဂါသည် အပြာရောင် ဘောလုံးကြီးနှင့် သူမ၏ ခန္ဓာကိုယ် ကိုကွယ် နေသော ပုံစံဖြင့် ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ကာဗာဓာတ်ပုံ ကို ပြောင်း လဲ ပေးခဲ့သည့်အတွက် တရုတ် နိုင်ငံတွင် ရောင်းချ ဖြန့်ချိခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။