ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

2.4.13

စတုတ္ထအကြိမ်တွေ့ဆုံမှုမှာ မန်ယူကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီး

ဖလားနှစ်လုံးအိပ်မက်နဲ့ မန်ယူဟာ ဒမ်ဘာဘာရဲ့ တစ်လုံးတည်းသော ဂိုးကြောင့် လက်ရှိအက်ဖ်အေဖလား ချန်ပီယံချဲလ်ဆီးကိုရှုံးပြီး ကွာတား ဖိုင်နယ်ကနေ လက်ပြခဲ့ရပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်က လူစာရင်းတွေကို ၇နေရာစီအပြောင်းအလဲလုပ်ခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ယူဟာ ပွဲအစပိုင်းမှာ အမှားစောင့် ကစားခဲ့ကြပါတယ်။

ချဲလ်ဆီးကွင်းလယ်မှာ ဟာဇက်အစွမ်းပြခဲ့ပြီး မန်ယူခံစစ်ကြောင်းကို အကောင်း ဆုံးအလုပ်ပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်အရောက်မှာ ဟာဇက်ရဲ့ဖန်တီးမှုကနေ ဒမ်ဘာဘာကန်သွင်းတာ ဒီဂီယာရဲ့ ခြေထောက်နဲ့ထိခဲ့တာကြောင့် ချဲလ်ဆီးတို့ အဖွင့်ဂိုးရခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူကတော့ ၃၈မိနစ်အထိ ဂိုးပေါက်ခြိမ်းခြောက်မှုမလုပ်နိုင်ခဲ့ဘဲ ၄၂မိနစ်မှာတော့ ဒီဂီယာကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာနန်ဒက်ဇ် ခေါင်းတိုက်သွင်းခဲ့ရာမှာ ပီတာချက် လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ရွန်နီဟာ အခုပွဲမှာ ပါဝင်လာနိုင်ခြင်းမရှိသလို ဗန်ပါစီကလည်း အရန်ကစားသမားအဖြစ်သာ ပါဝင်လာခဲ့လို့ မန်ယူတို့ တိုက်စစ်အားနည်းခဲ့ရတာလည်းဖြစ်ပါတယ်။ ပွဲချိန် ၄၉မိနစ်အရောက်မှာတော့ ဟာဇက်ရဲ့ပေးပို့မှုကနေ ဒမ်ဘာဘာက မြေမကျဘောကန်သွင်းပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့သလို ဒီဂိုးဟာ ချဲလ်ဆီးအတွက် အက်ဖ်အေ ဖလားဆီမီးဖိုင်နယ်တက်ခွင့်လက်မှတ်လည်းဖြစ်ခဲ့ပါတယ်။

၄၈ လမ်းမီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေသွားရောက်စစ်ဆေးကြည့်ရှု

မီးသတ်ဦးစီးဌာနမှ သတင်းအရ အပေါ်ထပ်ဝင်ပေါက်မှာ တစ်ခုတည်းသာရှိပြီး၊ ပြူတင်းပေါက်များတွင် သံတိုင်များကာရံထား သည့် အတွက် မီးလောင်မှုဖြစ်ချိန်တွင်  အတွင်းဝယ်ရှိနေသူများ ပိတ်မိခြင်းဖြစ်ကြောင်း သိရသည်။ အသက်ဆုံးရှုံးသွားသူများမှာလည်း ယင်းပြူတင်းပေါက်များမှ ထွက်ရန်ကြိုးစားရင်း ဆုံးပါးရခြင်းဖြစ်ကြောင်း သိရသည်။ "မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား မနက် ၉ နာရီသတင်းမှာ မီးလောင်မှုဖြစ်ပွား တဲ့ ဗလီကို ရိုက်ကူးပြသထုတ်လွှင့်ပေးခဲ့ပါတယ်။ အဲဒီပုံကို ကြည့်ရင် ဗလီရဲ့ ပြင်ပနံရံများ မီးဟပ်ထားတာလုံးဝမရှိကြောင်း၊ အဆောက်အဦအပြင်ဘက်မှာ မီးလောင်ကျွမ်းထားတာမရှိကြောင်း၊
အပေါ်ထပ်ပြူတင်းပေါက်များရဲ့ အတွင်းဘက်မှာသာ မီးဟပ်ထားကြောင်း တွေ့ နိုင်ပါတယ်။ ဒါ့အပြင် ဗလီဝင်ပေါက်ကို သံတခါးနဲ့ သော့ခတ်ထားတဲ့အတွက် မီးသတ်ဖို့ တောင် တခါးကို ချိုးဖျက်ဝင်ခဲ့ရကြောင်း မျက်မြင်သက်သေများ ရဲ့ ပြောကြား ချက်ကို တွေ့ နိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ကနေ မီးရှို့တယ်ဆိုတဲ့ စွတ်စွဲချက်များမမှန်ကန်ကြောင်း တင်ပြအပ်ပါတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကပြောပါသည်။ ယခုအခါ ယင်းမီးလောင် မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေကြောင်းသိရသည်။

နေပြည်တော်မှ ဗုဒ္ဓဂယာ ဖူးမြော်ခွင့်ပေးပြီ

ကျပ်သန်းပေါင်း ၁၀၀၀၀ ၀န်းကျင် ကုန်ကျနိုင်မည် မှန်းထားသော မြန်မာနိုင်ငံ နေပြည်တော်မှ အိန္ဒိယ၊ ဗုဒ္ဓဂယာ ပုံစံတူ အဆောက် အအုံ ဥယျာဉ်တော် ကြီးမှာ အချောသပ် အလှဆင် ခြင်းသာ ကျန်ရှိတော့ပြီး အများပြည်သူ လာရောက် ဖူးမြော်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း ကြီးကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ကတည်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မှုဖြင့် ရွှေတောင် ကုမ္ပဏီနှင့် ACE ဆောက်လုပ်ရေး ကုမ္ပဏီတို့က တာဝန်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယ နိုင်ငံမှ ဗုဒ္ဓဂယာ အတိုင်း အနီးစပ်ဆုံး တူညီအောင် ဆောက်လုပ် ပေးထားသည် ဟု သိရသည်။

''ကျွန်တော်တို့ ဘက်က ဆောက်လုပ်ပေးတဲ့ အပိုင်း ပြီးစီး နေပါပြီ။ ကျွန်တော်တို့ အပ်ပေးပြီး ပါပြီ။ ဖွင့်လှစ်ဖို့ အပိုင်းလေးနဲ့ အချောသတ် ပြင်ဆင်နေမှု လေးတွေပဲ ကျန်တော့တာ'' ဟု ACE ဆောက်လုပ်ရေး လုပ်ငန်းစုမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ စီမံကိန်း၏ ရည်ရွယ် ချက်မှာ မြန်မာနိုင်ငံမှ လူနည်းစု သာလျှင် သွားနိုင်သော ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်ကို မြန်မာနိုင်ငံမှ အခြေခံ လူတန်းစားများပါ လွယ်လင့်တကူ စိတ်ဖြေ သိမ့်စရာ ဖူးမြော် နိုင်စေရန် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရကာ ကွာဟချက် တစ်ခုအဖြစ် ဂေါတမ မြတ်စွာဘုရား ရှင်သည် မြောက်ဘက်ကို မျက်နှာမူထားပုံကို နေပြည်တော် အဆောက်အအုံ ရှိပုံက အရှေ့ဘက်ကို မျက်နှာမူ ထားသည်ဟု သိရသည်။

''ဖွင့်ပွဲ လုပ်ပါလိမ့် ဦးမယ်။ နိုင်ငံတော် သမ္မတကြီး အားမယ့်ရက်နဲ့ အစိုးရ တာဝန်ရှိသူတွေ အဆင်ပြေ ကြမယ့် နေ့ထူးနေ့မြတ် တစ်ရက်မှာ ဖွင့်ပွဲ လုပ်လိမ့်မယ်'' ဟု အခြားသော ပြောရေးဆိုခွင့် ရှိသူ တစ်ဦးကလည်း ပြောကြားသည်။ အဆိုပါ ဗုဒ္ဓဂယာကို ဥတ္တရ သီရိမြို့ မြောက်ဘက်၊ ခွာညိုပန်း၊ အ၀ိုင်းမှ ၆ မိုင်နီးပါးအကွာ ရှိ ဥဒယနသီ ကုန်းတော်ပေါ်တွင် တည်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံး ဘဏ်တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ မှ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီပေးမည်

ဘဏ်လုပ်ငန်းဝန်ဆောင်မှုဖွံ့ဖြိုးရေးအတွက် နားလည်မှု စာချွန်လွှာအား လဲလှယ်နေသည်ကို တွေ့ရစဉ် ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ် တစ်ခုဖြစ်သော Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်မှ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ အကူအညီများ ပေးမည်ဖြစ်ကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သမ၀ါယဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က “ဘဏ်နှစ်ခုကြား နှစ်ဖက်ဘောတူစာချုပ် ချုပ်ဆိုတာပါ။ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်က ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ သမ၀ါယမဘဏ်ကို နည်းပညာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေမှာ အကူအညီပေးမှာပါ။ ဂျပန်ဘဏ်ဘက်က ပညာရှင်တွေ၊ အကြံပေး ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး အကူအညီပေးမှာပါ” ဟု ပြောသည်။
ဘဏ်နှစ်ဘဏ်ကြား လုပ်ငန်းစတင်နိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ထပ်မံတိုးမြှင့်ရန်အတွက် စာချုပ် ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သမ၀ါယမဘဏ်နှင့် (BTMU) ဘဏ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ Bank of Tokyo Mitsubishi UFJ (BTMU) ဘဏ်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး ဘဏ်တစ်ခုဖြစ်ပြီး နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။
သမ၀ါယမဘဏ်နှင့် BTMU ဘဏ်တို့၏ customer များဖြစ်ကြသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် တစ်ဦးချင်း ပုဂ္ဂလိက ကုန်သည်များ၊ အသင်းအုပ်စု အဖွဲ့အစည်းများကို ရည်ရွယ်ထားကြောင်း၊ မြန်မာနိုင်ငံ တွင် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ ချော့မွေ့လာစေရန် အတွက် ၀န်ဆောင်မှုများကို ပေးလိုကြောင်း ဦးကျော်လင်းက ထည့်သွင်း ပြောကြားသည်။
“မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမယ့် ဂျပန်လုပ်ငန်းရှင် အများစုက BTMU ဘဏ်နဲ့ အဆက်အဆံ ရှိသလို ကုန်သွယ်မှု အပိုင်းနဲ့ ပတ်သက်ရင် သူတို့ဘဏ်မှာ စာရင်းဖွင့်ထားတာတွေ များတယ်။ BTMU ဘဏ်နဲ့ချိတ်ဆက်ပြီး နောက်ပိုင်း ဂျပန်ကုမ္ပဏီတွေ စာရင်းလာဖွင့်တာ များလာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသော နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲပေါင်း ၂၄ ခုရှိပြီး The Bank of Tokyo Mitsubishi UFJ၊ Mizuho Coporate Bank Ltd၊ Sumitomo Mitsui Banking Corporation ဘဏ်တို့သည် ဂျပန်နိုင်ငံ အခြေစိုက် ဘဏ်များဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင် ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်သည် ယနေ့ နံနက် ၁၁ နာရီခွဲ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတ ရုံးဝန်ကြီး ဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။

ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ

ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ CB ဘဏ်၏ POS ( ငွေချေစက် )နေရာ ၃၈ ခုတွင် အသုံးပြုနိုင်ပြီဖြစ်ကာ အဆိုပါ POS များတွင် ဗီဇာကတ်အပြင် မာစကာ ကတ်များကိုပါ အသုံးပြုနိုင်နေပြီဖြစ်သည်။

CB ဘဏ်သည် နိုင်ငံတကာ ငွေချေကတ်များဖြစ်သာ မာစတာကတ် ၊ ဗီဇာကတ် ၊ချိုင်းနားယူနီကတ် နှင့် ပြည်တွင်းသုံး MPU ( ဈေးဝယ်ကတ် )များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး မကြာမီ ချိုင်းနားယူနီယမ် ပေး ကတ်များ ကိုလည်း POS တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယမြောက်ပိုင်းတွင် မိုးကြိုးပစ်ခံရပြီး ကိုးဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင် မတ် ၂၉ ရက်က မိုးများသည်းထန်စွာ ရွာသွန်းစဉ် အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ပွားမှုသည် ဥတာပရာဒေ့ရှ် ပြည်နယ်အတွင်းရှိ ချန်ဒူလီ၊ ဂါဇီပါ၊ ဆမ်ဘယ်လ်နှင့် မီရတ်ခရိုင်များတွင် ဖြစ်ပွားခဲ့ပြီး ယင်းမိုးကြိုးပစ်ခံရမှုကြောင့် အခြားကိုးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဥတာပရာဒေ့ရှ် ပြည်နယ်သည် မိုးရွာသွန်းမှုနှင့် မုန်တိုင်းသတိပေးချက်တစ်ရပ် ထုတ်ပြန်ညွှန်ကြားထားပြီး ပြီးခဲ့သည့် နှစ်ရက်အတွင်း ရုတ်တရက် ရာသီဥတု ပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့ခဲ့ရသည်။ သဘာဝဘေးအန္တရာယ် ထိခိုက်ခံရသည့် မိသားစုဝင်များအား ကူညီထောက်ပံ့ပေးရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)

မြောက်ကိုရီးယား ခြိမ်းခြောက်မှု တောင်ကိုရီးယား အလေးနက်ထား

တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယားရဲ့ ဆက်တိုက် ခြိမ်းခြောက်မှုတွေကို အထူး အလေးအနက် ထား ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ ပထမဆုံးအကြိမ်အဖြစ် အပြင်းထန် ဆုံး စကားလုံးတွေ သုံးပြီး တုံ့ပြန်လိုက်ပါတယ်။ ဒါကြောင့် ဒီ တောင်-မြောက်ကိုရီးယား အပြန်အလှန်စကားနဲ့ ခြိမ်းခြောက်ရာ ကနေ နောက်ဆုံး စစ်ပွဲတိုက်ခိုက်မှုတွေအထိ ရောက်သွားမှာကို အများက စိုးရိမ်နေကြပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ထိပ်တန်း အရာရှိတွေနဲ့ တနင်္လာက တွေ့ဆုံရာမှာ သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) က မြောက်ကိုရီးယားဘက်က ဘယ်လို ရန်စမှုမျိုးကိုမဆို နိုင်ငံရေးအရ ထည့်စဉ်းစားနေစရာ မလိုတော့ဘဲ မြန်မြန်ဆန်ဆန် နဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုတယ်လို့ အမိန့်ပေးလိုက်ပါတယ်။

အခုလို သမ္မတ ပတ် က သတိပေးလိုက်ချိန်ဟာ လက်ညှိုးထောင် ခေါင်းငြိမ့် လုပ်လေ့ရှိတဲ့ မြောက်ကိုရီးယား လွှတ်တော် နှစ်စဉ် ကျင်းပချိန်နဲ့ တိုက်ဆိုင်နေ ပြီး၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအွန်း (Kim Jong Un) က သူ့ရဲ့ နျူကလီးယား လက်နက်တွေကို ချဲ့ထွင်သွားမယ်လို့ ကတိပြုပြောကြားအပြီး
နောက်တရက်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ မကြာခင်ကပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ လက်ရှိ ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်တာနဲ့ မြောက်ကိုရီးယားရဲ့ တတိယမြောက် နျူကလီးယား လက်နက် စမ်းသပ်မှုအပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူမှုတွေကို တိုးမြှင့်လိုက်တာတွေအပေါ် ဒေါသထွက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို စစ်ရေး တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်လာနေခဲ့ပါတယ်။

အခုလို တင်းမာမှုတွေ ဖြစ်နေချိန်မှာ မနေ့ တနင်္ဂနွေတုန်းကလည်း အမေရိကန် တိုက်လေယာဉ် F-22 နှစ်စင်းဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ Kadena လေတပ် အခြေစိုက်စခန်းကနေ ဆိုးလ်မြို့တော်ရဲ့ တောင်ဘက် မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ Osan လေတပ်အခြေစိုက်စခန်းကို ပျံသန်းပြခဲ့ပါတယ်။

ဒီခေတ်မှီတိုက်လေယာဉ်တွေကို ဒီလကုန်မှာ ပြီးဆုံးမယ့် Foal Eagle ခေါ်တဲ့ စစ်ရေး လေ့ကျင့်ခန်း လုပ်ရာမှာ ထူးထူးခြားခြား ထည့်သုံးခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန် မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်း တောင်ကိုရီးယား နှင့်လည်း စစ်မက် ဖြစ်ပွားသည့် အခြေအနေ အဖြစ် ထုတ်ဖော် ပြောဆိုခဲ့သည်။ နိုင်ငံပိုင် KNCA သတင်း ဌာနက ထုတ်လွှင့် ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့် အရေးကိစ္စ မဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလ အတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယား တို့က ဆိုထားပြီး အမေရိကန် မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များ အဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။ ဖေဖော်ဝါရီလ အတွင်းက မြောက်ကိုရီးယား တို့၏ တတိယ မြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

ကိုရီးယား သရုပ်ဆောင် လီဗျောင်ဟွန်း ဟောလီးဝုဒ် ရုပ်ရှင် လောကသို့ ဝင်ရောက် လာတော့မည်

ဆွဲဆောင်မှု အားကောင်းသော ကိုရီးယား သရုပ်ဆောင် လီဗျောင်ဟွန်းသည် အမေရိကန် ပြည်ထောင်စု ရှိ ဟောလီးဝုဒ် ရုပ်ရှင် လောကသို့ ဝင်ရောက် လာတော့ မည် ဖြစ်သည်။ လီသည် ၂ဝဝ၉ ခုနှစ်တွင် ထုတ်လွှင့် ပြသခဲ့သော ''G.I. Joe: The Rise of Cobra'' ရုပ်ရှင် ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်လမ်း ဖြစ်သော G.I.Joe: Retaliation'' ဇာတ်ကားတွင် ဟောလီးဝုဒ် ရုပ်ရှင် လောကမှ အကျော် အမော်များ ဖြစ်သည့် ဒွေးဂျွန်ဆင်၊ ဘရုစ်ဝီလီစ် တို့နှင့်အတူ ပါဝင် သရုပ်ဆောင်ရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။

ဂျွန်ဆင်နှင့် ဝီလီစ်တို့သည် လူကြိုက်များ ကျော်ကြားသော ဇာတ်လမ်း များကို ရွေးချယ် ရိုက်ကူးရန် မလိုအပ် သော်လည်း ဟောလီးဝုဒ် ရုပ်ရှင်လောက တွင် အောင်မြင် ကျော်ကြားသူ တစ်ဦး အဖြစ် ရပ်တည် နိုင်ရေးအတွက် ယင်း ဇာတ်ကားသည် လီအတွက် အလွန် အရေး ပါသည်။

G.I. Joe: The Rise of Cobra ပထမတွဲ ဇာတ်လမ်းမှ သရုပ်ဆောင် Channing Tatum သေဆုံး ခဲ့သဖြင့် လီသည် အဆိုပါ ဇာတ်ကား၏ နောက်ဆက် တွဲ ဖြစ်သော ''G.I.Joe: Retaliation'' ဇာတ်လမ်းတွင် သရုပ်ဆောင်ရန် အခွင့် အလမ်းကောင်း တစ်ရပ် ရရှိလာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ လွှမ်းမိုးမှု အရှိဆုံး ပေါ့ပ်အဆိုရှင် အဖြစ်သို့ ရီဟန်းနား ရောက်ရှိ

ရီဟန်းနားသည် ကေတီပယ်ရီနှင့် ဘီယွန်းဆေး တို့အား ကျော်ဖြတ်၍ နိုင်ငံ၏ လွှမ်းမိုးမှုအရှိဆုံး ပေါ့ပ် အဆိုရှင် အဖြစ် ရောက်ရှိ တက်လှမ်း နိုင်ခဲ့သည်ဟု သိရသည်။

The Umbrella တေးသီချင်းဖြင့် ကမ္ဘာ ကျော်လာခဲ့သည့် ရီဟန်းနားသည် စာနယ်ဇင်း များ၌ မျက်နှာဖုံးရှင် တစ်ဦး အဖြစ် သရုပ်ဆောင်လျက် ရှိသည့် အပြင် 4 Music မှ ပြုလုပ်သော ထိပ်တန်း စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။

ထိပ်တန်း စာရင်းတွင် Crazy In Love သီချင်းဖြင့် ကျော်ကြားခဲ့သူ ဘီယွန်းဆေးက ဒုတိယနေရာ၊ အမျိုးသား အဆိုတော် အဖွဲ့ဖြစ်သော One direction အဖွဲ့က တတိယနေရာ၊ ပယ်ရီက နံပါတ်လေး နေရာတို့တွင် အသီးသီး ရပ်တည်ခဲ့ကြပြီး ဂျက်စတင်ဘီဘာသည် နံပါတ်ငါး နေရာသို့ ရောက်ရှိ သွားသည်ဟု သိရသည်။

ပရိသတ်တွေကို ဖျော်ဖြေမယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ရှိုး

နှစ်တိုင်းလို ပြုလုပ်နေကျ ဖြစ်တဲ့ စိုင်းစိုင်း ခမ်းလှိုင်ရဲ့ မွေးနေ့ အမှတ်တရ ရှိုးပွဲကို ဧပြီလ ၁ဝ ရက်နေ့မှာ ကျင်းပပြုလုပ် တော့မှာ ဖြစ်ပါတယ်။ မနှစ်က ရန်ကုန်မှာ မကျင်းပ ဖြစ်လိုက်တဲ့ အတွက် ဒီနှစ် ရန်ကုန်မှာ ၂ နှစ်စာ ပိုပြီး ဖျော်ဖြေမယ်လို့ ပြောတဲ့ စိုင်းစိုင်း ခမ်းလှိုင်က”၂ နှစ်စာပေါင်းပြီး Presentationကို နှစ်ပိုင်းခွဲပြီး တင်ဆက်ဖို့ စီစဉ် ထားပါတယ်။ ထူးခြားမှု ဆိုတာထက် မငြီးငွေ့အောင်၊ ပျင်းမသွားအောင်၊ လာရကျိုးနပ်အောင်၊ ပျော်အောင် ပြင်ဆင် နေပါတယ်။ တစ်နှစ် ပြီးတစ်နှစ် ကုန်လွန် လာတာနဲ့ အမျှ အသက် ကတော့ တစ်နှစ်ထက် တစ်နှစ်ကြီး လာမှာပဲ။ ဒါပေမဲ့ ကျွန်တော့် စိတ်ရယ်၊ ကျွန် တော်တင်ဆက် ချင်တဲ့ အနုပညာ ရယ်ကတော့ အမြဲတမ်း လတ်ဆတ်မှုကို ခံစားနေရတုန်းပါ။ နောင်လည်း အဲဒီ အတိုင်းပဲ ဖြစ်မယ်လို့ ယူဆတယ်။ အခုလည်း အရင်က ဖြတ်သန်း ခဲ့ရတဲ့ မွေးနေ့တွေ အတိုင်းပဲ ရင်ခုန်တယ်။ စိတ် လှုပ်ရှားတယ်။ အားကြိုးမာန် တက်လည်း ပြင်ဆင်နေတယ်”လို့ စိုင်းစိုင်းက ပြောပါတယ်။ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးပွဲအတွက် လက်မှတ်တွေ ကိုတော့ ကျပ် ၆၅ဝဝ သတ်မှတ်ထားပြီး ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ညနေ ၅ နာရီက စတင် ဖျော်ဖြေမှာဖြစ်ပြီး The Trees Band ကလည်း ပါဝင် ကူညီတီးခတ် ပေးမှာဖြစ်ပါတယ်။

နေပြည်တော်အသင်းနှင့် မကွေးအသင်းတို့ နိုင်ပွဲ ကိုယ်စီရရှိ

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များကို မတ် ၃၀ ရက်(ယနေ့) ညနေ၄း၀၀ နာရီက အောင် ဆန်းနှင့် မုံရွာအားကစားကွင်းတို့၌ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ နေပြည်တော်အသင်းနှင့် မကွေးအသင်း တို့နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်။ အောင်ဆန်းကွင်း၌ ကစားခဲ့သည့် နေပြည်တော် အသင်းနှင့်ဇွဲကပင် အသင်း တို့ပွဲစဉ်တွင် နေပြည်တော်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နေပြည်တော် အသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကိုပွဲချိန် ၁၄ မိနစ်တွင် တင်ဇော်မိုးက သွင်းယူပေးခဲ့သည်။ မုံရွာကွင်း၌ ကစားခဲ့ သည့် ဇေယျာရွှေမြေအသင်းနှင့် မကွေးအသင်းတို့ပွဲစဉ်တွင် မကွေးအသင်းက အိမ်ရှင်အသင်းအား ၃-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မကွေး အသင်းအတွက်အနိုင်ဂိုး သုံးဂိုးကို မောင်မောင်စိုး တစ်ဦးတည်းမှ ဟက်ထရစ်သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး အိမ်ရှင် အသင်း အတွက် ချေပဂိုး တစ်ဂိုးကို ၃၈ မိနစ်တွင် ချူကွာဇူက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဇေယျာရွှေမြေ အသင်း သည် မကွေး အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း ရမှတ် ၁၅မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေပြီး ဒုတိယ နေရာတွင် ကမ္ဘောဇ အသင်းက ၁၄ မှတ်ဖြင့် ရပ်တည်နေသည်။ မကွေးအသင်းက ရမှတ် ၁၃ မှတ်ဖြင့်တတိယနေရာတွင် ရပ်တည်နေပြီး ရန်ကုန်အသင်းက ရမှတ် ၁၂ မှတ်ဖြင့် စတုထ္ထနေရာတွင် အသီးသီး ရပ်တည်နေသည်။ လာမည့် မတ် ၃၁ ရက် သုဝဏ္ဏကွင်း၌မနောမြေ အသင်းနှင့် ဆောက်သမ်း အသင်းတို့လည်းကောင်း၊ အောင်ဆန်းကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီ အသင်းတို့ လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ဟံသာဝတီအသင်းထံမှ အမှတ်ခွဲယူနိုင်ခဲ့သည့် ရခိုင်ယူနိုက်တက်

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များကို မတ် ၃၁ ရက်(ယနေ့) ညနေ ၄း၀၀ က အောင်ဆန်း ကွင်းနှင့် သုဝဏ္ဏကွင်းများ၌ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းသည် ဟံသာဝတီ အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီး အမှတ်ခွဲယူနိုင်ခဲ့သည်။ အဆိုပါပွဲ ပထမပိုင်းတွင် ဟံသာဝတီအသင်းက ၂၈ မိနစ်၌ အောင်မင်းညွန့်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော် လည်း ဒုတိယပိုင်းတွင် ရခိုင်ယူနိုက်တက် အသင်း အသစ်ခေါ်ယူထားသည့် နိုင်ငံခြားကစားသမားသစ် ပီနာ၏ ချေပဂိုး ကို ပြန်လည်ခွင့်ပြုခဲ့ရသည်။ ရာသီအစတွင် ရလဒ် များဆိုးရွားနေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ဟံသာ ၀တီအသင်းနှင့်ပွဲတွင် အသစ်ခေါ်ယူထားသည့် ကစားသမားသုံးဦးစလုံး ထည့် သွင်းကစားသွား ခဲ့သည်။ သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မနောမြေအသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့ပွဲတွင် မနောမြေ အ သင်းက ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ မနောမြေအသင်း အတွက် အနိုင်ဂိုးများကို ၄၇ မိနစ်တွင် အဆာလေ၊ ၅၄ မိနစ်တွင် အီဗရာဟင်၊ ၇၃ မိနစ်တွင် အေးမင်းဝင်းတို့က သွင်းယူပေးခဲ့ကြသည်။ ဆောက်သမ်းအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲသည် မနောမြေအသင်းအ တွက် ယခုနှစ်ဘောလုံးရာသီ၏ ပထမဆုံး နိုင်ပွဲဖြစ်သည်။

ပွဲစဉ် ၇ ရလဒ်များ
ဧရာဝတီ ၂ - ၂ ရတနာပုံ
ရန်ကုန် ၂ - ၃ ကမ္ဘောဇ
ဇေယျာရွှေမြေ ၁ - ၃ မကွေး
ဇွဲကပင် ၀ - ၁ နေပြည်တော်
မနောမြေ ၃ - ၀ ဆောက်သမ်း
ရခိုင်ယူနိုက်တက် ၁ - ၁ ဟံသာဝတီ

အသင်းကစားပုံ အနည်းငယ်တိုးတက်လာဟု ရခိုင်ယူနိုက်တက်အသင်း နည်းပြ ဖွင့်ဟ

ရခိုင်ယူနိုက်တက် အသင်း နည်းပြ ဦးအောင်နိုင်က ဟံသာဝတီ အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် မိမိအသင်း၏ ကစားပုံ အနည်းငယ်တိုးတက် မှုရှိလာကြောင်း ဖွင့်ဟခဲ့သည်။ ရခိုင်ယူနိုက်တက် အသင်း သည် လိဂ်ပြိုင်ပွဲ ၇ ပွဲကစားအပြီးတွင် နှစ်ပွဲသရေ၊ ငါးပွဲရှုံး ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇယား အောက်ဆုံး၌ ရပ်တည်နေသည်။ နည်းပြ ဦးအောင်နိုင်က “ အသစ်ခေါ်ထားတဲ့ နိုင်ငံခြားကစားသမားတွေက အသင်းနဲ့ သိပ်အထိုင်မကျသေးပေမယ့် ဒီနေ့ပွဲမှာ အကောင်းဆုံး လိုက်ကစားပေးနိုင်ခဲ့ပါတယ်။ သရေရလဒ်နဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်။ အသင်းကစားပုံ လည်း အရင်က ထက် စာရင် အနည်းငယ် တိုးတက်လာ ပါတယ်” ဟု ပြောကြားသည်။ ဆက်လက်၍ ၄င်းက အသင်းအောင်မြင်မှုရရှိရန် အချိန်ပေးရ မည် ဖြစ်ကြောင်း၊ လာမည့် မနောမြေ အသင်းနှင့်ပွဲတွင် အနိုင်သုံးမှတ်ရရှိ အောင် ကြိုးစားသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမှားတစ်ချက် တစ်ဂိုးဖြစ်ခဲ့ဟု ဟံသာဝတီနည်းပြ ဦးဝင်းတင် ပြောကြား

ဟံသာဝတီ ယူနိုက်တက် အသင်းနည်းပြ ဦးဝင်းတင်က ရခိုင်ယူနိုက် တက်အသင်းနှင့် သရေကျခဲ့သည့်ပွဲ တွင်အမှား တစ်ချက်ကြောင့် တစ်ဂိုး ပေးလိုက်ရကြောင်း ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့ သည်။
နည်းပြ ဦးဝင်းတင်က “ရခိုင်နဲ့ပွဲမှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့်ကစားသမားတွေက အပိုင်အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ခါမှားတာနဲ့ တစ်ဂိုးပေးခဲ့ရပါတယ်။ သရေရလဒ်နဲ့ ပတ်သက်ပြီး မကျေနပ်ပါဘူး”ဟု ပြောကြားခဲ့သည်။ ဟံသာဝတီ ယူနိုက်တက် အသင်းသည် ၇ ပွဲကစားပြီးချိန် တွင် နိုင်ပွဲတစ်သာ ရရှိထားပြီး နှစ်ပွဲသရေ၊ လေးပွဲ ရှုံးနိမ့် ထားသည်။ ဆက်လက်ပြီး နည်းပြဦးဝင်းတင်က အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူး အဘိုလာဂျီသည် အသင်းနှင့် အနည်းငယ် အထိုင်မကျသေး သော် လည်း ကြိုးစားအားထုတ်မှုရှိသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း၊ နောက်လာ မည့် ပွဲများတွင် ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

စတုတ္ထအကြိမ်တွေ့ဆုံမှုမှာ မန်ယူကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီး

ဖလားနှစ်လုံးအိပ်မက်နဲ့ မန်ယူဟာ ဒမ်ဘာဘာရဲ့ တစ်လုံးတည်းသော ဂိုးကြောင့် လက်ရှိအက်ဖ်အေဖလား ချန်ပီယံချဲလ်ဆီးကိုရှုံးပြီး ကွာတား ဖိုင်နယ်ကနေ လက်ပြခဲ့ရပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်က လူစာရင်းတွေကို ၇နေရာစီအပြောင်းအလဲလုပ်ခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ယူဟာ ပွဲအစပိုင်းမှာ အမှားစောင့် ကစားခဲ့ကြပါတယ်။

ချဲလ်ဆီးကွင်းလယ်မှာ ဟာဇက်အစွမ်းပြခဲ့ပြီး မန်ယူခံစစ်ကြောင်းကို အကောင်း ဆုံးအလုပ်ပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်အရောက်မှာ ဟာဇက်ရဲ့ဖန်တီးမှုကနေ ဒမ်ဘာဘာကန်သွင်းတာ ဒီဂီယာရဲ့ ခြေထောက်နဲ့ ထိခဲ့တာကြောင့် ချဲလ်ဆီးတို့ အဖွင့်ဂိုးရခွင့် ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူကတော့ ၃၈မိနစ်အထိ ဂိုးပေါက်ခြိမ်းခြောက်မှုမလုပ်နိုင်ခဲ့ဘဲ ၄၂မိနစ်မှာတော့ ဒီဂီယာကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာနန်ဒက်ဇ် ခေါင်းတိုက်သွင်းခဲ့ရာမှာ ပီတာချက် လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ရွန်နီဟာ အခုပွဲမှာ ပါဝင်လာနိုင်ခြင်းမရှိသလို ဗန်ပါစီကလည်း အရန်ကစားသမားအဖြစ်သာ ပါဝင်လာခဲ့လို့ မန်ယူတို့ တိုက်စစ်အားနည်းခဲ့ရတာလည်းဖြစ်ပါတယ်။ ပွဲချိန် ၄၉မိနစ်အရောက်မှာတော့ ဟာဇက်ရဲ့ပေးပို့မှုကနေ ဒမ်ဘာဘာက မြေမကျဘောကန်သွင်းပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုးသွင်းပေးနိုင်ခဲ့သလို ဒီဂိုးဟာ ချဲလ်ဆီးအတွက် အက်ဖ်အေ ဖလားဆီမီးဖိုင်နယ် တက်ခွင့်လက်မှတ်လည်းဖြစ်ခဲ့ပါတယ်။

ဆုဖလား ၂ လုံး ရလိုသည့် ဗန်ပါစီ

မန်ယူ တိုက်စစ်မှူ ဗန်ပါစီက ၎င်းအနေဖြင့် အသင်းနှင့် အတူ ပထမဆုံး ရာသီမှာပင် ဆုဖလား ၂ လုံး ရယူရန် မျှော်လင့်ထားကြောင်း ဆိုသည်။ မန်ယူ အသင်းသည် လွန်ခဲ့သည့် ၁၉၉၉ ခုနှစ်တွင် ဆုဖလား ၃ လုံး ရရှိစဉ်က ပရီးမီးယားလိဂ်နှင့် FA ဖလားကို တစ်ရာသီတည်း နောက်ဆုံး ရရှိခဲ့သည်။ ဆုဖလား ရယူရန် အာဆင်နယ်မှ မန်ယူသို့ ရောက်လာသည့် ဗန်ပါစီက မိမိတို့ အနေဖြင့် ဆုဖလား ၂ ခု ရရှိ စေလိုကြောင်း၊ ဒါဟာ မိမိတို့အတွက် နောက်ဆုံး ရယူခဲ့ပြီးသော အချိန်ကာလ နောက်ပိုင်း အသစ်တဖန် ပြန် လည် ဆောင် ရွက်ရန် အလွန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ အကယ်၍ မန်ယူ အသင်းသည် ယနေ့တွင် ချဲလ်ဆီး အသင်းနှင့် အဝေးကွင်း FA ကွာတား ပြန်ကန်ပွဲကို နိုင်ခဲ့ပါက နောက်ဆုံး ၁၄ နှစ် အတွင်း ပထမဆုံး ဆုဖလား ၂ လုံး မျှော်လင့်ချက်ကို ဆက်လက်၍ ရှင်သန်စေမည် ဖြစ်သည်။ ဗန်ပါစီက ဆန်းဒါးလန်းနှင့်ပွဲမှာ နိုင်ခဲ့၍ ပရီးမီးယားလိဂ်မှာ မိမိတို့ ချန်ပီယံ ဖြစ်ရန် နီးစပ်လာခဲ့ကြောင်း၊ ယခု FA ဆီမီးမှာ မန်စီးတီးနဲ့ တွေ့ဆုံရန် မိမိတို့ အနေဖြင့် အခွင့်အရေးကောင်းများ ရှိနေကြောင်း၊ ယနေ့ ချဲလ်ဆီးနှင့် ပွဲသည် အကြီးမားဆုံး ခက်ခဲသော စမ်းသပ်မှု တစ်ခု ဆိုသော်လည်း မိမိတို့ အနေဖြင့် ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အသင်းအတွက် အခက်တွေ့စေကြောင်း ပြောကြားလိုက်သည့် မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ဆယ်တာဗီဂို အသင်းနှင့် တစ်ဘက် ၂ ဂိုးစီ သရေကျခဲ့သည့် အဝေးကွင်း လာလီဂါ ပွဲစဉ်များ အပြီး နိုင်ငံတကာ ပြည်တွင်းပွဲများ ရပ်နားချိန် အပြီး ကစားသော ပွဲစဉ်များသည် အသင်းအတွက် မကြာခဏ ခက်ခဲကြောင်း ဆိုသည်။ မက်ဆီသည် ယင်းပွဲစဉ်တွင် ဘာစီလိုနာ အသင်းအတွက် လာလီဂါ သွင်းဂိုး ၄၃ ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပြီး ယခုရာသီ လာလီ၈ါတွင် ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်သည့် ကစားးသမားအဖြစ် မှတ်တမ်းဝင်သွား ခဲ့သည်။ မက်ဆီက နိုင်ငံပွဲ အပြီး ပြန်လည် ကစားသော အဝေးကွင်း ပွဲစဉ်တိုင်းသည် ခက်ခဲတတ်ကြောင်း ၊ မိမိတို့ အနေဖြင့်လည်း ယင်းပွဲစဉ်အတွက် ပြင်ဆင်ချိန် အလုံအလောက် မရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

မော်ရင်ဟိုအား ယုံကြည်မှု အပြည့်ရှိသည့် မာဆယ်လို

ရီးရဲလ် နောက်ခံလူ မာဆယ်လို က ရီးရဲလ် ကစားသမားများသည် နည်းပြ မော်ရင်ဟို ၏ ဆုံးဖြတ်ချက်များ အပေါ် ယုံကြည်မှု အပြည့်ရှိကြကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ရီးရဲလ် အသင်းသည် ဇာရာဂိုဇာ အသင်းနှင့် ၁-၁ သရေ ကျပြီးနောက် မာဆယ်လို က အခုလို ပြောခဲ့ခြင်း ဖြစ်ပြီး အသင်း၏ ဂိုးသမား ဒီယေဂို လိုပက်ကို လည်း ချီးကျုးခဲ့သည်။ ဂိုးသမား ဒီယေဂိုသည် ကားဆီးလက် ဒဏ်ရာ ရချိန်မှ အသင်းအတွက် လက်စွမ်းပြနေသည့် ဂိုးသမား ဖြစ်ပြီး နည်းပြ မော်ရင်ဟို၏ ဦးစားပေးဂိုးသမား ဖြစ်လာသူ ဖြစ်သည်။ မာဆယ်လို က မိမိတို့ အသင်းမှာ ဂိုးသမား လေးဦး ရှိနေပြီး မည်သည့်ဂိုးသမားသည် ပိုကောင်းကြောင်း ငြင်းခုန် နေမည် မဟုတ်ကြောင်း ၊ သူတို့သည် အသင်းအတွက် ကြိုးစားပေးမည့် သူများဖြစ်ကြောင်း ၊ ထို့ကြောင့် နည်းပြ၏ ရွေးချယ်ခံရ သူသည် အသင်းအတွက် အကောင်းဆုံး ကစားရန်ပြင်းပြမှာ ဖြစ်ကြောင်း ပြောခဲ့သည်။ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နေပြီး တူရကီ ကလပ် ဂါတာတာစာရေးအသင်းနှင့် ဗုဒ္ဓဟူးနေ့ညမှာ ပထမအကျော့ အဖြစ် အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင်ရမှာ ဖြစ်သည်။

နည်းပြ အယ်လီဂရီ ရဲ့ ချီးကျူးမှုကို ခံရတယ့် ဘာလိုတယ်လီ

အေစီမီလန် အသင်း နည်းပြ အယ်လီဂရီက တိုက်စစ်မှုးသစ် ဘာလိုတယ်လီ အား အသင်းအတွက် အရေးပါသည် ကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ သူသည် အေစီမီလန် အသင်း ချီယေဗို အသင်းအား (၁-၀) ဖြင့် အနိုင်ရသည့် ပွဲ အပြီးမှာ အခုလိုပြောခဲ့ခြင်း ဖြစ်ပြီး ထိုပွဲစဉ်မှာ ဘာလိုတယ်လီ၏ ပြစ်ဒဏ်ဘော ကန်ချက်မှ တဆင့် မွန်တိုလီဗို က ပိတ်သွင်း ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အယ်လီဂရီက ဘာလိုတယ်လီသည် ပြစ်ဒဏ်ဘောများ ကန်သွင်းရာမှာ အားနည်းနေသည့် နေရာမှာ ဘာလိုတယ်လီက အကောင်းဆုံး ကန်သွင်းနိုင်သူ ဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်သူ ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ အေစီမီလန် အသင်းသည် ဘာလိုတယ်လီအား ဇန်န၀ါရီ အပြောင်းအရွှေ့က ခေါ်ယူခဲ့သည့် ကစားသမား ဖြစ်ပြီး အေစီအသင်းအတွက် (၆) ဂိုးသွင်းယူထားသည်။ ပြီးခဲ့သည့် လိဂ်ပွဲစဉ်မှာ အနိုင်ရရှိသည့် အတွက် အေစီ အသင်းသည် နောက်ဆုံးလိဂ် (၄) ပွဲဆက် အနိုင်ကစားနိုင်ခဲ့ပြီး စီးရီးအေ ဇယားမှ အဆင့်(၃)မှ ဆက်လက် ရပ်တည်ကာ ဒုတိယနေရာမှ နာပိုလီ အသင်းအား နှစ်မှတ် အကွာဖြင့် ဆက်လက် ဖိအားပေးလျက်ရှိသည်။

မန်စီးတီးသည် စုစည်းညီညွှတ်ရန် လိုအပ်သည်ဟု ဇာဘလက်တာသုံးသပ်

ပရီးမီးယားလိဂ် ချန်ပီယံဆုအား နောက်တစ်ကြိမ် ထပ်မံရရှိ လိုပါက မန်စီးတီး အသင်းသည် ယခုထက်ပို၍ စည်းလုံး ညီညွှတ်မှု ရှိရမည်ဟု ဇာဘလက် တာမှ သုံးသပ်ပြော ဆိုခဲ့သည်။ မန်စီးတီး အသင်းသည် လက်ရှိ အချိန်တွင် အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေသည့် မြို့ခံပြိုင်ဘက် မန်ယူအသင်းနှင့် (၁၅)မှတ် ကွာဟသည့် အနေအထားတွင် ရှိနေပြီး ၎င်းတို့နှစ်သင်း တွေ့ဆုံးသည့် ပွဲစဉ် အပါအ၀င် (၉)ပွဲ ကစားရန် ကျန်ရှိ နေသော်လည်း ယင်းတို့၏ ချန်ပီယံ မျှော်လင့်ချက်မှာ လွန်စွာမှ မှေးမှိန်နေသည်။ သို့သော်လည်း ယခုနှစ် ရာသီအတွက် အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိရန် ရေပန်းစားနေသည့် ဇာဘလက်တာမှ အသင်း၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာ တိုးတက်လာပါက ချန်ပီယံဆုကို ရရှိရန် မျှော်လင့်နိုင် သည်ဟု ယူဆနေကြောင်း သိရသည်။

အဆာမို့ခ်ျအား ယူရို(၉)သန်းဖြင့် အပြီးသတ် ၀ယ်ယူရန် စီစဉ်နေသည့် ဂျူဗင်တပ်

ဂျူဗင်တပ် အသင်းသည် ယခုနှစ် ရာသီကုန်တွင် အဆာမို့ခ်ျ၏ ပိုင်ဆိုင်မှုကို အပြီးသတ် ရယူရန် စီစဉ်နေကြောင်း သိရသည်။ ဂျူဗင်တပ် အသင်းမှ လက်ရှိအချိန်တွင် အဆာမို့ခ်ျအား အူဒီးနီးစ် အသင်းနှင့် ပူးတွဲပိုင်ဆိုင် ထားခြင်းကြောင့် နည်းပြ ကွန်တီမှ ပိုင်ဆိုင်မှုအား အပြီးသတ် ရယူရန် စီစဉ်နေခြင်း ဖြစ်ကာ ယူရို(၉)သန်းဖြင့် ပိုင်ဆိုင်မှုကို ၀ယ်ယူရန် ရှိနေသည်။ အူဒီးနီးစ် အသင်းကလည်း လာမည့် ရာသီသစ်တွင် ကစားသမားသစ်များ ထပ်မံဖြည့်တင်းရန် အတွက် ငွေကြေးလိုအပ် နေခြင်းကြောင့် ဂျူဗင်တပ် အသင်း၏ ကမ်းလှမ်းမှုကို လက်ခံရန် ရှိနေသည်။

အရိုးနုပျက်စီးခြင်း/အရိုးကြီးပေါင်းတက်ခြင်း

မြန်မာပြည်မှာ အဖြစ်များလာနေတဲ့ အရိုးနုတွေ ပျက်စီးတဲ့ရောဂါ ဟာ ဖြစ်သွားပြီးရင် ပျောက်အောင် ကုသ မပေးနိုင်ဘဲ၊ ပိုဆိုး မသွားအောင် ဒုက္ခိတမဖြစ်သွားအောင်ဘဲ ကာကွယ်ကုသပေးနိုင်တာမို့၊ မဖြစ်ခင်ကြိုတင် ကာကွယ်ဖို့နဲ့ ဖြစ်လာရင်လည်း စောစောသိဖို့ အရေးကြီးပါတယ်။

ဒီရောဂါ ဘာကြောင့် မြန်မာနိုင်ငံမှာ အဖြစ်များလာတာပါလဲ။ ရောဂါမဖြစ်ခင် ကာကွယ်နိုင်ဖို့ ကလေးအရွယ် ကနေစပြီး ဘာတွေစားဖို့၊ လုပ်ဖို့လိုပါလဲ။ ဖြစ်လာပြီးရင်လဲ စောစောသိနိုင်ဖို့နဲ့၊ ပိုမဆိုးသွားအောင် ကာကွယ်နိုင်ဖို့ ဘာတွေ သိဖို့၊ လုပ်ဖို့ လိုပါသလဲ။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ အရိုးအထူးကု ခွဲစိပ်ဆရာဝန်ကြီးနဲ့၊ ရန်ကုန် ဆေးတက္ကသိုလ် (၁) နဲ့ မန္တလေး ဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ၊ အရိုးရောဂါပညာဌာနမှုး ဒေါက်တာကျော်မြင့်နိုင် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။

စက်၌ခေတ္တ သိမ်းစည်းထားသည့် အသည်းကို ကမ္ဘာ့ပထမဆုံး အစားထိုးကုသ

လူ့အသည်းကို ခန္ဓာကိုယ် အပြင်ဘက်မှာ ထားနိုင်တဲ့ လူ့ခန္ဓာကိုယ်ကို တုပထားတဲ့ စက်ပစ္စည်း အသစ်ကို ဗြိတိန်နိုင်ငံမှ တီထွင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ကိုယ်တွင်း အင်္ဂါကို အစားထိုး ကုသမယ်ဆိုရင် ကိုယ်တွင်း အင်္ဂါကို ခန္ဓာကိုယ်မှ ထုတ်ပြီး အေးတဲ့နေရာမှာ သိမ်းဆည်းကာ ၁၄ နာရီအတွင်းမှာ အသုံးပြုရ ပါတယ်။ အသည်းကို ခန္ဓာကိုယ် အပူချိန်ရောက်အောင် အပူချိန် မြှင့်ထားပြီး သွေးနီ ဥ၊ အောက်ဆီဂျင်နဲ့ အာဟာရတွေ ရရှိမယ်ဆိုရင် ၂၄ နာရီအထိခံ တယ်လို့ သိရပါတယ်။ ဒီလို လူ့ခန္ဓာကိုယ် ပြင်ပမှာ အသည်းကို ထားနိုင်တဲ့နည်းလမ်းကို ဗြိတိန်မှသိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာ ကြောင့် အင်္ဂလန်မှ ကိုယ်တွင်း အင်္ဂါအစားထိုး လုပ်ငန်းကို နှစ်ဆခန့် ပိုမိုလုပ် ဆောင်နိုင်တော့ မယ်လို့ ဆိုပါတယ်။

အခု တီထွင်လိုက်တဲ့ စက်အသစ်ဟာ ၇၂ နာရီအထိ အသည်းကို လတ်လတ်ဆတ်ဆတ်ဖြစ်စေနိုင်တယ်လို့ သိရပါ တယ်။ အဲဒီစက်ဟာ စူပါမားကက်မှာ ထားတဲ့ တွန်းလှည်း အရွယ်အစားလောက် ရှိပြီး လူနာတင် ယာဉ်ပေါ်မှာ တင်ထားနိုင်တဲ့ အတွက် လူနာ လိုအပ်တဲ့ နေရာ မရွေးမှာ အဆင်သင့် ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။ အသက် ၆၂ နှစ်အရွယ် Iain Christie ဆိုသူဟာ အဲဒီစက်ကို အသုံးပြုပြီး အသည်း အစားထိုး ကုသမှု ခံယူရတဲ့ ကမ္ဘာ့ ပထမဆုံး လူသားအဖြစ် စာရင်းဝင် သွားတယ်လို့ သိရပါတယ်။

အနာချုပ်သော ပုရွတ်ဆိတ်

Driver Ant / Dorylus / Army Ant / Safari Ant အစရှိသဖြင့် နာမည် စုံစုံလင်လင် ခေါ်ဆိုတဲ့ ပုရွတ်ဆိတ် မျိုး ဖြစ်ပါတယ်။ များသော အားဖြင့် အာဖရိက တိုက်မှာ မြင်တွေ့ရလေ့ ရှိတဲ့ အရွယ်ကြီး ပုရွတ်ဆိတ် တစ်မျိုး ဖြစ် ပါတယ်။

ခေါင်းအရွယ်အစား သိသိသာသာကြီး အခြားသော ပုရွတ်ဆိတ်များထက် လည်း အရွယ်အစား ပိုကြီးပါ တယ်။ ပုရွတ်ဆိတ် စစ်သား လို့ခေါ်ရတဲ့ အကြောင်း ကတော့ သူတို့ရဲ့  သန်မာမှုကြောင့် ဖြစ်ပါတယ်။ အကောင် သန်းချီ စုဖွဲ့နေထိုင်ပြီး အလုပ်ပြင်းပြင်းထန်ထန်လုပ်တဲ့ ပုရွတ်ဆိတ်တွေ တစ်မျိုး လည်း ဖြစ်ပါတယ်။

အသွားလည်း ထက်ပါတယ်။ ဒါကြောင့် သူကိုက်ပြီးရင် ကိုယ့်သွား ကိုယ်တောင် ပြန်မထုတ်နိုင်ပါဘူး။ သွားမဟုတ်ပါဘူး။ ခေါင်းမှာ ပါတဲ့ ဦးချိုကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်ခါစိုက်ပြီးရင် ပြန်ထုတ်ဖို့ ခက်ပါတယ်။ ဒါကြောင့် ရန်သူတွေနဲ့ တိုက်ခိုက်တဲ့အခါ အသက်ပေးပြီး တိုက်ခိုက် လေ့ ရှိတဲ့ ပုရွတ်ဆိတ်များ လည်း ဖြစ်ပါတယ်။ မျက်လုံး ကန်းပြီး အာရုံခံ စနစ်နဲ့ အလုပ်လုပ်တဲ့ ပုရွတ်ဆိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

ဒီတော့ သူ့ကို အာဖရိက တိုက်မှာ အနာချုပ်ဖို့အတွက် အသုံးပြုပါတယ်။ ထိခိုက်၊ရှနာ မှန်သ မျှကြောင့် သွေး၊ ပြည် ယိုစီးတဲ့ အခါတွေဆိုရင် ယင်း စစ်သား ပုရွတ်ဆိတ်ကို ကိုက်စေပြီး ခေါင်းကိုချိုး လိုက်ပါတယ်။ အနာက လည်း သွေးတိတ်သွားပါတယ်။ အဆိပ်မတက်ပါဘူး။ ယင်းရှေးဦး သူနာပြု နည်းလမ်းကို ယနေ့တိုင် အသုံးပြုပေမယ့် နည်းသွားပါတယ်။ သို့ပေ မယ့် ဆေးရ ခက်ခဲတဲ့ အာဖရိက တောတောင်၊ ဒေသတွေထဲမှာ ယင်း နည်းလမ်းကို အသုံးပြုနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျသွားစေနိုင်မည့် ဆေးထောင့်

ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်မှု အတွေး လွန်ခြင်း၊ စိတ်ပင်ပန်း နွမ်းနယ်ခြင်း စသည်  တို့ကို လျှော့ချ ပေး နိုင်ရန် ရည်ရွယ်ပြီး ဉာဏ်ရည် ဉာဏ်သွေး ထက်မြက် မှုကို လျှော့ချပေး နိုင်မည့် ဆေးတောင့် ပုံစံကို ဗြိတိန် ဦးနှောက်နှင့် အာရုံကြော ပါရဂူ မစ္စတာ ဂရူပီက ဖန်တီး ပေးခဲ့သည်။ ယင်းဆေး တောင့်သည် ဉာဏ်ရည် ဉာဏ်သွေး အဆင့် ၁၀ မှ ၅၀ ခန့် အထိကို လျှော့ချ ပေးနိုင်ပြီး သာမန် လူတစ်ဦး ကဲ့သို့ သက်တောင့် သက်သာ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား သွားခဲ့သည်။ ယင်းဆေးတောင့်ကို လန်ဒန်မြို့ အခြေစိုက် Sleep Thinker ကုမ္ပဏီမှ ထုတ်ဝေ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။