2.4.13

နည်းပြ အယ်လီဂရီ ရဲ့ ချီးကျူးမှုကို ခံရတယ့် ဘာလိုတယ်လီ

အေစီမီလန် အသင်း နည်းပြ အယ်လီဂရီက တိုက်စစ်မှုးသစ် ဘာလိုတယ်လီ အား အသင်းအတွက် အရေးပါသည် ကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ သူသည် အေစီမီလန် အသင်း ချီယေဗို အသင်းအား (၁-၀) ဖြင့် အနိုင်ရသည့် ပွဲ အပြီးမှာ အခုလိုပြောခဲ့ခြင်း ဖြစ်ပြီး ထိုပွဲစဉ်မှာ ဘာလိုတယ်လီ၏ ပြစ်ဒဏ်ဘော ကန်ချက်မှ တဆင့် မွန်တိုလီဗို က ပိတ်သွင်း ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အယ်လီဂရီက ဘာလိုတယ်လီသည် ပြစ်ဒဏ်ဘောများ ကန်သွင်းရာမှာ အားနည်းနေသည့် နေရာမှာ ဘာလိုတယ်လီက အကောင်းဆုံး ကန်သွင်းနိုင်သူ ဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်သူ ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ အေစီမီလန် အသင်းသည် ဘာလိုတယ်လီအား ဇန်န၀ါရီ အပြောင်းအရွှေ့က ခေါ်ယူခဲ့သည့် ကစားသမား ဖြစ်ပြီး အေစီအသင်းအတွက် (၆) ဂိုးသွင်းယူထားသည်။ ပြီးခဲ့သည့် လိဂ်ပွဲစဉ်မှာ အနိုင်ရရှိသည့် အတွက် အေစီ အသင်းသည် နောက်ဆုံးလိဂ် (၄) ပွဲဆက် အနိုင်ကစားနိုင်ခဲ့ပြီး စီးရီးအေ ဇယားမှ အဆင့်(၃)မှ ဆက်လက် ရပ်တည်ကာ ဒုတိယနေရာမှ နာပိုလီ အသင်းအား နှစ်မှတ် အကွာဖြင့် ဆက်လက် ဖိအားပေးလျက်ရှိသည်။

0 comments:

Post a Comment