2.4.13

အိန္ဒိယမြောက်ပိုင်းတွင် မိုးကြိုးပစ်ခံရပြီး ကိုးဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင် မတ် ၂၉ ရက်က မိုးများသည်းထန်စွာ ရွာသွန်းစဉ် အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ပွားမှုသည် ဥတာပရာဒေ့ရှ် ပြည်နယ်အတွင်းရှိ ချန်ဒူလီ၊ ဂါဇီပါ၊ ဆမ်ဘယ်လ်နှင့် မီရတ်ခရိုင်များတွင် ဖြစ်ပွားခဲ့ပြီး ယင်းမိုးကြိုးပစ်ခံရမှုကြောင့် အခြားကိုးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဥတာပရာဒေ့ရှ် ပြည်နယ်သည် မိုးရွာသွန်းမှုနှင့် မုန်တိုင်းသတိပေးချက်တစ်ရပ် ထုတ်ပြန်ညွှန်ကြားထားပြီး ပြီးခဲ့သည့် နှစ်ရက်အတွင်း ရုတ်တရက် ရာသီဥတု ပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့ခဲ့ရသည်။ သဘာဝဘေးအန္တရာယ် ထိခိုက်ခံရသည့် မိသားစုဝင်များအား ကူညီထောက်ပံ့ပေးရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)

0 comments:

Post a Comment