2.4.13

အသင်းကစားပုံ အနည်းငယ်တိုးတက်လာဟု ရခိုင်ယူနိုက်တက်အသင်း နည်းပြ ဖွင့်ဟ

ရခိုင်ယူနိုက်တက် အသင်း နည်းပြ ဦးအောင်နိုင်က ဟံသာဝတီ အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် မိမိအသင်း၏ ကစားပုံ အနည်းငယ်တိုးတက် မှုရှိလာကြောင်း ဖွင့်ဟခဲ့သည်။ ရခိုင်ယူနိုက်တက် အသင်း သည် လိဂ်ပြိုင်ပွဲ ၇ ပွဲကစားအပြီးတွင် နှစ်ပွဲသရေ၊ ငါးပွဲရှုံး ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇယား အောက်ဆုံး၌ ရပ်တည်နေသည်။ နည်းပြ ဦးအောင်နိုင်က “ အသစ်ခေါ်ထားတဲ့ နိုင်ငံခြားကစားသမားတွေက အသင်းနဲ့ သိပ်အထိုင်မကျသေးပေမယ့် ဒီနေ့ပွဲမှာ အကောင်းဆုံး လိုက်ကစားပေးနိုင်ခဲ့ပါတယ်။ သရေရလဒ်နဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်။ အသင်းကစားပုံ လည်း အရင်က ထက် စာရင် အနည်းငယ် တိုးတက်လာ ပါတယ်” ဟု ပြောကြားသည်။ ဆက်လက်၍ ၄င်းက အသင်းအောင်မြင်မှုရရှိရန် အချိန်ပေးရ မည် ဖြစ်ကြောင်း၊ လာမည့် မနောမြေ အသင်းနှင့်ပွဲတွင် အနိုင်သုံးမှတ်ရရှိ အောင် ကြိုးစားသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment