ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.11.15

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုနောက်အစိုးရနှင့်ဆက်ဆွေးနွေးရန်စီစဉ်မည်ဟုဦးအောင်မင်းဆို



တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) ကို၂၀၁၆ခုနှစ်တွင်တက်လာမည့်အစိုးရသစ်နှင့်ဆက်လက်ဆွေးနွေးနိုင်ရန်စီစဉ်သွားမည်ဖြစ်ကြောင်းပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖော်ဆောင်ရေးကော်မတီဒုတိယဥက္ကဋ္ဌဦးအောင်မင်းကပြောကြားသည်။
ယခုလက်ရှိအစိုးရအနေနှင့်လည်း ဃြဗ စာချုပ်ပါအချက်များကိုချိုးဖောက်မည်မဟုတ်ဘဲဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီးနောက်အစိုးရနှင့်ဆက်ဆွေးနွေးနိုင်ရန်အုန်မြစ်ချပေးခဲ့မည်ဖြစ်ကြောင်းဦးအောင်မင်းကဆိုသည်။
“NCA ကိုဒီအတိုင်းဆက်သွားမှာဖြစ်ပါတယ်။၂၀၁၆ခုနှစ်၊မတ်လမှာတက်လာမယ့်နောက်အစိုးရအနေနဲ့ဆက်လက်ပြီးလက်ကမ်းသယ်ဆောင်သွားနိုင်အောင်အခြေခံအုတ်မြစ်တွေချသွားမှာဖြစ်ပါတယ်။” ဟု၎င်းကဆိုသည်။

သဘာဝ သယံဇာတ ရောင်းချမှုမှ ရရှိငွေများ တစ်စိတ်တစ်ပိုင်း ထည့်ဝင်မှုဖြင့် Sovereign Wealth Fund တည်ထောင်ရန် စီစဉ်နေကြောင်း သိရ

http://www.news-eleven.com/sites/default/files/styles/large/public/field/image/SWF.jpg?itok=SNQJqCyo
သဘာဝ သယံဇာတများ ရောင်းချမှုမှ ရရှိငွေများ တစ်စိတ်တစ်ပိုင်း ထည့်ဝင်မှုဖြင့် Sovereign Wealth Fund ကို တည်ထောင်ရန် စီစဉ်နေကြောင်း Spectrum မှ စီမံကိန်း အရာရှိ ဒေါ်ညိုမာသန်းက ပြောကြားသည်။

NLD နှင့် ဆက်ဆံရေး ကောင်းမွန်သည့် UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် နေရာ ၁၀၀ နီးပါး အနိုင်ရရှိထား

 ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(NLD) နှင့် ဆက်ဆံရေး ကောင်းမွန်သည့် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များတွင် နေရာ ၁၀၀ နီးပါး အနိုင်ရရှိထားကြောင်း သတင်းရရှိသည်။


ဒေါ်လာတန်ဖိုး ယူရိုထက်အနည်းငယ်ကျဆင်း


  ဒေါ်လာငွေဈေးနှုန်းဟာ နိုဝင်ဘာ ၁၁ ရက်က ယူရိုငွေဈေးအပြင်
အခြား အဓိက ငွေဈေးနှုန်းများထက် အနည်းငယ်ကျဆင်းခဲ့တယ်လို့
သိရပါတယ်။

မော်တော်ယာဉ်ဥပဒေသစ် လိုအပ်ချက်များကို စီး/ကူးက ကညနသို့ အကြံပြုချက်ပို့မည်


 မော်တော်ယာဉ်ဥပဒေ သစ် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် မကြာမီထုတ်ပြန်မည့် နည်းဥပဒေတွင် တင်သွင်း၊ ထုတ်လုပ်၊ ရောင်းချခြင်းအပိုင်းများ၌ လိုအပ်ချက်များရှိနေသေး၍ ဥပဒေရေးဆွဲသည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အကြံပြုချက်များပေးပို့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

စီမံကိန်းများမပြီးပါက ပိုလျှံငွေများ လျင်မြန်စွာ ပြန်အပ်ရန် သမ္မတပြော


ဝန်ကြီးဌာနများကလက် ရှိလုပ်ဆောင်နေသည့် စီမံကိန်း များကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် မပြီးစီးနိုင်ပါက ပိုလျှံငွေများ ကို လျင်မြန်စွာ ပြန်လည်အပ်နှံနိုင်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြား သည်။

သမ္မတ အိုဘားမား သမ္မတ ဦးသိန်းစိန်နဲ့ တွေ့မည်

အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်။ ( နိုဝင်ဘာ ၁၉၊ ၂၀၁၂)
အမေရိကန် သမ္မတ အိုဘားမား ဟာ လာမယ့် ရက်သတ္တပတ် အတွင်း မလေးရှားနိုင်ငံ မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မလေးရှားမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းကိုလည်း သွားရောက်မယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အရာရှိတွေက မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုသွားခဲ့ပါတယ်။

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ အဖြစ် လုပ်ကိုင်ခွင့်ရမည့် အထူးလုပ်ငန်း ကုမ္ပဏီအဖြစ် MTI မှ ဝင်ရောက် မြှုပ်နှံသွားမည်

မြန်မာနိုင်ငံ၏ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းတစ်ခုဖြစ်သောအော်ရီဒူး အရောင်းပြခန်းတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရမည့် အထူးလုပ်ငန်း ကုမ္ပဏီတွင် MTI မှ ဝင်ရောက် မြှုပ်နှံသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။