ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

11.9.14

ချစ်သူနဲ့ ပတ်သတ်တဲ့ ကဗျာဆန်တဲ့အတွေးတွေဟာ မိမိရဲ့ သွေးကြောထဲက သကြားဓါတ်ကို မြင့်တက်လာစေနိုင်


ချစ်သူနဲ့ပတ်သတ်တဲ့ မိမိရဲ့ ကဗျာဆန်တဲ့ အတွေးတွေဟာ မိမိရဲ့စွမ်းအင်ကို သိသိသာသာ ကျဆင်းသွားစေပြီး သွေးကြောထဲက သကြားဓါတ်ကို မြင့်တက်လာစေပါတယ်။ မိမိ ချစ်သူရည်းစားရဲ့ အကြောင်းကို တွေးလိုက်ခြင်းအားဖြင့် သွေးကြောထဲက သကြားဓါတ် ပမာဏ များလားပြီး ကျွန်ုပ်တို့ကို အရှိန်မြင့်လာစေတယ်လို့ စိတ်ပညာ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သုတေသီတွေကတော့ လူနာ ၁၈၃ယောက်ဆီက သူတို့ရဲ့လက်ရှိ ကဗျာဆန်တဲ့ ချစ်သူရည်းစား အကြောင်း မတွေးခင် နဲ့ တွေးပြီး အခြေအနေတွေကို နမူနာကုန်ကြမ်းယူပြီး စစ်ဆေးခဲ့ရာ အားလုံးဟာ ဂလူးကို့စ်နဲ့ အကောင်းမြင်စိတ်တွေ အချိန်ခဏတာအတွင်း မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။  လူနာတွေဘက်က ပြန်လည်မေးခွန်းထုတ်ခဲ့တာကတော့ ချစ်သူအကြောင်း တွေးတာဟာ ဂလူးကို့စ်ကျဆင်း စေတာ ဖြစ်တယ်လို့ဆိုကြပြီး အဲဒီလိုချစ်သူရည်းစားအကြောင်းတွေးတာဟာ အကောင်းမြင်စိတ်နဲ့ ချိတ်ဆက်မှု မရှိနိုင်ဘူး ဆိုတာပါပဲ။ သုတေသီတွေရဲ့ အဖြေကတော့ ချစ်သူရည်စားအကြောင်းတွေးတာဟာ စိတ်ဖိစီးမှုတစ်ခု ဖြစ်ပေမယ့်လည်း အဲဒါဟာ အဆိုးမြင်တဲ့စိတ်ဖိစီးမှု(distress) မဟုတ်ပဲ eustress လို့ခေါ်တဲ့ အကောင်းမြင်တဲ့ စိတ်ဖိစီးမှုဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ခန္ဒာကိုယ် အတွင်းက စိတ်ဖိစီးမှုကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ပျောက်ကွယ်သွားစေနိုင်တယ်လို့ ကနေဒါနိုင်ငံ အနောက်ပိုင်း Ontario တက္ကသိုလ်ရဲ့ သုတေသန စစ်ဆေးချက်တွေအရသိရပါတယ်။

Ref:dailymail.co.uk

တိုင်းရင်းသားလက်နက်ကိုင်များကြား ဦးစားပေးဆွေးနွေးလိုသည့်အချက်များ ကွဲလွဲနေ


တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးရေး ဆွေးနွေးရန် ကျန်နေသည့် အချက်လေးချက်ကို တိုင်းရင်းသားလက်နက်ကိုင်များကြားတွင် ဦးစားပေး အချိန်ယူဆွေးနွေးလိုသည့် အချက်များ ကွဲလွဲနေကြောင်း  သတင်းရရှိသည်။

ဆွေးနွေးရာတွင် အချို့အဖွဲ့ က သုံးပွင့်ဆိုင်အရေးကို ဦးစား ပေးဆွေးနွေးလိုပြီး အချို့က ကြား ကာလအစီအစဉ်ကို အချိန်ယူစေ လိုသည်။  လူသစ်စုဆောင်းရေး ကိစ္စကို  ဇောင်းပေးဆွေးနွေးလို သည့်သူများလည်းရှိနေ၍ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ အချိန်ယူလိုပုံခြင်းမတူ ညီမှုရှိနေသည်ဟု ဆိုသည်။ NCA မူကြမ်းပါအချက်များအနက် လေးချက်သာ ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေ၍  မကြာမီကျင်းပတော့မည့်အစည်းအဝေးတွင် NCA အချောသပ်ရေးဆွဲနိုင်မည်လားဟူသည့် မေးခွန်းများလည်း ထွက်ပေါ်နေသည်။


‘‘ရှေ့မှာရှိတဲ့အတွေ့အကြုံ အရ အချက်တစ်ချက်တည်းနဲ့ လည်း  ကြာရင်ကြာသွားတာ။ အကြိမ်ကြိမ်အစည်းအဝေးတွေ ခေါ်ရတာလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီဟာ က နောက်ဆုံးအစည်းအဝေးဖြစ်ဖို့ မျှော်လင့်ထားပါတယ်’’ဟု မြန်မာ နိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန၏ အကြီးတန်းအကြံပေးဦးလှမောင် ရွှေက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)မူကြမ်းပါ အခန်း(၇)ခန်း၊ အချက်ပေါင်း ၁၂၂ ချက်ရှိသည့်အနက် ယခု အခါ အချက်လေးချက်သာ ဆွေး နွေးသဘောတူရန် ကျန်ရှိတော့ သည်။ ယင်းလေးချက်မှာ အခန်း (၂)ဦးတည်ချက်နှင့် ရည်ရွယ် ချက်မှ တစ်ချက်၊ အခန်း(၃)ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာမှတစ်ချက်၊ အခန်း(၅)နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များမှ တစ်ချက်နှင့် အခန်း(၆) ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များမှ တစ်ချက်တို့ဖြစ်ကြသည်။

‘‘ဒီအချက်တွေကျန်နေတာ က အဟန့်အတားရှိနေလို့မဟုတ် ပါဘူး။ အဓိကအဟန့်အတားရယ် လို့မရှိပါဘူး။ ကျွန်တော်တို့ဆွေး နွေးဖို့ အချိန်နည်းနည်းလေးလို တာပါ။ အချိန်ကြောင့်ပါပဲ’’ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားထားသည်။

စက်တင်ဘာအစည်းအဝေး ကို ၂၂၊ ၂၃၊ ၂၄ ရက်တို့တွင် ဆောင်ရွက်လိုကြောင်း အစိုးရ ဘက်က အဆိုပြုထားသည်။ NCCT ဘက်က ယခုရက်ပိုင်း အတွင်း အစည်းအဝေးပြုလုပ်ညှိ နှိုင်းနေကြပြီး အစည်းအဝေးပြီးပါ က သတ်မှတ်ရက်ကိစ္စအတည်ပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

 UPWC နှင့် NCCTတို့၏ ဩဂုတ်လကပြုလုပ်ခဲ့သည့် သုံး ရက်ကြာအစည်းအဝေးမတိုင်မီ က ဆွေးနွေးရန်အချက် ၃၁ ချက် ကျန်ရှိနေခဲ့သည်။ ယင်းအစည်း အဝေးပွဲပြီးနောက် အချက်ပေါင်း ၂၇ ချက်ကို သဘောတူညီမှုရရှိခဲ့ သည့်အနက် ဖက်ဒရယ်အခြေခံမူ ကိုဆွေးနွေးရန် အစိုးရဘက်က သဘောတူညီခဲ့ပြီး  ဒို့တာဝန်အရေးသုံးပါးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်တို့ဘက်က  သဘောတူညီခဲ့သည်။ ယင်းနောက်ကျန်လေးချက်ကို စက်တင်ဘာအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။

စက်တင်ဘာအစည်းအဝေး ပြီးနောက် အောက်တိုဘာလခန့် တွင် NCA လက်မှတ်ရေးထိုးနိုင် ပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲများကျင်း ပနိုင်ရန် အစိုးရအဖွဲ့ကရည်မှန်း ထားကြောင်း အစိုးရ၏ ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေသူ ပြည်ထောင်စုဝန် ကြီးဦးအောင်မင်းက မကြာသေး မီက ပြောကြားထားသည်။ ယခု လနှောင်းပိုင်းဆွေးနွေးပွဲတွင် အချက်  အားလုံးသဘောတူညီမှု ရခဲ့မည်ဆိုလျှင် NCA လက်မှတ် ရေးထိုးရန် အနည်းဆုံး သီတင်းပတ်သုံးပတ်ခန့် ထပ်ယူရန်လိုသည်ဟု ဆိုကြသည်။ ယင်းကာလအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များထံ ပြန်လည်တင်ပြပြီး ပြင်ဆင်ကြရန်ဖြစ်သည်။

 NCA လက်မှတ်ရေးထိုး သည့်အခမ်းအနားကို နေပြည် တော်တွင်ပြုလုပ်ရန် သဘောတူ ညီချက်ရရှိထားသည်။ သို့ရာတွင် NCA ကို မည်သည့်အဖွဲ့များနှင့် မည်သူတို့ပါဝင်လက်မှတ်ရေးထိုး မည်ဆိုသည့်အချက်မှာမူ ယခု အချိန်ထိ အပြီးသတ်မဆုံးဖြတ်ရ သေးပေ။

7 Day Daily

စက်မှုလယ်ယာစနစ် ဘယ်တော့ရောက်နိုင်မလဲ


လယ်ယာစိုက်ပျိုးရေးတွင် အဓိကအခက် အခဲကြုံတွေ့နေရသည်မှာ လယ်ယာလုပ် သား ရှားပါးခြင်းပြဿ နာ ဖြစ်သည်။
မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးစနစ်မှာ မိရိုးဖလာစိုက် ပျိုးသည့်စနစ်ကိုသာကျင့်သုံးပြီး လူနှင့် ကျွဲ၊ နွားကိုသာ အဓိကအသုံးပြုကြသည်။
ဆန်စပါးစိုက်ဧက မိုးစပါး ၁၆ သန်းနှင့် နွေစပါးသုံးသန်း စုစုပေါင်း ၁၉သန်းနီးပါးစိုက် ပျိုးကြပါသည်။ စပါးစိုက်တောင်သူ ခြောက်သန်းခွဲခန့်ရှိသည်။
ဆန်စပါးစိုက်ပျိုးသည့်အခါတွင် စိုက်ပျိုးရေးပညာ ရှင်များမှ အကြံပြုထားသည့် စနစ်တကျ ပျိုးထောင်စိုက် ပျိုးပါက စပါးအတွက်ပိုကောင်းပြီး မျိုးစပါးသုံးစွဲရ သက် သာသော်လည်း ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်စိုက်ရန် အလုပ်သမငှား၍ အဆင်မပြေဖြစ်နေ၍ ကြဲခင်းဖြင့်သာ နှစ်ပါးသွားရပါသည်။
အသိပညာရှိသော်လည်း အခြေ အနေမပေးသည့် အနေအထားကြောင့် ဆောင်ရွက်နိုင် ကြခြင်းမရှိကြပါ။ စိုက်ပျိုးမြေအများစုမှာ လုပ်ကွက်ငယ် (၁ဝ ဧကအောက်)သာ လုပ်ကိုင်နေကြသူများပါသည်။ ဆည်ရေသောက်ဧရိယာမှာ စိုက်ဧကအားလုံး၏ ၁ဝ ရာ ခိုင်နှုန်းအောက်သာ ရှိသည်။ အများစုမှာ မိုးရေကိုသာ အားထားနေကြရပါသည်။
အိမ်နီးချင်းနိုင်ငံများတွင် စက်မှုလယ်ယာစနစ်သို့ ကူး ပြောင်းလုပ်ကိုင်နေကြသည် မှာ မြန်မာနိုင်ငံအတွက် အတု ယူစရာပင်ဖြစ်ပါသည်။ ပြောင်းလဲလာသော စီးပွားရေး ပေါ်လစီများအရ အလုပ်အကိုင်အခွင့်အလမ်းအချို့ပေါ် ပေါက်လာခြင်း (ဥပမာ-အထည်ချုပ်လုပ်ငန်း) အခြေခံအ လုပ်သမားများ၏ လုပ်ခလစာတိုးမြင့်လာခြင်း၊ မြို့ပြသို့ ပြောင်းရွှေ့မှုပိုမိုများပြားလာခြင်းတို့သည် လယ်ယာလုပ် သားရှားပါးစေသောအချက်များဖြစ်ပါသည်။ လယ်ယာ လုပ်သားရှားပါးမှုသည် သီးနှံအရည်အသွေးများကိုလျော့ ကျစေပြီး အလေအလွင့်ဆုံးရှုံးမှုများပြားစေသည်။
လယ်ယာသုံးစက်မှုပစ္စည်းများ မပိုင်ဆိုင်သည့် လယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးချိန်များတွင် လုပ်သားလိုအပ်မှု အလွန်မြင့်မားသည်။ ထို့အပြင် လုပ်ငန်း ခွင်ဘေးအန္တရာယ်များဖြစ်သည့် မြွေကိုက်ခြင်း၊ ပိုးသတ် ဆေးအဆိပ်ဖြစ်ခြင်း၊ နေလောင်ခြင်းနှင့်မိုးမိဖျားနာခြင်း တို့သည်လည်း လုပ်သားများအတွက် လုပ်အားလျော့ပါး စေသောအချက်များဖြစ်သည်။
ထို့ကြောင့် ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများတွင် လိုသည်ထက်ပို၍ကြာမြင့်ပြီး ဆန်စပါးများကို လယ်ကွင်း ထဲတွင် ကြာမြင့်စွာ မရိတ်သိမ်းနိုင်ခြင်းကြောင့် အရည်အ သွေး ကျဆင်းစေသည်။
ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကလည်း လယ်ယာသုံး စက်ပစ္စည်းများကို အပြိုင်အဆိုင် တင်သွင်းလာခဲ့ကြပါသည်။ တရုတ်နိုင်ငံမှထုတ်လုပ်သော လက်တွန်းထွန်စက်၊ ထော် လာဂျီများမှာ နှစ်ပေါင်းများစွာ ကပင် မြန်မာပြည်၏ကျေး လက်တွင် နေရာယူထားကြပါသည်။ ထွန်ယက် ရာနှင့် သယ်ယူပို့ဆောင်ရာတွင် အသုံးတည့်နေသော စက်များ ဖြစ်ပါသည်။
ယခုအခါတွင် နိုင်ငံကြီးများမှ ဂျွန်ဒီးယား၊ နယူးဟော်လန်ကဲ့သို့သော ထွန်စက်ကြီးများ၊ ကူဘိုတာ၊ ယာမဟာကဲ့သို့သော ဂျပန်နိုင်ငံထုတ်တံဆိပ်များလည်း ဈေးကွက်ချဲ့ထွင်ရောက်ရှိလာခဲ့ကြပါသည်။
မြေယာပြုပြင်ရန်အတွက် ထွန်စက်ကြီးများ၊ မြေညှိ စက်ကြီးများ လိုအပ်သော်လည်း ပုံမှန်စိုက်ပျိုးထွန်ယက် ရန်အတွက်မူ လက်တွန်းထွန်စက်များက အသုံးဝင်ပါသည်။ ပြည်တွင်း ထုတ်ခြွေလှေ့စက်များကလည်း စပါးခြွေလှေ့ ရာတွင် အသုံးတည့်ပါသည်။
သို့ရာတွင် အဓိကအခက် အခဲကြုံတွေ့နေရသည်မှာ စပါးရိတ်သိမ်းချိန်ပင် ဖြစ်သည်။ မောင်းညိုချိန်တွင် ရိတ်သိမ်းပါမှ အကောင်းဆုံးအခြေအ နေကို ရရှိနိုင်မည်ဖြစ်ပါသည်။ စပါးပေါ်သည့်အချိန်သည် နယ်တစ်နယ်လုံး၊ တစ်ရွာလုံး နှစ်ပတ်သုံးပတ်အတွင်း ရိတ်သိမ်းကြမည်ဖြစ်ပါသည်။ စပါးရိတ်သမများကို ကြို တင်၍ စာချုပ်ချုပ်ထားသော်လည်း တကယ်ရိတ်သိမ်းရန် အချိန်ကျ သည့်အခါ ပိုပေးသည့်နေရာသို့ သွားရောက် လုပ်ကိုင်ကြပါသည်။ လယ်ယာလုပ်သားရှားပါးသည့် အချိန်ဖြစ်သောကြောင့် အလုအ ယက် ဝိုင်းဝန်းခေါ်နေကြရပါသည်။
-၂-
ရိတ်သိမ်းချိန်တွင် လိုအပ် သည့်လယ်ယာကဏ္ဍဝန်ဆောင် မှုများသည်လည်း ခိုင်မာလုံလောက် မှု မရှိပေ။ (ဥပမာ လယ်ယာသုံး စက်ပစ္စည်းငှားရမ်းခြင်း၊ အခြောက် ခံခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်း များ) ဤလိုအပ်ချက်များသည် ဆန် စပါးကဏ္ဍတွင် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးသွားမည့် သီးနှံများအတွက် ကန့်သတ်ချက်အခက်အခဲများဖြစ်သည်။ ချိန်ခါမဟုတ် မိုးကလည်း ကြောက်နေရပါသည်။ မရိတ် သိမ်းမီ မိုးရွာပါက စပါးရေစိုပြီး ဆန်ဝါဖောက်၍ တိရစ္ဆာန် အစာသာ ရောင်းချရမည်ဖြစ်ပါသည်။ ပုံမှန် ရနေကျ စပါး ဈေး၏ထက်ဝက်လောက်ပင် မရချင်တော့ပါ။
ထို့အပြင် နွေစပါးစိုက်မည့်သူ၊ ပဲစိုက်ပျိုးမည့် တောင်သူများသည်လည်း ရိတ်သိမ်းပြီးပါက ထပ်မံထွန် ယက်ရန် အချိန်လုနေရပါသည်။
တောင်သူများအနေဖြင့် ဒုတိယသီးနှံများစိုက်ပျိုးနိုင်ရန် လယ်ယာကိုပြုပြင်ထွန်ယက် မှုလိုအပ်ခြင်းကြောင့် ရိတ်သိမ်းခြင်းကို စောစီးစွာ အရင်ပြု လုပ်လိုကြသည်။ သီးနှံများကို အသင့်တော်ဆုံးအချိန်တွင် မရိတ်သိမ်းနိုင်တော့ဘဲ အဆင်ပြေသည့်အချိန်တွင် ရိတ် သိမ်းရသဖြင့် သီးနှံအရည်အသွေးများကျဆင်းလာပါသည်။ ရိတ်သိမ်းချိန်များတွင် လုပ်သား၊ သယ်ယူပို့ဆောင်ရေး၊ အခြောက်ခံစနစ်နှင့် သိုမှီးရန်နေရာ မလုံလောက်ခြင်းတို့ ကြောင့် တစ်ခါတစ်ရံ သီးနှံများကို လယ်ကွင်းထဲတွင် ဆက် လက်ထားရပြီး ရှိသင့်သည့်အစိုဓာတ်မရှိခြင်းနှင့် ပိုးမွှား ကျခြင်းတို့ကိုဖြစ်စေသည်။ နေ့တွင် နေပူ ညတွင်အေး၍ အဆိုပါစပါးများကိုဆန်ကြိတ်ပါက အကျိုးအကြေများပြီး တစ်ဝက်ပင် ဆန်ကောင်းမရကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဆန်ပိုင်၊ စပါးပွဲစားတို့က ဈေးနှိမ်၍ဝယ်ခြင်းတို့ ကြုံတွေ့ရပါသည်။
အဆိုပါပြဿ နာများကိုဖြေရှင်းရန်မှာ ရိတ်သိမ်းခြွေ လှေ့စက်( Combine Harvestor )များကို မဖြစ်မနေ အ သုံးပြုကြရမည် ဖြစ်ပါသည်။ တစ်ခါတည်း ရိတ်သိမ်းခြွေ လှေ့ပြီး အိတ်သွတ်နိုင်သောကြောင့် မိုးမိရန်လည်း မစိုး ရိမ်ရတော့ပါ။ ကန်သင်းရိုးပေါ်ပုံထား၍ လေလွင့်မည်ကို လည်း မကြောက်ကြရတော့ပါ။ ဆန်ကြိတ်ရာတွင်လည်း ဆန်သားပိုထွက်ပါသည်။
ရိတ်သိမ်းခြွေလှေ့စက် (Combine Harvestor)များ ခေတ်စားလာသောအခါ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား အစရှိသည့်နိုင်ငံများမှ အသစ် ရော၊ အဟောင်းရော တင်သွင်းကြပါသည်။ ဂျပန်နိုင်ငံက လည်း ဖျက်ဆီးရမည့် ရိတ်သိမ်းခြွေလှေ့စက် အစုတ်အ ပြတ်များကို ကွန်တိန်နာထဲထည့်ပြီး တင်လွှတ်လိုက်ပါ သည်။ ရိတ်သိမ်းခြွေလှေ့စက်တိုင်းသည် မြန်မာပြည်ရှိ လယ်ယာမြေနှင့် ကိုက်ညီခြင်းမရှိ၍ ရောင်းသူ၊ ဝယ်သူ ကြား အချင်းများကြရပါသည်။ တစ်နာရီ ဘယ်နှဧကပြီး မည်ဟုပြောသော်လည်း လက်တွေ့တွင် မြေပြင်အခြေအ နေအရ ထင်တိုင်း မပေါက်သည်ကို တွေ့ရှိရပါသည်။
စပါးစိုက်ပျိုးရာတွင် ပျိုးထောင်၍မစိုက်ဘဲ ကြဲခင်း သာ စိုက်ပျိုးခြင်း၊ ပေါင်းမြက်များ နိုင်အောင်မလိုက်ခြင်း၊ ဧရာဝတီတိုင်းဒေသဘက်တွင် မြေကျွံခြင်းအစရှိသည့် အ ခက်အခဲများအပြင် လယ်မြေအများစုမှာ စက်မှုလယ်ယာ မြေ ဧကကွက်ကြီးမျိုးမဟုတ်ဘဲ လုပ်ကွက်ငယ်များ ဖြစ် နေ၍ လယ်ကန်သင်းများရှိနေသောကြောင့် စက်များရွှေ့ ပြောင်းရာတွင် အခက်အခဲ ကြုံတွေ့ရပါသည်။
ကုန်ထုတ် လမ်းများမရှိခြင်း၊ မြစ်ချောင်းများပေါများခြင်းကြောင့်လည်း အချို့နေရာများတွင် ရိတ်သိမ်းခြွေလှေ့စက်များသယ်ယူ ရန် ဘောယာများတည်ဆောက်၍ ရွှေ့ပြောင်းရပါသည်။
ရိတ်သိမ်းခြွေလှေ့စက်များမှာ ကတ်ကြေးကိုက်ပုံစံမျိုး ရှေ့ တွင် အသွားများပါပြီး ညှပ်ယူသောကြောင့် မညီညာသည့် မြေမျက်နှာပြင်များတွင် လုပ်ငန်းမတွင်ပါ။ ကူဘိုတာအမျိုး အစား ထိုင်းနိုင်ငံမှထုတ်လုပ်သောဒလက်ပါသည့် ရိတ် သိမ်းခြွေလှေ့စက်များမှာ မြန်မာပြည်နှင့် ပို၍ ကိုက်ညီသည် ကိုတွေ့ရပါသည်။ ရှေ့ဒလက်မှ ရိတ်သိမ်းသောကြောင့် ကတ်ကြေးကိုက်များထက် အလေအလွင့် အနည်းငယ်ပို သော်လည်း အောက်ပြည်အောက်ရွာတွင်မူ အဆင်ပြေ သည်ကို တွေ့ရှိရပါသည်။ မြင်းကောင်ရေ ၇ဝအားရှိ ကူဘို တာရိတ်သိမ်းခြွေလှေ့စက် ( Combine Harvestor ) တစ် စီးမှာ ကျပ်သိန်း ၃ဝဝကျော် ရှိပါသည်။ တော်ရုံလယ်သ မားများဝယ်ယူရန် လက်လှမ်းမမီသော အခြေအနေဖြစ် ပါသည်။ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စက်မှုဝန် ကြီးဌာနတို့၏စီစဉ်မှုဖြင့် ကိုရီးယားနိုင်ငံမှ ရိတ်သိမ်းခြွေ လှေ့စက်အစီး ၄ဝဝကျော် တင်သွင်းလာပါသည်။
-၃-
သို့ရာတွင် အဆိုပါစက်များမှာ ကတ်ကြေးကိုက်ပုံစံ ဖြစ်နေ၍ ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချရာတွင် လယ်သ မားများ စိတ်ဝင်စားမှု နည်းပါးသည်ကို တွေ့ရှိရပါသည်။ စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသတွင် ကတ်ကြေး ကိုက်ပုံ ရိတ်သိမ်းခြွေလှေ့စက်မှာ အသုံးပြုရန် အဆင်မပြေ ၍ ဈေးနှုန်းသက်သက်သာသာဖြင့် အရစ်ကျရောင်းချသော် လည်း လယ်သမားများ ဝယ်ယူမှုနည်းရခြင်းဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံများကဲ့သို့ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန်အတွက် အဓိကပံ့ပိုးရမည်မှာ နိုင်ငံတော် အစိုးရပင်ဖြစ်ပါသည်။ တောင်သူလယ်သမားများ အနေ ဖြင့် စိုက်ပျိုးစရိတ်လုံလောက်အောင်ပင် မနည်းချေးငှား လုပ်ကိုင်နေရ၍ စက်ပစ္စည်းများကိုဝယ်ယူရန်မှာ အများစု က တတ်နိုင်ကြမည်မဟုတ်ပါ။
လယ်ဆည်ဝန်ကြီးဌာန၏ ထွန်စက်စခန်းများကို ပြန်လည်အသက်သွင်းရန် အရေး တကြီး လိုအပ်နေပါသည်။ ပုဂ္ဂလိက၊ သမဝါယမအဖွဲ့အ စည်းများ၊ ကုမ္ပဏီများသည်လည်း အငှားလိုက်ဝန်ဆောင် မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင် တိုက်တွန်းဖို့လိုအပ်ပါသည်။
သို့မှသာ လယ်ယာလုပ်သား ရှားပါးမှုကို ဖြေရှင်းနိုင်မည့် စက်မှုလယ်ယာစနစ်သို့ ကူး ပြောင်းနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ သို့ မဟုတ်ပါက စက်မှုလယ်ယာကူးပြောင်းရေးမှာ 'ရွှေပြည် တော် ... မျှော်လေတိုင်းဝေး။ ဆိုသလိုဖြစ်နေမည်သာ ဖြစ်မည်။

‎TheYangonTimes‬

တာဝါတိုင် ပြည့်မီအောင် မစိုက်ထူနိုင်ဟု တယ်လီနောပြော


မကြာခင် ဆင်းကတ်တွေကို ရောင်းချပေးတော့မယ့် နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီက သတ်မှတ်တဲ့ တာဝါတိုင်တွေ ပြည့်မီအောင် မစိုက်ထူနိုင်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။

ADSLနဂိုက ဆင်းကတ်တွေ ပထမ ဦးဆုံး စပြီး ဖြန့်ဖြူးရောင်းချချိန် တာဝါတိုင် ၈၀၀ ကနေ ၁၀၀၀ ကြား တည်ဆောက်နိုင် မယ်လို့ မျှော်လင့် ထားပေမယ့် ခုအခါ တာဝါတိုင် ၆၀၀ ၀န်းကျင်လောက်ပဲ တည်ဆောက်ပြီးစီးတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်ရတာဟာ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာတွေ အနေနဲ့ တာဝါတိုင်ဆောက်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ မြေပါမစ် မရတာ၊ တချို့နေရာတွေမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာ၊ တချို့နေရာတွေမှာ ဒေသခံတချို့က ကန့်ကွက်တာတွေ ကြုံရလို့ နှောင့်နှေးရတာလို့ ဆိုပါတယ်။

ခုလို ကိစ္စမျိုး အစိုးရ ဆက်သွယ်ရေးက ကြုံရတာ မကြားမိဘူးလို့ တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောပါတယ်။

DVB

ပါကစ္စတန်တွင် တမံတစ်ခု ဖောက်ချလိုက်၍ ကျေးရွာအချို့ ရေလွှမ်း


မြို့ပြဧရိယာတစ်ခုကို ရေလွှမ်းမိုးမှု လျှော့ချနိုင်ရန်အတွက် တမံတစ်ခုကို ဖောက်ချလိုက်ခြင်းကြောင့် ပါကစ္စတန်ရှိ ကျေးရွာနှစ်ခုကို ဆိုးဆိုးရွားရွား ရေလွှမ်းသွားခဲ့သည်။

ဟိမဝန္တာနှင့် ဆက်စပ်နေသည့် ကက်ရှ်မာ ဒေသတွင် ပြီးခဲ့သည့် သီတင်းပတ် ကတည်းက ဖြစ်ပေါ်နေသည့် ရေကြီး ရေလျှံမှုများကြောင့် ပါကစ္စတန်တွင် လူပေါင်း(၂၅၀)ကျော်ထိ သေဆုံးခဲ့ပြီး ဖြစ်သည်။ စက်တင်ဘာ (၁၀)ရက်ကမူ လူနေထူထပ်သည့် ပန်ဂျပ်ပြည်နယ်ရှိ မြို့ပြဒေသများတွင် ရေလွှမ်းမိုးမှုကို လျှော့ချရန်အတွက် အရေးပါသော တမံတူးမြောင်း တစ်ခုကို ဖောက်ချလိုက်ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေး အာဏာပိုင်များက ဆိုသည်။

တမံကို ဖောက်ချလိုက်သည့်အတွက် ရွာနှစ်ရွာတွင် နေအိမ်များရော၊ လမ်းများပါ ရေလွှမ်းသွားပြီး ဒေသခံများက အိမ်ခေါင်မိုးများပေါ် တက်၍ ခိုလှုံနေရသည်။ ပါကစ္စတန်တွင် ဖြစ်ပေါ်နေသော ရေလွှမ်းမိုးမှုများသည် (၂၀၁၀)နောက်ပိုင်း အဆိုးဆုံး အခြေအနေလည်း ဖြစ်သည်။ (၂၀၁၀)ပြည့်နှစ် ရေကြီးမှုသည် နိုင်ငံသမိုင်းတွင် အဆိုးဆုံး မှတ်တမ်းဝင်ခဲ့ပြီး ထိုစဉ်က လူပေါင်း (၁၇၀၀)ကျော် သေဆုံးခဲ့သည်။

အာဏာပိုင်များက ပန်ဂျပ်ရှိ ဂျာဟန်းမြို့တွင် ရေကြီးမှု စိုးရိမ်အခြေအနေထိ ရောက်ရှိလာသည့်နောက် တမံအတားအဆီးကို ဖောက်ချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “အခုလို တမံကို ဖောက်ချလိုက်တယ် ဆိုတာက ဂျာဟန်းမြို့ခံ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ နောက်ဆုံး ရွေးချယ်ရာ အခြေအနေပါ။ မြို့ကို ကယ်တင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်”ဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ အရေးပါသော အရာရှိ တစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

ဂျာဟန်းတွင် လူပေါင်းလေးသိန်းကျော်မျှ နေထိုင်ပြီး အဆိုးရွားဆုံး အခြေအနေကို ရှောင်လွှဲရန်အတွက် တမံဖောက်ချလိုက်ခြင်းဟု ကာကွယ်ရေး၊ ရေအရင်းအမြစ်နှင့် စွမ်းအင်ဝန်ကြီး ခါဝါဂျအာဆစ်ဖ်ကလည်း ပြောကြားခဲ့သည်။ ပန်ဂျပ် ဒေသခံ တစ်ဦးဖြစ်သည့် မူဟာမက် ဇူလ်ဖီကာက “ရေတွေ အလုံးအရင်း စီးဝင်လာတာကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ တချို့ရွာတွေမှာဆိုရင် ရေထုက (၈)ပေလောက်ထိ တက်လာတယ်။ ဒီတော့ ရွာခံတွေက အိမ်တွေကို စွန့်ပစ်ပြီး ခေါင်မိုးပေါ်တက်ရင်း ရေဘေးခိုနေရတယ်”ဟု ဆိုသည်။

လတ်တလောတွင် ရေဘေးသင့် ကျေးရွာများသို့ လှေငယ်(၁၀၀)ကျော် စေလွှတ်ကာ လူပေါင်း(၄၀၀၀)ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း သိရှိရသည်။

_Ref: Channelnewsasia

ဩစတြေးလျတွင် အီဘိုလာ ကူးစက်သည်ဟု သံသယရှိသူ တစ်ဦးကို သီးသန့်ခွဲခြား ကုသပေးနေ


အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော အခြေအနေကြောင့် မိမိတို့ နိုင်ငံသားတစ်ဦးကို သီးသန့် ခွဲခြား စောင့်ကြည့်ကုသပေးနေကြောင်း ဩစတြေးလျ ဆေးရုံတစ်ခုက ကြေညာခဲ့သည်။

အာဖရိက နိုင်ငံတစ်ခုသို့ သွားရောက်ခဲ့ဖူးသည့် အဆိုပါ ဩစတြေးလျ နိုင်ငံသားတွင် အီဘိုလာရောဂါနှင့် ဆင်တူသည့် လက္ခဏာများ ပြသလာခဲ့သဖြင့် ယခုကဲ့သို့ ခွဲခြားဖယ်ရှားထားခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းမာရေးဌာန တာဝန်ရှိသူများက အနောက်အာဖရိကကို ခြိမ်းခြောက်နေသည့် ကြောက်မက်ဖွယ် ရောဂါဆိုး ဩစတြေးလျသို့ ရောက်ရှိလာခြင်းဟု ယူဆရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဆိုသည်။

အသက်(၂၀)ကျော်မျှရှိသည့် အမျိုးသားကို ကွင်းစ်လန် ပြည်နယ်ရှိ ဂိုးလ်ကို့စ် တက္ကသိုလ် ဆေးရုံသို့ တင်ပို့ထားသည်။ ၎င်းကို ပြုစုကုသနေသည့် ကျန်းမာရေး ဝန်ထမ်းအားလုံးသည် လိုအပ်သော အကာအကွယ် ပစ္စည်းများကို အသုံးပြုနေကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် (၂)ရက်က အနောက်အာဖရိကမှ ပြန်ရောက်လာသည့် အမျိုးသားသည် ထိုစဉ်ကတည်းက အပြင်းအထန် ဖျားနာလာခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြားထားသည်။

ဂိုးလ်ကို့စ် ကျန်းမာရေး တာဝန်ရှိသူများက အဖျားတက်ခြင်း အပါအဝင် အီဘိုလာ ရောဂါ၏ လက္ခဏာများ ပြသနေသဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် လူနာကို ခွဲခြားထားရှိသော်လည်း ကနဦး စစ်ဆေးမှုများအရ ယင်းရောဂါ လက်တွေ့ ဖြစ်ပွားနေသည်ဟု ယူဆနိုင်လောက်စရာ မတွေ့ရကြောင်း ဆိုသည်။

“နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွေကြောင့် လူနာကို သီးခြားခွဲထားတာ ဖြစ်ပါတယ်”ဟု ဂိုးလ်ကို့စ် တက္ကသိုလ် ဆေးရုံ၏ ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေးဌာနမှ ဒေါက်တာ ဂျွန်ဂါရတ်က ရှင်းပြခဲ့သည်။ “ကျွန်တော်တို့ ပြောနိုင်တာက ဒီလူနာက အီဘိုလာ ကူးစက်လာတာ ဖြစ်နိုင်ဖို့ အခြေအနေ အင်မတန် နည်းပါးတယ် ဆိုတာပါပဲ”ဟုလည်း ၎င်းက ပြောကြားသွားသည်။

လူနာအတွက် တိကျသော ဆေးစစ်မှတ်တမ်းများသည် အစောဆုံးအဖြစ် စက်တင်ဘာ (၁၁)ရက် ညနေပိုင်းတွင် ရရှိလာမည်ဟု မျှော်လင့်ရသည်။ ယခုနှစ်အတွင်း အနောက်အာဖရိက နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့နေသည့် အီဘိုလာ ရောဂါပိုးကြောင့် လူပေါင်း(၂၂၀၀)ကျော် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

_Ref: Channelnewsasia

ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် စမတ်ဖုန်း ဝယ်လိုအား ဆက်လက်မြင့်တက် လျက်ရှိနေ


ကာတာ ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo Myanmar ၏ ဆင်းမ်ကတ်နှင့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများ စတင်ရောင်းချပြီး တစ်လခန့်အကြာတွင် ၁၅၀၀ ကျပ်တန် MPT ဆင်းမ်ကတ်များ ဈေးကွက်အတွင်း စတင် ရောင်းချခဲ့ခြင်းကြောင့် ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် စမတ်ဖုန်း ဝယ်လိုအားများ ဆက်တိုက်မြင့်တက် လျက်ရှိနေကြောင်း စုံစမ်းသိရသည်။

ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်၌ စမတ်ဖုန်း ဝယ်လိုအားသည် ၂၀၁၄၊ သြဂုတ်လ ၂ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့အခြေစိုက် မိုဘိုင်းဖုန်း အရောင်းဆိုင်များမှ စုံစမ်းသိရသည်။

ထို့နောက် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ယခုလ ၁ ရက်နေ့မှစတင်ရောင်းချပြီး ရက်သတ္တပတ်အတွင်း ရန်ကုန်မြို့၏ စမတ်ဖုန်းဝယ်လိုအားသည် အရောင်းဆိုင်အချို့၌ အချို့အမှတ်တံဆိပ် မိုဘိုင်းဖုန်းထုတ်ကုန်များ ပစ္စည်းပြတ်လပ်လု နီးပါးအထိ ရောင်းအားရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း အရောင်းဆိုင်များမှ သိရသည်။

“စမတ်ဖုန်းတွေရဲ့ ရောင်းအားက ပိုပြီးတော့သွက်လာတယ်။ Ooredoo ဆင်းမ်ကတ်တွေ စရောင်းတဲ့ အချိန်ကစပြီးတော့ တက်လာတဲ့ စမတ်ဖုန်းဝယ်လိုအားက MPT ကတ်တွေ စထွက်တဲ့နေ့ကနေ အခုထိပါပဲ။ အခုဆိုရင် ပြည်တွင်းဝယ်လိုအား က တဖြည်းဖြည်းတက်လာပြီ။ ဒါပေမယ့် ဟန်းဆက်လိုအပ်တဲ့သူတိုင်းက မဝယ်နိုင်သေးပါဘူး"ဟု Mr.Fone မိုဘိုင်းဖုန်း ဝန်ဆောင်မှုနှင့် အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစမတ်ဖုန်း ဈေးကွက်တွင် ဝယ်လိုအားသည် မြို့ကြီးများ၌သာ မြင့်တက်နေခြင်းမဟုတ်ပဲ နယ်မြို့များတွင်လည်း အလားတူ ဝယ်ယူသူများ ပိုမိုများပြားနေကြောင်း စုံစမ်းသိရသည်။ ထို့အပြင် ကျေးလက်ဒေသများတွင် နေထိုင်သည့် ဒေသခံများသည်လည်း နယ်မြို့များသို့ တက်ရောက်၍ မိုဘိုင်းဟန်းဆက်များကို ဝယ်ယူလာကြခြင်းကြောင့် တောရွာများ၏ မိုဘိုင်းဖုန်း သုံးစွဲမှုသည်လည်း အနည်းငယ် တိုးတက်လာကြောင်း နယ်မြို့အချို့တွင် ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းဈေးကွက်မှ စုံစမ်းသိရသည်။

“တောင်သူတွေ၊ ကျေးလက်မှာနေတဲ့ ဒေသခံတွေ မြို့တက်ပြီး ဖုန်းတွေဝယ်လာကြတယ်။ ဒါပေမယ့် ကျေးလက်ဒေသမှာ နေထိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် နယ်မြို့လေးတွေက မိုဘိုင်းဈေးကွက်မှာတော့ စမတ်ဖုန်းရောင်းအားက သိပ်မကြီးပါဘူး။ ဈေးသက်သာပြီး ဘာ Feature မှ မပါဝင်တဲ့ ခလုတ်ဖုန်းတွေက ပိုပြီးအရောင်းအဝယ် ဖြစ်နေပါတယ်"ဟု စစ်ကိုင်းမြို့အတွင်းရှိ  မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်တာဝန်ခံတစ်ဦးက ပြောကြားသည်။

ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များက ဈေးကွက်ဝေစု အများဆုံးကို ရယူထားပြီး Samsung နှင့် Apple အမှတ်တံဆိပ် မိုဘိုင်းဖုန်းများသည် ဒုတိယနှင့် တတိယနေရာများမှ ရပ်တည်နေပြီး ယင်းအမှတ်တံဆိပ် ထုတ်ကုန်နှစ်ခုသည် ရန်ကုန်၊ မန္တလေးမြို့များတွင် ဝယ်လိုအားပိုမို ရှိနေကြောင်းသိရ သည်။

Internet Journal

ရန်ကုန်နှင့်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အဆင့်မြင့်ဖောက်ခွဲရေးပစ္စည်းရှာဖွေစက်များ တပ်ဆင်


ရန်ကုန်လေဆိပ် စတင်တည် ဆောက်ချိန်မှ နှစ်ပေါင်း ၆ဝကျော် အတွင်း ပထမဆုံးအကြိမ်အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်း ရှာဖွေစက်များ တပ်ဆင်ကာ လေဆိပ်လုံခြုံရေး တိုး မြှင့်လိုက်ကြောင်း သိရသည်။
''ဖောက်ခွဲရေးပစ္စည်းများ ရှာ ဖွေဖော်ထုတ်ရေးကိရိယာ (ETDS) လို့ခေါ်ပါတယ်။ အရင်လို သာမန်ဖောက် ခွဲရေးရှာတဲ့ ပစ္စည်းတွေထက် နည်း ပညာပိုမြင့်ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်မှူးဦးကျော်စိုး ကပြောသည်။
အဆိုပါကိရိယာအား ၂ဝ၁၄ သြ ဂုတ် ၃ဝရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် တပ်ဆင်ခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေ အတွက်ငါးခုသာရှိကြောင်း သိရသည်။
''လုံခြုံရေး(က)အဆင့်ရှိတဲ့ ရန် ကုန်လေဆိပ်မှာ သုံးလုံးနဲ့ မန္တလေး လေဆိပ်မှာ နှစ်လုံးတပ်ဆင်ထားပါ တယ်''ဟု ညွှန်ကြားရေးမှူးဦးကျော် စိုးက ပြောသည်။
သတ္တုစပ်ခုနစ်မျိုးသာမက အခြား အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်းများနှင့် နောက်ဆုံးပေါ် ဖောက်ခွဲရေးနည်း ပညာဖြင့် ဖန်တီးထားသော ပေါက် ကွဲစေနိုင်သည့် အရည်များကိုပါ ရှာဖွေ ပေးနိုင်သည်။ အလိုအလျောက် ထိန်း ချုပ်စနစ်ဖြင့် အသင့်ပြင်ထားသော ကွန်တိန်နာထဲတွင် ပေါက်ကွဲစေမည် ဖြစ်ကြောင်း အဆိုပါစက်၏ လုပ်ဆောင် ချက်များနှင့်ပတ်သက်၍ ဦးကျော်စိုး က ရှင်းလင်းပြောကြားသည်။
အဆိုပါ လေဆိပ်လုံခြုံရေးစနစ် မြှင့်တင်ခြင်းမှာ အယ်လ်ခိုင်ဒါအကြမ်း ဖက်အဖွဲ့အစည်း၏ ခြိမ်းခြောက်သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်မှုမရှိဘဲ လုပ်ရိုး လုပ်စဉ်အတိုင်း ဆောင်ရွက်ခြင်းဖြစ် ကြောင်း ၄င်းက ထပ်မံပြောသည်။
ETDS အဆင့်မြင့်ဖောက်ခွဲရေး ပစ္စည်းများ ရှာဖွေဖော်ထုတ်ရေး ကိရိ ယာအား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်သည့် JICA မှ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

‎TheYangonTimes‬

အသည်းပျက်စီးနေပြီ ဆိုတာ သိသာစေတဲ့ လက္ခဏာ (၄) မျိုး


သင်ဟာ အချိန်ရှည်ကြာစွာ အသောက်အစားနွံထဲက ရုန်းမထွက်ဘဲ ရှိနေမယ်ဆိုရင် သင့်ရဲ့ ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်မှုအပေါ် စိတ်အနှောက်အယှက်ဖြစ်စရာ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်က ပြလာတဲ့ အထူးရောဂါ လက္ခဏာတွေကို သင် သတိထားမိတယ်ဆိုရင် အသောက်အစား ရပ်တန့်ဖို့ အချိန်ရောက်နေပြီဆိုတာ သိလိုက်ပါတော့။ ဒီတော့ သောက်စားတတ်တဲ့သူတွေ ဖြစ်တတ်တဲ့ အသည်းရောဂါလက္ခဏာတွေအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

အရက်ကို အငမ်းမရ သောက်စားခြင်း

အရက်အလွန်အကျွံသောက်စားခြင်းက သင့်ရဲ့အတွေးစိတ်ကူးတွေ (သို့) ခံစားချက်တွေကို အားနည်းလာစေနိုင်ပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဗိုက်သားအဆီအဖြစ် ပြောင်းလဲ သွားလေ့ရှိပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

အထူးသဖြင့် အရက်သေစာကြောင့် အကျိုးဆက်ဖြစ်လာတဲ့ အစာအဟာရတွေထဲက တစ်ခုက B12 ၊ အမောခံနိုင်ရည်ကင်းမဲ့ခြင်းနဲ့ အများအားဖြင့် ဖြစ်တတ်တဲ့အခြေနေအရပ်ရပ်တွေကတော့ ခေါင်းကိုက်ခြင်းနဲ့ ဇဝေဇဝါ စိတ်ရှုပ်ထွေးမှုတွေပဲ ဖြစ်ပါတယ်။

ဆံပင်သားနဲ့ လက်သည်းခြေသည်း ကျိုးပဲ့ပျက်စီးခြင်း

အရက်သေစာသောက်စားခြင်းမှာ သင့်ဆံပင်သားတွေနဲ့ ခြေသည်းလက်သည်းတွေ ကျိုးလွယ်ပျက်လွယ်ဖြစ်လာစေနိုင်တဲ့ ရေဓာတ်ခန်းခြောက်မှု အကျိုးဆက်တစ်ခုရှိပါတယ်။ ဆံပင်နဲ့ ခြေသည်း လက်သည်းနှစ်ခုစလုံးဟာ ကျန်းမာသန်စွမ်းနေဖို့ ရေဓာတ်အလုံလောက်ရရှိမှုပေါ် မှီတည်နေပါတယ်။

စိုးရိမ်ကြောင့်ကျဖြစ်ခြင်း

သင့်ခန္ဓာကိုယ်က အရက်ကို အစာအာဟာရအဖြစ် ပြောင်းလဲပြီး အသွေးသားထဲရောက်သွားတဲ့အခါ စိုးရိမ်ပူပန်တတ်တဲ့စိတ်၊ စိတ်ချောက်ချားခြင်းနဲ့ လွယ်လင့်တကူ အမျက်ဒေါသထွက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

Source: womenshealthmag

တိုက်ပွဲများနဲ့ မငြိမ်းချမ်းသေးတဲ့ တအာင်းဒေသ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအထဲမှာ နောက်ဆုံးမှ ထွက်ပေါ်လာပြီး သိပ်မထင်ရှားခဲ့ဘူးလို့ဆိုရမဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးဟာ အခုအချိန်မှာ အစိုးရစစ်တပ်ဖွဲ့တွေနဲ့  မကြာခဏဆိုသလိုပဲ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ လောလောဆယ်မှာ အကြိမ်ပေါင်းများစွာ  ဖြစ်နေတယ်လို့တောင် ဆိုရမယ်ထင်ပါတယ်။ ဒီင်္အင်အားစု ဘယ်လို ပေါ်ထွက်လာသလဲ။ ဘာကြောင့် မပြေလည်နိုင်တာလဲဆိုတာကို တအာင်း (ပလောင်) တပ်ဦး ဥက္ကဌ တာအိုက်ဘုန်း  နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။  ကျနော် ပထမဦးဆုံး သိချင်တာကတော့ တာအိုက်ဘုန်းတို့ရဲ့  ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဆိုတာဟာ အခုမြန်မာနိုင်ငံမှာ ကြားခဲ့ဖူးတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေထဲမှာ နောက်ဆုံးပေါ်ထွက်လာတဲ့၊ နောက်ဆုံးကြားလာရတဲ့ နံမည်တခုဆိုရင် မှားမယ်မဟုတ်ဘူး ထင်ပါတယ်။ ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာကို အကျဉ်းရုံးလေး ရှင်းပြပါလား။

တာအိုက်ဘုန်း ။ ။ ကျနော်တို့ တအာင်း (ပလောင်) တော်လှန်ရေးသမိုင်းစတာ ၁၉၆၃ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျနော်တို့ ပလောင်းအမျိုးသားတပ်ဖွဲ့ကနေစတယ်။ ၁၉၉၁-၇ မှာ TSLA/TSLO က အပစ်အခတ်ရပ်စဲရေးကို နဝတ/နအဖ နဲ့ လုပ်သွားတယ်။ ၂၀၀၅ ခုနှစ်မှာ လက်နက်အပ်ပွဲ အခမ်းအနားလုပ်လိုက်ရတယ်။ ကျနော် အခု ဦးဆောင်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက ၁၉၉၂ ကနေ မယ်နပလောမှာ စပြီးတော့ တည်ထောင်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တအာင်း နဲ့ ပလောင် ဘာကွဲပြားခြားနားလဲ။

တာအိုက်ဘုန်း ။ ။ ပလောင်ကတော့ အများခေါ်တဲ့ စကားလုံးပါ။ အထူးသဖြင့် ဗမာတွေက ပလောင်လို့ ခေါ်တယ်။ ကျနော်တို့ ကိုယ့်ကိုယ်ကိုခေါ်တာကတော့ တအာင်းပေါ့။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဦးဆောင်တဲ့ တပ်မတော်က ပလောင်ဆိုတာ မဟုတ်ဘဲနဲ့ တအာင်းဆိုတာကို ပြန်ပြီးတော့သုံးတယ်။ တအာင်းလွတ်မြောက်ရေး တပ်မတော် ဖြစ်သွားတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက တာအိုက်ဘုန်းကို မိုက်အိုက်ဘုန်းလို့ လူတွေက သိကြပါတယ်။ အဲဒီအချိန်တုန်းက မိုက်အိုက်ဘုန်းတို့က ဝနဲ့ အတော်လေး နီးစပ်တဲ့ အင်အားစုဖြစ်တယ်။ ဘာသာစကားအားဖြင့်၊ ယဉ်ကျေးမှုအားဖြင့် အတော်လေး နီးစပ်တယ်လို့ ပြောဖူးတယ် ထင်ပါတယ်။ အဲဒါ ဟုတ်ပါသလား။

တာအိုက်ဘုန်း ။ ။ ဟုတ်ပါတယ်။ ဝနဲ့ နီးစပ်တာ အထူးသဖြင့် ကျနော်တို့ ပိုနီးစပ်တာကတော့ အခုလက်ရှိ ဝအမျိုးသားအဖွဲ့ချုပ်၊ ဝအမျိုးသားတပ်မတော် WNA, WNO ကျနော်တို့ ပိုပြီးတော့ နီးစပ်တယ်။ ဝ၊ ပလောင်၊ မွန်ဆိုတာ မွန်-ခမာ မျိုးနွယ်စုဖြစ်တယ်ဆိုတော့ ဘာသာရေးအရ၊ စကားအရ တော်တော်နီးစပ်တယ်လို့ ပြောလို့ရတယ်။ ကျနော့်နံမည်က တချိန်တုန်းက မိုင်အိုက်ဘုန်း ခေါ်တယ်ဆိုတာကတော့ ကျနော်တို့ ပလောင်အမျိုးသားဆိုရင် ရှေ့ က “မိုင်”။ အမျိုးသမီးဆိုရင် “လွေ”။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျနော်တို့ တပ်ဖက်ဆိုင်ရာ၊ နိုင်ငံရေးပါတီနဲ့ ပတ်သက်လာရင်တော့ အရာရှိဖြစ်လာပြီဆိုရင်တော့ “မိုင်” အစား “တာ” ကို ပြန်ပြီးတော့ အသုံးပြုတာဖြစ်တယ်။ အဲဒါကြောင့် တာအိုက်ဘုန်း ကို ပြန်ခေါ်တာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် အစဉ်အလာကြီးမားခဲ့တဲ့ တော်လှန်ရေးအင်အားစုတချို့ နဲ့ အတော်လေး အဆင်ပြေမယ့်သဘော၊ နီးစပ်မယ့်သဘော ကြားနေရပါတယ်။ ဒါပေမဲ့ ကျနော် စောစောကသုံးသပ်ခဲ့သလို နောက်ဆုံးပေါ်ပေါက်လာတယ်လို့ ဆိုရမယ့် တာအိုက်ဘုန်းတို့ရဲ့  တော်လှန်ရေးအင်အားစုနဲ့ ဘာကြောင့် မနီးစပ်နိုင်တာလဲ။

တာအိုက်ဘုန်း ။ ။ ကျနော်တို့က စောစောက ပြောသလိုပါပဲ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရယ်၊ ကျနော့်တပ်ဦးက ၁၉၉၂ မယ်နပလောကတည်းက ဖွဲ့စည်းလာတာဖြစ်တယ်။ ပြည်သူလူထု ထောက်ခံမှုနဲ့ ကျနော်တို့ တော်လှန်ရေးသမိုင်းကြောင်းကလည်း နှစ်ပေါင်း (၅၀) လောက် ရှိပြီဆိုတော့ ဆိုလိုတာကတော့ မဟာမိတ်တွေရဲ့  ပူးပေါင်းမှုအပေါ်မှာ အခြေခံပြီးတော့၊ ကျနော်တို့ တအောင်းလူထုကလည်း ကျနော်တို့အပေါ်မှာ အဓိက ပံ့ပိုးထားတဲ့ ကျောထောက်နောက်ခံ ဖြစ်တယ်ဆိုတာ ပြောလို့ရတယ်။ ဒါကြောင့် ကျနော်တို့ တပ်ဦးက၊ တပ်မတော်က ဒီနေ့အထိ ဆက်လက်ရပ်တည်ပြီးတော့ တိုက်ပွဲဝင်နေတာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံအစိုးရက သူတို့ ဖွဲ့စည်းပုံဥပဒေအရ ပြည်နယ်ဒေသကြီးတွေမှာရှိတဲ့ လူမျိုးစုတချို့  ပလောင် အပါအဝင်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးအရ အထူးဒေသအဖြစ် အုပ်ချုပ်ခွင့် ပေးထားတယ်ဆိုတာကို သိရပါတယ်။ အဲဒါကို ကျန်တဲ့လူမျိုးစုတွေ တော်တော်များများက လက်ခံကြပေမဲ့ တအာင်းတို့က ဘာကြောင့် လက်မခံနိုင်ကြတာလဲ။

တာအိုက်ဘုန်း ။ ။ ဒါတော့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံကနေ သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တယ်။ နမ့်စံ နဲ့ မန်တုံ က။ နမ့်ဆန် နဲ့ မိုင်းတုံ က အဓိက ပလောင်လူထုတွေ အခြေချတဲ့နေရာ ဖြစ်ပေမဲ့ ဒီလိုမျိုးနေရာက မြို့ နယ်သေးသေးလေးထဲမှာပဲ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ နယ်ကို သတ်မှတ်ထားတယ်ဆိုတာတော့ ကျနော်အထင် အင်မတန်မှ တရားမျှတမှု မရှိဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှမ်းပြည်မြောက်ပိုင်း၊ အရှေ့ ပိုင်းမှာ ကျနော်တို့ ပလောင်လူထုက ပျံ့ နှံပြီးနေထိုင်နေတဲ့ မြို့ တွေလည်း အများကြီးရှိတယ်။ ဆိုလိုတာက ဒီမြို့ တွေကို ကျနော်တို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ ကိုသတ်မှတ်ဖို့ တောင်းဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး လွယ်လွယ်လေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ နှစ်မြို့ လောက် သတ်မှတ်ပြီးတော့ ကျန်တဲ့နေရာတွေတော့ အထူးသဖြင့် ပလောင်တွေ အများအပြားနေထိုင်တဲ့ မြို့ တွေကြတော့ ဘာမှ သတ်မှတ်မှုမရှိဘဲနဲ့၊ ဘာမှ ပတ်သက်မှုမရှိတဲ့ပုံစံ သတ်မှတ်ထားတယ်ဆိုတော့ ကျနော်တို့က အဲဒါကို တရားမျှတမှု မရှိဘူးလို့ ဒီလိုပဲမြင်တယ်။ ဒါကို ဆက်လက်ပြီးတော့ ပိုမို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် တနည်းအားဖြင့် ပြောရရင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ပုံစံနဲ့ ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်တောင်းဆိုမယ်လို့ ချမှတ်ထားတာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဘယ်လို ဖြစ်နိုင်မလဲ။ အဲဒီလိုဆိုရင် ရှမ်းတိုင်းရင်းသားတွေနဲ့ ရောနှောနေထိုင်နေတဲ့ နေရာတွေက ပလောင်တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် ဘယ်လို ဖန်တီးနိုင်မလဲ။ နယ်မြေအားဖြင့်က သူတို့က ဟိုဘက်မှာနေတာကို။ ဆိုတော့ ဘာကို တောင်းဆိုလိုတာလဲ။ အဓိက သူတို့နေတဲ့ နေရာကိုလည်း ပလောင် အုပ်ချုပ်ရေးဒေသမှာ ထည့်ပေးပါလို့ မတောင်းဆိုဘူးလို့ တာအိုက်ဘုန်းက ပြောပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးလည်း လိုချင်တယ်ဆိုတော့ ဘယ်လို ဆောင်ရွက်ရင် ဖြစ်နိုင်မယ် ထင်ပါသလဲ။ နည်းလမ်းက ဘယ်လိုနည်းလမ်းနဲ့ လုပ်ရမလဲ။

တာအိုက်ဘုန်း ။ ။ ဒါကတော့ နည်းလမ်းက အမျိုးမျိုးရှိပါတယ်။ တွေ့ဆုံပြီးတော့ အပြန်အလှန် နားလည်းမှုနဲ့ ပြန်လည်ညှိနှိုင်းမှုနဲ့ ကျနော်တို့ ညှိနှိုင်းလို့ရတဲ့အပိုင်းတွေလည်း အများကြီးရှိတယ်။ တဖက်မှာလည်း ဒီလိုမျိုး အချိန်မျိုးမှာတော့ ညှိနှိုင်းဖို့အတွက်ကတော့ ကျနော်တို့အချင်းချင်းကြားထဲမှာ ညှိနှိုင်းဖို့အချိန်လည်း အင်မတန်မှ အားနည်းတယ်။ အင်မတန်မှ ခက်ခဲတဲ့ကြားထဲမှာ ဖြစ်နေတော့ ဒါကိုပြောဖို့ စောသေးတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုန ကျနော်ပြောချင်တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြို့ နယ်နှစ်ခု ပေးထားပေမဲ့လဲ ကျနော်တို့ ကျေနပ်ရလောက်အောင် ပေးထားတာမျိုး မရှိသေးဘူးလို့ ကျနော်တို့ ပလောင်အများစုက ဒီလိုခံယူတယ်။ ဒီလိုပဲ ယုံကြည်တယ်။ ဒါကြောင့် ကျနော်တို့က ပိုပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မြို့ နယ်ကို တိုးချဲ့ နိုင်ဖို့ ကျနော်တို့အားလုံးက ဆန္ဒသဘောထား ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ ဆက်လက်ညှိနှိုင်းရမှာပါ။ ရှမ်းနဲ့ အစိုးရနဲ့။

ဦးကျော်ဇံသာ ။ ။  အဲဒီတော့ အခု ညှိနှိုင်းနိုင်တဲ့ အလားအလာ မရှိဘူးလား။ အခု လူမျိုးစု တော်တော်များများဟာ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။

တာအိုက်ဘုန်း ။ ။ မရှိသေးဘူး။ ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ၂၀၁၃ ဇူလိုင်လတုန်းက တရားဝင်ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ တရားဝင် တင်ပြထားတာရှိတယ်။ ဦးအောင်မင်း ပြောတာကတော့ UWPC က လိုတာထက် အများကြီး တောင်းတယ်ဆိုတဲ့ဟာကို သူတို့ပြောတာဖြစ်တယ်။ အမှန်မှာတော့ ဒါကို ကျနော်တို့ တောင်းတာမဟုတ်ဘူး။ ဒီလိုမျိုး ရှစ်မြို့ နယ်၊ ကိုးမြို့ နယ်မှာရှိနေတဲ့ ပလောင်တွေကို ပြန့်နှံနေတဲ့ ပလောင်တွေကို ကျနော်တို့ စည်းရုံးရေး၊ စည်းရုံးခွင့်ရအောင် တောင်းဆိုတာဖြစ်တယ်။ အဲဒီလိုမျိုး စည်းရုံးခွင့်ရရင် လူထုရဲ့  ဆန္ဒသဘောထားကိုလည်း ကောက်ယူချင်တာဖြစ်တယ်လို့ တင်ပြတာဖြစ်တယ်။ ဒါပေမဲ့ တဘက်မှာလဲ ကျနော်တို့ရဲ့  ညီနောင် ရှမ်းတွေက ကျနော်တို့အပေါ် နားလည်းမှုလွဲအောင်ဆိုပြီး ပလောင်တွေက ရှစ်မြို့ နယ် ကိုးမြို့ နယ် တောင်းပြီးတော့ ကျနော်တို့ အစိုးရ ဘယ်ပေးနိုင်မလဲဆိုတာ အဲဒီလို လွယ်လွယ်နဲ့ ပြောတယ်လို့ အဲဒီလို ကျနော် သုံးသပ်ထားတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တိုင်းရင်းသားတွေရဲ့  အဖွဲ့အစည်းကြီးတွေ UNFC တို့လို၊ တိုင်းရင်းသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီ အဖွဲ့တွေထဲမှာ တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦးလည်း အဖွဲ့ဝင်တဦးအဖြစ် ပါဝင်နေတယ် မဟုတ်ဘူးလား။

တာအိုက်ဘုန်း ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါနဲ့ ဆက်ပြီးတော့ ညှိနှိုင်းလို့ မဖြစ်နိုင်ဘူးလား။ ဒီကိစ္စကို အသေးစိတ် ဆွေးနွေးမယ်ဆိုတာ။

တာအိုက်ဘုန်း ။ ။ အခြေအနေ ညှိနှိုင်းလို့ရတယ်လို့ ကျနော်တို့ မြင်တယ်။ အဓိကတော့ အစိုးရနဲ့ ပြေလည်ဖို့လိုတယ်။ နောက်ဆက်တွဲတွေက ကျနော်တို့အချင်းချင်း ညှိနှိုင်းပြီးတော့ ပိုမိုလွယ်ကူမယ်လို့တော့ ဒီလိုပဲ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုကြားနေရတာက ငြိမ်းချမ်းရေးအတွက် အလားအလာ ဘယ်လိုကောင်းတယ်။ ဘယ်လိုပြောပြော လက်နက်ကိုင် ပဋိပက္ခတွေဖြစ်တယ်။ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုတဲ့သတင်းက တအာင်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ အများဆုံး ဖြစ်နေတာကို သတင်းတွေထဲမှာ ကျနော်တို့ ကြားနေရတယ်။ အဲဒီ လက်နက်ကိုင်ပဋိပက္ခတွေ ရုတ်တရက် ဖြစ်နေရတဲ့အကြောင်းက ဘာလဲ။ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ဖြတ်သန်းမှုလား။ ဘယ်လို ပဋိပက္ခမျိုးလဲ။

တာအိုက်ဘုန်း ။ ။ ပြောမယ်ဆိုရင်လဲ တော်တော်ရှည်မယ့် သဘောလောက်ရှိမယ်။ ဒါပေမဲ့ တိုရှင်းလိုရင်း ပြောရမယ်ဆိုရင်တော့ ၂၀၀၅ မှာ PSLA က လက်နက်အပ်တဲ့ နောက်ပိုင်းမှာ ဦးသိန်းစိန်က အခုလက်ရှိ သမ္မတက လက်နက်အပ်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောသွားတာတွေ အများကြီး ရှိပါတယ်။ ကတိတွေ အများကြီး ပေးသွားတယ်။ ပလောင်ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်။ တည်ငြိမ်မှုရှိအောင် လုပ်ပေးမယ်။ မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ပေးမယ်စသဖြင့် အများကြီး ကတိတွေ ပေးသွားတယ်။ ဒါပေမဲ့ လက်နက်အပ်ပြီး နောက်ပိုင်းမှာ ၂၀၀၅ - ၂၀၁၀ ကြားထဲမှာ ကျနော်တို့ ပလောင်တွေ တော်တော်လေး ဒုက္ခတွေ ရောက်သွားတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး သားကောင်တွေ ဖြစ်သွားခဲ့တယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ တော်တော်လေး များသွားတယ်။ ပလောင်ဒေသမှာ များပြားသွားတယ်။ နောက်တခုက မြန်မာ့တပ်မတော်ထဲကလည်း ပလောင်လူထုတွေ၊ ပလောင်လူငယ်တွေကို စုစည်းပြီးတော့ ပြည်သူ့စစ်တို့၊ မြန်မာတပ်မတော်ထဲကို အတင်းအဓမ္မ လုပ်ခိုင်းတာတွေရှိတယ်။ လူမှုရေး၊ စီးပွားရေး အဲဒီမှာ ချွတ်ခြုံကျပြီးတော့ ပညာရေး၊ ကျန်းမာရေးလည်း ဘာမှရစရာမရှိဘူး။ ပိုဆိုးတာက မူးယစ်ဆေးဝါး ပိုပြီးတော့ များပြားလာတယ်။ အဲဒါကြောင့် ကျနော်တို့က ၂၀၀၉ မှာ ပလောင်းဒေသမှာ ပြန်လည်လက်နက်ကိုင် လှုပ်ရှားမှုနဲ့ ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာ ကျနော်တို့ ပလောင်လူထုက ကြိုဆိုပြီးတော့ ထောက်ခံတယ်။ အဓိက မူးယစ်ဆေးဝါး တိုက်ဖျက်ပေးဖို့ အဓိကလူထုက တောင်းဆိုတဲ့အပေါ်မှာလည်း အလေးထားပြီးတော့ မူးယစ်ဆေးဝါးကို အဓိကထား တိုက်ဖျက်နေတယ်။ တချို့ နေရာတွေမှာ တိုက်ပွဲဖြစ်တယ်ဆိုတာက ကျနော်တို့က လူထုစည်းရုံးရေးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးကို လုပ်ရင်နဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေလည်း အတော်များတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေက မြန်မာတပ်မတော်နဲ့ ပြည်သူ့စစ်တွေက သူတို့ရဲ့  အကျိုးစီးပွားကို ထိခိုက်တယ်လို့ပဲ မြင်တော့ အမြဲတမ်း လိုက်နှောက်ယှက်နေတော့ တိုက်ပွဲလည်း အဲဒီမှာ ဖြစ်တာတွေ အများကြီးရှိတယ်။

ဦးကျော်ဇံသာ ။ ။  မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ကတော့ ဘယ်သူက လုပ်တယ်ဆိုတာကတော့ အပြန်အလှန် စွပ်စွဲမှုတွေ အများကြီးရှိပါတယ်။ အစိုးရဖက်ကလည်း လက်နက်ကိုင်အင်အားစုတွေက ဒီဟာနဲ့ ရန်ပုံငွေရှာတယ်။ ဘာညာဆိုပြီးတော့ ပြောကြပါတယ်။ ဒီကိစ္စကို ဘယ်လို ပြန်ပြောချင်ပါသလဲ။

တာအိုက်ဘုန်း ။ ။ ဒါကတော့ သူတို့စွပ်စွဲချက်လို့ ပြောလို့ရတယ်။ ကျနော်တို့ဆီမှာ အထောက်အထားတွေရှိတယ်။ မြန်မာ့လက်အောက်ခံ ပြည်သူ့စစ်တွေက မူးယစ်ဆေးဝါး ဘယ်လို ပါဝင်သက်ရောက်မှုရှိလဲဆိုတာ အထောက်အထားတွေ ရှိတယ်။ ကျနော်တို့ဖက်က လုံးဝယုံကြည်တယ်။ လုံးဝ မူးယစ်ဆေးဝါးလုပ်တာ မရှိဘူး။ ကျနော်တို့ တပ်ထဲမှာလည်း အဲဒီလိုမျိုး ပါဝင်ပတ်သက်မှုရှိရင်လည်း ကြီးလေးတဲ့အပြစ်တွေ ပေးထားတာတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။  ကျနော် စဉ်းစားမိတာက ဒီ တအာင်းတိုင်းရင်းသားတွေအနေနဲ့ မကျေနပ်တဲ့အချက်တွေ၊ မူးယစ်ဆေးဝါး ပိုပြီးတော့ ပြန့်နှံနေတဲ့ကိစ္စတွေကို မြန်မြန်ဖြေရှင်းချင်တဲ့ကိစ္စတွေ။ ဒီဟာတွေကို အပြန်အလှန် လက်ညှိုးထိုးပြီးတော့ တိုက်ခိုက်သတ်ဖျက်နေတာနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ဥပဒေဘောင်အတွင်းက ဆောင်ရွက်တာ ပိုမကောင်းဘူးလား။ ဥပမာအားဖြင့် နိုင်ငံတကာအဖွဲ့အစည်းလည်း ဒီကတဆင့် ပါလာမှာပေါ့။ ကုလသမဂ္ဂ UNODC တို့ဘာတို့။ အဲဒါ မကောင်းနိုင်ဘူးလား။

တာအိုက်ဘုန်း ။ ။ မှန်ပါတယ်။ ကျနော်တို့ကလည်း အဲဒါကြောင့် တရားဝင်တွေ့ဆုံဆွေးနွေးရေးကို လုပ်ခဲ့တယ်။ ၂၀၁၃ ဇူလိုင်လမှာ ပြည်နယ်အဆင့် လုပ်ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့က ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုအဆင့် တွေ့နိုင်ဖို့အတွက်က အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့အတွက် ဒီလောက်ထိ မျှော်မှန်းထားတာရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းက မြန်မာ့တပ်မတော်တွေ အများကြီးတက်လာတယ်။ တဖက်မှာ ဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ပြီးတော့ တဖက်မှာ မြန်မာ့တပ်မတော်တွေ အများကြီး အလုံးအရင်းနဲ့ တက်လာပြီးတော့ ထိုးစစ်တွေဆင်တယ်။ ကျနော်တို့ လုံးဝနားလို့မရတဲ့အဆင့် ထိုးစစ်တွေဆင်တယ်။ တဖက်ကတမျိုး၊ တဖက်ကတမျိုး လုပ်နေတော့ ကျနော်တို့က အဲဒါတွေကို အများကြီး သံသယရှိလာတယ်။ နောက်တခုက တဖက်မှာ သူတို့ပြောတာကတော့ နောက်တကြိမ်တွေ့ရင်လည်း လက်မှတ်ထိုးရမယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရမယ်လို့ ပြောတယ်။ ကျနော်တို့က အဲဒီလိုမျိုး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရမယ်။ မထိုးရဖို့ ကြိုတင်ပြီးတော့ conditional သတ်မှတ်ထားတာကို မဖြစ်သင့်ဘူးလို့မြင်တယ်။ ကျနော်တို့ကလည်း ပြန်ပြောတယ်။ တကယ်လို့ နောက်တကြိမ် တွေ့ပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုရင်တော့ ရပါတယ်။ ထိုးနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း conditional တခု ပေးထားတာက ကျနော်တို့ တောင်းဆိုချင်တာရှိတယ် ဘာလဲဆိုတာကို သူတို့က ပြန်မေးတယ်။ ကျနော်တို့ ပလောင်ဒေသမှာရှိတဲ့ မြန်မာတပ်မတော်တွေကို ပြန်ပြီးတော့ ဆုတ်ခွါပေးဖို့၊ ဆုတ်ပေးဖို့ တောင်းဆိုတယ်။ တကယ်လို့ အဲဒီလို လိုက်လျောပေးမယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးဖို့တော့ အခက်အခဲ မရှိဘူးလို့ ပြန်ပြောတယ်။ အဲဒါကြောင့် ဒီ တွေ့ဆုံဆွေးနွေးရေးကတော့ မဖြစ်ဘဲနဲ့ အခု တိုက်ပွဲတွေတောက်လျှောက် ဖြစ်နေတယ်ဆိုတာ ကျနော်တို့က ဒီလို ပြန်ပြောတယ်။ တချက်တည်း အသိပေးချင်တာကတော့ ဦးသိန်းစိန်ကို ဒီလ စတ်တင်ဘာလ (၆) ရက်နေ့က တရားဝင်စာပို့ထားတယ်။ အခု စစ်ပွဲတွေ ဖြစ်နေတာကတော့ လျှော့နိုင်ဖို့အတွက် တရားဝင်စာတွေ ပို့ထားတာတွေ ရှိပါတယ်။ ဒီစာကိုလည်း ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေကိုလည်း မိတ္တူတွေ ပေးထားတာရှိတယ်။

VOA

အာဏာသိမ်းပြီးနောက်ပိုင်း နှိပ်စက်မှုတွေ ထိုင်းစစ်အစိုးရကျူးလွန်


ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကြာခဲ့ပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေး ကာလအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ တော်တော် များများ ဖြစ်ပွားခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ပြောဆိုလိုက်ပါတယ်။

နောက်ထပ် အဖွဲ့အစည်းတခုဖြစ်တဲ့ ထိုင်းလူ့အခွင့်အရေး ရှေ့နေများအဖွဲ့ ကလည်း မေလ ၂၂ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က အနည်းဆုံး လူပေါင်း ၁၄ ယောက်ကို လက်နက်မှုနဲ့ စွပ်စွဲပြီး စစ်တပ်ကနေ နှိပ်စက်ညှဉ်းပန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီအဖွဲ့က ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို လျှောက်ထားခဲ့ပါတယ်။

လန်ဒန်မှာအခြေစိုက်တဲ့ AI အဖွဲ့ကြီးက ကြာသပတေး နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ  စစ်တပ်ရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေး အခြေခံ စံနှုန်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဒီထုတ်ပြန်ချက်ကို CNPO လို့ခေါ်တဲ့ ထိုင်းစစ်အုပ်ချုပ်ရေးကောင်စီကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ကြိုတင်ပို့ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ CNPO ကို VOA က ဆက်သွယ်တဲ့အခါမှာတော့ ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကြေညာချက်ကို မတွေ့ရသေးတဲ့အတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

VOA

ISIS အစွန်းရောက်အုပ်စုကို ချေမှုန်းမည့် အမေရိကန် စစ်ရေးဗျုဟာ အိုဘာမား ချပြ


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က Islamic State အစွန်းရောက်အုပ်စုဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အန္တရာယ်ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ညက တနိုင်ငံလုံးကို လွှင့်ထုတ်တဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အစ္စလာမ် အစွန်းရောက်တွေကို လေကြောင်းတိုက်ခိုက်မှုအပြင်၊ မြေပြင်မှာ မဟာမိတ်တပ်တွေရဲ့ အထောက်အကူနဲ့ ဘယ်နေရာမှာရောက်ရောက်၊ မလျှော့တမ်း လိုက်လံ ချေမှုန်းတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းတဲ့ ဒီမဟာဗျုဟာကို ယီမင်နဲ့ ဆီးရီးယား တို့မှာ အောင်မြင်စွာ လက်တွေ့ကျင့်သုံးခဲ့ပြီး ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ပြည်ပမှာ ဘယ်အမေရိကန်တပ်ကိုမှ ရင်ဆိုင်တိုက်ပွဲဝင်ဖို့ စေလွှတ်မှာ မဟုတ်ပေမဲ့ အမေရိကန်ရဲ့ အဓိက အကျိုးစီးပွားကို ခြိမ်းခြောက်သူ မှန်သမျှကိုတော့ အမေရိကန်က အင်အားသုံး တုံ့ပြန် နှိမ်နင်းသွားမှာ ဖြစ်တယ်လို့ သမ္မတ က ပြောပါတယ်။

Islamic State အစွန်းရောက် အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မတမှာ အာဏာရှိပြီးသား ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ အမေရိကန် နိုင်ငံသားတွေ သွေးစည်းခိုင်မာမှုကို ကမ္ဘာကို ပြသနိုင်ဖို့အတွက် လွှတ်တော်ရဲ့ ထောက်ခံမှုကို ရရှိရင်လည်း သူ့အနေနဲ့ ကြိုဆိုတဲ့အကြောင်း သမ္မတက ပြောကြားသွားပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အမေရိကန် ပြည်ထောင်စုက ကမ္ဘာမှာ ဦးဆောင်နေပြီး နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့အကြောင်းလည်း ပြောသွားပါတယ်။

VOA

ခေါင်းလောင်းရှာဖွေသည့်အဖွဲ့ကို စိစစ်ရန်လိုပြီဟု မွန်သုတေသနအသင်း ဝေဖန်

တစ်လကျော်ကြာမြင့်နေပြီဖြစ်သည့် ဓမ္မစေတီခေါင်းလောင်းရှာဖွေနေသည့် အဖွဲ့ကို ခွင့်ပြုချက်ပေးထားသော ရန်ကုန်တိုင်းအစိုးရအနေဖြင့် စိစစ်ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်ကြောင်းမွန်သမိုင်း သုတေသနအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘တိုင်းအစိုးရ အားနည်းချက် ဖြစ်တယ်။ မရေရာတဲ့ကိစ္စကို ခွင့် ပြုတာ၊ ဘာလို့ခွင့်ပြုတာလဲ၊ ဘယ်အထောက်အထားနဲ့ ဆယ် မှာရောမေးခဲ့ရဲ့လား။ ပေါ့ပေါ့ဆ ဆ လက်မှတ်ထိုးပေးလိုက်တာ။ သိပ်စဉ်းစားထားပုံလည်း မရဘူး။ အစိုးရအဖွဲ့မှာတာဝန်ရှိတယ်’’ဟု မွန်သမိုင်းသုတေသနအသင်းတွဲ ဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ပြောသည်။


နတ်နဂါးများကိစ္စမှာသဘာဝမကျကြောင်း၊ ပြည်သူကို တလွဲ ယုံကြည်မှုပေးခြင်းအတွက် ဦးစံ လင်းအား ခွင့်ပြုချက်ချပေးခဲ့သည့် တိုင်းအစိုးရတွင် တာဝန်ရှိကြောင်း၊ ၎င်းက ဆိုသည်။

‘‘ခေါင်းလောင်းအပြင် မြတ် စွာဘုရားရွှေစင်ရုပ်တုတော်၊ ရတနာသေတ္တာတွေလည်း ပါတယ်လို့ ဦးစံလင်းက ပြောထားတယ်။ ခု ဘာမှ ပွင့်ပွင့်လင်းလင်းမသိရဘူး။ ပွင့်ပွင့်လင်းလင်းမရှိရင် မကောင်းဘူး။ ကြေညာဖို့ လိုတယ်’’ဟု အင် ဂျင်နီယာတစ်ဦးက ပြောသည်။

   ဓမ္မစေတီခေါင်းလောင်း အထောက်အကူပြုအဖွဲ့က ဦးစံ လင်းကို ယုံကြည်ဆဲဖြစ်ပြီး ရေငုပ် သမားအချို့ပြန်သွားပြီဟု  ဆို သည်မှာ မဟုတ်မှန်ဘဲ ရေငုပ်သ မား ၁၀ ဦးလုံးဖြင့် ဆက်လက်ရှာဖွေမှုလုပ်ဆောင်နေကြောင်း ပြန် ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောသည်။

 သင်္ဘောပေါ်တွင် SKY Net ရုပ်သံရိုက်ကူးရေးအဖွဲ့လည်းရှိ ကြောင်း၊ အဓိက အလှူရှင်တစ်ဦးမှာလည်း သင်္ဘောမှ စွန့်ခွာခြင်းမရှိဘဲသင်္ဘောပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့က ဆိုသည်။

  အစိုးရအနေဖြင့် ခေါင်း လောင်းရှာဖွေရေးအဖွဲ့ကို စိစစ် ကြပ်မတ်ခြင်း၊  ထိန်းသိမ်းခြင်း နည်းတစ်ခုခုကို   ပြုလုပ်သင့် ကြောင်း အင်ဂျင်နီယာတစ်ဦးက လည်းပြောသည်။

တိုင်းလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးဦးက ဓမ္မစေတီခေါင်းလောင်းနှင့်ပတ် သက်၍ ဦးစံလင်းအဖွဲ့ကို တိုင်း အစိုးရမှ လုပ်ပိုင်ခွင့်မည်သို့ချပေး ခဲ့သည်ကို မေးခွန်းမေးမြန်းသင့် ကြောင်း နိုင်ရဲဇော်က ဆိုသည်။

ယခင်ရက်များတွင် နေ့စဉ် လူထောင်ကျော်ခန့် သွားရောက် ကြည့်ရှုသော အေးရှားပွိုင့်ဘိုး လင်းစင်တာကမ်းစပ်၌ ယခုရက် ပိုင်းတွင် လူဆယ်ဂဏန်းသာ သွား ရောက်ကြည့်ရှုတော့သည်။ ရှာဖွေရေးအဖွဲ့က မည်သည့်အနက်တွင် တွေ့ရှိသည်ဟု နေ့စဉ်တိုးတက်မှုများပြော ရမည့်အစား လျှို့ဝှက်နေ၍ လူများယုံကြည် မှုလျော့ကျလာခြင်း ဖြစ်သည်။

  ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ ရက်က စတင် ခဲ့ပြီး ဦးစံလင်းက ခေါင်းလောင်း ရှာတွေ့ပြီဟု သြဂုတ် ၂၆ ရက်၌သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ် ပြန်ပြီးနောက် ခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းလုပ်ဆောင် ရန် နောက်ထပ် ၁၇ ရက် ထပ်တိုး လုပ်ဆောင်သွားမည်ဟု ပြောခဲ့ပြီးစက်တင်ဘာ ၁၁ ရက်ဆိုလျှင် ၁၆ ရက်ပြည့်မြောက်ပြီ ဖြစ်သည်။

7 Day Daily