ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.12.13

အလှမယ်ဘဝမှ ရုပ်ရှင်လောကထဲရောက်ရှိလာသူ သုံးထပ်ကွမ်း အကယ်ဒမီ ခင်သန်းနု ရုပ်ပုံလွှာ

၂ဝဝဝခုနှစ်၊ဖေဖော်ဝါရီ ၈ ရက် နေ့ထုတ်၊ ပေါ်ပြူလာဂျာနယ်အတွဲ (၄)၊အမှတ်(၆)တွင်”၂ဝရာစု မြန်မာ့ အလှဆုံးမင်းသမီးရွေးချယ်ပွဲ” ဟူ သည့်ကဏ္ဍတစ်ရပ်ပါဝင်ခဲ့ပြီး စာနယ်ဇင်းအယ်ဒီတာများ၊ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာဒါရိုက်တာများ၊ သရုပ်ဆောင်အနုပညာရှင်များ၏

တောင်တွင်းကြီးမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်

တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း၏ အနောက် တောင်ဘက်ခြောက်မိုင်ခန့်အကွာတွင် ယမန်နေ့ ညနေ ၄ နာရီချိန်က မတင်တင်မြင့် အသက် (၁၈)နှစ် ကြို့ချောင်းအလယ်ရွာအုပ်စုနေသူ သည် တစ်အိမ်တည်းနေ ဖခင်ဖြစ်သူဦးအောင်သာနှင့်အတူ မီးလှုံနေ စဉ် တစ်ဝိုင်းတည်းအိမ်တောင်ဘက်ကပ်လျက်အိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အစ်ကိုဖြစ်သူကိုမြင့်ဇော်က ဖခင်၏ဆိုဆုံးမမှုကို မကျေ နပ်သဖြင့် နေအိမ်ပေါ်မှဝါးရိုးတပ်အရိုးအသွား ၂၂လက်မ၊ဗျက်ခြောက် လက်မခန့်ရှိ တောင်သူဓားမကိုင်၍ ဖခင်ဖြစ်သူအားခုတ်ရာ ဖခင်ဖြစ် သူသေဆုံးသွားခဲ့ကြောင်းသိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဒေသခံ များပါဝင်မှအောင်မြင်မည် ဟုဆို

သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဒေသခံပြည်သူများ ပါဝင် မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ တို့က ပြောသည်။
''တိရစ္ဆာန်ပဲထိန်းထိန်း၊ ရေနံပဲ ထိန်းထိန်း၊ တောပဲ ထိန်းထိန်း၊ ကြိုက်တာကိုထိန်း ထိန်းသိမ်းရေး လုပ်မယ်ဆိုရင် ဒေသခံတွေကို ထည့်စဉ်းစားရမယ်။ သူတို့ပါဝင် မှ ဘယ်ထိန်းသိမ်းရေး
မဆိုအောင် မြင်မှာပါ''ဟု BANCA အဖွဲ့မှ ဦးအောင်ကျော်ညွန့်က
ပြောသည်။

ပုသိမ်မြို့၊ငွေဆောင်တွင် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့သော Optimist team ရွက်လှေပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နေကြသော ရွက်လှေများကို တွေ့ရစဉ်

မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း စသည့် နိုင်ငံ ၅ နိုင်ငံ ပါဝင်ယှဉ်ပြိုင်သော အဆိုပါ ပြိုင်ပွဲ၌ မြန်မာက အဆင့် ၄ သာရရှိခဲ့ပြီး ထိုင်းနိုင်ငံက ရွှေ တံဆိပ် ဆွတ်ခူးသွားခဲ့သည်။

(ဓာတ်ပုံ - စည်သူမောင်မောင်)

Mizzima - News in Burmese

ဟာဝိုင်ယီတွင် ရုပ်ရှင်ရိုက်ရင်း ချမ်းချမ်းစီးစီး ဖြစ်နေသည့် အမ်မာစတုန်း

အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။

မြန်မာမြားပစ်အဖွဲ့အတွက်ပထမဆုံးရွှေတံဆိပ်မအောင်ငှိမ်းရယူ

နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ပြုလုပ်နေသောဆီးဂိမ်း
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ ချုပ်အတွက်ပထမဆုံးရွှေတံဆိပ်ဆု ကိုမြားပစ်ရွှေတံဆိပ်စံချိန်ရှင်မအောင် ငှိမ်းကယနေ့ရယူပေးလိုက်သည်။

ပရိသတ်တစ်ဦးကို လက်ထပ်ခွင့် ကူညီတောင်းခံပေးခဲ့သည့် ဂျက်စတင်

20/20 Experience ဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျင်းပသော ယင်းအစီအစဉ်တွင် ဂျက်စတင်၏ ပရိသတ် တစ်ဦးက မိမိ၏ ချစ်သူအား လက်ထပ်ခွင့် တောင်းရန်အတွက် ပါဝင်ကူညီပေးပါရန် ကမ္ဘာကျော် အဆိုတော် မင်းသားကို ပန်ကြားထားခဲ့

မျက်နှာပြင် ၅.၅ လက်မ အရွယ်ရှိ LG Gx ကို ကိုရီးယားတွင် စတင် မိတ်ဆက်

LG သည် LG G2 နှင့် Optimus G pro တို့မှ feature များပါဝင်သော Gx ကို ကိုရီးယားတွင် စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

LG Gx တွင် full-HD ရရှိသော ၅.၅ လက်မ IPS display၊ 13-megapixel ကင်မရာနှင့် quad-core Qualcomm Snapdragon 600 ပရိုဆက်ဆာ ပါဝင်ပြီး LG G2 ကဲ့သို့ပင် ကြီးမားသော အရွယ် အစားဖြင့် ပြုလုပ်ထားသည်။

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန် တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။

ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်း ထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။

“မင်းသား မင်းသမီးကို ခယပြီးတော့ သိပ်မရိုက်ချင်ဘူး”

ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပြီး မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ပုံရိပ်တွေ အပါအဝင် ဖြစ်ရပ်မှန် တချို့ကို အခြေခံထားတယ်လို့ သိရပါတယ်။ လူမင်း၊ ဝေဠုကျော်၊ နေတိုး၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ ပန်းဖြူ၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးနဲ့ ပတ်သတ်ပြီး ရိုက်ကူးသူ ဒါရိုက်တာ ပန်းချီစိုးမိုးကို ဧရာဝတီက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ရန် ဥရောပသမဂ္ဂက မြန်မာအစိုးရခေါင်းဆောင်များကို တိုက်တွန်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရစေရန် လက်ရှိဖွဲ့စည်းပုံအခြေခံဥ ပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ပြင်ဆင်ရေးအတွက် ဥရောပသမဂ္ဂ (အီးယူ)က မြန်မာအစိုးရခေါင်းဆောင်များကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ် နိုင်ငံသား ၂၃ ဦး သမ္မတ အမိန်ဖြင့် ပြည်နှင်ခံရ

မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရှိ အမျိုးသား ကြီးပွား တိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်မှု ကုမ္ပဏီ၏ ရွှေ လုပ်ကွက်များတွင် ခိုးဝင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို သမ္မတ အမိန့်ဖြင့်

ဒေါ်အောင်ဆန်းစုကြည် ခြေမနာကျင်မှု ခွဲစိတ်ကုသ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေမအရိုးအဆစ် နာကျင်နေတာကြောင့် ဒီကနေ့မနက်ပိုင်းက အာရှတော်ဝင်ဆေးရုံမှာ ခွဲစိတ်ကုသခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက ဒီနေ့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

အဲဒီ် ခွဲစိတ်ကုသမှုနဲ့ ပတ်သက်ပြီး ဒေါက်တာတင်မျိုးဝင်းက ဒီနေ့မနက်က အာရှတော်ဝင်ဆေးရုံမှာ အခုလို ပြောပါတယ်။

KIA လူသစ်စုဆောင်းမှု ရှမ်းမျိုးနွယ်စုများ ဆန္ဒပြမည်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မကြာခဏဆိုသလို ဒေသခံရှမ်းတိုင်းရင်းသားတွေကို အဓမ္မစစ်သားသစ်စုဆောင်းနေတဲ့အတွက် ကချင်ပြည်နယ်အတွင်းက ရှမ်းမျိုးနွယ်စုတွေ စုပေါင်းပြီး အခုရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ဖို့ မြိ့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၁၅ ရက် မနေ့က စာတင်ထားတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံ ရှင်ဂျန်း အဓိကရုဏ်း ၁၆ ဦးသေ

တရုတ်နိုင်ငံအနောက်ပိုင်း၊ ဝီဂါလူနည်းစုတိုင်းရင်းသားတွေ နေထိုင်ရာ ရှင်ဂျဲန်းပြည်နယ် အဓိကရုဏ်းအတွင်း လူပေါင်း ၁၆ ယောက်သေဆုံးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ASEAN ရေကြောင်း လုံခြုံရေး အမေရိကန် တာဝန်ယူမည်

ဗီယက်နမ်နဲ့ အရှေ့တောင်အာရှဒေသတွင်းက အာဆီယံအဖွဲ့ဝင် တခြားနိုင်ငံတွေအတွက် အမေရိကန်အစိုးရရဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ အကူအညီတွေကို တိုးပြီးပေးတော့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကကြေညာလိုက်ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှ စည်းမျဉ်းနှင့်စည်းကမ်းများကို မသိဟု ဟတ်ဆောင်ဟွာဆို


မြန်မာတစ်မျိုးသားလုံး၏နှလုံးသားအားနှုတ်ယူမှုအတွက် တောင်းပန်စရာစကားရှိလျင်တောင်းပန်ချင်
===========
ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်မှနှုတ်ဆက်ခဲ့ရပြီးနောက် မြန်မာနည်းပြပတ်ဆောင်ဟွာက မိမိအနေဖြင့် အင်ဒိုနှင့်မတိုင်မိ ကျော်ကိုကိုနှင့်ပြသနာဖြစ်ခဲ့ခြင်းကြောင့် ၄င်းအားပွဲအစတွင်ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲ၏ စည်းမျဉ်းနှင့်စည်းကမ်းများကိုသိရှိခြင်းမရှိခဲ့ကြောင်း၊ သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့လျင်ပင် နေပြည်တော်သို့ အရောက်သွားနိုင်မည်ဟု ထင်ခဲ့ကြောင်း၊ မိမိ၏

မီးလောင်ပျက်စီးခဲ့သော မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများ နိုင်ငံတော်မှအခမဲ့ ပြန်လည် ဆောက်လုပ်ပေးမည်

၂၀၁၃ ခုနှစ် မတ်လအတွင်းက မီးလောင်ပျက်စီး သွားခဲ့သော မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများအား ဒီဇင်ဘာလထဲ နိုင်ငံတော်မှ အခမဲ့ ပြန်လည်ဆောက် လုပ် ပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေး ပစ္စည်းများကို ဒီဇင်ဘာ တတိယပတ်တွင်