ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.12.14

လစ်ဗျားတွင် IS တပ်ဖွဲ့၏ အခြေစိုက် လေ့ကျင့်ရေးစခန်းတစ်ခု ရှိလာကြောင်း အမေရိကန် ပြောကြား

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့သည် နောက်ထပ် ခြေကုပ်စခန်းအဖြစ် လစ်ဗျားနိုင်ငံ အတွင်းသို့ ခြေဆန့် ဝင်ရောက်လာပြီဖြစ်ကြောင်း အမေရိကန်၏ အာဖရိကဆိုင်ရာ စစ်ဌာနချုပ်က ကြေညာခဲ့သည်။

အာဖရိက အခြေစိုက် အမေရိကန် စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီး ဒေးဗစ်ရိုဒရီဂွတ်ဇ်က လစ်ဗားနိုင်ငံ အရှေ့ပိုင်းတွင် IS တပ်ဖွဲ့၏ လေ့ကျင့်ရေး အခြေစိုက် စခန်းတစ်ခု ရှိနေပြီဖြစ်ပြီး IS တပ်ဖွဲ့ဝင် ရာဂဏန်းမျှသည် ထိုနေရာတွင် စစ်သင်တန်းများ တက်ရောက် လေ့ကျင့်နေကြောင်း ပြောကြားခဲ့သည်။

ရိုဒရီဂွတ်ဇ်က အဆိုပါ စခန်းသည် လက်ရှိတွင် အစောပိုင်းအဆင့် လည်ပတ်မှုမျိုးသာ ရှိနေဆဲဖြစ်ပြီး ယင်းစခန်း၏ တိုးတက်ကျယ်ပြန့်လာမှုကို အမေရိကန်က သတိကြီးစွာ စောင့်ကြည့်နေကြောင်းလည်း ဆိုသည်။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဒေသတွင် အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့အစည်း အများအပြားသည် အာဏာဖြန့်ကျက်မှုအတွက် အားပြိုင်မှုများ ရှိနေပြီး အချို့က ၎င်းတို့သည် IS တပ်ဖွဲ့နှင့် မဟာမိတ်အဖြစ် ရပ်တည်ကြောင်း ကြေညာထားသည်။

နိုဝင်ဘာ ၃ ရက်တွင် ဝါရှင်တန် ဒီစီ၌ သတင်းထောက်များကို တွေ့ဆုံရာတွင် ရိုဒရီဂွတ်ဇ်က “လောလောဆယ် လစ်ဗျားမှာ စတင်အခြေစိုက်နေတဲ့ IS စစ်သင်တန်းကျောင်းဟာ စစ်သွေးကြွတွေ ရောက်လာပြီး လေ့ကျင့် သင်ကြားတဲ့ နေရာတစ်ခုပါ။ လောလောဆယ်တော့ စခန်းအရွယ်အစားက သေးငယ်နေတုန်းပါ။ လက်ရှိ အချိန်ထိတော့ ဒါဟာ လေ့ကျင့်ရေးအတွက် ရည်ရွယ်အခြေစိုက်တဲ့ စခန်းတစ်ခုအဖြစ် ကျွန်တော်တို့ မှတ်ယူပါတယ်”ဟု ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါ စစ်ရေးလေ့ကျင့်မှု စခန်းတွင် ရှိနေသည်မှာ IS အဖွဲ့သားများချည်း ဟုတ်၊ မဟုတ် အခြားသော အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ခြင်း ရှိမရှိ မကွဲပြားသေးကြောင်း ၎င်းက ဝန်ခံသည်။ IS တပ်ဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ထားသည့်အပြင် ယခုအခါ လစ်ဗျားရှိ ဒေသခံ စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်းပြီး နယ်ပယ်ချဲ့ထွင်လာသည့် သဘောဟုလည်း ရိုဒရီဂွတ်ဇ်က သုံးသပ်ခဲ့သည်။

လစ်ဗျားတွင် မူအမ်မာ ကဒါဖီအစိုးရ ပြုတ်ကျပြီး ကတည်းက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်နေပြီး ဗဟိုအစိုးရသည် လစ်ဗျားရှိ အဓိက မြို့ကြီးသုံးခုကို လက်လွှတ်ထားရပြီး အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များက သိမ်းယူထားသည်။

လစ်ဗျား၏ ဒုတိယ အကြီးမားဆုံး မြို့တော်ဖြစ်သည့် ဘန်ဟာဇီသည် ယခုအခါ အစ္စလာမ်မစ် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လက်အောက်တွင် ကျရောက်နေပြီး နိုင်ငံတကာက အသိအမှတ်ပြုသည့် လစ်ဗျားလွှတ်တော်သည် ယခုအခါ အရှေ့ပိုင်းဒေသရှိ တိုဘရက်ခ်မြို့တွင် အခြေစိုက်နေသည်။

အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့များကို ဦးဆောင်ကာ အီရတ်နှင့် ဆီးရီးယားတို့ရှိ IS တပ်ဖွဲ့များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

_Ref: BBC

ဂျပန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အာဘေး၏ ပါတီ အပြတ်အသတ် အောင်ပွဲခံရန် ရေပန်းစားနေ

အကြိုကောက်ခံထားသည့် စစ်တမ်းများအရ မကြာမီ ကျင်းပမည့် ဂျပန်နိုင်ငံ ရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ပါတီကပင် အပြတ်အသတ် အနိုင်ရဖွယ် ရှိနေကြောင်း သတင်းရရှိသည်။

ဂျပန်တွင် အမြင်စစ်တမ်းတစ်ခု ကျယ်ပြန့်စွာ ကောက်ခံပြီး ဒီဇင်ဘာလက ၄ ရက်တွင် ကြေညာခဲ့ရာ အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကို ပြည်သူအများစုက နှစ်သက်နေဆဲဖြစ်ပြီး ရလဒ်ပိုင်းအရ အပြတ်အသတ် အောင်ပွဲခံဖွယ် ရှိနေကြောင်း ညွှန်ပြလျက်ရှိသည်။

အောက်လွှတ်တော်၏ အမတ် ၄၇၅ နေရာတွင် အာဘေး၏ ပါတီက အမတ်နေရာ ၃၀၀ ကျော် ရရှိမည်ဟု နိုင်ငံရေး အကဲခတ်များက ခန့်မှန်းထားကြောင်း အဆာဟိရှင်ဘွမ်း သတင်းစာက ရေးသားခဲ့သည်။

အဆာဟိရှင်ဘွမ်းကဲ့သို့ပင် ကျိုဒိုသတင်းစာကလည်း စာဖတ်သူများ၏ သဘောထားစစ်တမ်း တစ်ခုကို ကောက်ခံရာ အလားတူရလဒ်ပင် ထွက်ပေါ်ကြောင်း သိရှိရသည်။

ဂျပန်တွင် အထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၄ ရက်၌ ကျင်းပရန် စီစဉ်ထားပြီး အာဘေးသည် ဝန်ကြီးချုပ်ရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အထူးတလည် ရေပန်းစားနေသည်။

အာဘေးသည် ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ရာထူး သက်တမ်း ၂ နှစ် ထမ်းဆောင်ရန် ရှိနေသေးသော်လည်း အောက်တိုဘာလအတွင်းက အခွန်စည်းကြပ်မှု တိုးမြှင့်ရန် ၎င်း၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့သဘောထားကို သိရှိစေရန် ရွေးကောက်ပွဲကို အချိန်စော ကျင်းပစေခဲ့ခြင်း ဖြစ်သည်။

ထိုအတောအတွင်း ဂျပန်ရှိ မီဒီယာ အများအပြားက ရွေးကောက်ပွဲကြို စစ်တမ်းများ ကောက်ခံခဲ့ရာ လူပေါင်း တစ်သိန်းကျော်က မှန်ကန်တိကျသည့် သဘောထား စစ်တမ်းများဖြင့် တုံ့ပြန်ခဲ့သည်။ စစ်တမ်းရလဒ်များကလည်း အခွန်စည်းကြပ်မှု တိုးမြှင့်ရန် အဆိုပြုခဲ့သည့်တိုင် အာဘေးကို ပြည်သူအများစုက ယုံကြည်အားကိုးနေဆဲဟု ညွှန်ပြလျက်ရှိသည်။

_Ref: Channelnewsasia

တရုတ်နိုင်ငံတွင်း အဂတိလိုက်စားမှု တိုးလာ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံတွင်း အဂတိလိုက်စားမှု တိုးလာတယ် ဆိုတဲ့ ညွှန်းကိန်းတွေ့ရှိချက်ဟာ အစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စွမ်းဆောင်ချက်နဲ့ ဆိုးဆိုးရွားရွား ဟန်ချက်မညီ ဖြစ်နေတယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

chinaဂျာမနီနိုင်ငံအခြေစိုက် အဂတိလိုက်စားမှု စောင့်ကြည့်လေ့လာ ရေးအဖွဲ့ (Transparency International)ရဲ့ နှစ်စဉ် အဂတိလိုက်စားမှု ညွှန်းကိန်းအရ တရုတ်နိုင်ငံရဲ့ အဂတိလိုက်စားမှုအပေါ် အသိအမြင်ထားမှုက သိသိသာသာ ကျဆင်းခဲ့တယ်လို့ ပြသထား ပါတယ်။

၂၀၁၄ ခုနှစ် စစ်တမ်းမှာ နဂိုအဆင့်ထက် အဆင့် ၂၀ ကျဆင်းပြီး နိုင်ငံပေါင်း ၁၇၅ နိုင်ငံမှာ အဆင့် ၁၀၀ ကို ရောက်ခဲ့ပါတယ်။

နိုင်ငံတွင်းမှာတော့ အစိုးရက အကျင့်ပျက်လာဘ်စားတဲ့ အရာရှိတွေကို ရှင်းလင်းရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေတာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဟွာချန်းယဉ်က အစိုးရရဲ့ လုပ်ဆောင်ချက် စွမ်းဆောင်ချက်တွေကို ဓမ္မဓိဌာန်ကျကျ မျှမျှတတ ဆုံးဖြတ်ရမှာ ဖြစ်ပြီး Transparency Internationalအဖွဲ့ရဲ့ စံချိန်ကို မသုံးကြဖို့ ပြောပါတယ်။

ဒီအဖွဲ့ဟာလည်း နိုင်ငံတကာကို လွှမ်းမိုးနိုင်တဲ့ အဆင့်ရှိတဲ့အုပ်စုပီပီ ညွှန်းကိန်းရဲ့မျှတမှုနဲ့ ဓမ္မဓိဌာန်ကျမှုကို စစ်ဆေးသင့်တယ်လို့ ပြောပါတယ်။ တရုတ်သမ္မတ ရှီကျင့်ပင်းကတော့ အာဏာရပါတီရဲ့ ရှင်သန်ရပ်တည်နိုင်စွမ်းကို အဂတိလိုက်စားမှုက ခြိမ်းခြောက်နေတယ်လို့ ပြောပြီး အဂတိလိုက်စားသူ ယင်ကောင်တွေကိုသာမက ကျားပျံတွေကိုပါ နှိမ်နင်းမယ်လို့ ကတိပြုထားပါတယ်။

Transparency International ကတော့ တရုတ်အဂတိလိုက်စားမှု တွေဟာ ပိတ်ထားတဲ့ တံခါးတွေနောက်မှာ အများကြီး ကြားနေရသေးတယ်လို့ ပြောပါတယ်။

လာဘ်စားမှု ပုံစံအားလုံးကို ဥပဒေအရ ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိ စီရင်ဖို့ကိုလဲ ဆော်သြပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိပ်တန်းနိုင်ငံတွေကတော့ ဒိန်းမတ်၊ နယူးဇီလန် ဖင်လန်၊ ဆွီဒင်နဲ့ နော်ဝေနိုင်ငံတို့ ဖြစ်ကြပါတယ်။

DVB

ဝန်ကြီးနှစ်ဦးကို ရာထူးကနေထုတ်ပယ်လိုက်သည့် အစ္စရေး ၀န်ကြီးချုပ်

အစ္စရေးဝန်ကြီးချုပ် "ဘန်ဂျမင် နေတန်ယာဟု"ဟာ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးကို
ရာထူးကနေ  ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ် "ဘန်ဂျမင်နေတန်ယာဟု"ဟာ တရားရေးရာဝန်ကြီး"ယာလာပစ်"နဲ့ ဘဏ္ဍာရေးဝန်ကြီး "ဇီပီ လစ်(ဗ)နီ"တို့ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး လွတ်တော်ကိုလည်း  ဖျက်သိမ်းကာ ရွေးကောက်ပွဲကျင်းပမှာဖြစ် တယ်လို့ ဒီဇင်ဘာလ (၂) ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ၀န်ကြီး (၂) ဦးစလုံးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ညွန့်ပေါင်းအစိုးရကို ဆက်လက်ဦးဆောင်ဖို့ မဖြစ်နိုင်လို့ အခုလိုဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးမူဝါဒချမှတ်ရေးတွေနဲ့ ပတ်သက်ပြီး အစ်္စရေးညွန့်ပေါင်းအစိုးရအတွင်းမှာ တင်းမာမှုတွေမြင့်တက်နေတာဖြစ်ပါတယ်။

ဂျူးသဘာဝကဲတဲ့ အစ္စရေးနိုင်ငံတည်ထောင်ရေး ဥပဒေမူကြမ်းနဲ့ ပထမဦးဆုံးအကြိမ် အိမ်ဝယ်ယူသူတွေကို အခွန်ကင်းလွတ်ပေးဖို့ ကိစ္စရပ်တွေ နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများအဖွဲ့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ ၀န်ကြီးနှစ်ယောက်ဟာ ညွန့်ပေါင်းအစိုးရကို တိုက်ခိုက်ပြီး အစိုးရကို ဖြုတ်ချဖို့ကြိုးစားနေတယ်လို့ ၀န်ကြီးချုပ်က စွပ်စွဲပြောဆိုထားပေမယ့် ၀န်ကြီး (၂) ဦးစလုံးကတော့ ၀န်ကြီးချုပ်ရဲ့လုပ်ရပ်ဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

MRTV-4

လူမည်းတစ်ဦး သေဆုံးမှုအပေါ် ဂျူရီအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး နယူးယောက်တွင် ဆန္ဒပြမှုများ ဖြစ်ပွား

အာဖရိကန်ဖွား (လူမည်း) အမျိုးသားတစ်ဦး အသက်ရှူကျပ်ပြီး သေဆုံးခဲ့သည့် ဖြစ်ရပ်တွင် ၎င်းကို လည်ပင်းညှစ်ထားသည့် လူဖြူရဲအရာရှိ တစ်ဦးအား စွဲချက်တင်ရန် အကြောင်းမရှိဟု ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သည့်နောက် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။

အထူးရွေးချယ်ထားသည့် ဂျူရီအဖွဲ့ တစ်ခုက နယူးယောက် ရဲတပ်ဖွဲ့မှ အရာရှိ ဒန်နီရယ်လ် ပန်တာလီယိုသည် ဇူလိုင်လအတွင်းက လူမည်းအမျိုးသား အဲရစ်ဂါနာ သေဆုံးမှုနှင့် ပတ်သက်ပြီး စွဲချက်တင်ခံရန် မလိုအပ်ကြောင်း ဒီဇင်ဘာ (၃)ရက်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဂါနာကို ပန်တာလီယိုက အကြမ်းပတမ်း ဖမ်းဆီးသည့် အခြေအနေတွင် သံသယ တရားခံ အနေဖြင့် အသက်ရှူကျပ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ပန်တာလီယို၏ လုပ်ဆောင်မှုသည် ရဲလုပ်ထုံးလုပ်နည်း ဘောင်ထဲ၌ပင် ရှိနေပြီး ယင်းအတွက် ၎င်းကို စွဲချက်တင် အရေးယူရန် အကြောင်းမရှိဆိုသော ဂျူရီအဖွဲ့ ဆုံးဖြတ်ချက်ကို အစိုးရ ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါက ထုတ်ပြန်ခဲ့သည်။ ထို့နောက်တွင်မူ “တရားမျှတမှု မရှိရင် ငြိမ်းချမ်းမှု မရှိနိုင်ဘူး”ဆိုသည့် စာတန်းများကို ကိုင်ဆောင်ကာ နယူးယောက် မြို့ခံအချို့က ဂျူရီဆုံးဖြတ်ချက်ကို ဒေါသတကြီး ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် ဂါနာသေဆုံးမှုသည် ပြီးခဲ့သည့် လပိုင်းများအတွင်းက ဖြစ်ပွားခဲ့သည့် အမေရိကန် လူဖြူရဲများနှင့် လူမည်းသံသယ တရားခံများကြား ပြဿနာများကြောင့် လူထု၏ အာရုံစိုက်မှုကို ပိုမိုကြုံတွေ့လာခဲ့သည်။ မဇ္ဇူရီရှိ ဖာဂူဆန်မြို့တွင် လက်နက်မဲ့ လူမည်းတစ်ဦးဖြစ်သည့် မိုက်ကယ်ဘရောင်းကို လူဖြူရဲအရာရှိ တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့မှုတွင် ရဲအရာရှိကို လူသတ်မှုဖြင့် စွဲချက်တင်ရန် မဖြစ်သင့်ကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ရာတွင်လည်း အလားတူ ပြဿနာများ ဖြစ်ခဲ့သည်။ ထိုစဉ်က ဖာဂူဆန်မြို့တွင် ဆူပူအုံကြွမှုများ ဖြစ်လာရာ အမျိုးသား လုံခြုံရေး အစောင့်တပ်ဖွဲ့များကပါ ဝင်ရောက် ထိန်းသိမ်းခဲ့ရသည်။

အလားတူပင် အိုဟိုင်းယိုး၌လည်း အသက်(၁၂)နှစ်အရွယ် လူမည်းကလေးငယ် တစ်ဦးသည် အရုပ်သေနတ်ဖြင့် ကစားနေပြီး ရဲများက လက်နက်ချရန် ပြောဆိုမှုကို မလိုက်နာသဖြင့် ကစားကွင်းတွင် ပစ်သတ်ခံခဲ့ရသည်။ ထိုအခြေအနေကလည်း အမေရိကန်၏ တရားစီရင်ရေး ကဏ္ဍတွင် ရဲများက လူမည်းများကို ဖိနှိပ်နေသည်ကို မျက်ကွယ်ပြုနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာစေသည်။

ဂါနာသေဆုံးမှုတွင် ပန်တာလီယိုကို စွဲချက်တင်စရာ အကြောင်းမရှိဟု ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့သော်လည်း အမေရိကန် တရားရေး ဝန်ကြီးဌာနက အဆိုပါ ကိစ္စကို ပြည်သူ့အခွင့်အရေးဆိုင်ရာ စုံစမ်းမှုတစ်ခု ပြုလုပ်သွားမည်ဟု ဟိုလ်ဒါက ကတိပြုခဲ့သည်။ ထို့ကြောင့် နယူးယောက် ရဲအရာရှိ အနေဖြင့် တရားရေး ဝန်ကြီးဌာန၏ စုံစမ်းမေးမြန်းမှုများနှင့် ဆက်လက် ရင်ဆိုင်ရဖွယ် ရှိနေသည်။

ပန်တာလီယိုကို စွဲချက်တင်မည် မဟုတ်ကြောင်း ဟိုလ်ဒါ၏ ကြေညာချက် အပြီးတွင် “လူမည်းတွေမှာလည်း အသက်ရှိတယ်”၊ “လူ့အသက်ကို တန်ဖိုးထားပါ” အစရှိသဖြင့် အော်ဟစ်ပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်လာသည်။ နယူးယောက်ရှိ ရော့ဖဲလား စင်တာအနီးတွင် အတန်ငယ် ရုန်းရင်းဆန်ခတ် အခြေအနေ အချို့ကြောင့် လူအနည်းငယ်ကို ရဲများက ထိန်းသိမ်းခဲ့သည်။

ဂရင်းစင်ထရယ်လ် အနီးတွင်လည်း ဆန္ဒပြသူများက လူသေများသဖွယ် သရုပ်ပြပြီး ဆန္ဒပြခဲ့သလို စတက်တန်အိုင်းလန်းတွင်လည်း ဆန္ဒပြမှုများ ဖြစ်ခဲ့သည်။ နယူးယောက်ရှိ နေရာအချို့တွင် လူစုဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ဝါရှင်တန်ဒီစီ မြို့တော်တွင်မူ ဂျူရီဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့သည်။

နယူးယောက်ရှိ ဆန္ဒပြသူ တစ်ဦးဖြစ်သော ဆူဆန် ရှနိုက်ဒါက “ရဲတွေက ဒဏ်ခတ်မခံရဘူး။ သူတို့က လုပ်ချင်တာလုပ်ပြီး ထွက်ပြေးခွင့် ရနေတယ်။ လမ်းထဲမှာ သူတို့ ဘယ်လို ပစ္စည်းကိရိယာတွေ ဝတ်ဆင်လာသလဲ ဆိုတာကို ကြည့်ဦးလေ။ စစ်ဖြစ်နေတဲ့ အတိုင်းပဲ။ (၁၉၆၀)ပြည့်လွန် နှစ်တွေထက်တောင် ပိုဆိုးနေပြီ။ ပြောရရင် လူမျိုးရေး ခွဲခြားမှုက ပိုပြီးတော့ အားကောင်းလာနေတယ်”ဟု ဝေဖန်ခဲ့သည်။

ဂါနာသေဆုံးမှုသည် အမေရိကန် လူဖြူရဲများအနေဖြင့် လူမည်းများအပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံနေကြောင်း စွပ်စွဲမှုများအပေါ် ပိုမို အားကောင်းစေခဲ့ပြီး လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများကို နိုးကြားလာစေခဲ့သည်။ မိုဘိုင်းဖုန်းများဖြင့် ရိုက်ယူထားသည့် ဗီဒီယိုများအရ ပန်တာလီယိုသည် ဂါနာကို ဖမ်းဆီးရာ၌ ဂါနာက လက်ထိပ်ခတ်ရန် ငြင်းဆိုနေသဖြင့် လည်ပင်းကို ဆုပ်ကိုင်ကာ အင်အားသုံး ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။ ဆေးစစ်မှတ်တမ်းများက ဂါနာအနေဖြင့် ဖမ်းဆီးခံရချိန်တွင် ရင်ဘတ်ကို ဖိအားပေး ညှပ်ထားသဖြင့် အသက်ရှူကျပ်ပြီး သေဆုံးကြောင်း ဖော်ပြထားသည်။ သို့သော်လည်း ဂါနာတွင် ကြက်ညှာချောင်းဆိုးနှင့် နှလုံးအားနည်းမှု ပြဿနာများ အခံရှိနေခဲ့ကြောင်းလည်း ဆေးမှတ်တမ်းများက ဆိုသည်။

ပန်တာလီယိုကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ မိမိအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သေစေလိုစိတ် မရှိခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက လက်ရှိပြဿနာများနှင့် ပတ်သက်ပြီး “လက်ရှိ အခြေအနေတွေမှာ တချို့သော လူတွေက မျှတတဲ့ ဆက်ဆံမှုမျိုး မခံရဘူးလို့ ခံစားနေရတယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နေရတယ်။ တချို့သော အကြောင်းကိစ္စတွေမှာ အမှားအယွင်းတွေ ရှိနိုင်တယ်။ တချို့ကိစ္စတွေကတော့ တကယ့် အမှန်တရား ဖြစ်နေတယ်။ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ဒါဟာ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ ဒီကိစ္စကို လူမည်းတွေရဲ့ ပြဿနာ၊ ဒါမှမဟုတ် လူညိုတွေရဲ့ ပြဿနာ ဆိုတာမျိုး မခွဲခြားဘဲ အမေရိကန်ရဲ့ ပြဿနာအဖြစ် ခံယူရပါမယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် နယူးယောက် ရဲတပ်ဖွဲ့သည် အရာရှိပေါင်း သုံးဒါဇင်ခန့်ကို ၎င်းတို့ တာဝန်ထမ်းဆောင်နေစဉ် လုပ်ဆောင်မှုများကို မှတ်တမ်းတင်မည့် ကင်မရာငယ်များ တပ်ဆင်ပေးသည့် စမ်းသပ် အစီအစဉ် တစ်ခုကို စတင်နေပြီဟု သိရှိရသည်။

_Ref: Channelnewsasia

ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ပြင်သစ် ပါလီမန် မဲခွဲဆုံးဖြတ်

ပါလက်စတိုင်းအား နိုင်ငံတစ် ခုအဖြစ် အသိအ မှတ်ပြုရန် ပြင်သစ် လွှတ်တော် အမတ်များက ဒီဇင်ဘာ ၂ ရက်တွင် မဲခွဲဆုံး ဖြတ်ခဲ့ ရာအဆိုပါ လုပ်ရပ်သည် တစ်ဖက်သတ် ဆန်ပြီး အရှေ့အလယ်ပိုင်း ဒေသငြိမ်းချမ်း ရေးအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း အစ္စရေးက ပြန်လည်တုံ့ပြန် လိုက်သည်။
အရှေ့အလယ် ပိုင်းဒေသ ပြဿနာ အတွက် တိကျသည့် ဆုံးဖြတ်ချက် ရရှိစေ ရေးအတွက် ပြင်သစ် အစိုးရ အနေဖြင့် ပါလက် စတိုင်းအား နိုင်ငံတစ် ခုအဖြစ် အသိအမှတ် ပြုရေးကို လွှတ်တော်အ မတ်များက ထောက်ခံမဲ ၃၃၉ မဲ၊ ကန့်ကွက်မဲ ၁၅၁ မဲဖြင့် အတည်ပြု လိုက်ခြင်းဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ရပ်ဆိုင်း ထားရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည်စ တင်နိုင်ရန် ဥရောပ နိုင်ငံများက နည်းလမ်း အမျိုးမျိုးကို ရှာဖွေ လျက်ရှိရာ ဗြိတိန်နှင့် စပိန်နိုင်ငံတို့က လည်း ပါလက် စတိုင်းအား အသိအမှတ် ပြုခဲ့ပြီး ဆွစ်ဇာလန် နိုင်ငံက အသိအမှတ် ပြုခဲ့ရာတွင် အစ္စရေး က ၎င်း၏ သံအမတ်ကြီးကို ပြန်လည်ခေါ် ယူသည်အထိ တင်းမာခဲ့သည်။

သို့သော် ပြင်သစ် လွှတ်တော်၏ ယခုဆုံးဖြတ် ချက်သည် မှားယွင်းပြီး ငြိမ်းချမ်းရေး အတွက် ဆန့်ကျင် ဘက်ရလဒ်ကို ဖြစ်စေနိုင်ကြောင်း အစ္စရေးက တုံ့ပြန် ထားသည်။

Ref: AFP

လိပ်ကျွန်းအမှု တရားရုံးသို့ အမှုတွဲ တင်ပြီ


လိပ်ကျွန်းအမှုတွဲကို တရားရုံးတင်လိုက်ပြီလို့ သံရုံးအထူးအဖွဲ့ ကိုယ်စားလှယ် ဦးမင်းဦးက ဒီဗွီဘီကို ဒီကနေ့ မွန်းတည့်က ပြောပါတယ်။
“ကော့ဆမွီခရိုင် တရားရုံးအကြီးအကဲတယောက်ကလာပြီး အမှုတွဲတင်လိုက်တယ်ခင်ဗျ။ အခု သူတို့ အခန်းထဲမှာ အမှုတွဲတွေ စစ်ဆေးနေကြတယ်။ ကလေး ၂ ယောက်ကိုတော့ ဒီဇင်ဘာလ ၈ ရက်နေ့ တနင်္လာနေ့မှ ရုံးထုတ်ဖြစ်မယ်လို့ ကျနော်တို့ရှေ့နေက ပြောတယ်။ ဒါပေမယ့် ကျနော်တို့ စောင့်နေတုန်းဘဲ။ သူတို့ ဘာဆက်လုပ်မလဲဆိုတာကို လိုက်ကြည့်ဖို့နဲ့ အမှုတွဲ မိတ္တူကိုတောင်းရမှာလေ။ အဲဒီထဲမှာ ဘာအချက်တွေ ပါသလဲဆိုတာကို ကြည့်ပြီးတော့မှ ကျနော်တို့ရှေ့နေတွေက ချေပတာတွေ လုပ်ရမှာ။ ပြီးတော့ အာမခံပေးဖို့လည်း လုပ်ရမှာ ဖြစ်တယ်။”

အောက်တိုဘာလ ၈ ရက်နေ့က ခိုတောင်အမှုကို အထူးစုံစမ်းရေးရဲတပ်ဖွဲ့က ကော့စမွီခရိုင် ထိုင်းအစိုးရရှေ့နေကောင်စီလက်ထဲကို စာမျက်နှာ ၈၀၀ ပါအမှုတွဲကို အပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှုကို ကမ္ဘာအနှံ့က စိတ်ဝင်စားနေတဲ့အတွက် ကျစ်လျစ်ခိုင်မာအောင် ပြန်လည်တည်ဆောက်ဖို့ ရဲလက်ထံ ပြန်အပ်ခဲ့ပြီးနောက် တရားရုံးတင်ဖို့ အဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

DVB

ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်တွေ ရဲထံအဖမ်းခံ

ဟောင်ကောင်မှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ တစထက်တစ လျော့ကျသွားသလို Occupy Movement လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေဟာ ရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ တရုတ်ပိုင် ဟောင်ကောင်ကျွန်းမှာ အများလက်ခံတဲ့ မဲပေးစနစ်ကို ထောက်ခံကြောင်း ထပ်မံ ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်ပြည်သူတွေအနေနဲ့ အဓိပ္ပါယ်ရှိတဲ့ ရွေးချယ်ပိုင်ခွင့် ရှိသင့်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ရှေ့မှောက်မှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်က ဆန္ဒပြပွဲတွေကို အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက စီစဉ်ပြုလုပ်ခဲ့ကြတယ် ဆိုပြီးတော့ ဟောင်ကောင်မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို သူက ပယ်ချလိုက်ပါတယ်။

ဟောင်ကောင်ဆန္ဒပြမှုမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဘာမှ ၀င်ရောက် စွက်ဖက်ခဲ့တာ မရှိဘူးလို့လည်း သူက ထပ်မံပြောဆိုခဲ့ပါတယ်။

Hong Kong Occupy Central လှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သူတွေဟာ၊ အာဏာပိုင်တွေက တရားမ၀င် လှုပ်ရှားမှုလို့ သတ်မှတ်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို စီစဉ်ခဲ့ကြတဲ့ သူတို့ရဲ့ အခန်းကဏ္ဍအတွက် ဗဟိုရဲဌာနမှာ သွားရောက် အဖမ်းခံခဲ့ကြပါတယ်။

Benny Tai, Chan Kin-man နဲ့ Chu Yiu-ming တို့ သုံးဦးဟာ သူတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် အပြစ်ရှိကြောင်း ၀န်ခံချက်ပုံစံ ဖြည့်စွက်ပြီးတဲ့နောက်၊ ရဲက သူတို့ကို ဖမ်းဆီးတာ စွဲချက်တင်တာမျိုး မပြုလုပ်ဘဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

VOA

ပါတီခေါင်းဆောင်ရာထူးက တိုင်ဝမ်သမ္မတ နှုတ်ထွက်

တိုင်ဝမ်ကျွန်းမှာကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ထင်ထားတာထက် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လက်ရှိ အာဏာရ အမျိုးသားပါတီရဲ့ အကြီးအကဲအဖြစ်ကနေ သမ္မတ Ma Ying-jeou က နှုတ်ထွက်လိုက်ပြီးနောက် အစိုးရ၀န်ကြီးအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်မှုတွေ သူ့အပေါ်မှာ အများဆုံး တာဝန်ရှိတဲ့အကြောင်း ပြောဆိုပြီး၊ ပါတီအကြီးအကဲအဖြစ်ကနေ ဗုဒ္ဓဟူးနေ့မှာ တရားဝင် နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့် သမ္မတ Ma Ying-jeou အနေနဲ့ သူ့အစိုးရ၀န်ကြီးအဖွဲ့ကိုလည်း ပြင်ဆင်ပြီးတော့ ဖွဲ့စည်းဖို့ ဖြစ်လာခဲ့ပါတယ်။

ဒုသမ္မတ Mao Chi-kuo ကို ၀န်ကြီးချုပ်အဖြစ် ပြောင်းလဲသတ်မှတ် ခန့်အပ်လိုက်တဲ့အကြောင်း သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရာထူးက နှုတ်ထွက်သွားတဲ့ ၀န်ကြီးချုပ် Jiang Yi-huah ရဲ့နေရာမှာ Mao Chi-kuo က အစားထိုး တာဝန်ယူမှာဖြစ်ပါတယ်။

ကူမင်တန်ပါတီလို့ လူသိများတဲ့ အမျိုးသားရေးပါတီဟာ အခြေခံအားဖြင့် သူတို့ အင်အားကောင်းခဲ့တဲ့ မြို့တော် တိုင်ပေ အပါအ၀င် အရေးကြီးတဲ့ မြို့ကြီး ၉ မြို့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

VOA

အီရတ်မှာ IS စစ်သွေးကြွအပေါ် လေကြောင်းတိုက်ခိုက်မှု အီရန်အတည်မပြု

အီရတ်နယ်စပ်မှာရှိတဲ့ IS အစ္စလာမစ် စစ်သွေးကြွတွေကို အီရန်တိုက်လေယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပြောဆိုချက်ကို အီရန်က အတည်ပြုလိမ့်မယ် မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်ပြီး ၁၉၇၀ ခုနှစ်တွေတုန်းက အီရန်နိုင်ငံက ၀ယ်ယူထားခဲ့တဲ့ တိုက်လေယာဉ်တွေဟာ Diyala ခရိုင်အတွင်းမှာရှိတဲ့ IS ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ အမေရိကန် စစ်ဘက်ရေးရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အဲဒီဒေသအတွင်းမှာ အမေရိကန် ပြည်ထောင်စုက စစ်ရေးလှုပ်ရှားမှု ပြုလုပ်တာမရှိဘူးလို့လည်း ပင်တာဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

ဒီလိုလေကြောင်းကနေ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် သတင်းအသေးစိတ် တစုံတရာ ထွက်ပေါ်လာတာမျိုး မရှိသေးပါဘူး။ အီရတ် ၀န်ကြီးချုပ် Haider al-Abadi ကလည်း၊ Diyala ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှု ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သူမသိကြောင်း ပြောပါတယ်။

အမေရိကန်ကော အီရန်တို့ကပါ အဲဒီဒေသတွင်း သူတို့အကြားမှာ စစ်ရေးအရ တိုက်ခိုက်မှုတွေ ရှိတယ်လို့ ပြောဆိုတာမျိုး မလုပ်ခဲ့ကြပါဘူး။

အမေရိကန်နဲ့ အီရန်နိုင်ငံတို့အကြား စစ်ဘက်ရေးရာ ဆောင်ရွက်မှုကိစ္စမှာ အပြောင်းလဲ မရှိဘူးလို့  အိမ်ဖြူတော် ပြောခွင့်ရ ဂျွန် အမ်းနက်စ် က ပြောဆိုလိုက်သလို၊ အမေရိကန်နဲ့ ပူးတွဲလုပ်ဆောင်တယ် ဆိုတဲ့ကိစ္စဟာ မေးစရာမေးခွန်း မဟုတ်ပါဘူးလို့ အီရန် ထိပ်တန်း အရာရှိတဦးက ပြောဆိုပါတယ်။

VOA