4.12.14

ဝန်ကြီးနှစ်ဦးကို ရာထူးကနေထုတ်ပယ်လိုက်သည့် အစ္စရေး ၀န်ကြီးချုပ်

အစ္စရေးဝန်ကြီးချုပ် "ဘန်ဂျမင် နေတန်ယာဟု"ဟာ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးကို
ရာထူးကနေ  ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ် "ဘန်ဂျမင်နေတန်ယာဟု"ဟာ တရားရေးရာဝန်ကြီး"ယာလာပစ်"နဲ့ ဘဏ္ဍာရေးဝန်ကြီး "ဇီပီ လစ်(ဗ)နီ"တို့ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး လွတ်တော်ကိုလည်း  ဖျက်သိမ်းကာ ရွေးကောက်ပွဲကျင်းပမှာဖြစ် တယ်လို့ ဒီဇင်ဘာလ (၂) ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ၀န်ကြီး (၂) ဦးစလုံးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ညွန့်ပေါင်းအစိုးရကို ဆက်လက်ဦးဆောင်ဖို့ မဖြစ်နိုင်လို့ အခုလိုဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးမူဝါဒချမှတ်ရေးတွေနဲ့ ပတ်သက်ပြီး အစ်္စရေးညွန့်ပေါင်းအစိုးရအတွင်းမှာ တင်းမာမှုတွေမြင့်တက်နေတာဖြစ်ပါတယ်။

ဂျူးသဘာဝကဲတဲ့ အစ္စရေးနိုင်ငံတည်ထောင်ရေး ဥပဒေမူကြမ်းနဲ့ ပထမဦးဆုံးအကြိမ် အိမ်ဝယ်ယူသူတွေကို အခွန်ကင်းလွတ်ပေးဖို့ ကိစ္စရပ်တွေ နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများအဖွဲ့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ ၀န်ကြီးနှစ်ယောက်ဟာ ညွန့်ပေါင်းအစိုးရကို တိုက်ခိုက်ပြီး အစိုးရကို ဖြုတ်ချဖို့ကြိုးစားနေတယ်လို့ ၀န်ကြီးချုပ်က စွပ်စွဲပြောဆိုထားပေမယ့် ၀န်ကြီး (၂) ဦးစလုံးကတော့ ၀န်ကြီးချုပ်ရဲ့လုပ်ရပ်ဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

MRTV-4

0 comments:

Post a Comment