ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

9.12.13

တောမှာ လယ်သိမ်း၊ မြို့မှာ အားကစားကွင်းသိမ်းသု ခရိုနီများအား ဆန့်ကျင်ဆန္ဒပြ

သိမ်ဖြူဘောလုံးကွင်းတွင် စည်ပင်နှင့် Asia Myanmar Consortium Development Co.,Ltd တို့ အကျိုးတူပူးပေါင်းပြီး တည်ဆောက်မည့် ဟိုတယ်ပါ ၂၂ ထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မည့် အစီအစဉ်ကို ကန့်ကွက်သည့်အနေနှင့် ပြည်သူများ ယနေ့ (ဒီဇင်ဘာ ၉ ရက်) မွန်းလွဲ ၃ နာရီခန့်က သိမ်ဖြူကွင်းမှ မြို့တော်ခမ်းမရှေ့အထိ ချီတတ်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ပဲရစ်ဟီလ်တန်၏ မောင်ကို လင်းဆေးလိုဟန်က လူငှားပြီး ရိုက်ခိုင်းသည်ဟု သတင်းထွက်

နာမည်ကျော် အမေရိကန် မော်လ်ဒယ်နဲ့ ရုပ်သံသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပဲရစ်ဟီလ်တန်ရဲ့ မောင်ကို ဟောလိဝုဒ် သရုပ်ဆောင် လင်းဆေးလိုဟန်က လူငှားပြီး ရိုက်ခိုင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိကြောင်း contactmusic.comမှာ ဖော်ပြထားပါတယ်။

ပဲရစ်ဟီလ်တန်ရဲ့ မောင်ဖြစ်သူ ဘာရွန်ဟီလ်တန်ဟာ ပြီးခဲ့တဲ့သော ကြာနေ့ညက မိုင်ယာမီမှာ ပြုလုပ်တဲ့ ပါတီပွဲတစ်ခုမှာ လူတစ်ယောက်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မှုကို ခံခဲ့ရပြီးတဲ့ နောက်မှာ အဲဒီလို သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

လူအခွင့်အရေး အက်ဥပဒေအရ အီရတ်ပြည်သူ ၁၁ဦးကို သေဆုံးစေခဲ့သော ဗြိတိန်စစ်သားများ တရားရင်ဆိုင်ရ

အီရတ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဗြိတိန်စစ်သားအချို့ကို အရပ်သား အနည်းဆုံး ၁၁ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်အတွက် မှုခင်းစစ်ဆေးမှုစနစ်ဖြင့် ကြားနာစစ်ဆေးရန် ဗဟိုတရားရုံ့း အမိန့်ထုတ်လိုက်ကြောင်း သိရသည်။ တရားရုံးသည် လူ့အခွင့်အရေး အက်ဥပေဒအရ စုံစမ်းစစ်ဆေး မှုများကို ပြုလုပ်မည်ဖြစ်သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးက မူခင်စစ်ဆေးမှုပုံစံ ကြားနာမှုတွင် ၂၀၀၃ခုနှစ်က အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သော ကျူးကျော်စစ်ပွဲတွင် ပါဝင်ခဲ့သော စစ်သည်များအနက် ၁၁ဦးကို စစ်ဆေးမည်ဖြစ်သည်။ ယခု စုံစမ်းစစ်ဆေး၊ ကြားနာမှုသည်
အနည်းဆုံး သုံးလခန့် ကြာမြင့်မည်ဖြစ်ပြီး သက်သေများ၊

လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲကျင်းပရန် ယူကရိန်း အတိုက်အခံများ စီစဉ်

ဥရောပသမဂ္ဂ အဖွဲ့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ကို စွန့်ပယ်ပြီး ရုရှားနိုင်ငံနှင့် အနီးကပ် ပူးပေါင်းရန် ယူကရိန်းသမ္မတ ဗစ်တာယနူကိုဗစ်က ကြိုးပမ်းနေခြင်းကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော် တက်ရောက်မည့် ဆန္ဒပြပွဲတစ်ရပ် ကျင်းပရန် အတိုက်အခံ စည်းရုံးရေးမှူးများက စီစဉ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လူတစ်သန်းကျော် ပါဝင်မည့် ဆန္ဒပြပွဲ ကျင်းပခြင်းဖြင့် ယူကရိန်း အစိုးရအဖွဲ့နှင့် အတိုက်အခံများကြား ရက်သတ္တပတ်ပေါင်း များစွာ ကြာအောင် ဖြစ်ပွားနေသည့် တင်းမာမှုများ ပိုမို ဆိုးရွားလာမည် ဖြစ်သည်။

ယင်းကဲ့သို့သော ထိပ်တိုက် ရင်ဆိုင်မှု များကြောင့် လူဦးရေ ၄၆ သန်းကျော် ရှိသည့် ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံဟောင်း ယူကရိန်းနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှု ထိခိုက်နိုင်သည်ဟု အများက စိုးရိမ်နေကြသည်။

စစ်ယဉ်ကျေးမှုက လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျား၊ မ အခွင့်အရေး တန်းတူညီမျှမှု မရှိ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အရင်ကကျင့်သုံးခဲ့တဲ့ “စစ်ယဉ်ကျေးမှု” ကို အခြေခံခဲ့တာ ဖြစ်လို့ ကျား၊ မ အခွင့်အရေး တန်းတူညီမျှမှုကို ထည့်သွင်းစဉ်းစားထားခြင်း မရှိဘူးလို့ မြန်မာ့လူမှု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင် လုပ်ဆောင်နေတဲ့ မဇင်မာအောင်က ကမ္ဘာ့ အမျိုးသမီး ဖိုရမ်မှာ ဧရာဝတီနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

“ဒီဖွဲ့စည်းပုံကို ပေါ်လာစေတာက နိုင်ငံရေး ယဉ်ကျေးမှုအနေနဲ့ ကြည့်ရင် အရင်က စစ်ယဉ်ကျေးမှုလို့ ပြောလို့ရတယ်။ စစ်တပ်က ချည်းပဲ အုပ်ချုပ်ခဲ့တာဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ အဲဒီလက်အောက်က ထွက်ခဲ့တာပဲ။ ကျား၊ မ ခွဲခြားမှုတွေ
၂၀၀၈ ဖွဲ့စည်းပုံမှာ ရှိနေတယ်ဆိုတာ သေချာတာပေါ့။ ဒီဖိုရမ်မှာလည်း ဆွေးနွေးသွားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျား၊ မ တန်းတူညီမျှခြင်းနဲ့ ပတ်သက်ပြီး ထည့်သွင်း စဉ်းစားထားတာ လုံးဝ မရှိဘူး” လို့ မဇင်မာအောင်က ဆိုပါတယ်။