9.12.13

ပဲရစ်ဟီလ်တန်၏ မောင်ကို လင်းဆေးလိုဟန်က လူငှားပြီး ရိုက်ခိုင်းသည်ဟု သတင်းထွက်

နာမည်ကျော် အမေရိကန် မော်လ်ဒယ်နဲ့ ရုပ်သံသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပဲရစ်ဟီလ်တန်ရဲ့ မောင်ကို ဟောလိဝုဒ် သရုပ်ဆောင် လင်းဆေးလိုဟန်က လူငှားပြီး ရိုက်ခိုင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိကြောင်း contactmusic.comမှာ ဖော်ပြထားပါတယ်။

ပဲရစ်ဟီလ်တန်ရဲ့ မောင်ဖြစ်သူ ဘာရွန်ဟီလ်တန်ဟာ ပြီးခဲ့တဲ့သော ကြာနေ့ညက မိုင်ယာမီမှာ ပြုလုပ်တဲ့ ပါတီပွဲတစ်ခုမှာ လူတစ်ယောက်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မှုကို ခံခဲ့ရပြီးတဲ့ နောက်မှာ အဲဒီလို သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။



အဲဒီလို ရိုက်နှက်မှု ဖြစ်ပွားခဲ့တဲ့ ပါတီပွဲမှာ လင်းဆေးလိုဟန်လည်း ရှိနေခဲ့ပြီး သူမဟာ အဲဒီနေ့က တခြားပါတီပွဲ တက်ရောက်လာသူတွေလို အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့ခြင်း မရှိဘူးလို့ အဲဒီပါတီပွဲကို တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

ရိုက်နှက်မှု ဖြစ်ပွားပြီးတဲ့ နောက်မှာ ဘာရွန်ဟီလ်တန်ကို ရဲအရာရှိတွေက မေးမြန်းတဲ့အခါမှာ ဘာရွန်ဟီလ်တန်က သူ့ကို ရိုက်နှက်သွားသူရဲ့ ပုံပန်းသဏ္ဌာန်ကို အတိအကျ ပြန်လည် မပြောပြ နိုင်ပေမယ့် ယခုအဖြစ်အပျက် တစ်ခုလုံးရဲ့ နောက်ကွယ်မှာ လင်းဆေးလိုဟန် ရှိနေတယ်လို့ အစစ်ခံခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ဖျော်ဖြေရေး ဝက်ဘ်ဆိုက် တစ်ခုကလည်း အဲဒီညက ပါတီပွဲမှာ လင်ဆေးလိုဟန်က ဘာရွန်ဟီလ်တန်ကို “နင် ငါ့အကြောင်းတွေ ငါ့ရည်းစားကို သွားပြောတယ် မဟုတ်လား” လို့ ရိုက်နှက်မှု မဖြစ်ပွားမီမှာ ပြောကြားခဲ့ကြောင်းနဲ့ သူမနဲ့ အဖော်ပါလာတဲ့ အမျိုးသား တစ်ဦးက ဘာရွန်ကို ထိုးကြိတ်နေတဲ့ အချိန်မှာလည်း ဘေးကနေ အားပေးအားမြှောက် လုပ်နေခဲ့ ကြောင်း အဲဒီ ပါတီပွဲမှာ ရှိနေခဲ့သူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရေးသား ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ လင်းဆေးလိုဟန်ကတော့ အဲဒီစွပ်စွဲမှုတွေ အားလုံးကို ငြင်းဆန်ထားပြီး သူမအနေနဲ့ အဲဒီ အဖြစ်အပျက်တွေကို မြင်တောင်၊ မမြင်လိုက်ဘူးလို့ ပြောကြားထားပါတယ်။

The Voice Weekly

0 comments:

Post a Comment