ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

29.3.13

ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ထိပါးတဲ့ လုပ်ရပ်မှန်သမျကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြား ချက်တချို့နဲ့ အတူ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် အတွက် နိုင်ငံသားအခွင့်အရေးမှာ လွတ်လွတ်လပ်လပ်ပေး ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ အခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် က နိုင်ငံသား အခွင့်အရေးအနေနဲ့ အခွင့်အရေးအပြည့်အဝ ပေးထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလိုအကြမ်းဖက် လုပ်ရပ်တွေ နယ်မြို့တွေ မှာ ဖြစ်နေတုန်း ဘာသာရေး လွတ်လပ်ခွင့်ရှိတယ် လို့ ပြောလာတဲ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းကို ကြိုဆို ထောက်ခံတယ်လို့ အိုလာမာ အစ္စလာမ်သာသနာ ပညာရှင်များ အဖွဲ့ချုပ်က အတွင်းရေးမှူးအဖွဲ့ဝင် ဦးတင်နိုင်ကပြောပါတယ်။

“ကျနော်အနေနဲ့ကတော့ ဒီမိန့်ခွန်းကို များစွာကြိုဆိုပါတယ်။ သမ္မတကြီး ဒီလိုပြောဆိုတဲ့ကိစ္စမှာလည်း လွန်စွာ နှစ်ထောင်းအားရဖြစ်မိပါတယ်။ တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုရင် ပဋိပက္ခတွေ နောက်နောင်မဖြစ်နိုင်ပါဘူးခင်ဗျ။”

မိထ္တိလာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အခြားနယ်မြို့တွေမှာပါ ဘာသာရေးကို အခြေပြုတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေ တောက်လျောက်ဖြစ်ပွားလာခဲ့တဲ့အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် အရေးယူမှု တွေ လုပ်ဆောင်သင့်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။

“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။”

အခုလို နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက် ကိုင်တွယ်ဖို့ လိုအပ်တဲ့ အကြောင်း မိန့်ခွန်းထဲ ထည့်သွင်း ပြောလာတဲ့အပေါ်မှာ ဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက ပြောပါတယ်။

“နံပတ်တစ်ကတော့ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနက ရဲဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ ကိုင်တွယ်ရမယ့် ကိစ္စတွေကို ရဲရဲဝင့်ဝင့်ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ အတွက် ပြောလိုက်တယ်လေ။ နောက်တခု ကလည်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာ မှာ သက်ဆိုက်ရာတပ်က ကိုင်ရင် အလွန်အကျွံဖြစ်မှာ ကို စိတ်ပူတယ်။ ဟိုတခါကလိုပေါ့ဗျာ။ လက်ပံတောင်းတောင်ကိစ္စလိုမျိုးတွေ ဖြစ်မှာကိုလည်း စိတ်ပူတာပေါ့ဗျာ။ ဆိုလိုချင်တဲ့သဘောက ဘာကိုကောက်ချက် ဆွဲလို့ရလည်းဆိုတော့ ပြဿနာတခု ကို မြန်မြန်ဆန်ဆန်နဲ့ သပ်သပ်ရပ်ရပ်ဖြေရှင်းနိုင် ဖို့အတွက် ရဲဝန်ထမ်းတွေရဲ့ အရည်အသွေး ကိုမြှင့်တင်ရမယ်ဆိုတာတော့ ကောက်ချက်ချလို့ရတယ်ခင်ဗျ။” အချင်းချင်း ပူးပေါင်းဆောင်ရွက် မှုတွေ ပြုလုပ်ပြီးတော့ ဒီမိုကရေစီ အသီးအပွင့်တွေ ရရှိအောင် ဆောင်ရွက်သင့်တယ်လို့ လည်း နိုင်ငံတော်သမ္မတက ပြောပါတယ်။

“အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံးအဖြေကိုရှာဖို့ ဒီမိုကရေစီ အလေ့အကျင့်ကို ကျင့်သုံးခြင်းကသာ ပေါ်ပေါက် လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်းဖြစ်စဉ်ကို ပံ့ပိုးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။”

နိုင်ငံတော်သမ္မတရဲ့ အခုလို ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင် ပြောကြားလာတဲ့ သမ္မတမိန့်ခွန်းဟာ ဘယ်လောက်အာဏာရှိမလဲ ဆိုတာကတော့ စောင့်ကြည့် သုံးသပ်ရမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဥပဒေအရလုပ်မယ်။ အကောင်းဆုံး လုပ်မယ်ဆိုတာကိုတော့ ကြိုဆိုတာပေါ့ဗျာ။ အမြန်ဆုံးလုပ်ဖို့ လိုတယ်။” ဒီတစ်ကြိမ်ဖြစ်ပွားခဲ့ တဲ့ ဖြစ်စဉ်မှာ နှစ်ဖက်ဘာသာရေး ခေါင်းဆောင်တွေ ရဲ့ထိန်းသိမ်းမှုတွေကို လည်း အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန်ကပြောပါတယ်။

“အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။"

မိတ္ထီလာ အကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားအပြီး ရရက်အကြာမှ အခုလို ပြည်သူကို မိန့်ခွန်းပြောလာတာ အနည်းငယ်နောက်ကျတယ်လို့ လည်းမန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းထိုင် ပဓာန နာယက ဆရာတော် ဦးအရိယ၀ံသဘိဝံသက မိန့်ပါတယ်။

“ အင်း ပြောရင် နည်းနည်းတော့ နောက်ကျတယ်ပြောရမယ်။ အမှန်တော့ အစိုးရအဖွဲ့အတွင်းမှာကို အားနည်းချက်တခုလို့ ဘုန်းကြီးတို့က ယူဆတာပဲ။ အမှန်တော့ သမ္မတကြီးရဲ့ ဒီမိန့်ခွန်းမျိုးကို အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတညာတည်း လိုက်ပါသင့်တာ။”

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အချိန်အားဖြင့် ၉ မိနစ် ကြာ ပြည်သူကို ရည်ရွယ်ပြီး ပြောခဲ့တဲ့ မိန့်ခွန်းကို လက်ရှိအချိန်မှာ ပြည်တွင်း ကသာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိတ်ဝင် တစား စောင့်ကြည့် နေတာလည်းဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အခုလို ဘာသာရေးအပေါ် အခြေခံတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဘယ်လောက်ထိ လျော့ပါးသွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားကြပါတယ်။

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့လူမျိုးရေးအခြေခံ အကြမ်းဖက်မှုတွေအပေါ်မှာ မနေ့တုန်းက သမ္မတဦးသိန်းစိန်က နိုင်ငံတ၀ှမ်းကို မိန့်ခွန်းပြောကြားသွားတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခြေခံ အားဖြင့် ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာတော့ လူ့အခွင့်အရေးအခြေခံတွေကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းတဲ့ အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland က မနေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

“ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့သမတထံကနေ ကြားရဖို့ လိုအပ်တဲ့ စကားမျိုးပါ။ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှုရဖို့ အစိုးရ ကြိုးပမ်းချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးနေပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ဥပဒေအတိုင်း ညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်ရှိလာရင်၊ အင်အားသုံးဖြေရှင်းနည်းကို နောက်ဆုံးအခြေအနေကျမှ အသုံးပြုမယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုတာကို သတိပြုမိပါတယ်။ လုံခြုံရေးအရ ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဖို့လိုမယ်ဆိုတာကို ကျမတို့ ထပ်ပြီး ထောက်ပြလိုပါတယ်။ ”

မိတ္တီလာမြို့ကနေ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဒေသအချို့အထိ ကူးစက်ပျံနှံသွားတာကြောင့် အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က သမ္မတဦးသိန်းစိန် နိုင်ငံတ၀ှမ်း မိန့်ခွန်းပြောတဲ့နောက်ပိုင်းမှာတော့ အခြေအနေတွေဟာ အတော်လေး တည်ငြိမ်လာသလို၊ အကြမ်းဖက်ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း လူမှုအဖွဲ့အစည်းတွေက စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်အပါအ၀င် နယ်အတော်များများမှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားဆဲပါ။ ဖြစ်ခဲ့တဲ့နေရာတွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတုန်းပါပဲ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားကလည်း အကြမ်းဖက်မှုတွေ အခြားမြို့တွေကိုပါ ကူးစက်မှုမဖြစ်အောင် အရေးယူကိုင်တွယ်မှုတွေ အလျင်အမြန်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့လည်း တိုက်တွန်းပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကိုလည်း မစ္စတာကင်တာနားက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတ၀ှမ်းမှာရှိတဲ့ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံဆော်တဲ့ လူအုပ်စုတွေကို အစိုးရအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးလို့ မစ္စတာကင်တာနားက ဝေဖန် ထားပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဘာသာရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရအပြင် လွှတ်တော်ပိုင်း၊ တရားရေးပိုင်း၊ အမျိုးသားလူအခွင့်အရေးကော်မရှင်တို့အနေနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ရန်ကုန်သင်္ကြန်မဏ္ဍပ် အာမခံစပေါ်ငွေ တိုးမြှင့်

သင်္ကြန်မဏ္ဍပ် တည်ဆောက်မှု အတွက် အာမခံ စပေါ်ငွေကို ၂ဝ၁၂ ခုနှစ်ထက် တိုးမြှင့် သတ်မှတ် ထားကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ ၂ဝ၁၂ ခုနှစ်တွင် သင်္ကြန် မဏ္ဍပ်ကြီး များအတွက် အာမခံ စပေါ်ငွေကို ကျပ်သိန်း ၅ဝ ထားရှိ သော်လည်း ယခုနှစ်တွင် ကျပ် ၇၅ သိန်းသို့ တိုးမြှင့်ခဲ့ပြီး မဏ္ဍပ် အလတ်များကို ယခင် ကျပ် သိန်း ၃ဝ မှ ၄၅ သိန်းသို့ တိုးမြှင့် သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ ”သစ်ပင်တွေ၊ ပလက်ဖောင်းတွေ ပျက်စီးရင် လျော်ကြေးနုတ် ယူနိုင်ဖို့ ခေတ်ကာလ နဲ့အညီ တိုးသတ်မှတ် လိုက်ရတာပါ” ဟု ရန်ကုန် စည်ပင် လမ်း၊ တံတား ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

သင်္ကြန်ကာလ အတွင်း ပျက်စီး ဆုံးရှုံးမှုတွင် သစ်ပင်များ ပျက်စီး မှုသာ များပြားပြီး မဏ္ဍပ်အနည်း ငယ်သာ လျော်ကြေးပေးဆောင် ရသည်ဟု ၄င်းက ပြောသည်။ ”မနှစ်ကဆို လျော်ကြေးပေး ရတာ မဏ္ဍပ်အားလုံးရဲ့ သုံးပုံပုံ တစ်ပုံတောင် မရှိပါဘူး” ဟု ၄င်းက ဆက်လက် ပြောသည်။

ယခုနှစ် သင်္ကြန်တွင် ပုဂ္ဂလိ က မဏ္ဍပ် ၃၇ ခု ခွင့်ပြုထားပြီး မဏ္ဍပ် ဆောက်လုပ်ရန် အတွက် ခွင့် ပြုချက် ရရှိသူသည် အခြား သူများ သို့ ငှားရ မ်းခြင်း၊ လွှဲပြောင်းရောင်း ချခြင်း ပြုလုပ်ခွင့်မရှိဘဲ လျှောက်ထား သူကိုယ်တိုင် ဆောက်လုပ် အသုံးပြုရမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စည်းကမ်းချက် ချမှတ် ထားသည်။ လိုက်နာ မှု မရှိပါက ရောင်းချသူနှင့် ငှားရမ်းသူ နှစ်ဦးစလုံး အရေးယူခြင်း ခံရ မည်ဟု သိရသည်။

မန္တလေး မစိုးရိမ်တိုက်သစ်အနီး မီးလောင်မှုတစ်ခုဖြစ်ပွား

မစိုးရိမ် တိုက်သစ် အနီး၈၉လမ်း၊ ၃၈-၃၉ကြားတွင် ယနေ့ နေ့လည် ပိုင်းက မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ခြောက်လုံး ခန့် လောင်ကျွမ်းခဲ့ပြီး မည်သည် အတွက့်ကြောင့် လောင် ကျွမ်းခြင်း ဖြစ်ကြောင်း စုံစမ်း စစ်ဆေး ဆဲသာ ရှိသေးသည်ဟု ခရိုင်မီးသက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဝေးပြေးကားများပေါ် မီးလောင်မှု ကာကွယ်နိုင်ရေး အသိပညာပေး

အဝေးပြေး ကားယာဉ် လိုင်းများတွင် ကားမတော် တဆ မီးလောင်မှု ဖြစ်ပွားပါက ကာကွယ်နိုင်မည့် အသိပညာ အားနည်းနေဆဲ ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် မီးသတ် တပ်ဖွဲ့စခန်းမှ သိရသည်။ "ယာဉ်လိုင်း ၁၀ ခုမှာဆို ၃၊ ၄ ခုအပြင် ပိုမလုပ်ကြဘူး။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ ယာဉ်လိုင်းက လူတွေကို အသိပညာပေးဖို့ လုရုံတင် မကဘဲ ကုမ္ပဏီ ၀န်ထမ်း အားလုံးကို အသိပညာ ပေးရမှာ"ဟု အဆိုပါ စခန်းမှ မြို့နယ် မီးသတ် ဦးစီးမှူး ဦးစိုးနိုင်က ပြောသည်။ လက်ရှိ ကားမီးလောင်မှု ဖြစ်ပွားလျှင် ကြိုတင် ကာကွယ်ရန် အရန်သင့် ထားရှိရမည့် မီးသတ် ဆေးဗူးများ၊ မီးတောက်ကို မည်ကဲ့သို့ ငြှိမ်းသတ် ရမည်စသည့် လုပ်ထုံး လုပ်နည်းများကို မသိရှိ ကြသဖြင့် မီးလောင်မှု ဖြစ်ပွားခြင်း ပိုမိုများပြား လာကြောင်း သိရသည်။

"မီးသတ်က အသိပညာ ပေးတာတွေ လုပ်ထားလည်း သတင်းစာထဲ မှာလည်း ထည့်တာပဲ။ ကျော်ဖတ် ကြတယ်။ နည်းစနစ်တွေ မှန်မှန် ကန်ကန် သုံးတတ်ဖို့ ဆိုတာတွေကို သိမှရမှာလေ။ မီးသတ် ဆေးဗူးနဲ့ စငြှိမ်းရင် မီးတောက်ကြီးက တက်တယ်။ ဒါကို ကြောက်ပြီး ဆက်မငြှိမ်း ကြဘူး။ ဒါတွေ သိထားဖို့ လိုတယ်"ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် မထသ ယာဉ်လိုင်းနှင့် အောင်မင်္ဂလာ အဝေးပြေး ကွင်းရှိ ယာဉ်လိုင်း စသည်တို့တွင် မီးသတ် ဦးစီးနှင့် ချိတ်ဆက်ရန် တစ်နှစ်လျှင် တစ်ကြိမ် အသိပညာ ပေးမှုများ ပြုလုပ်လျက် ရှိပြီး၊ ပုဂ္ဂလိက ယာဉ်လိုင်း များလျင် အသိပညာပေးမှု နည်းသေးကြောင်း သိရသည်။

ပါတီတစ်ခု ရှင်သန်ခြင်း

ဒီရက်ပိုင်း တွေအတွင်းမှာ မြန်မာပြည်ရဲ့ အကြီးဆုံး အတိုက်အခံ ပါတီ NLD ရဲ့ ပထမဆုံး အကြိမ် ပါတီ ညီလာခံ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ပါတီ ညီလာခံ ဆိုတာ အေးဆေး တည်ငြိမ်ပြီး နိုင်ငံတွေက ပါတီတွေ အဖို့တော့ ပုံမှန် လေးနှစ် တစ်ကြိမ် ငါးနှစ် တစ်ကြိမ် ကျင်းပ ကြတာပါ။

ဒါပေမဲ့ အခက်အခဲ အကျပ်အတည်း ပေါင်းများ စွာ ဖြတ် သန်း နေကြရတဲ့ နိုင်ငံတွေက ပါတီတွေ အဖို့တော့ နိုင်ငံရေး အချိုးအကွေ့ အလှည့် အပြောင်းတွေ ဖြစ်လာမှ (သို့) အဆင့် တစ်ဆင့်ကို တက်လှမ်း လာနိုင်မှ ခက်ခက်ခဲခဲ ကျင်းပ ကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ရပြီး သမိုင်းခေတ် အတွင်း ပါတီ များအပြား ပေါ်ထွန်းခဲ့ ပေမယ့် ပါတီ ညီလာခံ တစ်ရပ်ကို ပီပီပြင်ပြင် ကျင်းပပြီး လုပ်ငန်းစဉ် တစ်ရပ်ကို ပီပီပြင်ပြင် ချမှတ် လုပ်ဆောင် သွားနိုင်တဲ့ ပါတီဆိုတာ လက်ချိုး ရေလို့ ရလောက် အောင် အနည်းစု ကလေးဘဲ ရှိခဲ့ပါတယ်။ အချို့ အကွေ့ တွေဟာ ပြင်းထန် လွန်းလို့ ပါတီ အများ အပြား လွင့်စင် ပျောက်ကွယ် သွားတယ်။

အလားတူပဲ လျှမ်းလျှမ်း တောက်ဆိုတဲ့ လက်ဝဲ၊ လက်ယာ ခေါင်းဆောင် အများအပြား သမိုင်း ရေစီးမှာ တဖြည်းဖြည်း နစ်မြုပ် ပျောက်ကွယ် ကုန်ကြတယ်။ ပါတီ အချို့ဟာ တောတွင်း လက်နက်ကိုင် ဘဝနဲ့ တဖြည်းဖြည်း ချုပ်ငြိမ်း သွားကြတယ်။ တချို့က မြေပေါ်မှာတင် ဖမ်းဆီးခံရ နှိပ်ကွပ်ခံရပြီး ဖျက်သိမ်းခြင်း ခံရတယ်။ မြန်မာ့ သမိုင်းမှာ လက်ယာ ပါတီ တွေ ၁၉၆၂ ခုနှစ် နောက်ပိုင်း မရှိသလောက် ဖြစ်သွားခဲ့ပြီး၊ လက်ဝဲပါတီ တွေထဲမှာတော့ ဗမာပြည် ကွန်မြူနစ် ပါတီဟာ ၁၉၉၀ လောက်ကစပြီး မြေအောက် စည်းရုံးရေး ပါတီအဖြစ် ယဲ့ယဲ့လေး ကျန်နေတာ တွေ့ရပါတယ်။

၁၉၃၉ ခုနှစ်က စတင် တည်ထောင်တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ သက်တမ်း တစ်လျှောက် ၁၉၈၆ ခုနှစ်အထိ ပါတီ ကွန်ဂရက် သုံးကြိမ် ကျင်းပခဲ့တာ တွေ့ရတယ်။ ကျန်တဲ့သမိုင်းမှာ ပျောက်ကွယ် သွားခဲ့တဲ့ ပါတီတွေမှာ ဒီလို ကွန်ဂရက် သို့မဟုတ် ညီလာခံ သုံး ကြိမ်ကျင်းပ နိုင်တာ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ ဆိုလို တာကတော့ ညီလာခံ တစ်ရပ်တောင် ကျင်းပဖို့ ခက်ခဲလှတဲ့ မြန်မာ့ နိုင်ငံရေး သမိုင်း ကြောင်းကို ပြောချင်တာပါ။ အခု NLD ပါတီဟာ သက်တမ်း ၂၅ နှစ်အတွင်းမှာ ပထမဆုံး ကျင်းပနိုင်ခဲ့တဲ့ ညီလာခံဖြစ်ပါတယ်။ ၄င်းပါတီရဲ့ သက်တမ်း ၂၅ နှစ်အတွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရချိန်ဟာ သုံး၊ လေး နှစ်ထက် မပိုဘူးလို့ ထင်ပါတယ်။ ကျန်တဲ့ တစ်လျှောက်လုံးကတော့ ပြင်းထန်တဲ့ နှိပ်ကွပ်မှု တွေကို တစ်လျှောက်လုံး ခံခဲ့ရတာ တွေ့ရပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်း တွေမှာ ပြင်းထန် ကြမ်းတမ်းတဲ့ သမိုင်းကြောင်းတွေ နှစ်ပေါင်း ၅၀၀၀ ရှိခဲ့တယ် ဆိုပေမယ့် သူတို့မှာက သူလည်း လက်နက်နဲ့၊ ကိုယ်လည်း လက်နက်နဲ့ ဆိုတဲ့ အပြန်အလှန် သဘောတွေ ရှိပါတယ်။ နဝတ ခေတ်ပါတီတွေ အဖို့ ပြောရရင်တော့ တစ်ဖက်သတ် နှိပ်ကွပ် တာကို ခံကြရတာ ဖြစ်တယ်။ မြန်မာ့ သမိုင်းမှာ အနှိပ်ကွပ် အခံရဆုံးလို့ ပြောရင် ရလောက် ပါတယ်။

ဒါကြောင့်မို့ သူတို့ဟာ မိုးထဲရေထဲ ဖြတ်သန်းခဲ့ သူတွေ၊ မီးတောနှင်းတောထဲ မကြောက်မရွံ့ တိုးခဲ့သူတွေ၊ အရေး တော်ပုံ စိတ်ဓာတ် အပြည့်ရှိကြသူ တွေလို့ ဘေးမှ ရပ်ကြည့်သူတစ် ယောက်အနေနဲ့ မြင်တွေ့ရပါတယ်။ အခုတော့ ပါတီညီလာခံကိုပါ ကျင်းပနိုင်ခဲ့ကြပါပြီ။ ညီလာခံ တစ်ရပ်ဟာ အများအားဖြင့်တော့ ပြီးခဲ့တဲ့လက အတွေ့အကြုံ၊ သင်ခန်းစာတွေကို နိဂုံးချုပ်ပြီး အားကောင်းချက်တွေကိုယူ၊ အားနည်းချက်တွေကို ပယ်ကာ အနာဂတ်ကာလအတွက် မှန်ကန်တဲ့ လမ်းစဉ်တွေကို ချမှတ်နိုင်ဖို့ပဲလို့ ဆိုကြပါတယ်။

၁၉၆၂ နောက်ပိုင်း ကျွန်တော်တို့ တစ်သက်တာ တွေ့ဖူးတဲ့ ညီလာခံတွေ၊ ကွန်ဂရက် တွေဟာ လက်ဝဲညီလာခံ ကွန်ဂရက် တွေပဲ များပါတယ်။ မဆလရဲ့ ပါတီ ညီလာခံတွေ၊ ဗကပရဲ့ ကွန်ဂရက် တွေနဲ့ တရုတ်ပြည်ကြီးက ပြည်သူ့ ကွန်ဂရက်တွေ စတာတွေပဲ များပါတယ်။ ဒါတွေကတော့ ပုံစံကျ ညီလာခံတွေပါ။ ဘာတွေပြောမယ်၊ ဘာတွေဆုံးဖြတ်မယ် ဆိုတာ အားလုံးစီစဉ်ပြီးသားတွေပါ။ နယ်ကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာတွေကို အားလုံးဆင်ဆာ ဖြတ်တောက်စိစစ်ပြီးသားတွေပါ။ ဗကပရဲ့ တတိယအကြိမ်မြောက် ပါတီကွန်ဂရက် (၁၉၈၅) ရှမ်းပြည်နယ် အလယ်ပိုင်းက ကိုယ်စားလှယ်ဟာ သူ့ရဲ့ အစီရင်ခံစာ မှာ မပါတဲ့ စကားတစ်ခွန်းနှစ်ခွန်းကို ထည့်ပြောခဲ့မိလို့ အခမ်းအနားမှူး လုပ်တဲ့ ရဲဘော်ထွန်း (ခေါ်) ဗိုလ်ကျင်မောင်က အစီရင်ခံစာမှာ အဲဒီစကားမပါကြောင်း ချက်ချင်း လှမ်းထောက်ပါတယ်။

အဲဒီ ကွန်ဂရက်ရဲ့ မျက်မှောက်အခြေအနေ သုံးသပ်ချက် အချုပ်ကတော့ ပါတီဟာ အတိတ်ကာလက ရရှိခဲ့တဲ့ ဒီရေမြင့်နဲ့ အနာဂတ်ကာလမှာ မုချရရှိလာမယ့် တော်လှန်ရေး ဒီရေမြင့်ကြီးရဲ့ ကြားကာလမှာ ရောက်ရှိနေတယ်လို့ သုံးသပ်ခဲ့တယ်။ ချမှတ်ခဲ့တဲ့ လမ်းစဉ်ကတော့ လက်နက်ကိုင်တိုက်ပွဲနဲ့သာ အာဏာသိမ်းရမယ် ဆိုတဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီလိုပုံစံဟာ ဗကပတစ်ခုတည်း ကွက်ပြီး ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲဒီခေတ်ကာလက တောတွင်းမှာရော မဆလပါတီ မှာရော ကျွန်တော်တို့ အရှေ့ဘက်က နိုင်ငံကြီးငယ် တချို့မှာပါ အားလုံး ဒီပုံစံအတိုင်း ဖြစ်ခဲ့ကြတာပါ။

NLD ရဲ့ ပါတီညီလာခံကတော့ ဒီလိုပုံစံတွေကနေ ခွဲထွက် ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ရပ်ကျေးကနေ စပြီးတော့ ညီလာခံ ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီတွေကအစ ဒီမိုကရေစီနည်းကျစွာ ရွေးချယ်ခဲ့တာ တွေ့ရတယ်။ ဒီလိုပုံစံဟာ ဒီနေ့ခေတ်အဖို့ အလွယ် တကူတွေ့နေကျကိစ္စမျိုးလို့ ယူဆနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မရှိတဲ့ ပါတီများအဖို့ အခုခေတ်မှာလည်း ဒီအတိုင်း လိုက်လုပ်ဖို့ မလွယ်လှပါဘူး။NLD ကိုယ်စားလှယ်ရွေးပွဲတွေမှာ တောင် ဂိုဏ်းဂဏပြဿနာ၊ အကွဲအပြဲပြဿနာကို အတော်ကြုံ လိုက်ရတာတွေ့ရပါတယ်။

ဒါပေမဲ့ ဖြေရှင်းကျော်လွှားနိုင်ခဲ့တာ တွေ့ရတယ်။ ဒီအကွဲအပြဲတွေကနေ ကြည့်ရင်NLD အတွက် ရေရှည်မှာ ဂရုစိုက်ဖို့လိုတဲ့ ပြဿနာတစ်ခုကိုတော့ တွေ့ရပါတယ်။ အဲဒါ ကတော့ လူဟောင်း၊ လူသစ်ဆိုတဲ့ ပြဿနာပါ။ ဒီ ပြဿနာဟာ ပါတီတစ်ခုအနေနဲ့ အခက်အခဲ အကျပ်အတည်း ကို ဖြတ်သန်းလာပြီး အဆင့်တစ်ဆင့်ကို ရောက်လာတဲ့အချိန်မှာ တွေ့ရလေ့ရှိတဲ့ ပြဿနာဖြစ်ပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ အရဆိုရင် တရုတ်ပြည် ကွန်မြူနစ်ပါတီမှာလည်း ဒီလိုပြဿနာတွေ ရှိခဲ့တယ်။

သူတို့သမိုင်းမှာ ကျင်တန်းတောင်တန်း တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး မော်စီတုန်းနဲ့အတူ ခရီးရှည်ချီတက်ပွဲ ဆင်နွဲခဲ့သူတွေဟာ ကေဒါဟောင်းတွေ၊ ဝါရင့်ပုဂ္ဂိုလ်တွေ ဖြစ်လာကြတာပါ။ ၁၉၃၇ ခု ယင်အန်းခေတ်၊ ဂျပန်ခုခံရေးကာလ ရောက်တဲ့အချိန်မှာ တစ်နိုင်ငံ လုံးက မြေအောက်ယူဂျီတွေ၊ တော်လှန်ရေးသမားတွေ၊ တက်ကြွသူ တွေ အများအပြား ရောက်လာလို့ တရုတ်ကွန်မြူနစ်ပါတီဟာ အဆပေါင်းများစွာ ကြီးထွားလာခဲ့တယ်။ ဒီ နေရာမှာ နောက်ရောက်လာတဲ့ လူသစ်တွေ (လူသစ်ပေမယ့် မြို့ပေါ်မှာ ထုသားပေသား ကျလာခဲ့တဲ့ တော်လှန်ရေးသမားတွေ ပါပဲ) ဟာ ပညာတတ်တွေဖြစ်ပြီး သူတို့ဟာ လူရှောက်ချီရဲ့ လူတွေများပါ တယ်။

မူလလူဟောင်းတွေကတော့ လက်သမား ကေဒါတွေဖြစ်ပြီး မော်ရဲ့လူတွေပါ။ လူဟောင်းတွေကတော့ အကြမ်းပတမ်း ကိစ္စတွေမှာ ပိုရပြီး လူသစ်တွေက အုပ်ချုပ်ရေး၊ စည်းရုံးရေး လုပ်ငန်းတွေမှာ ပိုနေရာ ရလာကြတာပါ။ ဒီတအုံနွေးနွေး ပြဿနာဟာ ၁၉၅၈ ခုနှစ် မှာ မဟာခုံပျံကျော်လွှားရေး ဆိုတဲ့ စီမံကိန်းအမှားမှာ ပိုကြီးထွားလာပြီး မော်စီတုန်းကိုယ်တိုင် အခြေအနေယိမ်းယိုင်လာတဲ့ သဘော ဖြစ်လာတာပါ။

ဒါကြောင့် ၁၉၆၄ မှာ ပေါ်ထွက်လာတဲ့ ယဉ်ကျေးမှု တော်လှန်ရေးဆိုတာဟာ လူရှောက်ချီနဲ့ သူ့လူတွေကို ရှင်းတဲ့ပွဲကြီး ဖြစ်လာတာပါ။ ဇာတ်လမ်းစတာကတော့ လူဟောင်း လူသစ်ပြဿနာပါ။ ဒါကြောင့် ဒီလိုပြဿနာမျိုးကို မှန်မှန်ကန်ကန် သဘောထား နိုင်ရေး၊ မှန်မှန်ကန်ကန် ဖြေရှင်းရေးဟာ အခက်အခဲ အကျပ်အတည်း ကို ဖြတ်သန်းလာတဲ့ ပါတီတစ်ခုအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။

လက်ရှိ ကျင်းပခဲ့တဲ့ ညီလာခံမှာ ဒီကိစ္စကို မှန်မှန်ကန်ကန် နေရာချထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလှိုင်းဂျာနယ်မှာ ဖော်ပြတဲ့ ဆောင်းပါးတချို့မှာ ဒီပြဿနာအပေါ် မှန်မှန်ကန်ကန် သဘောထားရေး အမြင်ချို့တဲ့နေတာ တွေ့ရတယ်။ နောက်တစ်ခုက ကိုယ်ချည်းပဲ အနစ်နာခံခဲ့ရတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း တွေ့ရပါတယ်။ ဥက္ကဋ္ဌဖြစ်သူနဲ့ ကွဲလွဲနေတာတွေ ကိုလည်း အတော်တွေ့ရပါတယ်။ တကယ်တမ်း မြန်မာနိုင်ငံမှာ အနာခံရဆုံး သူတွေဟာ ဘယ်သူတွေပါလဲ။ ကျွန်တော့်အမြင်အရတော့ ပြည်သူတွေ လို့ပဲ မြင်ပါတယ်။

အထူးသဖြင့် အစိုးရတပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့များကြား မြေစာပင် ဖြစ်နေရတဲ့ ရှမ်းတွေ၊ ဝတွေ၊ ပအို့တွေ၊ ပလောင်တွေ၊ ကချင်၊ ကရင်တွေပါပဲ။ မိန်းမဖြစ်သူက အိုးတစ်လုံး စောင်တစ်ထည်၊ ဆန်နို့ဆီဘူး တစ်လုံးနှစ်လုံးလောက်ပါတဲ့ ပလိုင်း ကိုလွယ်၊ ယောက်ကျားဖြစ်သူက ကလေးကိုပွေ့၊ ဓားတစ်လက်နဲ့ တောရှင်းရင် နှစ်ပေါက်အောင် ပြေးနေရတဲ့ ရွာပုန်းရွာရှောင်တွေ၊ ညောင့်စူးမိတဲ့ ဒဏ်ရာလောက်နဲ့ အနာဝင်ပြီး မသေသင့်ဘဲ သေဆုံး သွားရသူတွေ၊ ငှက်ဖျားနဲ့ လုံးပါးပါးသွားရသူတွေ၊ မိုင်းနင်းမိသူတွေ၊ ပေါ်တာဆွဲခံရပြီး ဘယ်တော့မှ ပြန်ရောက်မလာတော့တဲ့ သူတွေ၊ ဟိုဘက်ကိုလည်းကြောက်ရ၊ ဒီဘက်ကိုလည်းကြောက်ရနဲ့ နေရသူတွေ၊ တစ်နှစ် ၂ နှစ်လည်းမဟုတ်၊ လေး ငါးဆယ်နှစ်လည်း မက နှစ်ပေါင်း ၂၀၊ ၃၀ ဖြစ်ခဲ့ကြတာပါ။

အခုမှ ဒုက္ခသည်စခန်း ဆိုတာတွေ ပြည်တွင်းမှာ ရှိလာပေမယ့် အရင်တုန်းက ဒီလို ပြည်သူတွေရဲ့ ကိစ္စဟာ ဘယ်နေရာမှာမှ ဘယ်သူကမှ ဂရုစိုက်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ခဲ့ပါဘူး။ ညီလာခံတစ်ခုမှာ လုပ်ငန်းစဉ်တစ်ခုလုံးအပြင် အဖွင့်မိန့်ခွန်းနဲ့ အပိတ်မိန့်ခွန်းတွေက အရေးအကြီးဆုံး ပါပဲ။ ဒီမိန်းခွန်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေဟာ ပါတီရဲ့ ခံယူချက်နဲ့ လမ်းညွှန်သဘောထား တွေပဲ ဖြစ်ပါတယ်။ "NLD ပါတီဟာ ၂၅ နှစ်တာအတွင်းမှာ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ခဲ့ရလို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒီလိုအပ် ချက်တွေ ဖြည့်ဆည်းဖို့ဆိုတာ အချိန်ယူရပါမယ်။ အချိန်လည်းယူ ရမယ်။ ဝီရိယလည်း စိုက်ထုတ်ရမယ်" လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းမှာ တွေ့ရတယ်။ နောက်ပြီး အဖွဲ့ချုပ်ဝင်တွေနဲ့ ပတ်သက် ပြီး "ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ ဖြောင့်မတ်ပါ။

ကိုယ့်အချင်းချင်း အပေါ်မှာ သစ္စာရှိပါ။ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါနဲ့" ဆိုပြီး အလွန်ရိုးရှင်းစွာ ပြောကြားခဲ့တာ တွေ့ရတယ်။ "မတူကွဲပြားတဲ့ အမြင်တွေကို မကြောက်ဖို့၊ မစိုးရိမ်ဖို့နဲ့ ဒါတွေကို ကြိုဆိုပြီးတော့ ဒီမတူကွဲပြားတဲ့ အမြင်တွေကို ဘယ်လို ကျွန်မတို့ရဲ့အင်အားတစ်ခု ဖြစ်အောင် လုပ်သွားမလဲလို့ ကျွန်မတို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။ ခြုံကြည့်လိုက်ရင် ဒီမိန့်ခွန်းတွေမှာ မွန်မြတ်မှုရှိတဲ့၊ ပျော့ပျောင်းမှုရှိတဲ့၊ အမြင်ကျယ်မှုရှိတဲ့၊ ပြည့်ဝမှုရှိတဲ့ သဘောထားအမြင်တွေ ပါနေတာ တွေ့ရပါတယ်။ မည်သို့ဆိုစေNLD အနေနဲ့တော့ ၂၅ နှစ်တာမှာ ညီလာခံ တစ်ခု ကျင်းပနိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။

ဒီညီလာခံမှာ တင်သွင်းရရှိလာခဲ့တဲ့ သဘောထား အမြင်တွေဟာ ၂၅ နှစ်တာ အတွင်း စုဆောင်းရရှိလာတဲ့ အတွေ့အကြုံတွေနဲ့ အမွေအနှစ်တွေလို့ ဆိုရမှာပါ။ အမေရိကန်သမိုင်းမှာ ဂျော့ရှ်ဝါရှင်တန်က စလို့ လက်ရှိ သမ္မတအိုဘားမားအထိ ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေနဲ့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ အမေရိကန်ရဲ့ အလုပ်လမ်းညွှန်တွေပဲ ဖြစ်ပါ တယ်။ လင်ကွန်းတို့၊ ရူးစ်ဘဲ့တို့လို အချိုးအကွေ့ကြီးတဲ့ ကာလကို ဖြတ်သန်းခဲ့သူ သမ္မတတွေရဲ့ မိန့်ခွန်းတွေဟာပိုပြီး အဖိုးတန် နက်နဲပြီး ပိုအရေးပါတဲ့ လမ်းညွှန်တွေဖြစ်တတ်ပါတယ်။ အခု NLD ၂၅ နှစ်တာ မှတ်တိုင်ရဲ့ အလုပ်လမ်းညွှန်တွေဟာ နောင် ၂၅ နှစ်စာ အတွက် ဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ လတ်တလော ရင်ဆိုင်ရမယ့် ၂၀၁၅ ကာလလောက်အထိတော့ အသုံးတည့်နေမယ့် လမ်းညွှန်တွေဖြစ်မယ်လို့ ယူဆမိပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ နီပေါလ်နိုင်ငံကို အရင်သွားပြီးမှ မြန်မာနိုင်ငံကို သွားရောက်မှာပါ။ မြန်မာနိုင်ငံမှာတော့ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းတွေမှာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို သမ္မတဟောင်း Carter အပါအ၀င် Carter Center က ကိုယ်စားလှယ် အဖွဲ့တွေ လေ့လာစူးစမ်းသွားမှာဖြစ်ပါတယ်။ သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ မလာခင်မှာပဲ၊ Carter Center ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါကြောင့် သမ္မတဟောင်း ဂျင်မီကာတာ ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သမ္မတဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရပိုင်းက ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်း စုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ကို တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ Carter Center ဟာ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် တွန်းအားပေးဆောင်ရွက်နေသလို၊ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ မှာ ငြိမ်းချမ်းရေးရနိုင်ဖို့ အကူအညီပေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ တွင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင် အကူအညီပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

မြောက်ပိုင်းခြိမ်းခြောက်မှု တောင်ကိုရီးယားလူထု စစ်ရေးဖြင့် တုန့်ပြန်လို

အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ နေ့စဉ်ခြိမ်းခြောက်မှုကို ခံနေရတဲ့ တောင်ကိုရီးယား နိုင်ငံက စစ်တမ်း တခုမှာ စစ်ရေးနဲ့ တုံ့ပြန်ဖို့ အများစုက လက်ခံတာကို တွေ့ရပါတယ်၊ Gallup Korea က ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း လုပ်ခဲ့တဲ့ စစ်တမ်းမှာ မြောက်ကိုရီးယားဖက်က ရန်စတဲ့ အနေနဲ့အတိုင်းအတာ တခုအထိ တိုက်ခိုက်မယ် ဒါမှမဟုတ် လုံးဝစစ်ပွဲကို စတင်မယ်လို့ စစ်တမ်းကောက်တဲ့ ထက်ဝက်နီးပါးက တုံ့ပြန်ပါတယ်၊ မြောက်ကိုရီးယားဖက်က စစ်ရေး ရန်စမှုတွေကို တောင်ကိုရီးယားတပ်ဖက်က ၁၀ ဆပြန်ပြီး လက်တုံ့ပြန်မယ် ဆိုတဲ့ စစ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ၇၀ ရာခိုင်နှုန်းကျော် က ထောက်ခံခဲ့ကြပါတယ်၊ တချိန်ထဲမှာပဲ မြောက်ကိုရီးယားရဲ့ရန်ကို တိုက်ရိုက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကိုရီးယား ကျွန်းဆွယ်ကို စစ်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အမေရိကန်အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းကနေ B-2 ဗုံးကြဲလေယာဉ်တွေ ဟာ ကိုရီးယား ကျွန်းဆွယ် အနောက်တောင်ကမ်းလွန်မှာရှိတဲ့ ကျွန်းဆီကို ကြာသပတေးနေ့က ပျံသန်းသွား ခဲ့ကြပြီးတဲ့နောက် မှာမှ မနားဘဲ လေတပ်စခန်းဆီကို တောက်လျှောက် စုစုပေါင်း ကီလိုမီတာ ၂ သောင်းအကွာအဝေး ပျံသန်းလာခဲ့ကြပါတယ်၊ အမေရိကန် နဲ့ တောင်ကိုရီးယား နိုင်ငံတွေအပေါ် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ တိုးနေချိန်မှာ အခုလို တိုက်လေယာဉ်တွေ ကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ Pacific သမုဒ္ဒရာထဲမှာရှိတဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် Nuclear လက်နက်နဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားဖက်က ခြိမ်းခြောက်မှု အပါအဝင် လတ်တလောရန်စမှုတွေကြောင့် ခုလို B-2 တိုက်လေယဉ်တွေကို ကိုရီးယားကျွန်းဆွယ်ဖက် ပျံသန်းခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Chuck Hagel ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ကလဲ မြောက်ကိုရီးယားအစိုးရက ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေတာကို သူ့နိုင်ငံအနေနဲ့ ဒီတိုင်းငုံ့ခံနေမှာ မဟုတ်ဘူးလို့ ပြောခဲ့ ပါတယ်၊ တောင်ကိုရီးယားနိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေတို့နဲ့ ရှိနေတဲ့ အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းတွေကို မြောက်ကိုရီးယားအစိုးရက ဖြတ်တောက်ခဲ့ပါတယ်၊ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံစက်မှုဇုံဖြစ်တဲ့ Kaesong စက်မှုဇုံမှာတော့ ကြာသပတေးနေ့က နယ်စပ် ဖြတ်ကျော်မှုတွေဟာ ပုံမှန်အတိုင်းပဲရှိနေပါတယ်။

ဆိုက်ပရက် ဘဏ်တွေ ပြန်ဖွင့်

Cyprus ကျွန်းနိုင်ငံရဲ့စီးပွားရေး ပြိုပျက်လုဖြစ်ခဲ့တဲ့အတွက် ပိတ်ထားခဲ့ရတဲ့ နိုင်ငံတဝှမ်းက ဘဏ်တွေကို သီတင်း ၂ ပါတ်အကြာမှာ ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်၊ ဘဏ်တွေပြန်ဖွင့်မဲ့ နေ့လည် ၁၂ နာရီမတိုင်ခင်ထဲက ဘဏ်စာရင်းရှိသူတွေဟာ ဘဏ်တွေအပြင်မှာ တန်းစီစောင့်နေခဲ့ကြပါတယ်၊ ဘဏ်တွေမှာ ငွေပြတ်ကုန်မှာစိုးတဲ့အတွက်
ငွေအထုတ်အသွင်း၊ အရွှေ့အပြောင်းလုပ်တဲ့ ပမာဏကို အစိုးရက ထိန်းချုပ်ထားတဲ့အပေါ်မှာ တချို့က ကျေနပ်ကြပုံမရပါဘူး၊ တနေ့ကို ယူရိုငွေ ၃၀၀ ထက်ပိုပြီးထုတ်ခွင့်မရှိဘူးလို့ ကန့်သတ်ထားတဲ့အပေါ် တချို့ကလဲ ဒေါသထွက်ခဲ့ကြပါတယ်၊ နိုင်ငံပြင်ပကို ထွက်ခွာမဲ့သူတွေအနေနဲ့လဲ ယူရိုငွေ ၃ ထောင်ထက် ပိုပြီးယူသွားခွင့် မရှိပါဘူး။

အကြွေးတွေပြန်မဆပ်နိုင်တော့ဘဲ Cyprus နိုင်ငံ ဒေဝါလီခံ ရတော့မဲ့ အခြေအနေ ဆိုက်ရောက်ခဲ့တဲ့အတွက် ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ဆီကနေ အရေးပေါ်ချေးငွေ ရနိုင်ဖို့ ညှိုနှိုင်းနေတဲ့ကာလ March လ ၁၆ ရက်နေ့ထဲက Cyprus ဘဏ်တွေကို
ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

အရေးပေါ်ကယ်ဆယ်ထောက်ပံ့ငွေ ယူရို ၁၀ ဘီလျံ ရနိုင်ဖို့ သဘောတူညီချက်အရ Cyprus ဘဏ်တွေမှာ အပ်ထားကြတဲ့ထဲက ယူရိုငွေ ၁ သိန်းကျော်တဲ့ ဘဏ်စာရင်းတွေထဲက ပမာဏအများဆုံးနဲ့ အာမခံ မရှိတဲ့ ဘဏ်စာရင်းတွေရဲ့ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်များတဲ့ပမာဏကို အစိုးရ အရေးပေါ်အသုံးစရိတ်အဖြစ် သိမ်းပါမယ်လို့ နိုင်ငံတကာ ငွေချေးသူတွေနဲ့ Cyprus အစိုးရ သဘောတူထားရပါတယ်၊ ဥရောပသမဂ္ဂထဲက ယူရိုငွေသုံးစွဲတဲ့နိုင်ငံတွေထဲမှာ Cyprus နိုင်ငံဟာ ဒေဝါလီ မခံရအောင် နိုင်ငံတကာဆီက အရေးပေါ်ချေးငွေယူရတဲ့ ၅ နိုင်ငံမြောက် နိုင်ငံဖြစ်ပါတယ်၊

Online Voting စနစ်နဲ့ ကမ္ဘာတစ်လွှားက မဲအများဆုံးပေးခဲ့တဲ့လမ်း ဖြစ် ပါတယ်။  ကမ္ဘာလှည့်ခရီးသည်များ လည်း သွား လျှောက်ပါတယ်။ ဘရာဇီးနိုင်ငံ၊ Porto Alegre မြို့ ငယ်လေးမှာ တည်ရှိပြီး ဂျာမန်လူမျိုး တို့ ဆောက်လုပ်ခင်းကျင်းပေးခဲ့တဲ့ လမ်းလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဖြစ်ပြီး မီတာ ၅၀၀ ရှည်တဲ့ လမ်းတစ်ခုလုံး တောက်လျှောက်ကို tipuana အမည်ရ သစ်ပင် စိုက်ပျိုးထား ပါတယ်။

ရာသီအပြောင်းအလဲတိုင်းမှာ သစ်ပင်ဟာ ခြောက်သွားလိုက်၊ အရွယ်ကြွေလိုက်၊ ရွက်သစ်များ ဝေလိုက်နဲ့ ဘယ်တော့မှမသေပဲ အကောင်းအတိုင်း ရှိနေပါတယ်။ သို့ပေမယ့် လမ်းဘေး နဲ့ အခြားနေရာအချို့ မှာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် သုံးဖို့ဆိုပြီး ၂၀၀၅ ခုနှစ်က သစ်ပင်ခုတ်မှုများ ပြုလုပ်ခဲ့ဖူးပါတယ်။

ယင်းနောက်ပိုင်းကစလို့ လမ်းကို ဒေသခံ ပြည်သူတို့ အထိခိုက်မခံတော့ ပါဘူး။ Rua Gonçalo de Carvalho လို့အမည်ပေးထားတဲ့ ယင်းလမ်းကို မြို့ ရဲ့  သမိုင်းဝင် ယဉ်ကျေးမှုနေရာ အမှတ်အသား တစ်ခုအဖြစ် အသိအမှတ် ပြုစေခဲ့ကြောင်း သိရပါတယ်။

မိတ္ထီလာ ဒုက္ခသည်များအတွက် အမေရိကန်အစိုးရ ဒေါ်လာတစ်သိန်းထောက်ပံ့မည်

မိတ္ထီလာ မြို့နယ်နှင့် အနီးဒေသ များတွင် မကြာသေး ခင်က ဖြစ်ပွား ခဲ့သော ပဋိပက္ခကြောင့် ဒဏ်ခံရသည့် ဒုက္ခသည် များအတွက် အမေရိကန် အစိုးရက ဒေါ်လာ တစ်သိန်း ထောက်ပံ့ လှူဒါန်း မည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ် ချယ်လ်က ထုတ်ပြန် လိုက်သည်။ မိတ္ထီလာမြို့နှင့် အနီးတစ်ဝိုက် ဒေသများတွင် မတ်လ ၂ဝရက်နေ့မှ စ၍ သုံးရက်ကြာ ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခ များကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေရသော ဒုက္ခသည် တစ်သောင်း ခန့်ရှိ နေရာ အရေးပေါ် ကယ်ဆယ်ရေး အတွက် အမေရိကန် အစိုးရက ကန် ဒေါ်လာတစ်သိန်း ထောက်ပံ့မည်ဟု ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

ပဋိပက္ခဒဏ် ခံစားခဲ့ရသော ဒုက္ခသည်များ အတွက်စောင်များ၊ တစ်ကိုယ်ရေ သုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပလတ်စတစ် အိပ်ရာခင်း များအပြင် နေရပ်စွန့်ခွာ နေရသူများ အတွက် သန့်ရှင်းသော ရေနှင့် ကျန်းမာရေး အထောက်အပံ့ ပေးရာတွင် အဆိုပါ လှူဒါန်းငွေကို အသုံးပြု သွားမည်ဟု သိရသည်။

''အစိုးရ အနေနဲ့ အခြေအနေတွေ ပြန်လည် တည်ငြိမ်ဖို့၊ အပြစ်ရှိတဲ့ သူတွေကို ဥပဒေအတိုင်း အရေး ယူဖို့နဲ့ ဒုက္ခသည် တွေရဲ့လိုအပ်ချက် ကိုဖြည့်ဆည်းပေးဖို့ ကတိက ဝတ်ပြုတာကို ကြိုဆိုပါတယ်''ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အတူ ဒဲရစ်မစ် ချယ်လ်က ဆူပူ အကြမ်း ဖက်မှုများ ရပ်တန့် ရေး၊ အခြားဒေသ များသို့ ပျံ့နှံ့ မသွား စေရေး၊ လူ့အဖွဲ့အစည်း နှစ်ခုအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက် ရေးအတွက် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံသားများက တစ်စည်း တစ်ရုံးတည်း လုပ်ဆောင် နေခြင်းကို အားပေးထောက်ခံ သည်ဟုဆိုသည်။ ထို့အပြင် အမေရိကန် သံရုံး အနေဖြင့် ဆွေးနွေးမှုများ၊ အပြန်အလှန် နားလည်မှုနှင့် လေးစားချစ်ခင် မှု တည်ဆောက်ရေး များအတွက် ဆက်လက် ထောက်ပံ့မှု ပြုသွားမည်ဟု ဆိုထားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ ရွေးချယ်ရမည့် ၂၁ ရာစု လူဦးရေစိန်ခေါ်မှု

ပြည်ပမှ ရွှေ့ပြောင်း အခြေချ ဝင်ရောက် လာသူ များကို ဆက်ပြီး လက်ခံ မလား။ ကိုယ့်နိုင်ငံမှာ လူဦးရေ ကျကျ သွားတာကို လက်ပိုက် ကြည့်နေမလား ဆိုတဲ့ ပြဿနာကို ရင်ဆိုင် နေရသည့် နိုင်ငံများ ၂၁ ရာစုတွင် များသည်ထက် များလာသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ ထဲတွင် ထိုပြဿနာနှင့် ရှေ့တန်းတွင် အဓိက ရင်ဆိုင် နေရသည့် နိုင်ငံမှာ ဂျပန် ပေတည်း။ လာမည့် ဆယ်စုနှစ် လေးခုအတွင်း လူဦးရေ ၁၄ ရာခိုင်နှုန်း ကျသွားမည်ဟု တွက်ချက် ခန့်မှန်း ထားသည်။

ထိုပြဿနာ အဓိက ဖြစ်ရခြင်း အကြောင်းရင်းမှာ ဖွားသေနှုန်း ဖြစ်လေသည်။ သေနှုန်းက ဖွားနှုန်းထက် မြင့်လာသည့် အခါ ရွှေ့ပြောင်း ဝင်ရောက် လာသူများသာ မပါခဲ့ပါလျှင် လူဦးရေ ကျိန်းသေ ကျပေ တော့မည်။ ယနေ့ သေနှုန်းက မွေးနှုန်းထက် မြင့်နေသော တစ်ဒါဇင် မျှရှိသည့် နိုင်ငံများ ထဲတွင် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ ဂျပန်၊ ပေါ်တူဂီ၊ ရုရှားနှင့် ယူကရိန်း တို့လည်း ပါဝင်သည်။ ယခု ရာစုနှစ်၏ ထက်ဝက် လောက်တွင် နောက်ထပ် နိုင်ငံ ၂၄ နိုင်ငံတွင်လည်း လူဦးရေ ကျဆင်း ဖို့ရှိပြန်ရာ ရွှေ့ပြောင်းများ ဝင်ရောက် လာနေသော်လည်း ဂျော်ဂျီယာနှင့် ဘူဂေးရီးယား ဆိုလျှင် ၂၆ ရာခိုင်နှုန်း လောက်အထိ လူဦးရေ ကျသွားနိုင်ပြီး တရုတ် ပင်လျှင် လူဦးရေ ၅ ရာခိုင်နှုန်း ကျဆင်း နိုင်ပေသည်။

ရွှေ့ပြောင်းများ ဝင်ရောက် အခြေချ လာမှုကို လုံးဝဖယ်ပြီး တွက်ပါက သြစတြီးယား၊ ဂျာမနီ၊ အီတလီနှင့် ရုရှားတို့၏ လူဦးရေ ကျဆင်းသွား နိုင်ခြေသည် ခန့်မှန်း တွက်ထုတ် ထားသည် ထက်ပင် ပိုများ နိုင်ပေသည်။ အီတလီ နိုင်ငံသို့ နှစ်စဉ် ဝင်လာသော ရွှေ့ပြောင်း နေထိုင်လာသူ အရေအတွက်ကို တစ်နှစ်လျှင် တစ်သိန်း သုံးသောင်း ငါးထောင် ဟု အသေသတ်မှတ် လိုက်ကြည့်ပါက ၂၀၅၀ ခုနှစ်တွင်ရှိနေမည့် အီတလီ၏ လူဦးရေသည့် လက်ရှိအချိန်ထက် ၃ ရာခိုင်နှုန်း နည်းနေဦးမည်ပင် ဖြစ်သည်။

ရွှေ့ပြောင်း ဝင်ရောက်လာသူများကို လုံးဝထည့်မတွက်တော့ ဆိုလျှင်ကား ရာစုနှစ်ဝက်တွင် အီတလီ၏ လူဦးရေ သည် ၁၅ ရာခိုင်နှုန်းလောက် လျော့သွားမည် ဖြစ်ပေတော့သည်။ ဖွားနှုန်းထက် သေနှုန်းက များနေခြင်းမှာ သေနှုန်းက မြင့်နေသော ကြောင့်မဟုတ်ပေ။ မွေးနှုန်းကျသော ကြောင့်ဖြစ်သည်။ အမျိုးသမီး တစ်ဦးလျှင် ကလေးနှစ်ဦး မွေးသည် ဆိုသော အခြေခံ ယေဘုယျ ခန့်မှန်း ထားမှုထက် မွေးနှုန်းက ကျနေသောကြောင့် ဖြစ်၏။ ဒီကြားထဲ ပြည်ပမှ ဝင်ရောက်လာ သူတွေကလည်း မရောက်၊ အမျိုးသမီး များ၏ မွေးနှုန်းကျခြင်း တို့ကလည်း ရှိနေလျှင်ကား ထိုနိုင်ငံ၏ လူဦးရေ ကျနေပေ တော့မည်။

ထိုတိုင်းပြည် များတွင် အမျိုးသမီး များ၏ ကလေးရယူ နှုန်းသည် အိမ်ထောင်စု တစ်စုလျှင် ကလေး တစ်ယောက် ခွဲသာ ရှိသည့် သဘော ဖြစ်ပေ၏။ လူဦးရေတိုးနှုန်း များလှပါသည် ဆိုသော အိန္ဒိယတွင်ပင် အမျိုးသမီး တစ်ဦး၏ သားသမီး ရယူနှုန်းသည် ၂ ဒသမ ၅ ယောက်ဖြစ်ပြီး ထိုတိုးနှုန်းမှာလည်း ၃ ဒသမ ၂ ယောက်မှကျဆင်း လာခြင်း ဖြစ်ပေတော့၏။ အများနှင့် ယှဉ်ပါက မွေးနှုန်းမြင့်နေသော အိန္ဒိယသည် ၄င်း၏လူဦးရေမြင့်မားမှုနှင့် အချိုးပြုပြီး တွက်ထုတ်ကြည့်သောအခါ ကမ္ဘာ့လူဦးရေတိုးနှုန်း ၇၈ သန်း၏ ၂၂ ရာခိုင်နှုန်းလောက်ကို သူက တာဝန်ယူထားသလိုဖြစ်၏။

ထိုအတိုင်းဆိုလျှင် လာမည့်ရှစ်နှစ်အတွင်း တရုတ်၏ လူဦးရေကို ကျော်တက်သွားဖွယ် ရှိပေသည်။ အကယ်၍ ထိုသို့ မွေးနှုန်းနှင့်သေနှုန်း မမျှဘဲ မွေးနှုန်းက လျော့ကျနေသောနိုင်ငံများမှ အစိုးရတို့သည် လူဦးရေ အချိုးအစားကို တည်ငြိမ်အောင် ပြုလုပ်လိုပါက ထိုမညီမျှချက်ကို ပြည့်မီအောင် ပြည်ပမှ ဝင်ရောက်အခြေချလာ သူများနှင့် ချိန်ခွင်လျှာကို ညှိရပေတော့မည်။ ဥပမာဆိုရလျှင် ဂျာမနီနိုင်ငံ၏ ၈၂ သန်းတည်းဟူသော လူဦးရေပမာဏ ကိုထိန်းသိမ်းထားလိုပါက ခန့်မှန်းခြေအားဖြင့် ပြင်ပမှ ဝင်ရောက်လာသူ နှစ်သိန်း လောက်ဖြင့် နှစ်စဉ် ပြန်လည်ဖာထေး ရပေတော့မည်။

ဂျပန်နှင့် ရုရှားတို့ဆိုလျှင် လက်ရှိလူဦးရေ ပမာဏကို ထိန်းထားလိုပါက နှစ်စဉ်ပြင်ပမှ လူနှစ်သိန်း သုံးသောင်းနှင့် သုံးသိန်းခွဲလောက် အသီးသီး ရွှေ့ပြောင်းဝင်လာနေကြဖို့ လိုပေသည်။ အဆိုပါ ပမာဏသည် လက်ရှိဝင်ရောက်လာပြီး နေထိုင်နေကြသော လူဦးရေထက် အဆပေါင်းများစွာ ပိုပေတော့၏။ လူဦးရေတိုးနှုန်းရှုထောင့်ဘက်ကကြည့်လျှင် မွေးနှုန်းကလေးနှစ်ယောက် နီးပါးအဆင့်ရှိသော သြစတြီးယား၊ ပြင်သစ်၊ နယူးဇီလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စု တို့ပင်လျှင် ရွှေ့ပြောင်းတို့၏ အခန်းကဏ္ဍသည် အနာဂတ် လူဦးရေတိုးနှုန်းအတွက် ကြီးစွာသော သက်ရောက်မှု ရှိနေဆဲ ဖြစ်ပေတော့ သည်။

သာဓကပြရလျှင် ယူကေနိုင်ငံ၏ ရာစုနှစ်ဝက် လူဦးရေ တိုးနှုန်းမှ ၉၅ ရာခိုင်နှုန်းသည် ရွှေ့ပြောင်း တို့နှင့် ၄င်းတို့၏မျိုးဆက်များကြောင့်က အဓိကဖြစ်နေမည်ဟု သုံးသပ်ထားသည်။ သြစတြေးလျနှင့် အမေရိကန် ပြည်ထောင်စုတို့၏ လူဦးရေများသည် ပြည်ပမှ ဝင်ရောက်ရွှေ့ပြောင်းလာသူ တို့အပါအဝင် ၃၅ ရာခိုင်နှုန်းနှင့် ၂၇ ရာခိုင်နှုန်းအထိ တက်လာမည်ဖြစ်ကာ ရွှေ့ပြောင်းများသာ ဝင်ရောက်လာခြင်း မရှိပါက လူဦးရေတိုးနှုန်းသည် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပေလိမ့် မည်။

သက်ကြီးလူထုဦးရေ များလာခြင်း ကလည်း ထည့်တွက်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လေ သည်။ မွေးနှုန်းက သေနှုန်းကို မကျော်လွန်နိုင်သော နိုင်ငံများတွင် သက်ကြီးရွယ်အိုအရေအတွက် ကလည်း များလာပြီး အလုပ်လုပ်နိုင် သည့် လူဦးရေကလည်း ကျဆင်းလာပေသည်။ အီတလီသည် လာမည့်ရာစု နှစ်ဝက်တွင် သက်ကြီးလူဦးရေ လက်ရှိ ၏ ၅၇ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကာ အလုပ်လုပ်နိုင်မည့် လုပ်သားအင်အားစု (အသက် ၂၀ မှ ၆၄ နှစ်အတွင်း) သည် လက်ရှိပမာဏ၏ ၂၂ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိရာ ထိုကွာဟမှုကိုပြည့်မီ စေရန်အတွက် ရွှေ့ပြောင်း တစ်သန်း သုံးသိန်းငါးသောင်း လိုအပ်ပေတော့ သည်။

အကယ်၍ ပြည်ပလုပ်သားသွင်း အားသာထည့်မတွက်ပါက အီတလီ၏ အလုပ်လုပ်နိုင်သော လူဦးရေသည် ၄၄ ရာခိုင်နှုန်း ကျဆင်းသွားပေတော့မည်။ ဖွားနှုန်းပြန်လည် ပြည့်မီပါသည် ဆိုသော နိုင်ငံအများပင် သက်ကြီးရွယ်အို များလာခြင်းကြောင့် ရွှေ့ပြောင်းဝင်လာမည့် သူများအတွက် အနီး ကပ်စောင့်ကြည့် လေ့လာပြင်ဆင် နေရပေပြီ။

ဥပမာအားဖြင့် ဆိုရလျှင် အမေရိကန် ပြည်ထောင်စုမှ အသက် ၂၀ မှ ၆၄ နှစ် ကြား အလုပ်လုပ်နိုင်မည့် လူဦးရေသည် တစ်နှစ်လျှင် ပြင်ပမှရွှေ့ပြောင်းလာသူ တစ်သန်း ဝင်ရောက်လာပါက ရာစု နှစ်ဝက်တွင် ၁၇ ရာခိုင်နှုန်းတက်လာ မည်ဖြစ်သည်။ အကယ်၍ အမေရိကန် ပြည်ထောင်စုက ရွှေ့ပြောင်းများကို ဝင်ရောက်လာခြင်း ရပ်လိုက်ပါက ၂၀၅၀ ခုနှစ်တွင် ယနေ့ခေတ် အလုပ်လုပ်နိုင်သည့် လူဦးရေထက်ပင် ၁ ရာခိုင်နှုန်း လောက်ပင် လျော့သွားနိုင်ပေသည်။ ဝင်လာမည့် ရွှေ့ပြောင်းအင်အား စုသည် လည်း မွေးဖွားသေဆုံးရာ အချက်အလက်များက ထည့်သွင်း စဉ်းစားစရာဖြစ်သည်။

ယနေ့ရွှေ့ပြောင်း လာကြသူများဆိုသည်မှာ တိုင်းရင်းသား အရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ လက်ခံပေးမည့် နိုင်ငံများနှင့် ဖီလာမှု များ ရှိနေတတ်ပေရာ ယဉ်ကျေးမှုအရ တစ်သားတည်း ဖြစ် လာအောင်ကြိုးပမ်း ရာတွင် စိုးရိမ်ရမှုများ ရှိတတ်ပြီး မျိုးနွယ်စုအရ ပြဿနာများပင် ဖြစ်လာမည်ကို သတိထားရပေသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့ ကဲ့သို့သောနိုင်ငံ များတွင် တစ်မျိုးတည်းသော မျိုးနွယ်ရှိသည့် သဘောကို အကောင်းတရားဟု မြင်ပေသည်။

သက်ကြီးများ ပင်စင် ပေးနိုင်ရေးအတွက် ရွှေ့ပြောင်းယဉ်ကျေးမှု မတူသူများကို ထိုနေရာများသို့ အုံလိုက် ကျင်းလိုက် ဖိတ်ခေါ်လက်ခံခဲ့လျှင်လည်း လူမှုရေးမတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ အာဖရိက၊ အာရှ၊ ဥရောပနှင့် အခြား ဒေသများမှ ပြဿနာများကိုပါ လက်ခံလိုက်သကဲ့သို့ လည်း ဖြစ်သွား နိုင်ပေသည်။ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးကဏ္ဍတို့က ရွှေ့ပြောင်းဝင် ရောက်လာသူများကို လူဦးရေကျခြင်း၊ သက်ကြီးရွယ်အိုများလာခြင်း စသည့် ပြဿနာများအတွက် နိုင်ငံရေး၊ စီးပွားရေး ရှုထောင့်မှ ကောင်းကျိုးအဖြစ် စဉ်းစားကောင်း စဉ်းစားကြမည် ဖြစ်သော်လည်း ပြည်သူလူထုကတော့ တိုင်းတစ်ပါးသားများ အုံလိုက်ကျင်း လိုက်ဝင်လာကြမည့် အစီအစဉ်ကို ဝမ်းပန်းတသာကြီး ကြိုဆိုကြမည်တော့ မဖြစ်နိုင်ပေ။ စင်ကာပူတွင် နိုင်ငံ ခြားမှ ရွှေ့ပြောင်းများကိုကြိုဆိုသည့် အစီအစဉ်အား စင်ကာပူသားတို့ ဆန္ဒပြ ကြခြင်းကို ကြည့်၍ သိနိုင်ပေသည်။

စင်ကာပူသည် အမျိုးသမီးတစ်ဦး ၏မွေးဖွားနှုန်းမှာ ကလေး ၁ ဒသမ ၃ ဦး အဆင့်သာရှိပေသည်။ လူထုသည် တစ်ခါတစ်ရံ တိုင်းတစ်ပါးသားများ လာနေကြခြင်းကြောင့် အလုပ်အကိုင်ရဖို့ ပိုကျပ်လာသည်။လုပ်အားခ ကျဆင်းလာသည်။ ရာဇဝတ်မှု တိုးလာသည်။ ဈေးတက်လာသည်။ ပြည်သူ့ပညာရေး ကျဆင်းလာသည်။ ဝန်ဆောင်မှုများ ဈေးမြင့်လာသည်။ အစရှိသဖြင့် မြင်ကြသည်။ တရားမဝင် ရွှေ့ပြောင်းများနှင့် အလုပ်လာလုပ်သူ များကို လူထုက သိပ်ပြီးအကောင်းမြင် ကြသည်တော့မဟုတ်ပေ။

အလုပ်အကိုင် ရှားပါးခြင်း၊ ဥပဒေချိုးဖောက်မှုများလာ ခြင်းနှင့် ဈေးကွက်ပုန်းများဖြစ်လာခြင်း တို့သည် ဈေးပေါသော တရားမဝင် လုပ်သားများကြောင့်ဟု ရွှေ့ပြောင်း ဆန့်ကျင်ရေး အတွေးအခေါ် တစ်ခုလည်း ရှိသည်။ တိုင်းပြည်အတော်များများတွင် ကောက်ယူထားသော လူထုစစ်တမ်းများ အရ ပြည်သူ လူထု အများစုက လက်ရှိ ရွှေ့ပြောင်း ဝင်ရောက်လာကြသူများ အရေအတွက်ကို လျှော့ချချင်ကြပြီး တရားမဝင် ဝင်ရောက်လာကြသူများ ကို မူရင်းဌာနေသို့သာ ပြန်ပို့လိုကြပေသည်။

ရုရှားတွင် စစ်တမ်းဖြေကြားခဲ့ ကြသူ သုံးပုံနှစ်ပုံခန့်က ရွှေ့ပြောင်းဝင် လာသူများ အရေအတွက် ကို လျှော့စေချင်ကြပြီး ၇၃ ရာခိုင်နှုန်းက တရားမဝင် ပြန်ပို့ပစ်လိုကြသည်။ မွေးဖွားနှုန်းနှင့် သေဆုံးမှုမညီ မျှခြင်းကြောင့် ကလေးမွေးဖွားမှု ကို မြှင့်တင်လိုကြခြင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ အမြန်ဆုံးအကောင် အထည်ဖော်ရန် ဖော်ပြပါ အစိုးရများအဖို့ မဖြစ်နိုင်ပေ။

ရွှေ့ပြောင်းဝင်ရောက်လာသူ များ၏ လုပ်အားဖြင့်သာ လုပ်သား အင်အားစု လျော့ပါးခြင်း၊ သက်ကြီး ရွယ်အို များလာခြင်းတို့ကို ထေမိအောင် လုပ်နိုင်ပြီး စီးပွားရေးတိုးတက်မှုကို ထိန်းနိုင်မည်။ တစ်ဖက်က လူမှုရေး ပြဿနာများ ပါလာမည်ဖြစ်သည်။ နိုင်ငံ သားတွေ နည်းလာတာကို ထိုင်ကြည့်မလား။ အပြင်လူတွေကို လက်ခံမလား ရွေးချယ်ရမည်။

ယခုနှစ် ကမ္ဘာ့ဂီတဆုတွေ Celine Dion ရနိုင်

ကမ္ဘာကျော် ကနေဒါ အဆိုတော် စလင်းဒီယွန်ကို ယခုနှစ် ကမ္ဘာ့ ဂီတ ဆုများနဲ့ ပတ်သက်တဲ့ ကဏ္ဍ ၄ ခုမှာ အမည်စာရင်း တင်သွင်းလိုက်ပါပြီ။  ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး အနုပညာရှင် ဆု (World’s Best Female Artist)၊ ကမ္ဘာ့ အ ကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်မှုဆိုင်ရာ သရုပ်ဆောင် ဆု (World’s Best Live Act )၊ တနှစ်တာ အတွင်း အကောင်း ဆုံး ဖျော်ဖြေတင်ဆက်သူ ဆု (World’s Best Entertainer of The Year)၊
စလင်းဒီယွန်ရဲ့ တေးအယ်လ်ဘန် တခုဖြစ်တဲ့ “ Sans attendre” ဆိုကိုလည်း ကမ္ဘာ့ အကောင်း ဆုံး တေး အယ်လ်ဘန် ဆု တွေအတွက် အမည်စာရင်းတင်သွင်းလိုက်တာ ဖြစ်တယ်လို့ စလင်းဒီယွန်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။  စလင်းဒီယွန်ကတော့ သူ့အနေနဲ့ ဒီဆုတွေ  ဖို့ သေချာအောင်လို့အတွက် ဆန္ဒမဲပေးကြဖို့လည်း တိုက် တွန်း နှိုးဆော်ထား ပါတယ်။

ရန်ပုံငွေ ရှာဖွေရေး ညစာ စားပွဲ တစ်ခုတွင် တေးသီချင်း သီဆို၍ ရန်ပုံငွေ ရှာဖွေ ပေးခဲ့သည့် ဂျက်ကီချန်း

M Chong Hwa ၏ ရန်ပုံငွေ ရှာဖွေရေး ဖျော်ဖြေပွဲနှင့် ညစာ စားပွဲတွင် ရစ်ချက် မေလ်လီ၏ လက်ပတ် နာရီ နှစ်လုံးနှင့် ပန်းချီကား တစ်ခုကို လေလံတင် ရောင်းချ ခဲ့ရာ မလေးရှား ရင်းဂစ် သုံးသန်း (စင်ကာပူ ဒေါ်လာ ၁ဒသမ၂ သန်း) ရရှိ ခဲ့သည့် ရန်ပုံငွေ ရှာဖွေရေး ပွဲတွင် ဟောင်ကောင် စူပါ စတား မင်းသား ဂျက်ကီချန်း ကိုယ်တိုင် ပါဝင် ခဲ့သဖြင့် အလွန် အံ့အား သင့်ဖွယ် ကောင်းကြောင်း သိရသည်။

လေလံတင် ပစ္စည်း တစ်ခု စီ၏ တန်ဖိုးသည် ရင်းဂစ် တစ်သန်း စီဖြစ်ပြီး ထိုနေ့က ရောင်းချ ရသည့် ပစ္စည်းများ အားလုံး၏ စုစုပေါင်း တန်ဖိုးမှာ ၁၃ ဒသမ ၅သန်းဖြစ်သည်။

အဆိုပါ အခမ်း အနားသို့ တရုတ် ကုန်သည် ကြီးများ အသင်း ဥက္ကဋ္ဌ တန်စရီ ဝီလျံချန်း၊ ဟွာလျန်း အဖွဲ့ အစည်း၏ ဥက္ကဋ္ဌ တန်ဆရီ တာကင်းယန်းနှင့် ကျောင်း အဖွဲ့ အစည်းမှ ဥက္ကဋ္ဌ တန်ဆရီ ဖန်ယင်ဟွာတို့ တက်ရောက် ခဲ့သည်။

၎င်း အကြီး အကဲ များသည် ဂျက်ကီချန်းအား တရုတ် သီချင်း နှစ်ပုဒ် သီဆို ပေးရန် ပွဲတောင်း၍ ရန်ပုံငွေ အဖြစ် ၁ ဒသမ၅ သန်း လှူဒါန်း ခဲ့သည်။မတ် ၂၄ ရက် ညပိုင်းက Dural Makur ခန်းမ၌ ကျင်းပသော အဆိုပါ ရန်ပုံငွေ အခမ်း အနားသို့ ဂျက်ကီချန်း ရောက်ရှိ လာသော အခါ ပရိသတ် ၁ဝဝဝဝ ခန့်က သောင်းသောင်း ဖြဖြ ကြိုဆို ခဲ့ကြသည်။ ဂျက်ကီချန်းသည် ယင်း အခမ်း အနား၌ အဖြူရောင် တီရှပ်ကို ဝတ်ဆင် ခဲ့ပြီး တောက် ပသော အပြုံး၊ နှိမ့်ချမှု ရှိသော ကိုယ်နှုတ် အမူ အရာဖြင့် ပရိသတ် များကို နှုတ်ဆက် ခဲ့ရာ ပရိသတ် များက ၎င်းတို့၏ လက်များကို ဝှေ့ယမ်း၍ ဂျက်ကီချန်း၏ ဖျော်ဖြေ မှုကို အားပေး ခဲ့ကြကြောင်း သိရ သည်။

နွေဦး နတ်သမီးလေး ကဲ့သို့ လှပ Girls' Generation အဖွဲ့မှ ဆိုယောင်း

ကမ္ဘာကျော် အဆို အဖွဲ့ ဖြစ်သော Girls' Generation အဖွဲ့မှ ဆိုယောင်းသည် နွေဦး နတ်သမီး ကဲ့သို့ လှပ နေသည့် သူမ၏ ဓာတ်ပုံ များကို သူမတို့ အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြ၍ နွေဦး ရာသီကို ကြိုဆိုသော စကားဖြင့် ပရိသတ် များအား နှုတ်ခွန်း ဆက်သ ခဲ့ကြောင်း သိရသည်။

နွေဦး၏ တေးသံကို စတင် ကြားရပြီ ဆိုသည်နှင့် ပန်းပွင့် များဖြင့် ခင်းကျင်း ထားသော ပန်းခင်း လမ်းကို လျှောက်ရ တော့မည် ဖြစ်ကြောင်း၊ ဂျပန် နိုင်ငံ၏ ကျက်သရေဆောင် ချယ်ရီပန်း များလည်း ယခု ရာသီတွင် ပွင့်လန်း နေပြီ ဖြစ်ပြီး ဂျပန်မှ အမျိုး သမီး လေးများ သည်လည်း ဟောင်ကောင်သို့ အလည် သွားရောက် ကြတော့ မည်ဖြစ်ကြောင်း ဆိုယောင်းက SMTOWN ဝက်ဘ် ဆိုက် တွင် ရေးသား ခဲ့သည်။

ဆိုယောင်း၏ ဓာတ်ပုံကို ကြည့်ရှုသူ ပရိသတ် များကလည်း ဆိုယောင်းသည် ချယ်ရီ ပန်းများ ထက်ပင် ပို၍ လှ ကြောင်း၊ ကိုရီးယား နိုင်ငံသို့ မည်သည့် အချိန်တွင် ပြန်လာမည်လဲ စသော စာသားများ ဝက်ဘ်ဆိုက်တွင် ရေးသား ကြသည်။

Girls' Generation အဖွဲ့သည် လက်ရှိတွင် ''2013 Girls' Generation Arena Tour'' ကမ္ဘာလှည့် ဖျော်ဖြေ ပွဲများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

နေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲကြို ခန့်မှန်းချက်

ပွဲစဉ် ၆ ပွဲစဉ်တွေ အပြီး လေးရက်အကြာမှာပဲ ပွဲစဉ် ၇ ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာပဲဖြစ်တယ်။ ၄ ရက်ခန့်သာ အနားယူရပြီး နောက်တစ်ပွဲ ပြန်လည်ကစားရမှာဖြစ်လို့ အသင်းတွေ အနည်းနဲ့အများ ပွဲပန်းမှု အခက်အခဲ အချို့တော့ ရှိကြမှာပါ။ ဒီတစ်ပတ်မှာတော့ တကယ့်ကို အသင်းကြီးတွေ ထိပ်တိုက်တွေ့ ဆုံနေကြလို့ ပွဲကြီးပွဲကောင်းတွေ ကြည့်ရဦးမှာပါ။ ပြီးခဲ့တဲ့တစ်မှာ လက်ရှိ ချန်ပီယံကို အနိုင်ယူထားတဲ့ ဧရာဝတီအသင်းက ရတနာပုံအသင်းနဲ့ တွေ့ဆုံနေသလို၊ ရန်ကုန် အသင်းကလည်း ကမ္ဘောဇ အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ဒါ့အပြင် ဇေယျာရွှေမြေ အသင်းကလည်း ယခုနှစ်ရာသီမှာ စုဖွဲ့မှု အကောင်းဆုံး ဖြစ်နေတဲ့ မကွေး အသင်းနဲ့ တွေ့ဆုံ နေပါတယ်။ ပွဲစဉ်တွေ အပြီးမှာတော့ ဇေယျာရွှေမြေ အသင်းကပဲ ဇယားထိပ်ဆုံးကို ဆက်လက် ဦးဆောင်ထားနိုင်ဦးမလား ဆိုတာ စိတ်ဝင်စား ဖို့ ကောင်းနေပါတယ်။
၂၉-၃-၂၀၁၃ ဧရာဝတီ - ရတနာပုံ
ပြီးခဲ့တဲ့ တစ်ပတ်မှာ လက်ရှိချန်ပီယံကို ဧရာဝတီတို့ အနိုင်ကစားနိုင်ခဲ့လို့ အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုတွေ ပြန်လည် အားကောင်းလာပြီပဲ ဖြစ်ပါတယ်။ တောင်ကြီးကွင်းမှာ အိမ်ရှင်အသင်းကို သရေကစားနိုင်တဲ့ ရတနာပုံအသင်းရဲ့ အနေအထားကို ကြည့်မယ် ဆိုရင် ပြည်တွင်းနည်းပြလက်ထက်မှာ အသင်းစုဖွဲ့မှု ပြန်လည် ကောင်းမွန်လာတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးရဲ့ အနေအထားက အတက်ဘက်ကို ဦးတည်နေတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုတွေမှာ ဧရာဝတီက နှစ်ကြိမ် အသာရထားပြီး တစ်ကြိမ်က သရေကျထားပါတယ်။ အစဉ်အလာအရ ဧရာဝတီအသင်းက ရတနာပုံအသင်းနဲ့ ဆုံတိုင်း အသာ ရတတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အပြန်အလှန်ကစားရင်း သရေ ဖြစ်သွားနိုင်ပါတယ်။
၂၉-၃-၂၀၁၃ ရန်ကုန် - ကမ္ဘောဇ
ပြီးခဲ့တဲ့တစ်ပတ်မှာ ဧရာဝတီအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ လက်ရှိချန်ပီယံ ရန်ကုန်တို့ ဖိအား အနည်းငယ် ၀င်နေပါပြီ။ ဇယားထိပ်ဆုံးက ဇေယျာရွှေမြေအသင်းနဲ့ အမှတ်ကွာဟမှု မကြီးမားစေဖို့ ရန်ကုန်အသင်း ဒီပွဲကို အမှားခံမှာ မဟုတ်ပါဘူး။ ကမ္ဘောဇ အသင်းက ရန်ကုန်အသင်းနဲ့ ဆုံတိုင်း အနည်းဆုံး သရေတော့ ရအောင် ယူတတ်တဲ့ အသင်းမျိုးဖြစ်တဲ့အပြင် တိုက်စစ်မှူး နူးနက်စ်ကလည်း အလွတ်တည်ကန်ဘောတွေကနေ အသင်းအတွက် အနိုင်ဂိုးတွေ ယူပေးနေတဲ့ ကစားသမားပါ။ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုတွေမှာ တစ်သင်းစီက တစ်ကြိမ်စီ အနိုင်ရထားကြပြီး တစ်ကြိမ်ကတော့ သရေကျထားပါတယ်။ ဒီတစ်ကြိမ်မှာလည်း အကြတ်အနယ်ကစားရင်း တစ်မှတ်စီ ခွဲယူကြဦးမှာပါ။
၃၀-၃-၂၀၁၃ ဇေယျာရွှေမြေ - မကွေး
အမှတ်ပေးဇယား ဒုတိယနေရာက ရန်ကုန်အသင်းကို အမှတ်ဖြတ်နိုင်ဖို့အတွက် ဇေယျာရွှေမြေတို့ မကွေးအသင်း နဲ့ပွဲကို အမှားခံမှာ မဟုတ်ပါဘူး။ မကွေးအသင်းရဲ့ ရလဒ်ပိုင်းက တစ်ပွဲနဲ့တစ်ပွဲ တည်ငြိမ်မှု မရှိသေးပေမယ့် ၆ ပွဲကစားပြီးမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းပါ။ ဒါကြောင့် ဇေယျာရွှေမြေ တို့ မကွေးကို လျော့တွက်ရင် ခံစားသွားရမှာ ပါ။ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုတွေ မှာ ဇေယျာရွှေမြေက နှစ်ကြိမ် နိုင်ထားပြီး မကွေးက တစ်ကြိမ် နိုင်ထားပါတယ်။ အိမ်ကွင်းပရိသတ်အား ရှိတဲ့ ဇေယျာရွှေမြေတို့ ဒီပွဲကို အနည်းဆုံး တစ်မှတ်နဲ့ သုံးမှတ်ရအောင် ကစားသွားမှာပါ။
၃၀-၃-၂၀၁၃ ဇွဲကပင် - နေပြည်တော်
ဇွဲကပင် အသင်းက နှစ်ပွဲဆက် သရေပွဲတွေသာ ရရှိနေပြီး နိုင်ပွဲ ပျောက်ဆုံးနေလို့ နေပြည်တော်နဲ့ပွဲမှာ အမှတ်ရအောင် ရုန်းမှာပါ။ နေပြည်တော် အသင်းက ဇွဲကပင်အသင်းနဲ့ ဆုံတိုင်း ဂိုးပြတ်တွေနဲ့ အသာရထားပေမယ့် ဒီတစ်ကြိမ်မှာတော့ အင်အားပိုမို တောင့်တင်းလာတဲ့ ဇွဲကပင်အသင်းကြောင့် အနည်းငယ် ရုန်းကန်ရနိုင်ပါတယ်။ ဇွဲကပင်အသင်းက နောက်တစ်ပွဲမှာ ကမ္ဘောဇနဲ့ ကစားရမှာ ဖြစ်လို့ နေပြည်တော်နဲ့ ပွဲမှာ အမှတ်ရသလောက်ယူမှာဖြစ်ပါတယ်။ နိုင်ပွဲလိုနေတဲ့ ဇွဲကပင်အသင်းရဲ့ ရုန်အား ကြောင့် နေပြည်တော်တို့ အမှတ်ခွဲပေးရနိုင်ပါတယ်။
၃၁-၃-၂၀၁၃ မနောမြေ - ဆောက်သမ်း
ပွဲစဉ် ၆ ပွဲကစားအပြီးမှာ နိုင်ပွဲမရရှိသေးတဲ့ မနောမြေတို့ ဆောက်သမ်းနဲ့ပွဲမှာ နိုင်ပွဲစတင်ရရှိအောင် ကြိုးစားမှာဖြစ်ပါတယ်။ ဆောက်သမ်း အသင်းက ပြည်တွင်းကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းဆိုပေမယ့် ရာသီအစမှာ ကမ္ဘောဇအသင်းကိုတောင် အဝေးကွင်းမှာ အနိုင်ကစားထားနိုင်တဲ့ အသင်းပါ။ နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုတွေမှာ တစ်သင်းစီက တစ်ကြိမ်စီအနိုင်ရထားပြီး တစ်ကြိမ်က သရေကျ ထားပါတယ်။ နိုင်ပွဲလိုအပ်နေတဲ့ မနောမြေတို့ ဒီပွဲမှာ အစွမ်းကုန်အားထည့်မှာ ဖြစ်ပေမယ့် ဆောက် သမ်းရဲ့ ရုန်းအားကြောင့် ခက်ခဲနိုင်ပါတယ်။ အကြိတ်အနယ်ကစားပြီးမှ မနောမြေတို့ ကပ်နိုင်သွားနိုင်ပါတယ်။
၃၁-၃-၂၀၁၃ ရခိုင်ယူနိုက်တက် - ဟံသာဝတီ
ရာသီအစမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ရခိုင်ယူနိုက်တက်အသင်းက ဟံသာဝတီကွင်းလယ် လူ မြင့်နိုင်၊ နောက်ခံလူဟောင်း ဘန်ဆန်တို့ကို ပြန်လည် ခေါ်ယူအားဖြည့်ထားပါတယ်။ ဟံသာဝတီ ယူနိုက်တက်အသင်းက ၆ ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားသေးလို့ နိုင်ပွဲ ရှာဖွေနေတဲ့ အသင်းပါ။ ရခိုင်ယူနိုက်တက်အသင်းရဲ့ ရုန်းအားကြောင့် ဟံသာဝတီတို့ အနည်းငယ် ရုန်းကန်ရနိုင်ပေမယ့် ဟံသာဝတီ အသင်းပဲ အနိုင်ရရှိသွားမှာပါ။
၂၉-၃-၂၀၁၃ ဧရာဝတီ - ရတနာပုံ ၄း၀၀ (အောင်ဆန်း)
၂၉-၃-၂၀၁၃ ရန်ကုန် - ကမ္ဘောဇ ၄း၀၀ (သုဝဏ္ဏ) Channel-7 Live
၃၀--၃-၂၀၁၃ ဇေယျာရွှေမြေ - မကွေး ၄း၀၀ (မုံရွာ)
၃၀-၃-၂၀၁၃ ဇွဲကပင် - နေပြည်တော် ၄း၀၀ (အောင်ဆန်း) Channel-7 Live
၃၁-၃-၂၀၁၃ မနောမြေ - ဆောက်သမ်း ၄း၀၀ (သုဝဏ္ဏ)
၃၁-၃-၂၀၁၃ ရခိုင်ယူနိုက်တက် - ဟံသာဝတီ ၄း၀၀ (အောင်ဆန်း) Channel-7 Live

ဂျူဗင်တပ်နှင့် ပွဲအတွက် ယုံကြည်မှု ရှိနေသော ဘိုင်ယန်

ဘိုင်ယန် ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါက ၎င်းတို့ အသင်းအနေဖြင့် လာမည့် အပတ်တွင် ရင်ဆိုင်ရမည့် ဂျူဗင်တပ် အသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အတွက် အသင့်ဖြစ်နေကြောင်း ပြောကြား ခဲ့သည်။ိုင်ယန်အသင်းသည်စနေနေ့ ဟမ်းဘတ် အသင်းနှင့် ပွဲစဉ်တွင် ရလဒ်ကောင်းတစ်ခုကို ရရှိခဲ့ပါက ဘွန်ဒစ်လီဂါ ချန်ပီယံ ဖြစ်မည် ဖြစ်ပြီး ယင်းပွဲစဉ်ပြီးမှ ဂျူဗင်တပ် အသင်းနှင့် ပွဲစဉ် ပထမ အကျော့ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမည် ဖြစ်သည်။ ရှဝိန်းစတိုင်ဂါက ဂျူဗင်တပ်နှင့် ပွဲအတွက် မိမိတို့ အသင့် ဖြစ်ကြောင်း၊ သို့သော် စနေနေ့ ဟမ်းဘတ် အသင်းနှင့် ပွဲစဉ်မှာ ရလဒ်ကောင်းရန်လည်း အာရုံစိုက်ရမည် ဖြစ်ကြောင်း၊ တကယ်လို့ ဘွန်ဒစ်လီဂါ ချန်ပီယံ စောစောဖြစ်ပါက အသင်းအတွက် အကောင်းဆုံး ဖြစ်ကြောင်း၊ ဂျူဗင်တပ်မှာ ခက်ခဲသော ပြိုင်ဘက်ဖြစ်ပြီး ကစားသမားကောင်းများကို ပိုင်ဆိုင် ထားကြောင်း ပြောကြားခဲ့သည်။

သရေရလဒ်ကြောင့် အခက်တွေ့သွားရသည့် အင်္ဂလန် အသင်း

အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်သည် မွန်တီနီဂရိုး အသင်းနှင့် ပွဲစဉ်တွင် ၎င်းတို့ အသင်း အဝေးကွင်း၌ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့ခြင်း အပေါ် အသင်းကို အပြစ်မမြင်ကြောင်း သိရသည်။ မွန်တီနီဂရိုး အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် အင်္ဂလန် အသင်းမှာ ခြေစွမ်းပိုင်း မကောင်းခဲ့သလို ခံစစ်ပိုင်း၌လည်း အားနည်းမှုများ ဖြစ်ပေါ်နေခဲ့၍ ယခုလို သရေရလဒ်နှင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်ပြီး ယင်း ပွဲအပြီးတွင် အင်္ဂလန် အသင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၃ ပွဲမြောက် သရေရလဒ်ကို ရရှိခြင်း ဖြစ်ကာ အုပ်စုဗိုလ် နေရာသို့ ရောက်ရှိရန်အတွက် လာမည့် လက်ကျန်ပွဲ အနည်းငယ်တွင် အမှားဖြစ်ခွင့် မရှိတော့ဘဲ ကြိုးစားရတော့မည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ မွန်တီနီဂရိုးနှင့် အဝေးကွင်း ပွဲစဉ်တွင် အင်္ဂလန် အသင်းမှာ ပထမပိုင်း ၆ မိနစ်တွင် ရွန်းနေ၏ သွင်းဂိုးဖြင့် အသာရေနေသော်လည်း ပွဲချိန် ၇၆ မိနစ်တွင် မွန်တီနီဂရိုး အသင်းကို ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲစဉ် အပြီးတွင် အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်က မိမိတို့ အသင်းမှာ အနည်းဆုံး Play-off တစ်နေရာကို မျှော်လင့် ရတော့မည် ဖြစ်ကြောင်း၊ ချေပဂိုးပြန်ပေးခဲ့ရသည့် အသင်း ခံစစ်အတွက် မိမိတို့မှာ လူသားများ ဖြစ်၍ အမှားမကင်းနိုင်သလို ဘောလုံးလောကမှာလည်း ယခုလို အခြေအနေများ ဖြစ်တတ်ကြောင်း ဆိုသည်။

ဂါဗင်ဟိုကို ရောင်းတော့မည့် အာဆင်နယ်

အာဆင်နယ် အသင်းသည် ၎င်းတို့ တိုက်စစ် ကစားသမား ဂါဗင်ဟိုကို ပေါင် ၁၂ သန်းဖြင့် တူရကီ ကလပ် ဂါလာတာစာရေး အသင်းသို့ ရောင်းချရန် စိတ်ဝင်စားနေသည်။ ယင်းအတွက် အာဆင်နယ် အသင်းသည် ဂါလာတာစာရေး အသင်းထံမှ ကမ်းလှမ်းမှုကို နားစွင့်နေသည်။ ဂါလာတာစာရေး အသင်းသည် အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲတွင် အိုင်ဗရီကို့စ် အသင်းအတွက် ခြေစွာနေခဲ့သည့် အသက် ၂၅ နှစ် အရွယ်ရှိ ဂါဗင်ဟို၏ ခြေစွမ်းကို အားရ၍ ခေါ်ယူရန် စိတ်ဝင်စား နေခြင်းဖြစ်သည်။ အာဆင်နယ် အသင်းမှာ ဂါလာတာစာရေး အသင်းမှ ဂိုးသမား မူဆလီယာနှင့် လီဗာပူးမှ ရေနာတို့ကို စိတ်ဝင်စား နေသည်။ အာဆင်နယ် အသင်းသည် ဒဏ်ရာကြောင့် ကာလရှည် နားနေရသည့် ကွင်းလယ်လူ ၀ီရှိုင်းယားကို လာမည့် ရီးဒင်း အသင်းနှင့် အိမ်ကွင်း ပွဲစဉ်တွင် အသင်းအတွက် ပါဝင်ကစားနိုင်ရန် မျှော်လင့် နေကြသည်။ အာဆင်နယ် အသင်းသည် လာမည့် နွေရာသီတွင် ကစားသမားများကို အပြောင်းအလဲ ပြုလုပ်သွားမည်ဟု သိရသည်။

ဂါလာတာစာရေးကို ထိတ်လန့်နေသည့် ရာမို့စ်

ရီးရဲလ် နောက်ခံလူ ရာမို့စ်သည် ဂါလာတာစာရေးနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွင် ပထမအကျော့ အိမ်ကွင်းတွင် အားသာချက် အပြည့်ယူကာ အနိုင်ကစားနိုင်မည်ဟု ယုံကြည်နေသည်။
ထို့အပြင် ဂါလာတာစာရေးမှာ ပြိုင်ပွဲတွင် အသင်းငယ် မျှသာ ဖြစ်သော်လည်း ခြိမ်းခြောက် ဖိအားပေးနိုင်စွမ်းရှိသည့် အသင်း ဖြစ်ကြောင်း အဆိုပါ စပိန် ခံစစ်မှူးက ယုံကြည်နေသည်။ ရာမို့စ်က မိမိတို့က အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပြီး ပေးဂိုး မရှိ ရလဒ်ကို ရယူထား ရမည် ဖြစ်ပြီး သို့မဟုတ်ပါက ဂါလာတာစာရေး အသင်းက မိမိတို့ကို အဝေးကွင်းမှာ အခက်တွေ့အောင် ပြုလုပ်မှာ သေချာကြောင်း ၊ ဂါလာတာစာရေး အသင်းမှာ မိမိတို့အတွက် ခက်ခဲစေသည့် အသင်း အဖြစ် မှတ်ယူထားရမည် ဖြစ်ကြောင်း ၊ ချန်ပီယံလိဂ်မှာ ဘယ်အသင်းကိုမျှ အထင်မသေးသင့်ကြောင်း ၊ ဂါလာတာစာရေး အသင်းမှာလည်း ယခုလို အဆင့်သို့ ထိုက်တန်စွာ ရောက်ရှိနေခြင်း ဖြစ်ကြောင်း ဆိုသည်။

မက်ဆီကို ချီကျူးလိုက်သည့် တော့တီ

အီတလီသား တိုက်စစ်မှူးကြီး တော့တီက ကမ္ဘာ့ဘောလုံး လောကတွင် သူ့ထက် တော်သည်မှာ မက်ဆီ တစ်ယောက်သာ ရှိကြောင်း ပြောဆိုလိုက်သည်။ ရိုးမား တိုက်စစ်မှူး ကြီးလည်း ဖြစ်ခဲ့သူ တော့တီက လက်ရှိ မီလန် တိုက်စစ်မှူး ဘာလိုတယ်လီမှာ မိမိတို့၏ ခြေစွမ်းမျိုးကို မီရန်မှာ လိုနေသေးကြောင်း၊ မိမိကဲ့သို့ပင် အသင်းအတွက်နှင့် ခြေစွမ်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်သူမှာ ဘာစီလိုနာနှင့် အာဂျင်တီးနား စတား မက်ဆီသာ ဖြစ်ကြောင်း၊ မိမိကဲ့သို့ အစွမ်းပြနိုင်သူမျိုး မတွေ့သေးကြောင်း အီတလီ ဘောလုံး လောကတွင် မိမိထက်သာသူ မရှိကြောင်း၊ နည်းပြ အနေနှင့် ဆိုလျှင် မာဆယ်လို လစ်ပီသည် အကောင်းဆုံး ဖြစ်ကြောင်း၊ ကာပယ်လို၊ စပါလက်တီတို့သည်လည်း ထူးချွန်သော နည်းပြများ ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ ၃၆ နှစ်ရှိပြီဖြစ်သော လစ်ပီမှာ အီတလီ လက်ရွေးစင် အသင်းတွင် ကစားလိုသေးသည်ဟု မကြာခင်ကမှ ပြောဆိုထားခဲ့သူဖြစ်သည်။

ထိပ်တန်း ကစားသမား ခေါ်ရန် အသင်းအား ဗန်ဒါဗတ် တိုက်တွန်း

ဟမ်းဘတ် အသင်း ကစားသမား ဗန်ဒါဗတ်က မိမိတို့ အသင်းသည် နာမည်ကြီး ကစားသမား များ ခေါ်ယူသင့်ကြောင်း အသင်းအား တိုက်တွန်းခဲ့သည်။ ဟမ်းဘတ် အသင်း အနေဖြင့် ဂျာမန် ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းနှင့် ယှဉ်ပြိုင် နိုင်ရန်နှင့် ဥရောပ ပြိုင်ပွဲ ၀င်ခွင့်ရရှိရန် အတွက် ထိပ်တန်း ကစားသမားများ လိုအပ်သည်ဟု ဗန်ဒါဗတ်က ပြောခဲ့ခြင်း ဖြစ်သည်။ သူက ဘိုင်ယန် အသင်းမှ ရော်ဘင်နှင့် ရီဘာရီတို့လို ကစားသမားများသည် အသင်းအတွက် ရလဒ် ပြောင်းလဲ ပေးနိုင်သည့် ကစားသမားများ ဖြစ်ပြီး ထိုကဲ့သို့ ကစားသမားမျိုး ခေါ်ယူ သင့်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဗန်ဒါဗတ်က မိမိတို့ အသင်းသည် ဥရောပ ပြိုင်ပွဲများမှာ ပါဝင်လိုနေပြီး ထို့အတွက် အသင်း၏ လိုအပ် ချက်များအား ပြောပြရန် စိုးရိမ်နေမှာ မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် အသင်းမှ လူငယ် ကစားသမား ဟောင်ဗင်ဆန်အား အသင်းမပြောင်းဘဲ ဟမ်းဘတ် အသင်းမှာ ဆက်လက် အတွေ့အကြုံ ယူရန် သူက အကြံပေးခဲ့သည်။

ဒီဇာတ်လမ်းကို ၀န်ခံရတာ ကျွန်တော်ရှက်တယ်----ဘာလော့တယ်လီ

အေစီမီလန်ကိုရောက်ပြီး ၆ပွဲမှာ ၇ဂိုးထိ သွင်းနိုင်ခဲ့သလို အီတလီအတွက် လည်း ခြေစမ်း ပွဲ ၂ပွဲမှာ ၃ဂိုး သွင်းနိုင်တဲ့အထိ ခြေစွမ်းပြနေတဲ့ ဘာလော့တယ်လီအတွက် ဒီကာလက ပျော်စရာ အကောင်းဆုံးဖြစ်နေ မှာပါ။ ဘာကြောင့်လဲဆိုတော့ ချစ်သူဟောင်း ရာဖယ်လာကို မန်စီးတီးနဲ့အတူ အတိတ်မှာထားခဲ့လိုက်တဲ့ ဘာလော့တယ်လီဟာ အသက် ၂၂နှစ်အရွယ် မော်ဒယ် နီဂူရှာနဲ့ ချစ်ကြိုးသွယ်မိနေပြီလို့ ၀န်ခံလာခဲ့လို့ပါပဲ။

ဘာလော့တယ်လီ ကစားတဲ့ပွဲတွေကို လာရောက်အားပေးခဲ့သလို သူ ဂိုးသွင်းပြီးတဲ့ အချိန်တွေမှာလည်း ချစ်သူအတွက် အောင်ပွဲခံနေတဲ့ နီဂူရှာရဲ့ပုံရိပ်တွေကို မြင်တွေ့ရတာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဘာလော့တယ်လီကတော့ ဒီဇာတ်လမ်းကို ၀န်ခံရတာ ရှက်တယ်လို့ ဆိုခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းက ခြောက်လရှိခဲ့ပါပြီ။ ဘာလော့တယ်လီရဲ့လူနေမှုစရိုက်အထိုင်ကျရင် ကွင်းတွင်းခြေစွမ်းလည်း ပိုကောင်းလာလိမ့်မယ်လို့ ဟောကိန်း ထုတ်ဖူးတဲ့ မန်စီနီရဲ့စကားအရဆိုရင်တော့ အီတလီနဲ့ အေစီမီလန်ပရိသတ်တွေအတွက် ကျေနပ် စရာဖြစ်လာနိုင်မှာပါ။

ဘန်ဆန်အား ပြန်လည်ခေါ်ယူခဲ့သည့် ရခိုင်ယူနိုက်တက်

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် ရလဒ်များ ဆိုးရွားနေသည့် ရခိုင်ယူနိုက်တက် အသင်းသည် ၄င်းတို့၏ ကွင်းလယ် ခံစစ်မှူးဟောင်း ဘန်ဆန်အား ခြောက်လသက်တမ်းရှိ စာချုပ် တစ်ရပ်ဖြင့် ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရသည်။
ဘန်ဆန်သည် ရခိုင်ယူနိုက်တက်အသင်း၌ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ဘောလုံးရာသီအစပိုင်းထိ အသင်း၌ ကစားခဲ့သူတစ်ဦးဖြစ်ပြီး အသင်းနှင့် လမ်းခွဲအပြီး သုံးလအကြာ၌ အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ကွင်းလယ်ခံစစ်မှူး ဘန်ဆန်က “ အရမ်းကို အံ့သြသွားပါတယ်။ အသင်းဥက္ကဋ္ဌကိုယ်တိုင်က ကမ်းလှမ်းလာတဲ့အတွက်ပါ။ ဒီအသင်းမှာ ကျွန်တော် ၂နှစ်ကစားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အသင်းနဲ့လမ်းခွဲခဲ့ရပေမယ့် ဒီကိုမလာခင် အထိ ရခိုင်အသင်းဟာ ကျွန်တော်စိတ်ထဲမှာ အမြဲအမှတ်တရ ရှိနေတဲ့အသင်းပါ။ အသင်းရဲ့သတင်းတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ချစ်တဲ့ ရခိုင်အသင်းမှာ ပြန်လည်ကစားခွင့်ရပါပြီ။ ကစားသမားအများစုဟာလည်း ကျွန်တော်နဲ့
ကစားလာခဲ့တဲ့ ကစားသမားတွေပါ။ နားလည်မှုရဖို့ အချိန်အများကြီး ယူစရာမလိုတော့ဘူးပေါ့။ နည်းပြချုပ်ဦးအောင်နိုင်နဲ့လည်း အဆင်ပြေပါတယ်။ ရခိုင်ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးပေးဆပ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ ရခိုင်ယူနိုက် တက်အသင်းသည် လာမည့် မတ် ၃၁ ရက် အောင်ဆန်းကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မူလတန်း ကျောင်းသား ကျောင်းသူများအား သုံးနှစ်ဆက်တိုက် နွားနို့တိုက်ကျွေးမည်

မြန်မာနိုင်ငံတွင် မျိုးဆက်သစ် လူငယ်များ ကိုယ်ခန္ဓာ ဖွံ့ဖြိုးရေး၊ ဥာဏ်ရည် ဖွံ့ဖြိုးရေးနှင့် ကျောင်း တက်မှန်ရေး တို့ကို အထောက်အကူ ဖြစ်စေရန် အတွက် မူလတန်း ကျောင်းသား ကျောင်းသူများအား သုံးနှစ်ဆက်တိုက် နွားနို့ တိုက်ကျွေးရန် စီစဉ်နေပြီ ဖြစ်သည်။

ထိုသို့ နွားနို့် နေ့စဉ်တိုက်ကျွေးမည့် အစီအစဉ်ကို ဆွီဒင်နိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခု၏ ကူညီမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ မူလတန်း ကျောင်းသား ကျောင်းသူ များ အား နွားနို့ နေ့စဉ် တိုက်ကျွေးမှုကို ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်မှ စတင်ကာ ဆောင်ရွက်ရန် စီစဉ်ထားသည်။

သုံးနှစ်ဆက်တိုက် နွားနို့ တိုက်ကျွေးမည့် အစီအစဉ်တွင် မူလတန်း ကျောင်းသား ကျောင်းသူ ၄၀၀၀၀ ခန့်တို့အား တိုက်ကျွေးရန် စီစဉ် ထားသည်။ အဆိုပါ မူလတန်း ကျောင်းသား ကျောင်းသူ များမှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်တို့မှ ဖြစ်ကြသည်။

ထိုသို့ နွားနို့ နေ့စဉ် တိုက်ကျွေးရာတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှ မူလတန်း ကျောင်းသား ကျောင်း သူဦးရေ ၁၇၅၀၀ နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ကျောင်းသား ကျောင်းသူ ၁၇၅၀၀ ဦးတို့ အပြင် နေပြည်တော်ရှိ ကျောင်းသား ကျောင်းသူ ၁၀၀၀၀ ဦးတို့အား တိုက်ကျွေး သွားရန် စီစဉ် ထားသည်။

မူလတန်း ကျောင်းသား ကျောင်းသူများအား နို့တိုက်ကျွေး ရာတွင် ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ် ကျောင်းစတင် ဖွင့်ရက်မှ နေ့စဉ် ကျောင်းသား ကျောင်းသူ တစ်ဦးလျှင် နွားနို့ ၂၀၀ မီလီမီတာ တိုက်ကျွေး သွားရန် စီစဉ်ထားသည်။

ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ်ကိုပြေနိုင်

မြွေပွေး အဆိပ်၏ သေစေ နိုင်သော သတ္တိကို ခွေးလှေးယား သီးစေ့ အနှစ်ရည်နှင့် ၎င်းအနှစ်ရည် ထိုးသွင်း ထားသော ယုန်၏သွေး ရည်ကြည် တို့က ချေဖျက် နိုင်စွမ်း ရှိကြောင်း ဆေးသုတေ သန ဦးစီးဌာန (အောက်မြန်မာ ပြည်)က သုတေသန ပြုလေ့လာ တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။ ခွေးလှေး ယားသီးစေ့ အနှစ်ရည် အချိုးအစား အမျိုးမျိုးကို မြွေပွေး အဆိပ်နှင့် ပေါင်းစပ်၍ ဓာတ်ခွဲ ခန်းတွင် မွေးမြူ ထားသည့် ကြွက်ဖြူ များ၏ အကြော အတွင်းသို့ ထိုးသွင်း စမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီ ဂရမ်သည် မြွေပွေး အဆိပ်ကို ချေဖျက် နိုင်သည့် အပြင် ခွေးလှေး ယားသီး အနှစ်ရည် တစ်ပတ် တစ်ကြိမ်ဖြင့် သုံးကြိမ် ထိုးထားသော ယုန်များ၏ သွေးရည် ကြည် ၁၀၀ မိုက်ခရို လီတာ သည်လည်း မြွေပွေး အဆိပ်၏ သေစေ နိုင်သော သတ္တိကို ချေဖျက် နိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ခွေးလှေး ယားသီးစေ့ အနှစ်ရည်ရဲ့ အချိုးအစား ပေါ်မူတည်ပြီး မြွေပွေး အဆိပ်ကို ၁၀၀ ရာခိုင်နှုန်း ချေဖျက် နိုင်ပါတယ်” ဟု သုတေသန ပြုလုပ်မှုတွင် ပါဝင်သူ ဒေါက်တာ ဒေါ်အေးအေးမြင့် က ပြောသည်။

မြွေဆိပ် ဖြေဆေး ထုတ်လုပ်ရန် အတွက်မူ ခွေးလှေး ယားသီးစေ့ အနှစ်ရည်၏ ဘေးထွက် ဆိုးကျိုး များနှင့် မြွေပွေး အဆိပ်ကို ချေဖျက်နိုင်မည့် အနှစ်ရည် ပမာဏ ကိုလည်း တိတိကျကျ ဖြစ်စေရန် သုတေ သနများ ဆက်လက် ပြုလုပ်ရမည်ဟု ၎င်းက ဆိုသည်။ မြေဆိပ်ဖြေဆေးများအား ကျေးလက်ကျန်းမာရေး ဆေးခန်းများအထိ ထားရှိပေးထားသော်လည်း အရေအတွက်နည်းပါးလွန်း သဖြင့် လုံလောက်အောင် ထိုးပေးနိုင်ခြင်းမရှိကြောင်း မြွေကိုက်ခံရမှု ကာကွယ်ရေးစီမံချက်မှ သိရသည်။

“အခုက ပဲစိုက် ရာသီ ရောက်ပြီလေ။ ဒီမှာက မြွေပွေး အရမ်းပေါတယ်။ အကိုက်ခံရ တာလည်း များတယ်။ အခုလို မြွေဆိပ်ဖြေဆေး နည်းအသစ်ကို ဆေးအဖြစ် ထပ်ထုတ် နိုင်ရင်တော့ တောင်သူ တွေအတွက် ပိုပြီး ကောင်းလာမယ် ထင်တယ်” ဟု မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့မှ ဒေသခံ ပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး များသည် မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု အများဆုံး ဒေသများ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် ဆေးရုံ ဆေးခန်း များ၏ စာရင်းများအရ မြွေကိုက်ခံရ မှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၀၀၀ ကျော် အသက် ဆုံးရှုံး လျက်ရှိသည်။ အဆိပ်ရှိသော မြွေကိုက် ခံရမှု စုစုပေါင်း၏ ၈၀ ရာခိုင် နှုန်းကျော်မှာ မြွေပွေး ကိုက်ခံရမှု များဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ တွင် မြွေဆိပ်ဖြေဆေး ကို မြင်း၏သွေးဖြင့် အဓိကထား အသုံးပြု၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံလောက်သည့် ပမာဏ မထုတ်လုပ်နိုင်သေးပေ။ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) သည် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ကြက်ဥ အနှစ်ကို အသုံးပြု၍ မြွေပွေး အဆိပ်အား ချေဖျက် နိုင်သော မြွေဆိပ် ဖြေဆေး ထုတ်လုပ် နိုင်ခဲ့သည်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တွေက မျက်စိကို ကျန်းမာစေနိုင်

ဟင်းနု နွယ်ရွက်၊ မုန်ညင်း၊ ကိုက်လန် တို့လို အစိမ်းရောင် ဟင်းရွက် တွေမှာ ဟင်းနု နွယ်ရွက်၊ မုန်ညင်း၊ ကိုက်လန် တို့လို အစိမ်းရောင် ဟင်းရွက် တွေမှာ သံဓာတ်၊ ဘီတာ ကယ်ရိုတင်း၊ ဗီတာမင်စီနဲ့ အီး၊ ဖောလိတ်နဲ့ ကယ်လ်စီယမ်တို့ အပြည့်ပါဝင် တာကြောင့် ခန္ဓာကိုယ်ကို သန်စွမ်း ကျန်းမာ စေပါတယ်။ အစိမ်းရောင် ဟင်းရွက် တွေမှာ လူတင်ဓာတ်လည်း ပါဝင် တာကြောင့် အသက်ကြီး တာနဲ့ ဆက်စပ် နေတဲ့ မက်ကူ လာယို ယွင်းမှုနဲ့ အတွင်းတိမ် ရောဂါတို့ မဖြစ် အောင် ကာကွယ် နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ ဆေးဝါးသုံးစွဲမှု

ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ တချို့ ဆေးတွေကို သောက်နိုင်၊ သောက်သင့်ပေမဲ့၊ တချို့  ဆေးတွေကတော့ ကလေးအသက် အန္တရာယ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ထိခိုက်မှုတွေ အထိတောင် ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုပါတယ်။

အခုလို ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးဝါးအန္တရာယ်မသိဘဲ ဆေးဝါးသုံးစွဲသောက်နေတဲ့ အနေအထား မြန်မာနိုင်ငံမှာ ဘယ်လိုရှိနေပါသလဲ။ ဘယ်လို ဆေးအမျိုးအစားတွေ ကို သောက်သုံးနိုင်၊ သောက်သုံးသင့်ပြီး၊ ဘယ်လိုဆေးမျိုးတွေကိုတော့ ရှောင်ရှားသင့်ပါသလဲ။

ဒီအကြောင်း အသေးစိတ် သိရှိနိုင်ဖို့ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင် အာဟာရချို့တဲ့မှု

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အာဟာရချို့ တဲ့တာကြောင့် မိခင်နဲ့ကလေး ကျန်းမာရေး ထိခိုက်စေပြီး၊ တခါတရံမှာ သေဆုံးမှု့တွေအထိပါ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေး ပြော ဆိုနေကြပါတယ်။

အခုလို မိခင်တွေအာဟာရချို့ တဲ့မှု အနေအထား မြန်မာနိုင်ငံမှာ ဘယ်လိုရှိနေပြီး၊ ဘာကြောင့် အခုလို အာဟာရချို့တဲ့မှု့တွေ ဖြစ်နေရတာပါသလဲ။ ကာကွယ်နိုင်ဖို့အတွက် အယူအဆ မှားတွေကို သိပြီး၊ လိုအပ်တဲ့ အာဟာရရှိတာတွေကို မျှမျှတတ ပြည့်စုံအောင် စားဖို့လိုပါတယ်။ ရှောင်သင့်တာတွေရော ရှိနေပါသလား။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။