18.2.15

“ထူးဖောင်ဒေးရှင်း နာယကမှ နိုင်ငံတော် ကာကွယ်ရေး တာဝန်များ ထမ်းဆောင်ရင်း အသက်စွန့်လှူသွားသော တပ်မတော်သား မိသားစုများ၏ သား/သမီးများ ပညာရေးအတွက် အလှူငွေကျပ် သိန်း(၁)ထောင်လှူဒါန်း”


ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ စီစဉ်ညွှန်ကြားမှုဖြင့် ထူးဖောင်ဒေးရှင်း တာဝန်ရှိသူများသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များ ထမ်းဆောင်ရင်း အသက်စွန့်လှူသွားသော တပ်မတော်သား မိသားစုများ၏ သား/သမီးများ ပညာရေးအတွက် အလှူငွေကျပ် သိန်း(၁)ထောင်အား ဖေဖော်ဝါရီလ (၁၇)ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထူးဖောင်ဒေးရှင်း နာယကမှ လှူဒါန်းသော ငွေကျပ် သိန်း(၁)ထောင်ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးမှ လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။
ထူးဖောင်ဒေးရှင်း အနေဖြင့် တိုင်းပြည်၏ အချုပ်အချာအာဏာကို ကာကွယ်ရင်း နိုင်ငံအတွက် အသက်ပေးလှူခဲ့သည့် တပ်မတော်သားများကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်ခဲ့သည့် မိသားစုများ၏ သား/သမီးများ ပညာရေးအတွက်ကူညီလှူဒါန်းနိုင်ခဲ့သည့်အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားအပ်ပါသည်။
Credit to>>>Htoo Foundation

0 comments:

Post a Comment