ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.9.16

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သုံးငွေတွင် ကျပ် ၁၈၃၀ ဘီလျံ ပိုမိုသုံးစွဲခဲ့သည့်အတွက် စုစုပေါင်းလိုငွေ ကျပ် ၃၁၅၅ ဘီလျံ ဖြစ်ပေါ်ခဲ့ရာတွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လိုငွေဖြစ်ပေါ်ခဲ့ခြင်းက အဓိကအကျဆုံးဖြစ်နေဟု အစီရင်ခံစာတွင် ဖော်ပြ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ရငွေပိုင်းတွင် လျော့နည်းခဲ့သော်လည်း သုံးငွေတွင် ကျပ် ၁၈၃၀ ဒသမ ၉၈၅ ဘီလျံ ပိုမိုသုံးစွဲခဲ့သည့်အတွက် စုစုပေါင်းလိုငွေ ကျပ် ၃၁၅၅ ဘီလျံ ဖြစ်ပေါ်ခဲ့ရာတွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လိုငွေဖြစ်ပေါ်ခဲ့ခြင်းက အဓိကအကျဆုံး ဖြစ်နေကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စက်တင်ဘာ ၁၂ ရက်က အစီရင်ခံစာ တင်သွင်းခဲ့သည်။

၂၀၁၆ နှစ်ကုန်တွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်နှင့် အလယ်အလတ်ဟိုတယ် အခန်းအရေအတွက်မှာ ၂၀၁၃ ခုနှစ်ထက် သုံးဆခန့် မြင့်တက်လာမည်ဖြစ်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ဟိုတယ်အခန်းခများ ကျဆင်းလာ


၂၀၁၆ နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်နှင့် အလယ်အလတ် ဟိုတယ် အခန်းအရေအတွက်သည် ၂၀၁၃ ခုနှစ်ကထက် သုံးဆခန့် မြင့်တက်လာမည်ဖြစ်ပြီး ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ခရီးသွားများ အနေဖြင့် ဟိုတယ်အခန်းခများ ကျဆင်းလာသည့် အကျိုးကျေးဇူးကို ရရှိလာမည်ဖြစ်ကြောင်း အမေရိကန် အခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Colliers International က ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့်  တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ရန်ကင်းတွင် ယခုနှစ်အတွင်း စီးပွားရေးအချက်အချာ ဗဟိုနယ်မြေ ဖော်ထုတ်မည်

စီးပွားရေးအချက်အချာ ဗဟိုနယ်မြေတစ်ခုကို ယခုနှစ်အ တွင်း စတင်ဖော်ထုတ်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာန မှူး ဦးတိုးအောင်က ပြောသည်။

မြစ်ဆုံစီမံကိန်း မြေပြင်အခြေအနေ လေ့လာရန် ကော်မရှင် ကချင်ပြည်နယ်သွားမည်

လူထု ကန့်ကွက်မှု ကြောင့် ငါးနှစ်ကြာ ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်၍ သမ္မတထံ တိုက်ရိုက် အစီရင်ခံစာ တင်ပြရမည့် မြစ်ဆုံစီမံ ကိန်း လေ့လာသုံးသပ်ရေး ကော် မရှင် အဖွဲ့ဝင်များ မြစ်ဆုံဒေသသို့ သွားရောက်ကာ မြေပြင် အခြေ အနေများကို သုံးရက်ခန့် လေ့လာမည်ဟု သတင်းရရှိသည်။

သီလ၀ါဆိပ်ကမ်းဒေသတွင် ကုမ္ပဏီသုံးခုသာ ဆိပ်ခံတံတားနှင့် သိုလှောင်ကန်စခန်း တည်ဆောက်ပြီးစီးဟုဆို

သီလ၀ါဆိပ်ကမ်းတွင် ဆိပ်ခံတံတားနှင့် သိုလှောင်ကန် စခန်းတည်ဆောက်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီ ၁၄ခုသို့ လုပ်ကိုင်ခွင့်ချပေးခဲ့သည်မှာ သုံးနှစ်ခန့်ကြာပြီဖြစ်သော်လည်း ကုမ္ပဏီသုံးခုသာ တည်ဆောက်ပြီးစီးခဲ့ ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။

မဲသဝေါတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအပေါ် ကေအင်န်ယူပြောဆို

မဲသဝေါဒေသတွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်၏ စစ်ရေးလှုပ်ရှားမှုကို ကန့်ကွက် ကြောင်းနှင့် ဖြစ်ပွားနေသည့်လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့် ရန် ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူက တောင်းဆိုလိုက် သည်။

ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ရာတွင် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့နိုင်ကြောင်း ပြည်တွင်းအော်ပရေတာသုံးခု ပြော

ဆက်သွယ်ရေး အော်ပရေတာများအတွက် ကွန် ရက်တိုးချဲ့ရာတွင် အခက်အခဲ များ ရင်ဆိုင်ရဆဲဖြစ်ပြီး နောက်ပိုင်း၌ စိန်ခေါ်မှုပိုမိုများပြားလာနိုင်ကြောင်း ပြည်တွင်းအော်ပရေတာသုံးခုမှ တာဝန်ရှိသူများက ပြောကြားသည်။

ရန်ကုန်တွင် အိမ်ခြံမြေ ရောင်းဝယ်ရာမှ အခွန်ကျပ် ၁၀ ဘီလီယံ ရရှိထားဟုဆို

ယခုဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်အထိ ငါးလအတွင်းရန် ကုန်တိုင်းတွင် အိမ်ခြံမြေရောင်း ၀ယ်ခြင်းမှ အခွန်ငွေကျပ် ၁၀ ဘီလီယံ ကောက်ခံရရှိထား ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သတင်းရရှိသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် တစ်နှစ် ကို ၁၁ ဘီလီယံလောက် ဆုံးရှုံးနစ်နာနေ တဲ့ ဘန်ကောက်

ထိုင်းရဲ့ ဘန်ကောက်မြို့မှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စီးပွားရေးဘက်က ကြည့်ရင် တစ်နှစ်ကို ဘတ် ၁၁ ဘီလီယံ လောက်ထိ ဆုံးရှုံးနစ်နာနေစေလျက်ရှိကြောင်း လေ့လာချက်တစ်ရပ်အရ သိရပါတယ်။မြို့ပေါ်နေ ပြည်သူတွေအနေနဲ့ ယခင်နှစ်ကထက်စာလျင် ယခုနှစ်မှာ လမ်းပေါ်မှာ အချိန်ကုန်ရမှု ၃၅ မိနစ် ပိုများလာခဲ့တယ်လို့လည်း ယင်းလေ့လာချက်မှာ ဆိုထားပါတယ်။

၁၀၆ မဂ္ဂါဝပ်သဘာဝဓာတ်ငွေနဲ့စွန့်ပစ်အပူပေးဓါတ်အားပေးစက်ရုံ အပါအ၀င် ပြည်တွင်းပြည်ပလုပ်ငန်း ၂၃ ခုကို MIC ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း တစ်သောင်းကျော်ပေးနိုင်မယ်


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ၁၇/၂၀၁၆ အစည်းအဝေးကနေ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူပေးဓါတ်အားပေးစက်ရုံလုပ်ငန်းအပါအ၀င် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃ ခုကိုခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၁နှစ်အတွင်း ဥရောပဒေသက ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးက မြန်မာနဲ့ ဂျပန် တို့ဖြစ်


ကမ္ဘာ့ဦးဆောင် ခရီးသွားဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ Agoda က ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း ဥရောပဒေသက ခရီးသွားတွေလာရောက်မှုနှုန်းအမြင့်မားဆုံးဖြစ်ခဲ့တဲ့ အာရှဒေသရဲ့ ခရီးသွားနေရာတွေကို ထုတ်ပြန်ခဲ့ရာမှာတော့ ယင်းတို့ထဲမှာ ဂျပန်နဲ့ မြန်မာနိုင်ငံတို့က ဆွဲဆောင်မှုအရှိဆုံး ခရီးသွားနိုင်ငံတွေအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။