ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

10.9.15

ပျားလုပ်ငန်းအခြေခံပြီး ကမ္ဘာလှည့်ခရီးသွားများလေ့လာနိုင်ရန်နှင့် ပျားရည်ဈေးကွက်ချဲ့ထွင်နိုင်ရေး လုပ်ဆောင်မည်

ပျား လုပ်ငန်းအခြေခံကာ ကမ္ဘာလှည့် ခရီးသွားများ လေ့လာနိုင်ရန်နှင့် ပျားရည်ဈေးကွက် ချဲ့ထွင်နိုင်ရေးကို ပျားလုပ်ငန်းဖွံ့ဖြိုးမှုဗဟိုဌာနက လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မွေးမြူ
ရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ယာဉ်စီးခများပြောင်းလဲသတ်မှတ်ရန် ခရီးစဉ်ပိုင်းဖြတ်မှုအသစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဆိုင်းငံ့

မထသ (ဗဟို)က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည့် ယာဉ်စီးခများ ပြောင်းလဲသတ်မှတ် ရန် ခရီးစဉ်ပိုင်းဖြတ်မှုအသစ်ကို ခေတ္တဆိုင်းငံ့ထားကြောင်း မထသ (ဗဟို)မှ သိရသည်။
''ကျွန်တော်တို့ဆီကိုရောက်လာတဲ့စာထဲမှာ ခေတ္တဆိုင်းငံ့ထားသည် လို့ပဲပါတယ်။ တခြားမပါပါဘူး။ ဘာ ကြောင့်လဲဆိုတာတော့ ကျွန်တော် တို့မသိပါဘူး။ ဒါပေမဲ့ ၂၀၁၅ခုနှစ်အ တွင်းမှာတော့ ဖြစ်လာမယ်လို့ထင်ပါ တယ်''ဟု မထသ(ဗဟို)အတွင်းရေး မှူး ဦးဘမြင့်က ပြောကြားသည်။
ယာဉ်စီးခ ပြန်လည်သတ်မှတ် ခြင်းကိုလည်း ပြင်ပတွင် လွဲမှားစွာ ထင်မြင်ယူဆမှုများရှိနေကြောင်း မထသ(ဗဟို)အတွင်းရေးမှူးက ထပ် မံပြောကြားသည်။
''တချို့မီဒီယာတွေရဲ့ဖော်ပြချက် တွေမှာ ယာဉ်စီးခတိုးမြှင့်ကောက်ခံ တယ်၊ နှစ်ဆတိုးတယ် ဆိုတာတွေ တွေ့ပါတယ်။ တကယ်တော့ ပထမ ဆုံးစဉ်းစားရမှာက ယာဉ်ပေါ်တက် တက်ချင်း ၂၀၀ မပေးရတာက အား သာချက်တစ်ခုပါ။ ဥပမာပြောရရင် ပါရမီယာဉ်တွေဟာ အစအဆုံးစီးရင် ၂၀၀။ အခု ၄၀၀ ဖြစ်သွားတယ်။ဟုတ်ပါတယ်။ ဒါပေမဲ့ ပါရမီကနေ လှည်းတန်း၊ ဆူးလေ။ ဆူးလေကနေ ပါရမီထိပြန်ပတ်။ ခရီးသည်တွေဟာ အများအားဖြင့် မြို့ထဲသွားကြသူတွေ ပါ။ ဒါကိုဘယ်သူမှ အစအဆုံးပတ်စီး မနေပါဘူး။ တကယ်ဆို မိုင်နဲ့ ပြန် သတ်မှတ်တာ အစအဆုံးဆို ၆၀၀ ကျ မှာပါ။ ဒါပေမဲ့ တကယ်လို့များ ပတ် စီးတဲ့သူရှိခဲ့ရင်ဆိုပြီး ၄၀၀ ပဲသတ်မှတ် ပေးထား တာပါ။ စော်ဘွားကြီးကုန်း မှတ်တိုင်ကနေ လှည်းတန်းကို ကျပ် ၁၀၀၊ လှည်းတန်းကနေမြို့ထဲ ဆူးလေ ထိ ကျပ် ၁၀၀၊ စုစုပေါင်း ကျပ် ၂၀၀ ပါပဲ။ အတူတူပါပဲ။ ဒါက တစ်လိုင်းပဲ ဥပမာပြထားတာပါ။ ကျွန်တော်တို့ က စနစ်တစ်ခုကို ဖော်ဆောင်ကြည့် တာပါ။ ဒါကိုအားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့လိုပါတယ်။ ယာဉ် စီးခတွေက နှစ်ဆတက်တယ်ပြော တော့ ခွင့်ပြုရမယ့်လူတွေကလဲ နည်း နည်းတော့စဉ်းစားရမှာပေါ့။ ဒါတွေ ကို ပြည်သူတွေအထင်မလွဲစေချင်ပါ ဘူး''ဟု မထသ(ဗဟို)အတွင်းရေး မှူးက ပြောကြားသည်။
ယာဉ်စီးခနှုန်းထားများ ပြန် လည်သတ်မှတ်ပြီးပါကလည်း ခရီး စဉ်ပိုင်းဖြတ်မှုဇယားအသစ်များကို ယာဉ်များတွင် ပြည်သူအများမြင် သာ အောင် ကပ်ပေးထားမည်ဖြစ်သည်။
''အစိုးရအဖွဲ့က အတည်ပြုပြီး စတင်ကောက်ခံတော့မယ်ဆိုတာနဲ့ ယာဉ်တွေရဲ့တစ်ဖက်တစ်ချက်စီမှာ ပြည်သူအများမြင်သာအောင် ကပ် ပေးမှာပါ။ ပြီးရင် ကားတွေကိုစစ်ဆေး မှာပါ။ မကပ်တဲ့ကားတွေကို မထွက် ခိုင်းပါဘူး။ ထင်သာမြင်သာရှိအောင် လဲ အစိမ်းရောင်ခံပေါ်မှာ အဖြူစာလုံး နဲ့ စာလုံးဆိုဒ်ကအစ အရောင်အဆုံး အကုန် သေချာ လုပ်ထားပါတယ်'' ဟု မထသ(ဗဟို)မှ တာဝန်ရှိသူက ပြောကြားသည်။

Credit To >>> Democracy News

မူလ NLD ပါတီဝင် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သူများကို အရေးယူမည်ဟုဆို

လာမည့် အထွေထွေရွေးကောက်ပွဲတွင် မူလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဖြစ်သော်လည်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အဖြစ် ယှဉ်ပြိုင်မှုများကို ပါတီတွင်း စည်းကမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

ပါဝါအိပ်ဇောတပ်ယာဉ်များ သက်တမ်းတိုးပေးတော့မည်မဟုတ်ဟုဆို

 
ယာဉ်အား ပါဝါအိပ်ဇောတပ် ဆင်ထားခြင်းတွေ့ရှိပါက ယာဉ်သက် တမ်းတိုးခြင်းဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး နှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ကညနသို့အသိပေး ခြင်းမရှိဘဲ ယာဉ်အစိတ်အပိုင်းများလဲ လှယ်ထားပါကလည်း ဒဏ်ကြေးပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ကျပ်ငွေအစား ဒေါ်လာသုံးစွဲမှုများအား ယခုနှစ်မကုန်မီ ဥပဒေဖြင့်အရေးယူရန်ပြင်ဆင်


တရားမဝင် ငွေကြေးဈေးကွက် ကို တိုက်ဖျက်သွားရန်အတွက် ကျပ် ငွေအစား ဒေါ်လာအသုံးပြုနေခြင်း များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ငွေကြေးဥပဒေဖြင့် ယခုနှစ်မကုန် မီ အရေးယူမှုများ ဆောင်ရွက်သွား နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနနှင့် ဗဟိုဘဏ်၏ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဝင်းသော်၏ ပြောကြားချက်အ ရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ ၁၆၈၆ ဦး ခန့်ထားမည်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ ၁၆၈၆ ဦး ခန့်ထားမည်ကြောင်း အရှေ့ပိုင်းခရိုင် ဒုတိယရဲမှူးကြီးမြင့်ထွေးက ပြောကြားသည်။

လွှတ်တော်များ ရပ်နားလိုက်သည့်အတွက် Condominium Law မှာ ယခုအစိုးရ သက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ဖွယ် မရှိသဖြင့် ရပ်ဆိုင်းလု အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်စေရန် အခွင့်အလမ်း နည်းပါးသွား

နိုင်ငံခြားသားများကို ၀ယ်ယူခွင့်ပြုမည့် အချက် ပါဝင်မှုကြောင့် ရပ်ဆိုင်းလုဖြစ်နေသည့် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာစေနိုင်သည့် Condominium Law မှာ လွှတ်တော်များ ရပ်နားလိုက်သည့်အတွက် ယခုအစိုးရ သက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ဖွယ် မရှိတော့သဖြင့် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာရန် အခွင့်အလမ်း နည်းပါးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းရေးအတွက် ဝေဇယန္တာလမ်းပေါ်တွင် နှစ်ထပ်လမ်းစီမံကိန်း အကောင်အထည်ဖော်ရန် JICA က အဆိုပြုထား

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးအတွက် ဝေဇယန္တာလမ်းပေါ်တွင် နှစ်ထပ်လမ်း (Elevated Road) များ အကောင်အထည်ဖော်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အဆိုပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။

"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် သမ္မတနှင့် တိုင်းရင်းသားခေါင်းဆောင်များ စတင်ဆွေးနွေး"


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)အတွက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် ကိုးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ နေပြည်တော်တွင် ညှိနှိုင်းဆွေးနွေးနေကြပြီ ဖြစ်သည်။

လယ်ယာကဏ္ဍ ပြန်လည်ထူထောင်ရေး ကျပ် ၁၂၀ ဘီလီယံဝန်းကျင် လိုအပ်ဟုဆို

 ရေကြီးနစ်မြုပ်မှု ကြောင့် ပျက်စီးသွားသော လယ် ယာစိုက်ပျိုးရေးကဏ္ဍ ပြန်လည် ထူထောင်ရေး ငွေကျပ်ဘီလီယံ ၁၂၀ ခန့်လိုအပ်မည်ဟု ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်ကပြော သည်။

ကနေဒါ ရဟတ်ယာဉ်ကုမ္ပဏီ BELL က VIP ခရီးစဉ်သုံး ရဟတ်ယာဉ်သစ် မိတ်ဆက်ပြသ


ကနေဒါအခြေစိုက် ရ ဟတ်ယာဉ်ထုတ်လုပ်သည့် ကုမ္ပ ဏီိ Bell က မြန်မာနိုင်ငံတွင် ဈေး ကွက်ချဲ့ထွင်ရန် BELL 429WLG အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို လာရောက်မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။