10.9.15

ပါဝါအိပ်ဇောတပ်ယာဉ်များ သက်တမ်းတိုးပေးတော့မည်မဟုတ်ဟုဆို

 
ယာဉ်အား ပါဝါအိပ်ဇောတပ် ဆင်ထားခြင်းတွေ့ရှိပါက ယာဉ်သက် တမ်းတိုးခြင်းဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး နှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ကညနသို့အသိပေး ခြင်းမရှိဘဲ ယာဉ်အစိတ်အပိုင်းများလဲ လှယ်ထားပါကလည်း ဒဏ်ကြေးပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

''စတေကာကပ်တာ၊ ဂီယာလဲတာ၊ အဲဒါတွေလိုမျိုး ကညနကိုအသိမပေးဘဲ လဲလှယ်ထားမယ်ဆိုရင် ဒဏ်ခတ်မှာပါ။ ဒါပေမဲ့သက်တမ်းတိုးခြင်း လုပ်ဆောင် ပေးမှာပါ။ ပါဝါအိပ်ဇောတပ်ထားတာ တွေ့ရှိရင်တော့ ယာဉ်သက်တမ်း မတိုး ပေးပါဘူး''ဟု ကညနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ပေးဆောင်ရမည့်ဒဏ်ကြေးမှာ ငွေကျပ်တစ်သောင်းဖြစ်ကြောင်း သိ ရသည်။
''ပါဝါအိပ်ဇောက တရားဝင်ကန့် သတ်ထားတာပါ။ နဂိုပါတဲ့ပါဝါအိပ်ဇော ဆိုရင်တော့ တစ်မျိုးပေါ့။ ယာဉ်မှတ်ပုံ တင်မှာပါဝင်တဲ့အစိတ်အပိုင်းမဟုတ် ရင်တော့ ဒဏ်ခတ်မှာပါ''ဟုပြောသည်။
အဆိုပါ ပါဝါအိပ်ဇောတပ်ကား များမှာ ဘာသာရေးနှင့်သက်ဆိုင်သည့် အဆောက်အအုံများ ဆေးရုံများအနီး သွားလာပါက အနှောင့် အယှက်ဖြစ်စေ နိုင်သည့်အတွက် ဖြစ်နိုင်ကြောင်း ယာဉ် မောင်း များက ပြောသည်။
ယာဉ်အစိတ်အပိုင်းပြောင်းလဲ တပ်ဆင်လိုပါက မော်တော်ယာဉ်အား ယာဉ်မှတ်ပုံတင်နှင့်တကွ လျှောက်ထား နိုင်ကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment