10.9.15

ယာဉ်စီးခများပြောင်းလဲသတ်မှတ်ရန် ခရီးစဉ်ပိုင်းဖြတ်မှုအသစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဆိုင်းငံ့

မထသ (ဗဟို)က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည့် ယာဉ်စီးခများ ပြောင်းလဲသတ်မှတ် ရန် ခရီးစဉ်ပိုင်းဖြတ်မှုအသစ်ကို ခေတ္တဆိုင်းငံ့ထားကြောင်း မထသ (ဗဟို)မှ သိရသည်။
''ကျွန်တော်တို့ဆီကိုရောက်လာတဲ့စာထဲမှာ ခေတ္တဆိုင်းငံ့ထားသည် လို့ပဲပါတယ်။ တခြားမပါပါဘူး။ ဘာ ကြောင့်လဲဆိုတာတော့ ကျွန်တော် တို့မသိပါဘူး။ ဒါပေမဲ့ ၂၀၁၅ခုနှစ်အ တွင်းမှာတော့ ဖြစ်လာမယ်လို့ထင်ပါ တယ်''ဟု မထသ(ဗဟို)အတွင်းရေး မှူး ဦးဘမြင့်က ပြောကြားသည်။
ယာဉ်စီးခ ပြန်လည်သတ်မှတ် ခြင်းကိုလည်း ပြင်ပတွင် လွဲမှားစွာ ထင်မြင်ယူဆမှုများရှိနေကြောင်း မထသ(ဗဟို)အတွင်းရေးမှူးက ထပ် မံပြောကြားသည်။
''တချို့မီဒီယာတွေရဲ့ဖော်ပြချက် တွေမှာ ယာဉ်စီးခတိုးမြှင့်ကောက်ခံ တယ်၊ နှစ်ဆတိုးတယ် ဆိုတာတွေ တွေ့ပါတယ်။ တကယ်တော့ ပထမ ဆုံးစဉ်းစားရမှာက ယာဉ်ပေါ်တက် တက်ချင်း ၂၀၀ မပေးရတာက အား သာချက်တစ်ခုပါ။ ဥပမာပြောရရင် ပါရမီယာဉ်တွေဟာ အစအဆုံးစီးရင် ၂၀၀။ အခု ၄၀၀ ဖြစ်သွားတယ်။ဟုတ်ပါတယ်။ ဒါပေမဲ့ ပါရမီကနေ လှည်းတန်း၊ ဆူးလေ။ ဆူးလေကနေ ပါရမီထိပြန်ပတ်။ ခရီးသည်တွေဟာ အများအားဖြင့် မြို့ထဲသွားကြသူတွေ ပါ။ ဒါကိုဘယ်သူမှ အစအဆုံးပတ်စီး မနေပါဘူး။ တကယ်ဆို မိုင်နဲ့ ပြန် သတ်မှတ်တာ အစအဆုံးဆို ၆၀၀ ကျ မှာပါ။ ဒါပေမဲ့ တကယ်လို့များ ပတ် စီးတဲ့သူရှိခဲ့ရင်ဆိုပြီး ၄၀၀ ပဲသတ်မှတ် ပေးထား တာပါ။ စော်ဘွားကြီးကုန်း မှတ်တိုင်ကနေ လှည်းတန်းကို ကျပ် ၁၀၀၊ လှည်းတန်းကနေမြို့ထဲ ဆူးလေ ထိ ကျပ် ၁၀၀၊ စုစုပေါင်း ကျပ် ၂၀၀ ပါပဲ။ အတူတူပါပဲ။ ဒါက တစ်လိုင်းပဲ ဥပမာပြထားတာပါ။ ကျွန်တော်တို့ က စနစ်တစ်ခုကို ဖော်ဆောင်ကြည့် တာပါ။ ဒါကိုအားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့လိုပါတယ်။ ယာဉ် စီးခတွေက နှစ်ဆတက်တယ်ပြော တော့ ခွင့်ပြုရမယ့်လူတွေကလဲ နည်း နည်းတော့စဉ်းစားရမှာပေါ့။ ဒါတွေ ကို ပြည်သူတွေအထင်မလွဲစေချင်ပါ ဘူး''ဟု မထသ(ဗဟို)အတွင်းရေး မှူးက ပြောကြားသည်။
ယာဉ်စီးခနှုန်းထားများ ပြန် လည်သတ်မှတ်ပြီးပါကလည်း ခရီး စဉ်ပိုင်းဖြတ်မှုဇယားအသစ်များကို ယာဉ်များတွင် ပြည်သူအများမြင် သာ အောင် ကပ်ပေးထားမည်ဖြစ်သည်။
''အစိုးရအဖွဲ့က အတည်ပြုပြီး စတင်ကောက်ခံတော့မယ်ဆိုတာနဲ့ ယာဉ်တွေရဲ့တစ်ဖက်တစ်ချက်စီမှာ ပြည်သူအများမြင်သာအောင် ကပ် ပေးမှာပါ။ ပြီးရင် ကားတွေကိုစစ်ဆေး မှာပါ။ မကပ်တဲ့ကားတွေကို မထွက် ခိုင်းပါဘူး။ ထင်သာမြင်သာရှိအောင် လဲ အစိမ်းရောင်ခံပေါ်မှာ အဖြူစာလုံး နဲ့ စာလုံးဆိုဒ်ကအစ အရောင်အဆုံး အကုန် သေချာ လုပ်ထားပါတယ်'' ဟု မထသ(ဗဟို)မှ တာဝန်ရှိသူက ပြောကြားသည်။

Credit To >>> Democracy News

0 comments:

Post a Comment