ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.3.13

အကြမ်းဖက်သူအရေးယူဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ မိတ္ထီလာမြို့မှာ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ မစ္စတာနမ်ဘီးယားက ပြောခဲ့သလို ဘေးဒဏ် သင့်သူတွေဟာ ကြောက်ရွံ့စိုး ရိမ်နေကြပေမဲ့ သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို ရနေတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း မြို့ခံတွေဟာ လုံခြုံမှုကို ခံစားလာရပြီလို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကစပြီး ရုန်းရင်းဆန်ခတ် အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်ခဲ့ပြီးတော့ လူတွေ သေဆုံး ဒဏ်ရာရခဲ့တဲ့ မိတ္ထီလာမြို့ဆီ မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား ဒီကနေ့ သွားရောက်ခဲ့တာပါ။

ကြာသပတေးနေ့မှာ တဘက်နဲ့တဘက် အကြမ်းဖက် တိုက်ခိုက်မှုတွေ အရှိန်မြင့်ပြီးတော့ လူသေဆုံး တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ချိန်ကတည်းက အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရတာတွေ အတွက် ၀မ်းနည်းရပါကြောင်း ကြေညာချက် ထုတ်ပြန်ပြီး ပြောဆိုခဲ့တဲ့ မစ္စတာနမ်ဘီးယားက ဒီကနေ့မှာတော့ အပြစ်ကျူးလွန်သူတွေကို အရေးယူနိုင်ရေးကိစ္စ အလေးထား ပြောသွားပါတယ်။

“ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးပြီးတော့ အပြစ်ပေး အရေးယူနိုင်ဖို့ကိစ္စဟာ အရေးကြီးပါတယ်။” မစ္စတာနမ်ဘီးယားဟာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ မိတ္ထီလာမြို့ဆီသွားရောက်ပြီးတော့ လှည့်လည် ကြည့်ရှုခဲ့တာပါ။ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရလို့၊ အိမ်မပျက်စီးပေမဲ့ ကိုယ့်အိမ်မှာကိုယ် မနေရဲလို့ ထွက်ပြေးခဲ့ကြသူတွေကို ယာယီ စောင့်ရှောက်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

“ကျနော်တွေ့ခဲ့ရတာက အိမ်တွေ၊ ပလီကျောင်းတွေဖျက်ဆီးခံရတာကြောင့် သူတို့တတွေဟာ မလုံခြုံမှုကို ခံစားနေရတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ကို အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပြီး အခြေခံလိုအပ်ချက်တွေ နဲ့ပတ်သက်လို့ စောဒက တက်တာမျိုး မရှိပါဘူး။ ဒီဖြစ်ရပ်ကို ရာဇ၀တ်ပြစ်မှုအဖြစ် မြင်သင့်ပြီးတော့ လူမှုအ၀န်းအ၀ိုင်း အကြား ပြဿနာအဖြစ် မပြောင်းလဲပစ်သင့်ဘဲ အတူတကွနေထိုင်ကြဖို့ သင်ယူသင့်ပါတယ် ဆိုတာကို ကျနော် အလေးအနက် ပြောခဲ့ပါတယ်။ လူမှုအ၀န်းအ၀ိုင်းမှာ အတူတကွနေထိုင်ဖို့ လိုတယ်ဆိုတာကို သူတို့တွေ နားလည်တယ်လို့ ကျနော်ထင်ပါတယ်။”

ဗုဒ္ဓဟူးနေ့မှာ ရုန်းရင်းဆန်ခတ်အခြေအနေ စဖြစ်ပြီးတဲ့နောက် ဒေသဆိုင်ရာတာဝန်ရှိသူတွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း မတည်ငြိမ်ခဲ့တာကြောင့် သောကြာနေ့မှာ သမ္မတဦးသိန်းစိန်က အရေးပေါ် အခြေအနေ ကြေညာခဲ့တာပါ။ အဲဒီနောက်မှာ စစ်တပ်က လုံခြုံရေးကို တာဝန်ယူ ခဲ့ပြီးတဲ့နောက် အခြေအနေတွေ တည်ငြိမ် လာပြီလို့ မြို့ခံတွေကပြောကြပါတယ်။

“အခုစစ်သားတွေ စောင့်ရှောက်နေတဲ့အတွက် ပိုပြီးတော့ စိတ်ချရတယ်။ စစ်သားတွေစောင့်တဲ့နေ့မှ ပဲ ပိုပြီးအေးဆေးတယ်။ အရင်ရက်ကဆိုရင် တော်တော်ကြီးကို ကြောက်စရာကောင်းတယ်။”

စနေနေ့ညနေပိုင်းထိ နောက်ဆုံးရတဲ့သတင်းတွေပေါ်မူတည်ပြီး အစိုးရပိုင် သတင်းမီဒီယာတွေကနေ ကြေညာခဲ့တာအရ သေဆုံးသူအရေအတွက်ဟာ ၃၂ ယောက်ထိ ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ဘာသာဝင်အသီးသီးအနေနဲ့ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်မှုမရှိရေး ၀ိုင်းဝန်း စောင့်ထိန်းပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားထားတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ရဲ့ ကြေညာချက်တခုကိုလည်း ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မိတ္ထီလာမြို့နဲ့အတူ ၀မ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်တွေမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို ဘယ်တော့ ရုပ်သိမ်းမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

အကြမ်းဖက်သူတွေကို ဥပဒေနှင့်အညီအရေးယူသွားမည်

မိတ္ထီလာအကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။ လူသေဆုံးတဲ့အထိ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာ ခရိုင်လေးမြို့နယ်ကို သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်က လုံခြုံရေး တာဝန်ယူ လိုက်ပြီးတဲ့နောက်ပိုင်း အခြေအနေဟာ တည်ငြိမ်စပြုလာပေမဲ့ အရေးပေါ် အခြေအနေ ပြန်ရုပ်ဖို့ မရှိသေး ဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

မတ်လ ၂၂ ရက်နေ့က သမ္မတဦးသိန်းစိန်အမိန့်နဲ့ မန္တလေးတိုင်းဒေသကြီး မတ္ထီလာခရိုင်က မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်လေးမြို့နယ်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးတော့ စစ်တပ်ကနေ လုံခြုံရေးတာဝန်ယူလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်မှု ပဋိပက္ခတွေ အိုးအိမ်မီးရှို့လုယက်ဖျက်ဆီးမှုတွေနဲ့ လူသေဆုံးရတဲ့အထိဖြစ်ခဲ့တဲ့ မိတ္ထိလာမြို့ထဲမှာတော့ စစ်တပ်၊ ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့်ကိုယ်တိုင်ဦးဆောင်တဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပူးပေါင်းပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားဆောင်ရွက်နေပါတယ်။ နယ်မြေအခြေအနေတွေဟာ တည်ငြိမ်စပြုလာပြီဖြစ်ပေမဲ့ အရေးပေါ်အခြေအနေ လောလောဆယ် ရုပ်သိမ်းဖို့ မရှိသေးဘူးလို့ သမ္မတပြောခွင့်ရဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အရေးပေါ်အခြေအနေ ရုပ်သိမ်းဖို့မလားပြောလို့မရသေးဘူးခင်ဗျာ။ နယ်မြေအခြေအနေပေါ်မှာ မူတည် တာပဲ။ မြန်မြန်အေးချမ်းသွား ပြီးတော့ မြန်မြန်တည်ဆောက်ရေး လုပ်ငန်းတွေပြီးရင် မြန်မြန်လုပ်ပေးမှာပေါ့။ တပ်မတော်တပ်ဖွဲ့တွေ နေရာချထားပါတယ်။ ရဲတပ်ဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နယ်မြေအတွင်း အကြမ်းဖက်လုယက်ဖျက်ဆီးမယ်လို့ သံသယရှိသူတွေကို လည်း ဖမ်းဆီး ထိန်းသိမ်းမှုတွေရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကတော့ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေကို ဥပဒေကြောင်းပေါ်မူတည်ပြီး အရေးယူခံရမှာပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား။ ကျနော်တို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အချိန်မှာ အခုလိုဖြစ်တဲ့ကိစ္စတွေရှိတယ်။ အဲဒါတွေကတော့ တရားဥပဒေအတိုင်းပဲ ဖြစ်မှာပဲ။”

အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးခဲ့ရသူတွေ နေအိမ်ပြန်ချင်တယ်ဆိုရင်တော့ လုံခြုံရေး အစောင့်အရှောက်နဲ့ ပြန်လည် ပို့ဆောင်ပေးနေသလို အိုးအိမ်ပျက်စီးခဲ့ရသူတွေနဲ့ လုံခြုံရေးစိုးရိမ်မှု ရှိသူတွေကိုတော့ ဘောလုံးကွင်းတွေနဲ့ စာသင်ကျောင်းတွေမှာ စခန်း ၆ ခုဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရက ကော်မတီတွေဖွဲ့ထားပြီး ယာယီနေထိုင်ရေး စီစဉ်ပေးနေသလို တပ်မတော်လေ အကူအညီနဲ့လည်း ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးနေတယ်လို့ သမ္မတပြော ခွင့်ရ ဦးရဲထွဋ်ကပြောပါတယ်။

“အဲဒီမှာဗျာ အခြေအနေအရပ်ရပ်ကိုတော့ ကျနော်တို့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးအေးမြင့် ကွပ်ကဲဆောင်ရွက်နေပါတယ်။ တပ်မတော်ရော ရဲရော ပူပေါင်းဆောင်ရွက်နေတယ်။ အခု အိမ်ကိုပြန်ချင်တဲ့သူတွေရှိလို့ရှိရင်လည်း ကျနော်တို့ ပြန်ပြီးတော့ အစောင့်အရှောက်နဲ့ လိုက်ပို့ပေးခဲ့တယ်။ မပြန်နိုင်သေးတဲ့သူတွေကိုတော့ ကျနော်တို့ ဘောလုံးကွင်းရယ်၊ အထက်တန်းကျောင်းတွေ စာသင်ကျောင်းတွေမှာ လူခွဲပြီး နေရာချပြီးတော့ လိုအပ်တာတွေလုပ်ပေးနေပါတယ်။ တပ်မတော်လေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့နေပါတယ်။”

နှစ်ဘက်ထိခိုက်ဆုံရှုံးမှုတွေဖြစ်ခဲ့ရတဲ့ မတူကွဲပြားသူလူအုပ်စုချင်း အတူပြန်လည်ယှဉ်တွဲနေထိုင်ရေး နားလည်မှုတည်ဆောက်နိုင်ဖို့ အတွက် ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအခြေပြုအဖွဲ့တွေနဲ့ တာဝန်ရှိ သူတွေ ပူးပေါင်းအကောင်အထည်ဖော်ဖို့ ရှိတယ်လို့လည်း သမ္မတပြောခွင့်ရဦးရဲထွဋ် က ပြောပါတယ်။

“ဖြစ်သွားတဲ့အတွက်ကြောင့်မိုလို့ နှစ်ဘက်လုံးက ထိခိုက်မှုတွေ ရှိတဲ့အတွက်ကြောင့်မိုလို့ အဲဒါတွေကိုတော့ ကျနော်တို့ အချင်းချင်းပြန်ပြီးတော့ နားလည်မှု တည်ဆောက်နိုင်အောင်၊ ကောလာဟလတွေကိုမယုံဘဲ သွေးဆူပြီးတုံ့ပြန်မှုတွေ မလုပ်နိုင်အောင် ဒါတွေကတော့ ဘာသာရေးခေါင်းဆောင်တွေကရော၊ လူမှုအဖွဲ့အစည်းရော၊ နိုင်ငံတော်က တာဝန်ရှိသူတွေရော ဒါက အကောင်အထည် ဖော်ရမှာပေါ့။ အကြမ်းမျဉ်းကတော့ post conflict ကိစ္စတွေကတော့ အများကြီးကျန်ပါသေးတယ်။”

အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေ ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိတော့တဲ့အတွက်ဆိုပြီး သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ကြေညာချက် အမိန့်ကိုတော့ နောက်ထပ် အမိန့်တစုံတရာ မထုတ်ပြန်မခြင်း အတည်ဖြစ်မှာဖြစ်သလို ဥပဒေကဲ့သို့ အာဏာကျင့်သုံးသွားမှာဖြစ်ပြီး စစ်တပ်က လုံခြုံရေးကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

ရမည်းသင်းမြို့နယ်၊ ရွာတန်း ကျေးရွာနှင့် ရွှေဒါး သာစည် ကျေးရွာတွင် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွား သော်လည်း အချိန်မှီ ထိန်းသိမ်းနိုင်

ရမည်းသင်း မြို့နယ်၊ ရွာတန်း ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၂၀ မိနစ်အထိ ဆူပူ အကြမ်းဖက် သူများမှ မီးရှို့ ဖျက်ဆီး မှုများ ပြုလုပ်ရာ အိမ်ခြေ ၅၀ လုံး၊ ဘာသာရေး ကျောင်းတစ်ကျောင်း၊ ထို့အတူ ရွှေဒါး သာစည် ကျေးရွာ အတွင်း ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အထိ ဆူပူ အကြမ်းဖတ် သူများမှ မီးရှို့ ဖျက်ဆီး မှုများ ပြုလုပ် ခဲ့ရာ အိမ်ခြေ ၂ လုံး၊ အမဲခြောက် စက်ရုံ တစ်ရုံ ပျက်စီး သွားခဲ့ကြောင်း သတင်း ရရှိသည်။

အခင်း ဖြစ်ပွားရာ နေရာသို့ တပ်မတော်နှင့် ပြည်သူ့ ရဲများ ပူးပေါင်းသော လုံခြုံရေး တပ်ဖွဲ့ များ အချိန်မီ ရောက်ရှိ သွားသည့် အတွက် တည်ငြိမ်မှု ရရှိကြောင်း သတင်း ရရှိသည်။
အလားတူ ရမည်းသင်း မြို့နယ် ရွာတန်း ကျေးရွာနှင့် ရွှေဒါး သာစည် ကျေးရွာတို့၌ ဖြစ်ပွား ခဲ့သည့် ဆူပူ အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ နိုင်သူ (၂၂) နှစ်၊ အောင်မျိုးလွင် (၂၂) နှစ်၊ မှိုင်းကြီး (၂၂) နှစ် ၊ ဖိုးဇော် (၃၅) နှစ် ၊ ဝင်းမိုး (၂၅) နှစ်၊ အောင်နန်းတင် (၂၃)နှစ် ၊ မိုးကောင်း (၂၃) နှစ်၊ မြင့်သိန်း (၄၀) နှစ်၊ နိုင်လင်း (၁၈)နှစ်၊ မျိုး မြင့်အောင် (၂၉)နှစ်၊ ဘိုရှိုင်း (၁၅)နှစ်၊ လှဦး (၄၀)နှစ်၊ တင်အောင် (၄၅)နှစ် ၊ မျိုးဇော်ထွန်း (၂၁) ၊ ဇေယျာ မောင်မောင် (၁၈) နှစ်၊ သန်းဇော်(၃၉)နှစ်၊ နန်းမျိုးအောင်(၁၈) နှစ်တို့ (၁၇) ဦး အား မတ်လ (၂၄) ရက် နံနက် (၂) နာရီခွဲတွင် ရမည်းသင်း ရဲစခန်း၌ ဖမ်းဆီး ထိန်းသိမ်းထား ကြောင်း သိရသည်။

တရား ဥပဒေ စိုးမိုးရေး အတွက် အဆိုပါ ထိန်းသိမ်း ထားသူများအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မိတ္ထီလာမြို့၌ တည်ငြိမ်အေးချမ်းနေကြောင်း သမ္မတရုံး သတင်းထုတ်ပြန်

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ဖြင့် အရေးပေါ် အခြေ အနေကြေညာခြင်းကို မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့၏ အခြေအနေအရပ်ရပ် ကို ထိန်းသိမ်းခဲ့ရာ မတ် ၂၂ ရက် ညပိုင်းမှ စတင်၍ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည်။

မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေရာချ ထား ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့အတွက် အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆား၊ ပဲနှင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးဘုန်းဆွေနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ဦးစီးသည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးစခန်းအသီးသီးရှိ ဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအဝဝကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပြီး မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားရှိ၍ စီစဉ် ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ဒုက္ခသည်များအား ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန်များကို ဖြန့်ဝေပေးလျက်ရှိပြီး၊ စေတနာရှင်၊ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိရာ ဧဒင်ကုမ္ပဏီ၊ မန္တလေးမြို့ရှိ သံဃာများနှင့် အလှူရှင်များ၊ The Action Time Foundation၊ Sky Net ရုပ်သံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးအောင်ကျော်ဦး၊ ရမည်းသင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးတို့က ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်မျိုးစုံ၊ ရေသန့်ဗူးများ၊ အအေးဗူးများ၊ ဆန်အိတ်များ၊ ဆေးဝါးများ၊ မိုးကာတဲများ၊ အထည်မျိုးစုံ၊ ကော်ဖီမစ်ထုပ်များ၊ ဓါတ်ဆားထုပ်များနှင့် အလှူငွေများကို လာရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်လျက်ရှိသော ဒုက္ခသည်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပေးပို့သည့် ထောက်ပံ့ရေး ပစ္စည်းများသည် ရန်ကုန်မြို့မှ မိတ္ထီလာမြို့သို့ ယနေ့ မွန်းလွဲပိုင်းတွင် Y-8 လေယာဉ်ဖြင့် ရောက်ရှိလာသည်။

ကယ်ဆယ်ရေးစခန်းများမှာ နေရပ်အသီးသီးရှိ မိမိတို့ နေအိမ်သို့ ပြန်လိုသူများကိုလည်း သက်ဆိုင်ရာက လုံခြုံရေး တာဝန်ယူ၍ လိုက်ပါပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။

လုံခြုံရေးတာဝန်ကျ ဝန်ထမ်းများသည် ဒေသတည်ငြိမ်အေးချမ်းရေးကို အပြည့်အဝ ဆောင်ရွက်နိုင် ခဲ့ပြီးနောက် နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက် အပျက်အစီးများအတွင်းမှ စုစုပေါင်း သေဆုံးသူ (၂၁) ဦး၏ ရုပ်အလောင်းများကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့သည်။

အဆိုပါ ရုပ်အလောင်းများသည် ရုပ်ဆင်းအင်္ဂါပျက်ယွင်းနေပြီး အမည်နှင့် လူမျိုး ဘာသာ ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ယနေ့ ညနေပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူ စုစုပေါင်း (၃၂) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်သမ္မတသစ် အာဖရိကရောက်ရှိ

ပထမဆုံး နိုင်ငံခြားခရီးထွက်နေတဲ့ တရုတ်သမ္မတသစ် ရှီကျင်းပင်ဟာ တနင်္ဂနွေနေ့က အာဖရိကတိုက်ထဲက တန်ဇန်းနီးယား (Tanzanian) နိုင်ငံ Dar es Salaam ကိုရောက်ရှိသွားတာမှာ အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး သူ့ကို ကြိုဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံကနေ ခရီးဆက်လာတဲ့ တရုတ်သမ္မတဟာ တန်ဇန်းနီးယား သမ္မတနဲ့တွေ့ဆုံမှာဖြစ်သလို တနင်္လာနေ့ကျရင်လည်း အာဖရိကတိုက်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ပထမဆုံး မူဝါဒဆိုင်ရာ မိန့်ခွန်းကို ပြောကြားဖို့ရှိပါတယ်။

စီးပွားရေးထွန်းသစ်စနိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကို တက်ဖို့ တန်ဇန်းနီးယားနိုင်ငံကနေ တရုတ်သမ္မတသစ် တောင်အာဖရိကနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ကွန်ဂိုနိုင်ငံကိုလည်း သွားမှာဖြစ်ပါတယ်။

တရုတ်နဲ့ အာဖရိကနိုင်ငံတွေအကြား စီးပွားဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်ပြီး တရုတ်သမ္မတသစ်ဟာ အာဖရိကနိုင်ငံတွေဆီကို သွားရောက်နေတာဖြစ်ပါတယ်။ အာဖရိကတိုက်တလွှားမှာ တရုတ်က ကားလမ်းတွေ၊ မီးရထားလမ်းတွေ ဖောက်ပေးနေသလို အထိမ်းအမှတ် အဆောက်အဦးတွေကို လည်း ဆောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒါဟာ အာဖရိကတိုက်ထဲမှာပေါကြွယ်ဝတဲ့ ရေနံ၊ ကြေးနီနဲ့ ယူရေနီယံ လို သဘာဝ သံယံဇာတတွေ ရရှိဖို့ ခုလိုလုပ်ပေးနေတာလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဆီးရီးယားရောက် အီရန်လက်နက်များတားမြစ်ရေး အမေရိကန်ကြိုးပမ်း

အီရန်က အီရတ်လေကြောင်းပိုင်နက်ကို ဖြတ်ပျံသန်းပြီး ဆီးရီးယားအစိုးရအတွက် လက်နက်တွေ ပို့ပေးနေ တာကိုတားဆီးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က အီရတ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မလိခီ (Nouri al-Maliki) နဲ့ စိတ်ထက်ထက်သန်သန် နဲ့ ဆွေးနွေး ခဲ့တယ်လို့ ဘက်ဒက် (Baghdad) မြို့တော်မှာ ဆွေးနွေးအပြီး ဝန်ကြီး ကယ်ရီ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အီရန်က အီရတ်ပေါ်ကနေ ဖြတ်ပျံသန်းနေတာဟာ ဆီရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) နဲ့ သူ့ရဲ့အစိုးရကို ရေရှည်တည်မြဲအောင် လုပ်ပေးရာရောက်တဲ့အတွက် ပြဿနာရှိ တယ်ဆိုတာ ကို အီရတ်ဝန်ကြီးချုပ်ကို သူ့ဘက်က ရှင်းရှင်းလင်းလင်းပြောပြခဲ့တဲ့အကြောင်း မစ္စတာကယ်ရီက ပြောပါ တယ်။

အဲဒီလို အီရတ်ပေါ်ကနေဖြတ်ပျံသန်းနေတဲ့ လေယာဉ်တွေကို ရပ်ခိုင်းဖို့၊ ဒါမှမဟုတ်လည်း စစ်ဆေးဖို့ အမေရိကန်ရဲ့တောင်းဆိုချက်ကို မစ္စတာ မာလိခီက ဘယ်လိုတုံ့ပြန်သလဲ ဆိုတာကိုတော့ ဝန်ကြီးကယ်ရီက မပြောခဲ့ပါဘူး။

အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆတ် အတွက် အီရန်အစိုးရက လက်နက်တွေ တိုက်ခိုက်ရေးသမားတွေကို နေ့တိုင်း လေယာဉ်တွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲနေတာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ ဆီးရီးယားကိုသွားတဲ့ အီရန်လေယာဉ် ၂ စီးကို အီရတ်က စစ်ဆေးခဲ့ရာမှာ ဥပဒေနဲ့မညီတာ ဘာမှမတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မလိခီ ဟာ အိမ်နီးချင်း ဆီးရီးယားမှာဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ ကြားနေ အနေအထားမှာ ဆက်ပြီးနေဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မြေကမ္ဘာနေ့ အခမ်းအနားကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော် တွင်ကျင်းပမည်

၂၀၁၃ ခုနှစ် မြေကမ္ဘာနေ့ အခမ်း အနားကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံ ကျော်တွင် မတ်လ ၂၃ ရက် ည ၈း၃၀ မှ ၉း၃၀ ထိ ၁ နာရီကြာ မီးမှိတ် ခြင်းဖြင့် ကျင်းပကြမည် ဖြစ်သည်။ ၎င်းအခမ်း အနားကို ၂၀၀၇ ခုနှစ် မှစ၍ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် စတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း များစွာ ပါဝင်ကျင်းပ လာကြခြင်း ဖြစ်သည်။ ၎င်းမြေကမ္ဘာနေ့ အခမ်း အနားသည် ကမ္ဘာပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲနေမှုကို ဂရုပြု မိစေရေး အတွက် ရည်ရွယ်၍ မိနစ် ၆၀ ကြာ မီးမှိတ်ခြင်းခြင့် ကျင်းပကြခြင်း ဖြစ်သည်။ ယင်းအခမ်း အနားကို ကမ္ဘာကျော် နေရာများ ဖြစ်သော ပါရီမြို့ရှိ အီဖယ်မျှော်စင်၊ ဆစ်ဒနီမြို့ရှိ အော်ပရာ ပြဇာတ်ရုံ၊ India Gate၊ ၊ ဒူဘိုင်းမြို့မှ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အုံ ဘာ့ဂ်ျခါလီဖာ၊ အီဂျစ်ရှိ ပိရမစ် အစရှိနေရာ များတွင်လည်း ၁ နာရီကြာ အမှောင် ချထား၍ မြေကမ္ဘာ နေ့ကို ဆင်နွှဲခဲ့ သည်ဟု သိရသည်။ ယခုနှစ်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံများမှ မြို့ပေါင်း ၇၀၀၀ ကျော်မှ လူသန်းပေါင်း များစွာ ပါဝင်ဆင်နွှဲ ကြမည်ဟု သိရသည်။

အမေရိကန်တို့ ကျည်ကာ ဝတ်စုံ စမ်းသပ်မှု

ကျည်ကာဝတ်စုံဟာ သက္ကရာဇ် ၁၅၃၀ ခုနှစ်တွေကတည်း က စတင်ပေါ် ပေါက်ပေမယ့် လက်ရှိ နည်းပညာမှာ နံပါတ် ၁ ပြေးနေတာ ကတော့ အမေရိကန် ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ- ပထမ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် ကျည်ကာ ဝတ်စုံ စမ်းသပ်ထုတ်လုပ်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ကြပါတယ်။ ပုံမှာ ကတော့ ၁၉၂၃ ခုနှစ်၊ စက်တင်ဘာလက ဝါရှင်တန် ဒီစီမှာ အမေရိကန်တို့ ကျည် မပေါက် ဝတ်စုံ လက်တွေ့ စမ်းသပ်နေမှု ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်း အများအပြား ထုတ်လုပ် ရောင်းချနိုင်မှုကြောင့် စီးပွား တစ်ဟုန်ထိုး မြင့်တက်ခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။

အမှန်တကယ် အရည်အသွေးကောင်းမွန်တဲ့ လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကျည်ကာ ဝတ်စုံများ ထုတ်လုပ်သည့် နိုင်ငံအဖြစ်လည်း အမေရိကန်က အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။

တောင်တွင်းကြီင်္းမြို့လေးကို သတိရနေတယ်ဆိုတဲ့ စိုးသူ

ငယ်စဉ် မွေးဖွားရာ ဇာတိမြို့ ကလေးကို လူတိုင်း ချစ်မြတ်နိုး တွယ် တာ တတ်ကြ ပါတယ်။ အရွယ် ရောက်လို့ ပညာ ဆည်းပူးဖို့၊ ဘဝ တိုးတက်ရာ တိုးတက်ကြောင်း ရှာ ဖွေဖို့ အတွက် မိမိရဲ့ ဇာတိမြို့ကို စွန့် ခွာလို့ မြို့ကြီး ပြကြီးကို ရောက်လာ ခဲ့တဲ့ သူတွေ ရှိပါတယ်။ ကိုယ့်ရဲ့အိပ် မက် ကိုယ်စီ နဲ့ပေါ့။ ဘယ်လို အချိန် ဘယ်ကာလမှာ ပဲမဆို ကိုယ့်ရဲ့ဇာတိ မြို့ လေးကို လွမ်းတမ်းတ စိတ်တော့ ဖြစ်မိ တတ်ကြပါတယ်။ မြို့ပြမှာ အလုပ်တွေ မောလို့ စိတ်ကြည်နူး စရာ ရယ်လို့ ပြန်တွေးမိရင် ကိုယ့် ဇာတိက ငယ်ဘဝ တွေဆိုရင် မှား မယ် မထင်ပါဘူး။အနုပညာရှင် တွေ ထဲမှာလည်း အနယ်နယ် အရပ် ရပ်က သူတွေရှိပါတယ်။ သူတို့တွေ ရော..သူတို့ရဲ့ဇာတိမြေကို ဘယ် လို လွမ်းလဲဆိုတာ ဒီလိုပဲမေးဖြစ်ခဲ့ သမျှ ဖော်ပြပေး လိုက်ပါတယ်။

ကျွန်တော့်ရဲ့မွေးရပ် ဇာတိမြို့ က တောင်တွင်း ကြီးမြို့ ကပါ။ ဘာ ဖြစ်လို့ လဲဆိုတော့ (၂) နှစ်သား လောက် တည်းကစပြီး တောင်တွင်း ကြီးမြို့ကနေ ပြောင်းသွား ခဲ့တာဆို တော့ သိပ်မမှတ်မိ တော့ဘူး။ ဒါပေ မဲ့ ကြီးလာတဲ့ အခါမှာ သီချင်းဆိုဖို့ အတွက် မွေးရပ်မြေကို ပြန်ရောက် ခဲ့ ပါတယ်။ အဲဒီချိန်မှာ ကိုစိုးသူက စီးရီးခွေတော်တော်များများနဲ့ ရုပ် ရှင် သရုပ်ဆောင် သက်တမ်းလည်း တော်တော်ရနေတဲ့ အချိန်အခါ ဖြစ် နေပြီပေါ့။ အဲဒီချိန်မှာ ကျွန်တော့် ရဲ့ မွေးရပ် ဇာတိမြေ ဖြစ်တဲ့ တောင် တွင်းကြီးမြို့မှာ Stage Show ပြန်ဆို ဖြစ်ခဲ့ပါတယ်။

ပထမ ဦးဆုံး ကိုစိုးသူရဲ့ မွေးရပ်မြေကို ကြီးပြင်းမှ ရောက် ဖြစ်ခဲ့တဲ့ အချိန်ပေါ့။ တောင် တွင်းကြီးမြို့က အင်မတန်ချစ်စရာ ကောင်းတဲ့မြို့လေးတစ်မြို့ပါ။ ကျွန် တော့်ဖေဖေနဲ့မေမေက အစိုးရဝန် ထမ်းတွေဆိုတော့ နယ်တွေပြောင်းရ တာများပါတယ်။ တောင်တွင်းကြီး မြို့မှာ ကျွန်တော့်ကိုမွေးပြီး (၂) နှစ်သားလောက် အထိပဲ နေခဲ့ပါ တယ်။ တောင်တွင်း ကြီးသား ဖြစ်ရ တာကို အင်မတန် ဂုဏ်ယူပါတယ်။

ပညာရှိ အကျော်အမော်တွေ ဖြစ်တဲ့ ရှင်မဟာရဋ္ဌ သာရတို့လို အလွန်ထူး ခြားတဲ့ ပုဂ္ဂိုလ်ကျော်တွေ ထွက်တဲ့မြို့ မှာ မွေးရတဲ့ အတွက် အဲဒီမြို့သား အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ မိပါတယ်။ ကိုယ့်ရဲ့ မွေးရပ် ဇာတိ မြေကို ကျေးဇူးတုံ့ပြန် တာမျိုးရယ် တော့ မဟုတ်ဘဲနဲ့ ကောင်းကျိုး ချမ်း သာဆို တာမျိုး၊ ဘုရားစကားကို နားထောင် တာမျိုးဟာ မြန်မာ ပြည်မှာပဲနေနေ၊ နိုင်ငံခြားမှာပဲ နေနေ၊ နယ်မှာပဲနေနေ၊ ရွာမှာပဲ နေနေ၊ တစ်ယောက်တည်းပဲလုပ်ပါ စေ၊ အဖွဲ့အစည်းတစ်ခုတည်းပဲလုပ် ပါစေ ကောင်းကျိုး ချမ်းသာ ဆိုတာ မျိုးကို ဦးတည်ပြီး အလှူအတန်းပဲ လုပ်လုပ်၊ သီလပဲ ထိန်းသိမ်း၊ ဘာဝ နာလေး ပဲပွားပွား၊ ကောင်းကျိုး အ လုပ် ဆိုတာက အင်မတန် ကောင်းတဲ့ အလုပ်ဖြစ်တဲ့ အတွက် မွေးရပ်ဇာတိ မြို့မှာလုပ်မှ မဟုတ်ပါဘူး။

တ ကယ်လို့ ဖြစ်နိုင်ရင် တော့လည်း မွေး ရပ်မြေမှာ လုပ်နိုင်ရင် ပိုကောင်းတာ ပေါ့။ ကိုစိုးသူ ကလည်း တောင်တွင်း ကြီးမြို့မှာ မိဘတွေရဲ့လမ်းညွှန်ပြ သ မှုကြောင့် ဘုရားတွေမှာ အလှူ ခံပုံးတွေ လှူခဲ့တာ မျိုးတွေ၊ တောင် တွင်း ကြီးမြို့မှာ သီချင်း သွားဆိုတဲ့ အ ခါမှာ မွေးရပ် မြေအတွက် အလှူအ တန်း လုပ်ဖြစ်တာ မျိုးတွေ၊ ဘုရား တွေ သွားဖူးတာမျိုး၊ သန့်ရှင်းရေး လုပ်ဖြစ် တာမျိုးတွေ လုပ်ဖြစ်ခဲ့ပါ တယ်။ ကျွန်တော့်ရဲ့ မွေးရပ်မြေ တောင်တွင်း ကြီးမြို့ကို မရောက်ဖြစ် တာတောင် ကြာခဲ့ပါပြီ။ မွေးရပ်မြေ ကိုလည်း ကျေးဇူး တင်တယ်။ အမိ မြန်မာပြည်ကိုလည်း ကျေးဇူးတင်သ လို ထေရဝါဒ ဗုဒ္ဓဘာသာဝင် တစ် ယောက်ဖြစ်ခွင့် ရတာကိုလည်း ကျေး ဇူးတင်တယ်။ မိဘပြည်သူ ပရိသတ် တွေကို လေးစားချစ်ခင် စွာဖြင့် ကျေးဇူး တင်လျက်ပါလို့ နှုတ်ဆက်ပါ ရစေ။

သင်ဇာဝင့်ကျော်ပြောတဲ့ အချစ်အကြောင်း

မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုး သင်ဇာ ခံစားဖူးလား။

မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ စားမှုမျိုးတော့ မခံစားဖူးဘူး။ လူတစ်ယောက်ကို မြင်သွား တယ် ဆိုရင်လည်း ဒါသူ့ကို ကြိုက်သွားတာ မဟုတ်ဘူး။ သူ့ရဲ့ နေထိုင်ပြောဆိုမှု အပြုအမူ တွေကို သဘောကျတာ မျိုးပဲ ဖြစ်လိမ့်မယ်။ ချစ်ဖို့ ဆိုတာက သူ့အကြောင်းကိုလည်း ကိုယ်က သိဦးမှ ချစ်မှာလေ။ အဲဒီလောက်ကြီး မြင်မြင်ချင်း ချစ်ရတဲ့ အချစ်မျိုးတော့ သင်ဇာ့ ဘဝမှာ တစ်ခါမှ မကြုံဖူး သေးဘူး။

ဆယ်ကျော် သက်တုန်းက အချစ်ကို ခံစားမိတဲ့ ခံစားမှု မျိုးကရော

အဲဒီတုန်း ကတော့ အရမ်းကို Serious ဖြစ်တာပေါ့။ ကိုယ်သ ဘောကျတဲ့ လူတွေ ကိုယ်ကြိုက် တဲ့ လူတွေ ကိုယ့်အနားမှာ ရှိရင် အရမ်း ရင်ခုန်တာမျိုး တော့ရှိတယ်။ ခြေမကိုင်မိ လက်မကိုင်မိ တွေဖြစ်ပြီး ခြေဖျား လက်ဖျားတွေ အေးလာ တယ်။ ငယ်ရွယ်သေးတဲ့ အချစ်ဆို တော့ တည်တည်ငြိမ်ငြိမ် မရှိဘူးပေါ့။ သဘောကျတဲ့ လူတွေကလည်း ဆယ် ကျော် သက်တုန်းက အများကြီးပဲ။

အချစ်နဲ့ အိမ်ထောင်ပြု ခြင်းက ဘယ်လို အချိုးကျလဲလို့ သင်ဇာထင်လဲ

အချစ်မပါဘဲ ယူလိုက်တဲ့ လူတွေလဲ ဥပမာ နှစ်တွေကြာလာ ချစ်ကြတာ မဟုတ်ဘဲ သံယောဇဉ်တွေ ဖြစ်သွားတဲ့ အတွက်ကြောင့် မိုလို့ ဆက်ပြီး တည်မြဲနေတာ၊ ခိုင်မြဲနေတာပေါ့။ ချစ်တယ်ဆိုတာ တကယ်တမ်းကျတော့ ဘာမှအရေး မကြီးတဲ့အရာတစ်ခု။ မိသားစု အ ချစ်၊ ဒါမှမဟုတ် သူငယ်ချင်းအချစ်၊ သင်ဇာအဲဒီလောက်ပဲယုံကြည်တော့ တယ်။ နောက်ပိုင်းအချစ်တွေကျ တော့ သိပ်မယုံကြည်တော့ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ချစ် တယ်ဆိုတာ အစပိုင်းတော့ ချစ်ကြ မှာပါ။ နောက်ပိုင်းကျတော့ ရေရှည် တည်မြဲနေတယ်ဆို တာသံယောဇဉ် ကြောင့်ပါ။

လက်ရှိမှာ လက်ခံထားတဲ့ အချစ်ဆိုတာ မျိုးကရော

အချစ်ဆို တာမျိုးက တစ်ခါတ လေ လိုအပ်ပါတယ်။ တစ်ခါတလေ လည်း အချစ်မရှိရင် ပျင်းသလိုလို ဖြစ် တယ်။ အချစ်ရှိ ပြန်တဲ့အခါ ကျတော့ လည်း မွှမ်းကျပ်တာတွေ စိတ်ဆင်း ရဲခဲ့ ရတာတွေ၊ စိတ်ညစ် ရတာတွေ ကြုံခဲ့ ရဖူးတယ်။ အဲဒီလို ကြုံခဲ့ရဖူး တယ်ဆိုတော့ သင်ဇာ့ဘဝမှာ ပျော် ပျော်ပဲ နေချင်တယ်။ ၁၅၀ဝ အချစ် မရှိလည်းဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးအခု ဖြစ်နေတယ်။

အချစ်ဇာတ်ကားတွေ သရုပ်ဆောင်တာများလာတော့ အချစ်ကို လက်ခံယုံကြည်တာက

ကိုယ်ကိုယ် တိုင်လည်း မချစ်ဖူး တာမ ဟုတ်ဘူး။ ချစ်ဖူး ပါတယ်။ ကိုယ်ကလည်း ပုထုဇဉ် လူသားဖြစ် နေတဲ့ အတွက် အချစ် ဆိုတာ လူ တိုင်းနဲ့ မကင်းဘူး။ ကိုယ်တကယ် တမ်း ကားရိုက်တဲ့ အခါ အပြင်မှာ ဒီလို ဖြစ်ခဲ့မယ် ဆိုရင် ဘယ်လိုဖြစ် မလဲ ဆိုပြီး အမြဲတမ်း သရုပ်ဆောင် တယ်။ ဒါပေမဲ့ အဲဒီလို မျိုးတွေ ခံစားဖူးလို့ မဟုတ်ဘူး။ မင်းသမီး ဆို တာ ကိုယ်ခံစားဖူးမှ ဒီဟာကို လုပ် နိုင်ရမှာ မဟုတ်ဘူး။ ကိုယ်မခံစား ဖူး လည်း ကိုယ်သာဆို ဘယ်လိုဖြစ်နိုင် မလဲ၊ ဘယ်လို လုပ်မလဲ ဆိုတာကို တွေဆပြီးတော့ လုပ်နိုင်မယ် လို့ သင်ဇာ ထင်တယ်။

ကမ္ဘာ့ဖလား အတွက် အသင့်ပြင်ထားကြောင်း ကာတာ နိုင်ငံ ပြောဆို

၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပရေးအတွက် ကာတာနိုင်ငံမှ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များသည် ၎င်းတို့ အနေဖြင့် ယင်းပြိုင်ပွဲကို နွေရာသီ သို့မဟုတ် ဆောင်းရာသီတွင် ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း ဆိုသည်။
ထို့အပြင် ၎င်းတို့ အနေဖြင့် ဇူလိုင်လ အတွင်း နိုင်ငံ၏ အပူချိန်မြင့်မားမှု ဖြစ်ပေါ်နေစဉ် အားကစား ကွင်းများနှင့် ပရိသတ်များ ရှိရာ နေရာများကို အေးမြနေစေမည့် နည်းပညာများလည်း ပြင်ဆင်ထားကြောင်း ဆိုသည်။ UEFA ဥက္ကဋ္ဌ ပလာတီနီမှာ ကမ္ဘာ့ဖလားကို နွေရာသီ အပူချိန်မြင့်မား မှုကြောင့် ဆောင်းရာ သီသို့ ပြောင်းရွှေ့ ကျင်းပသင့်ကြောင်း ဆိုခဲ့သည်။ ဖီဖာဥက္ကဋ္ဌ ဘလတ္တာကလည်း ကာတာနိုင်ငံ အနေဖြင့် ယင်း ပြဿနာကို ဖြေရှင်းရန်အတွက် ဆောင်ရွက်သင့်ပြီဟု ဆိုထားခဲ့သလို ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်မှုကို ပြန်လည်၍ အသစ်တဖန် မဲခွဲ ရွေးချယ်ရဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။ ကာတာနိုင်ငံရှိ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့ဝင်များကမူ ၎င်းတို့ အနေဖြင့် ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ် ကျင်းပခွင့်ကို လက်မလွှတ်လိုကြောင်းနှင့် ယခုနှစ်တွင် ကာတာနိုင်ငံတွင်း ကမ္ဘာ့ဖလားအတွက် ပထမဆုံး ကွင်းသစ်ကို တည်ဆောက်ကာ နောက်ထပ် ကွင်း ၅ ကွင်းကိုလည်း တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းကွင်းများတွင် ၎င်းတို့ နိုင်ငံအတွင်း အပူချိန် မြင့်မားမှုများကို ကာကွယ် ပေးနိုင်မည့် နည်းပညာများကိုလည်း ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မွန်တီနီဂရိုးနှင့် ပွဲအတွက် ယုံကြည်မှု ရှိနေသော အင်္ဂလန်

အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်က ဆန်မာရီနို အသင်းကို ၈းဝ ဖြင့် နိုင်ခဲ့သော ပွဲစဉ်အပြီးတွင် အသင်း အတွက် အရေးပါသည့် အင်္ဂါနေ့ မွန်တီနီဂရိုးနှင့် ပွဲစဉ် မတိုင်မီ ၎င်းတို့ အသင်းမှာ အကောင်းဆုံး ပြင် ဆင်ထားပြီး ဖြစ်ကြောင်း ဆိုသည်။ အင်္ဂလန် အသင်း အနေဖြင့် မွန်တီနီဂရိုး အသင်းကို အဝေးကွင်း တွင် နိုင်မည်ဟု နည်းပြ ရွိုင်းဟော့ဆန်က ယုံကြည်နေသည်။ 
ဆန်မာရီနိုနှင့် အဝေးကွင်း ပွဲစဉ်တွင် အင်္ဂလန် အသင်းသည် ပြိုင်ပွဲ၏ ကိုယ့်ဂိုးကိုယ် သွင်းယူခြင်း အပါအ၀င် ဒီဖိုးက ၂ ဂိုး၊ လမ်းပတ်၊ အက်ရှ်လေယန်း၊ ချန်ဘာလိန်းနှင့် ရွန်းနေ၊ စတာရစ်ခ်ျတို့က အသီးသီး တစ်ဂိုးစီ သွင်းယူခဲ့သည်။ အင်္ဂလန် အသင်းသည် အုပ်စု H တွင် တတိယ နေရာမှ ယူကရိန်းကို ၆ မှတ် ဖြတ်ထားပြီး ဒုတိယ နေရာတွင် ရှိနေသလို ပထမ နေရာမှ မွန်တီနီဂရိုးနှင့် ၂ မှတ် ကွာဟနေသည်။ အကယ်၍ အင်္ဂလန် သာ ကမ္ဘာ့ ခြေစစ်ပွဲ Play-off သို့ ရောက်သွားပါက ပေါ်တူဂီ သို့မဟုတ် စပိန် အသင်းနှင့် ရင်ဆိုင်ရ မည်ဖြစ် သည်။ ဆန်မာရီနိုနှင့် ပွဲအပြီးတွင် နည်းပြဟော့ဆန်က မိမိတို့ အသင်း အနေဖြင့် ဖေဖော်ဝါရီလက ဘရာဇီးကို နိုင်ခဲ့ပြီးနောက်မှာ ယုံကြည်မှု ပိုမိုမြင့်တက်လာခဲ့ပြီး ယခုပွဲတွင် အကောင်းဆုံး ကစားနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။
မွန်တီနီဂရိုး အသင်းသည် ယမန်နေ့ ပွဲတွင် ၁၀ ဦးသာ ကျန်ရှိသော်လည်း မော်လ်ဒိုဗာကို အဝေးကွင်းတွင် ၁းဝ ဖြင့် နိုင်ပြီး အုပ်စု H ထိပ်ဆုံးတွင် ဆက်လက် ရပ်တည်နေသည်။ အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်က လက်ကျန် ၅ ပွဲတွင် မည်သို့သော အတိုင်းအတာ အထိ ဖြစ်လာမည်ကို အသင်းမှ ကစားသမားများ၏ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ကြည့်ရမည် ဖြစ်ကြောင်း ဆိုသည်။ အင်္ဂလန် အသင်းအနေဖြင့် ဆန်မာရီနို အသင်းကို ယခုလို အဝေးကွင်းတွင် အနိုင်ရရှိခြင်းသည် တူရကီ အသင်းကို အဝေးကွင်းတွင် ၈းဝ ဖြင့် အနိုင်ရရှိခဲ့သော ၁၉၈၇ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော ဂိုးပြတ် အဝေးကွင်း နိုင်ပွဲ ဖြစ်လာခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသော မန်ယူအသင်း

မန်ယူနည်းပြ ဖာဂူဆန်သည် ရီးရဲလ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွင် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မတက်ရောက်ခဲ့၍ ဒဏ်ကြေး ပေါင် ၈၅၀၀ ခန့် ဒဏ်ရိုက်ခံရကြောင်း သိရသည်။
မန်ယူ လက်ထောက်နည်းပြ မိုက်ဖီလန်သည် ယင်းပွဲစဉ်တွင် နာနီ တိုက်ရိုက် အနီကဒ်ဖြင့် အငြင်းပွားဖွယ် ထုတ်ပယ်ခံရပြီး မန်ယူ အသင်းက ၂ ကျော့ပေါင်း ရလဒ် ၃း၂ ဖြင့် ချန်ပီယံလိဂ်မှ ထွက်ရခြင်း အပေါ် နည်းပြ ဖာဂူဆန် အနေဖြင့် မီဒီယာများကို သုံးသပ်ချက်ပေး ရန်ပင် စိတ်ကုန်သွားခဲ့ကြောင်း ဆိုသည်။ ယင်းပွဲစဉ်တွင် တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံရသော နာနီိမှာလည်း ၁ ပွဲပယ် ခံရမည်ဖြစ်ပြီး အဆိုပါ ပေါ်တူဂီ ကွင်းလယ်လူ အနေဖြင့် ရီးရဲလ်မှ နောက်ခံလူ အာဘီလိုအာကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖျက်ထုတ်ကြောင်း ထင်ရှားပါက အနည်းဆုံး ၃ ပွဲခန့် ပွဲပယ်ခံရနိုင်ကြောင်း သိရသည်။

နိုင်ပွဲရခဲ့သော အာဂျင်တီးနား

အာဂျင်တီးနား အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အိမ်ကွင်းပွဲစဉ် အဖြစ် ဗင်နီဇွဲလား အသင်းနှင့် ကစားခဲ့ရာ ၃းဝ ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အာဂျင်တီးနား အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၉ မိနစ် နှင့် ၅၉ မိနစ်တွင် ဟီဂူအင် အပြင် ပွဲချိန် ၄၅ မိနစ်တွင် မက်ဆီ (ပင်နယ်တီ) တို့က အသီးသီး သွင်းယူခဲ့သည်။ မက်ဆီ အနေဖြင့် ယခုပွဲစဉ်တွင် သားဖြစ်သူ အတွက် ဆေးမင်ကြောင် ထိုးပြီးနောက် ပထမဆုံးသော ဂိုးကို အာဂျင်တီးနား အသင်းအတွက် သွင်းယူခြင်း ဖြစ်လာသည်။ ဗင်နီဇွဲလား အသင်းမှာ ၂၀၁၁ ခုနှစ်ကလို အာဂျင်တီးနား အသင်းကို ၁းဝ ဖြင့် အံ့အားသင့်ဖွယ် အနိုင်ရခြင်းမျိုး ထပ်မံ ကြုံတွေ့ရတောပေ။ အာဂျင်တီးနား အသင်းသည် ၁၀ ပွဲ ကစားပြီးချိန်တွင် ၇ ပွဲ အနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်နှင့် အတူ ၇ ဂိုး ၂၃ ဂိုး၊ ပေးဂိုး ၇ ဂိုး ရရှိကာ ရမှတ် ၂၃ မှတ်ဖြင့် အုပ်စု ထိပ်ဆုံး၌ ရပ်တည်ကာ လက်ကျန် ပွဲစဉ် ၆ ပွဲသာ ကျန်ရှိတော့ကြောင်း သိရသည်။

စပိန်နှင့် ပွဲအတွက် ပြင်သစ်အသင်း အသင့်ဖြစ်နေ

ဂျော်ဂျီယာ အသင်းကို ၃း၁ ဖြင့် အနိုင်ရခဲ့ပြီးနောက် မိမိတို့ ပြင်သစ် အသင်းသည် စပိန်နှင့် ပွဲအတွက် အသင့်ရှိနေပြီဖြစ်ကြောင်း နည်းပြ ဒက်စ်ချမ့်က ပြောဆိုလိုက်သည်။ အိမ်ကွင်းတွင် ကစားခဲ့ရသော ပြင်သစ် အသင်းအတွက် ဂိုးများကို ဂီရော့ဒ်၊ ဗဲဘူနာနှင့် ရီဘာရီတို့က သွင်းယူခဲ့ကြသည်။ ဒက်စ်ချမ့်က စပိန်နဲ့ ကစားမယ့် ပွဲမှာ ခံစစ် ကစားဖို့ ဘယ်လိုမှ မစဉ်းစားထားပါဘူး။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က အဲဒီပွဲမှာ အနိုင်ရပြီး ဆက်ရှိနေဖို့ပါဟု ပြောဆိုသွားခဲ့သည်။ ပြင်သစ် အသင်းမှာ ၄ ပွဲ ကစားပြီးရာတွင် ၃ ပွဲနိုင် ၁ ပွဲသရေ ၁၀ မှတ်ဖြင့် အုပ်စုကို ဦးဆောင်နေပြီး စပိန်က ၄ ပွဲကစား ၈ မှတ်ဖြင့် ဒုတိယ နေရာတွင် ရှိနေသည်။ ပြင်သစ်သည် လွန်ခဲ့သော အောက်တိုဘာလက စပိန်နှင့် လာမည့် အင်္ဂါနေ့တွင် အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

ပြိုင်ဘက် ဘိုင်ယန်အား နှိမ့်ချပြောခဲ့သည့် ဘက်ဖွန်

ဂျူဗင်တပ် ဂိုးသမား ဘက်ဖွန်က ဘိုင်ယန် အသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ် အသင်းနှင့် တွေ့ဆုံနေသည့် အတွက် စိတ်ပျက်နေမှာ ဖြစ်ကြောင်း ပြောခဲ့သည်။ ဘက်ဖွန်က ဘိုင်ယန် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂျူဗင်တပ် အသင်းက ပိုတောင့်တင်းတာကြောင့် ဂျူဗင်တပ် အသင်းကို ရင်ဆိုင်ရာမှာ လွယ်ကူမှာ မဟုတ်ကြောင်း ပြောခဲ့သည်။ ဂျူဗင်တပ် အသင်းသည် အရင် ပွဲစဉ်များမှာ အနိုင်ရခဲ့သည့် အတိုင်း တစ်ပွဲချင်းကို သေချာ အာရုံစိုက် ကစားခဲ့သလို ဘိုင်ယန် အသင်းနှင့် ပွဲကိုလည်း ထိုကဲ့သို့ ချဉ်းကပ်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ဘက်ဖွန်က ဂျူဗင်တပ် အသင်းသည် တိုက်စစ်ကောင်းမွန်သည့် အသင်းဖြစ်ပြီး အခြားအသင်းများကဲ့သို့ ဂိုးသွင်းထက်မြက်သည့် အတွက် လာမည့် ပွဲစဉ်မှာ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းကိုလည်း ပြောခဲ့သည်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ဧပြီလ ၂ ရက်နေ့မှ ဂျာမနီမှ ဘိုင်ယန်ကွင်းသို့ ဂျူဗင်တပ် အသင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်သည်။

သရေရလဒ်ကြောင့် အုပ်စု ဒုတိယသို့ ရောက်သွားသည့် စပိန် အသင်း

စပိန် အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အိမ်ကွင်း ပွဲအဖြစ် ဖင်လန် အသင်းနှင့် ကစားခဲ့ရာ တစ်ဘက် တစ်ဂိုးစီ သရေကျခဲ့သည်။ ယင်းကြောင့် စပိန်အသင်းမှ တစ်ဘက်မှ ဂျော်ဂျီယာကို ၃း၁ ဖြင့် အနိုင်ရသွားသော အုပ်စုတွင်း ပြိုင်ဘက် ပြင်သစ်အသင်း အုပ်စုဗိုလ်ဖြစ်သွား၍ ဖိအားဝင်သွားပြီး ၂ မှတ် နစ်နာခဲ့ရသည်။ ယင်းပွဲစဉ်တွင် စပိန်အသင်းအတွက် ဂိုးကို ရာမို့စ်က သွင်းယူကာ ဖင်လန် အသင်းအတွက် ဂိုးကို ပတ်ကီက သွင်းယူခဲ့သည်။ ယင်းကြောင့် စပိန် အသင်းသည် ရမှတ် ၈ မှတ်ဖြင့် ဒုတိယ နေရာသို့ ရောက်သွားပြီး အုပ်စု I ထိပ်ဆုံးတွင် ပြင်သစ် အသင်းက ရမှတ် ၁၀ မှတ်ဖြင့် ရပ်တည်နေသည်။ စပိန်အသင်းသည် ယခုလ ၂၆ ရက်နေ့တွင် ပြင်သစ် အသင်းနှင့် အဝေးကွင်း ပွဲစဉ်အဖြစ် ကစားရမည် ဖြစ်သည်။

ရီးရဲလ်မှ ရာမို့စ် ချန်ပီယံလိဂ် ဖလား ယူရန် ရည်မှန်းထား

ရီးရဲလ် နောက်ခံလူ ရာမို့စ်က ယခုနှစ် ချန်ပီယံလိဂ် ဖလားရရန် ရည်မှန်းထားကြောင်း သိရသည်။ သူသည် အသင်းဖော်များအား ချန်ပီယံလိဂ် ဖလား ရရှိအောင် ကြိုးစားရန် တိုက်တွန်းထားပြီး ယခုရာသီမှာ အကောင်းဆုံး အခွင့်အရေး ရှိနေသည်ဟု ပြောခဲ့သည်။ ရာမို့စ်၏ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်ဆုံး အကြိမ် အဖြစ် ၂၀၀၁-၀၂ ရာသိမှာ ဗိုလ်စွဲပြီးနောက် ယခု အချိန်ထိ ပြန်လည် ရယူနိုင်ခြင်း မရှိသေးပေ။
ယခု အချိန်မှာ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ကွာတား အဆင့်သို့ ရောက်ရှိနေပြီး နောက်ခံလူ ရာမို့စ်က ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ဖလားရရန် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ရကြောင်း ၊ မိမိတို့ဟာတွေးထားရုံမက အသင်းရဲ့ ခြေစွမ်း ၊ ယုံကြည်မှုတွေကို ထိန်းသိမ်း တိုးမြှင့်သွားရမှာ ဖြစ်ကြောင်း ၊ ဒါတွေဟာ အရမ်းကို အရေးကြီးကြောင်း အသင်းဖော်များအား သတိပေးခဲ့သည်။ ရီးရဲလ် အသင်းသည် ယခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တူရကီ ကလပ် ဂါလာတာစာရေး အသင်းနှင့် တွေ့ဆုံနေသည်။ အဆိုပါ ကွာတားဖိုင်နယ် ပထမအကျော့အား ဧပြီလ ၃ ရက်မှာ ရီးရဲလ် အိမ်ကွင်းတွင် ယှဉ်ပြိုင် ရမှာ ဖြစ်သည်။

ရာသီဥတုကြောင့် ရွှေ့ဆိုင်းခဲ့သည့် ရုရှားနှင့် မြောက်အိုင်ယာလန်

ယနေ့ နံနက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် မြောက်အိုင်ယာလန် အသင်းနှင့် ရုရှား အသင်းတို့ ပွဲစဉ်အား ရာသီဥတု အခြေအနေကြောင့် ရွှေ့ဆိုင်းထားကြောင်း သိရသည်။ မြောက်အိုင်ယာ လန် နိုင်ငံမှာ ယှဉ်ပြိုင်ကစားရမည့် အဆိုပါ ပွဲစဉ်အား ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေတာကြောင့် နှစ်သင်းစလုံး သဘောတူ ရွှေ့ဆိုင်းခဲ့တာ ဖြစ်သည်။ အဆိုပါ ပွဲစဉ်အား နောက်တစ်နေ့ ၂၄ ရက် ဒေသစံတော်ချိန် ၁၅ နာရီ မှာ ယှဉ်ပြိုင်ရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ကွင်းလယ်ဒိုင် ဖြစ်သူ နော်ဝေလူမျိုး တွမ်ဟေဂန်သည် နှစ်သင်းမှ ကိုယ်စားလှယ်များနှင့် အတူ ကစားသမား၏ ကျန်းမာရေး အတွက် လိုအပ်သည့် ကွင်းတွင်း စစ်ဆေးမှုများအား ပြုလုပ်ခဲ့ပြီး ၊ ပြိုင်ပွဲကျင်းပရန် လုံလောက်သည့် အခြေအနေ မရှိတာကြောင့် ယခုလို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု F မှာ ရုရှား အသင်းသည် ၄ ပွဲ ၅ မှတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး ၊ မြောက်အိုင်ယာလန် အသင်းက ၄ ပွဲ ၃ မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေသည်။

Tiger Myanmar Amateur Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မျိုးဝင်းအောင် ဗိုလ်စွဲ

Tiger Myanmar Amateur Open Golf Championship 2013 ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ် ၁၉ ရက်မှ မတ် ၂၂ ရက်(ယနေ့)ထိ ရန်ကုန်မြို့၊ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ကျင်းပခဲ့ရာ နောက်ဆုံးနေ့ပြိုင်ပွဲ တွင် မြန်မာနိုင်ငံသား မျိုးဝင်းအောင်က ထိုင်း၊ စင်ကာပူတို့က ဖြတ်ကျော်ကာ ချန်ပီယံဆုရရှိခဲ့သည်။
မျိုးဝင်းအောင်သည် စုစုပေါင်း ရိုက်ချက် ၂၈၅ ချက်ဖြင့် ပထမဆုအားလည်းကောင်း၊ ထိုင်းနိုင်ငံသား ဒါသီဘိုမက စုစုပေါင်းရိုက်ချက် ၂၈၈ ချက်ဖြင့် ဒုတိယဆုအားလည်းကောင်း၊ ထိုင်းနိုင်ငံသား တာဝမ်ပေါင်က စုစုပေါင်း ရိုက်ချက် ၂၉၂ ချက်ဖြင့် တတိယဆုအားလည်းကောင်း၊ စင်ကာပူနိုင်ငံသား နီကလပ်က စုစုပေါင်း ရိုက်ချက် ၂၉၃ ချက်ဖြင့် စတုထ္ဃဆုအားလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။ 

ပြိုင်ပွဲတွင် ပထမနေ့အတွက် အကောင်းဆုံးရိုက်ချက်ဆုကို ထိုင်းနိုင်ငံသား ဒါသီဘိုမမှ စုစုပေါင်း ရိုက်ချက် ၇၀ ချက်ဖြင့် လည်းကောင်း၊ ဒုတိယနေ့အတွက် အကောင်းဆုံးရိုက်ချက်ဆုကို မျိုးဝင်းအောင်မှ စုစုပေါင်းရိုက်ချက် ၆၉ ချက်ဖြင့် လည်းကောင်း၊ တတိယနေ့အတွက် အကောင်းဆုံးရိုက်ချက်ဆုကို ဖိလစ်ပိုင်နိုင်ငံသား လာဝရမ်က စုစုပေါင်းရိုက် ချက် ၆၈ ချက်ဖြင့်လည်ကောင်း၊ စတုထ္ထနေ့အတွက် အကောင်းဆုံးရိုက်ချက်ဆုကို မျိုးဝင်းအောင်မှ စုစုပေါင်း ရိုက်ချက် ၇၁ ချက်ဖြင့် ရရှိခဲ့ကြသည်။ ချန်ပီယံဆုရရှိခဲ့သည့် မျိုးဝင်းအောင်က “ဒီဆုရခဲ့လို့အများကြီး ၀မ်းသာပါတယ်။ ဒီပွဲအပေါ်မှာ အများကြီး မျှော်လင့်ထားတာပါ။

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အပျော်တမ်းပြိုင်ပွဲတွေထဲမှာ ဒီပြိုင်ပွဲက အမြင့်ဆုံးဖြစ်လို့ ဒီပွဲအတွက် အများကြီးမျှော်လင့်ထားပြီး ယှဉ်ပြိုင်ခဲ့တာပါ။ တစ်လနီးနီးလောက် တစ်ယောက်တည်း စခန်းသွင်းလေ့ကျင့်ပြီး နိုင်ဖို့ အတွက် ပြင်ဆင်ခဲ့ တာပါ။ လာမယ့်ဆီးဂိမ်းမှာလည်း ကျွန်တော့်အနေနဲ့ နိုင်ငံလက်ရွေးစင် ကစားသမား တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းပါတယ်။ ပြိုင်လဲ ပြိုင်ချင်ပါတယ်” ဖွင့်ဟသွားခဲ့သည်။ Tiger Myanmar Amateur Open Golf Championship 2013 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည်တွင်း၊ ပြည်ပမှ ကစားသမား စုစုပေါင်း ၁၂၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်တွင်းကစားသမားအရေအတွက် ပိုမိုများပြားကြောင်း သိရှိရသည်။

နေရှင်နယ်လိဂ် ပွဲစဉ် ၆ ပွဲကြို ခန့်မှန်းချက်

မြန်မာ့လက်ရွေးစင် အသင်းရဲ့ AFC Challenge Cup ခြေစစ်ပွဲကြောင့် ခေတ္တ ရပ်နားထားရတဲ့ နေရှင်နယ် လိဂ်ပြိုင်ပွဲ ကို မတ် ၂၃ ရက်(ယနေ့)မှာ ပြန်လည် စတင်ပြီပဲဖြစ်ပါတယ်။ ပွဲစဉ် ၆ မှာတော့ ခြေစွမ်းပိုင်းကျ ဆင်းနေတဲ့ ဧရာဝတီအသင်းက ရန်ကုန်အသင်းနဲ့ ပွဲကြပ်တွေ့နေသလို အသင်းစုဖွဲ့ မှု အကောင်းဆုံး ပုံစံ မရသေးတဲ့ ရတနာပုံအသင်းကလည်း ကမ္ဘောဇအသင်းနဲ့ ပွဲကြပ်တွေ့နေပါတယ်။ တိုက်စစ်မှူး အသစ်ခေါ်ယူ ထားတဲ့ ဟံသာဝတီ အသင်းကလည်း မကွေးအသင်းကို အနိုင်ကစားနိုင်မလားဆိုတာ စိတ်ဝင်စား ဖို့ ကောင်းနေပါ တယ်။ ထုံးစံအတိုင်း ပွဲစဉ် ၆ အားလုံး ပြီးဆုံးတာနဲ့ ဘယ်သူတွေ ဆက်ပြီး လက်မထောင်နိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

၂၃-၃-၂၀၁၃ ကမ္ဘောဇ - ရတနာပုံ
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုမှာတော့ တစ်သင်းစီက တစ်ကြိမ်စီ အနိုင်ရထားကြပြီး တစ်ကြိမ်က သရေကျထားပါတယ်။ လက်ရှိအချိန် မှာ ကမ္ဘောဇအသင်းက ရတနာပုံအသင်းထက် ပိုမိုစုဖွဲ့မှုကောင်းမွန် တဲ့အပြင် ခြေစွမ်းပိုင်းကလည်း အကောင်းဆုံးပုံစံမှာ ရရှိနေပါတယ်။ ရတနာပုံ အသင်းက နည်းပြအပြောင်းအလဲ လုပ်ထားတဲ့အပြင် ကစားသမားတွေရဲ့ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်မှု အပိုင်းက အားနည်းနေပါသေးတယ်။ ဒါ့အပြင် ကမ္ဘောဇတို့က အိမ်ရှင်လည်းဖြစ်တာကြောင့် အိမ်ရှင်အသင်းပဲ အနိုင်ရရှိသွားမှာပါ။

၂၃-၃-၂၀၁၃ ဇေယျာရွှေမြေ - ရခိုင်ယူနိုက်တက်
ဇေယျာရွှေမြေတို့က အသစ်ခေါ်ယူထားတဲ့ ဂျပန်လူမျိုး ကွင်းလယ်တိုက်စစ်မှူးကို ဒီပွဲမှာ ထုတ်ကစားမှာပါ။ ရခိုင်ယူနိုက်တက်အသင်းက ငါးပွဲကစားပြီးချိန်မှာ တစ်မှတ်ပဲရရှိ ထားသေးလို့ နိုင်ငံခြား ကစား သမား ပြန်လည်ခေါ်ယူဖို့ လုပ်နေတဲ့ အသင်းပါ။ အသင်းလိုက် ကစားပုံနဲ့ ကစားသမား တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်ပိုင်းမှာလည်း ရခိုင်ယူနိုက်တက်အသင်းက ဇေယျာရွှေမြေအသင်းကို မယှဉ်နိုင်ပါဘူး။ အိမ်ရှင်တို့ အသစ်ခေါ်ထားတဲ့ ဂျပန်တိုက်စစ်မှူးနဲ့ ဆာဆာတို့သာ အတွဲအဖက်ညီခဲ့မယ်ဆိုရင် ဂိုးများများနဲ့တောင် အနိုင်ရနိုင်ပါတယ်။

၂၃-၃-၂၀၁၃ မကွေး - ဟံသာဝတီ
ဒီရာသီမှာ မကွေးအသင်းရဲ့ နိုင်ငံခြားကစားသမား ခေါ်ယူမှုက အခြားအသင်းတွေထက် ပိုမိုကောင်းမွန်တဲ့ အနေအထားကို တွေ့ရပါတယ်။ ခြေစွမ်း ပိုင်းကလည်း တည်တည်ငြိမ်ငြိမ် ရှိတဲ့အသင်းပါ။ ဟံသာဝတီ အသင်းက ငါးပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားသေးလို့ နိုင်ပွဲ ပြန်လည် ရှာဖွေ နေတဲ့အသင်းပါ။ ဒါ့အပြင် အသင်းတိုက်စစ်ပိုင်းကိုလည်း မကွေးတိုက်စစ်မှူးဟောင်း အဘိုလာဂျီနဲ့ အားဖြည့်ထား ပါတယ်။ နောက်ဆုံး သုံးကြိမ် တွေ့ ဆုံမှုတွေကို ကြည့်မယ်ဆိုရင် မကွေးက နှစ်ကြိမ် နိုင်ထားပြီး ဟံသာဝတီက တစ်ကြိမ် နိုင်ထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အနိုင်အရှုံး ပေါ်ခဲ့ပေမယ့် ပြတ်ပြတ် သားသား ရလဒ်မျိုး ထွက်ပေါ်မရှိပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း မကွေးတို့ ဂိုး နည်းနည်းနဲ့ ကပ်နိုင်ဦးမှာပါ။

၂၃-၃-၂၀၁၃ ဧရာဝတီ - ရန်ကုန်
ဧရာဝတီအသင်းက လိဂ်ပြိုင်ပွဲမှာလည်း ရလဒ်တွေ ဆိုးနေသလို AFC Cup ပြိုင်ပွဲမှာလည်း နိုင်ပွဲ မရရှိသေးပါဘူး။ အသင်းရဲ့ လူအင်အားပိုင်းက လည်း အားရစရာ အနေအထားမျိုးမှာ ရှိမနေပါဘူး။ ရန်ကုန်အသင်းက်စုဖွဲ့မှု ပိုမိုကောင်းမွန်တဲ့အပြင် ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အသွေး ကလည်း ဧရာဝတီအသင်းထက် ပိုမိုကောင်းမွန်ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုကို ကြည့်ရင် နှစ်ကြိမ် သရေကျထားပြီး ရန်ကုန် အသင်းက တစ်ကြိမ် အသာရထားပါတယ်။ ရန်ကုန်အသင်း တိုက်စစ်မှူးတွေ ဖြစ်တဲ့ ကျော်ကိုကို၊ ကိုနေးအဒါမာ၊ ဆီဇာတို့သာ အတွဲအဖက်ညီခဲ့မယ် ဆိုရင် ဧရာဝတီအသင်းကို ဂိုးများများနဲ့တောင် နိုင် နိုင်ပါတယ်။

၂၄-၃-၂၀၁၃ နေပြည်တော် - မနောမြေ
ခြေစွမ်းချင်း သိပ်မကွာတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မနောမြေအသင်း က ရန်ကုန်တို့လို အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့ အသင်းတစ်သင်းဖြစ်သလို နေပြည်တော် အသင်းက လည်း အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေဆီက အမှတ်ယူနိုင်တဲ့ အသင်းမျိုးပါ။ နောက်ဆုံး သုံးကြိမ် တွေ့ဆုံမှုမှာ နေပြည်တော်က နှစ်ကြိမ် နိုင်ထားပြီး မနောမြေအသင်းက တစ်ကြိမ် နိုင်ထားပါတယ်။ သာမန်ဆိုရင် သရေကျနိုင် တဲ့ အနေအထားမျိုးဖြစ်ပေမယ့် နေပြည်တော်အသင်း အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ပရိသတ်အားရှိတဲ့ နေပြည်တော်ပဲ ကပ်နိုင်ဖို့ ရှိပါတယ်။

၂၄-၃-၂၀၁၃ ဆောက်သမ်း - ဇွဲကပင်
အစဉ်အလာဟောင်းတွေကို ကြည့်မယ်ဆိုရင် ဇွဲကပင်အသင်းက ဆောက်သမ်းအသင်းကို ရှုံးနိမ့်ခဲ့တာ ချည်းပါပဲ။ ဒါပေမယ့် လက်ရှီအချိန်မှာ ဇွဲကပင် အသင်းက နိုင်ငံခြားကစားသမားတွေ ခေါ်ယူထားတဲ့အပြင် အသင်းရဲ့ ခြေစွမ်းကလည်း ပိုမိုတိုးတက်လာပါတယ်။ ဆောက်သမ်းအသင်းက ပြည်တွင်း လူငယ်ကစားသမားတွေနဲ့ပဲ ယှဉ်ပြိုင်နေတဲ့ အသင်းပါ။ ဇွဲကပင်အသင်း ခြေစွမ်း ကောင်းမွန်လာတာ မှန်ပေမယ့် အသင်းလိုက် စုဖွဲ့မှု ကစား အားက အကောင်းဆုံးအနေအထားမှာ မရှိသေးပါဘူး။ ဇွဲကပင်အသင်း အနိုင်ရဖို့များပေမယ့် ဆောက်သမ်းရဲ့ ရုန်းအားကြောင့် သရေကျ သွားနိုင်ပါတယ်။

ပွဲစဉ် ၆ ပွဲစဉ်များ
၂၃-၃-၂၀၁၃ ကမ္ဘောဇ - ရတနာပုံ ညနေ ၃း၀၀ (တောင်ကြီး)
၂၃-၃-၂၀၁၃ ဇေယျာရွှေမြေ - ရခိုင်ယူနိုက်တက် ညနေ ၄း၀၀ (မုံရွာ)
၂၃-၃-၂၀၁၃ မကွေး - ဟံသာဝတီ ညနေ ၄း၀၀ (သုဝဏ္ဏ)
၂၃-၃-၂၀၁၃ ဧရာဝတီ - ရန်ကုန် ညနေ ၄း၀၀ (အောင်ဆန်း)
၂၄-၃-၂၀၁၃ နေပြည်တော် - မနောမြေ ည ၆း၀၀ (နေပြည်တော်)
၂၄-၃-၂၀၁၃ ဆောက်သမ်း - ဇွဲကပင် ညနေ ၄း၀၀ (သုဝဏ္ဏ)

အာရှဖလားခြေစစ်ပွဲတွင် မလေးရှားအသင်း နိုင်ပွဲစတင်ရရှိ

၂၀၁၅ အာရှဖလားခြေစစ်ပွဲတွင် မလေးရှားအသင်း သည် နိုင်ပွဲစတင် ရရှိခဲ့သော်လည်း ထိုင်း၊ ဗီယက်နမ် အသင်းတို့မှာ ရှုံးပွဲများ ဆက် လက်ကြုံတွေ့ နေသည်။ မလေးရှားအသင်းသည် ပြီးခဲ့သည့် မတ် ၂၂ ရက်က အာရှဖလားခြေစစ်ပွဲအဖြစ် အိမ်ကွင်း၌ ယီမင်အသင်းအား ဧည့်ခံကစားခဲ့ရာ ၂-၁ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မလေးရှားအသင်းအတွက် အနိုင်ဂိုးများကို ၂၇ မိနစ်တွင် အာဇာမူဒင်၊ ၈၀ မိနစ်တွင် မူဟန်မင်း တို့က သွင်းယူပေးခဲ့ကြပြီး ယီမင် အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ၁၂ မိနစ်တွင် ဟာဂရီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မလေးရှားအသင်းသည် အာရှဖလားခြေစစ်ပွဲ အုပ်စု (D) တွင် ဘာရိန်း၊ ကာတာ၊ ယီမင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲ ရှုံး ရမှတ် သုံးမှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် ဘာရိန်း အသင်းနှင့် အိမ်ကွင်းတွင် ကစားရမည်ဖြစ်သည်။ အခြားပွဲစဉ် တွင် ဘာရိန်းအသင်းက ကာတာ အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာရှဖလားခြေစစ်ပွဲ အုပ်စု (B) တွင် အရှေ့တောင်အာရှအသင်းဖြစ်သည့် ထိုင်းအသင်းသည် အဝေးကွင်း၌ လက်ဘနွန်အသင်းအား ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ လက်ဘနွန်အသင်းအတွက် အနိုင်ဂိုးများကို ၆၊ ၂၂ မိနစ်များတွင် ချာတို၊ ၃၁ မိနစ်တွင် ဟာဒါ၊ ၇၂ မိနစ်တွင် မာတောက်၊ ၉၁ မိနစ်တွင် အာဝီတို့က သွင်းယူပေး ခဲ့ပြီး ထိုင်းအသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ၄၉ နှင့် ၈၅ မိနစ်များတွင် ပါချမ်က သွင်းယူပေးခဲ့သည်။ ထိုင်းအသင်း သည် အာရှဖလားခြေစစ်ပွဲ အုပ်စု(B) တွင် အီရန်၊ ကူဝိတ်၊ လက်ဘနွန်အသင်းများနှင့် ကျရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစား နှစ်ပွဲရှုံးဖြင့် ဇယား အောက်ဆုံး၌ ရပ်တည်နေသည်။ လာမည့် အောက်တိုဘာ ၁၅ တွင် ထိုင်းအသင်းသည် အဝေးကွင်း၌ အီရန်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစား ရမည်ဖြစ်သည်။

အာရှဖလားခြေစစ်ပွဲ အုပ်စု (E) တွင် အရှေ့တောင်အာရှအသင်းတစ်သင်းဖြစ်သည့် ဗီယက်နမ်အသင်း သည် ဟောင်ကောင်အသင်းအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ ဟောင်ကောင်အသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို ၈၇ မိနစ်တွင် ချမ်ဝါဟိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းသည် အာရှဖလား ခြေစစ်ပွဲ အုပ်စု(E) တွင် ယူအေအီး၊ ဟောင်ကောင်၊ ဥဇဘက်ကစ္စတန်အသင်းများနှင့် တစ်အုပ်စု တည်းကျ ရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစားပြီးရာ၌ နှစ်ပွဲစလုံး ရှုံးနိမ့်ထားပြီး ဇယားအောက်ဆုံး ၌ ရပ်တည်နေသည်။ ဗီယက်နမ်အသင်းသည် လာမည့် အောက်တိုဘာ ၁၅ ရက်တွင် အဝေးကွင်း၌ ဥဇဘက်ကစ္စတန်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

မတ် ၂၂ ရက်တွင် ကစားခဲ့သည့် ၂၀၁၅ အာရှဖလားခြေစစ်ပွဲ ရလဒ်များ
လက်ဘနွန် ၅ - ၂ ထိုင်း
တရုတ် ၁ - ၀ အီရတ်
မလေးရှား ၂ - ၁ ယီမင်
ဘာရိန်း ၁ - ၀ ကာတာ
ဟောင်ကောင် ၁ - ၀ ဗီယက်နမ်
ယူအေအီး ၂ - ၁ ဥဇဘက်ကစ္စတန်

ကမ္ဘောဒီးယားအသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့် တာ့ခ်မင်နစ္စတန်

2014 AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) ပွဲစဉ်များကို မတ် ၂၂ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ရာ ပွဲဦးထွက်တွင် တာ့ခ်မင်နစ္စတန် အသင်းသည် ကမ္ဘောဒီးယားအသင်းအား ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
တာ့ခ်မင်နစ္စတန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၇ မိနစ်တွင် အာမန်နော့၊ ၂၃ နှင့် ၃၆ မိနစ်များတွင် ဘာယာနော့၊ ၄၁ မိနစ်တွင် ကမ္ဘောဒီး ယားနောက်ခံလူ သာဗတ်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိ၊ ၇၄ မိနစ်တွင် ဆာရမ်ဒေါင်း၊ ၈၁ မိနစ်တွင် အာဗာလို၊ ၈၇ မိနစ်တွင် ဘထရာရိုတို့က သွင်းယူပေးခဲ့ကြသည်။ အခြားပွဲစဉ် တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ဘရူနိုင်းအသင်းသည် ပြိုင်ပွဲ မှ နုတ်ထွက်ခဲ့သဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ပေးခဲ့သည်။

2014 AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) ရလဒ်များနှင့် ပွဲစဉ်များ
တာ့ခ်မင်နစ္စတန် ၇ - ၀ ကမ္ဘောဒီးယား
ဖိလစ်ပိုင် ၃ - ၀(Awarded) ဘရူနိုင်း
၂၄-၃-၂၀၁၃ ဘရူနိုင်း ၀ - ၃ (Awarded) တာ့ခ်မင်နစ္စတန်
၂၄-၃-၂၀၁၃ ကမ္ဘောဒီးယား - ဖိလစ်ပိုင်
၂၆-၃-၂၀၁၃ ကမ္ဘောဒီးယား ၃ - ၀(Awarded) ဘရူနိုင်း
၂၆-၃-၂၀၁၃ ဖိလစ်ပိုင် - တာ့ခ်မင်နစ္စတန်

နာကျင်မှုကို သက်သာအောင် မတ်မတ်နေပါ

ခေါင်းကိုက်တာ၊ အဆစ်ကိုက်တာ ဒါမှမဟုတ် တခြား ကိုက်ခဲတာတွေ ဖြစ်ရင် စက္ကန့် ၆၀ အတွင်း သက်သာနိုင် အောင် မတ်မတ်ရပ်ပါ ဒါမှမဟုတ် မတ်မတ် ထိုင်ပါလို့ စိတ်ပိုင်းဆိုင်ရာ ဂျာနယ်မှ လေ့လာမှု အသစ်အရ ဖော်ပြထားပါ တယ်။ အနေအထား မှန်ကန်တာကြောင့် နာကျင်မှုကို အောင်မြင်ရာ မှာ နှစ်ဆခန့် မြင့်တက် သွားတယ်လို့ ဆိုပါတယ်။ မိမိ ကိုယ်ကိုယ် ယုံကြည်စိတ် မြင့်တက်လာပြီး သင့်ကို ပြဿနာ ဖြစ်စေတဲ့ အကြောင်းအ ရာကို ပိုမိုထိန်းချုပ် နိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် နာကျင်မှုကို အဖြစ်နည်းတဲ့ တက်စထရို စတီ ရုန်းဟော်မုန်းတွေ ခန္ဓာကိုယ်မှ ထွက်ရှိ လာတာ ကြောင့်လို့လည်း ဆိုပါတယ်။

အမည်းရောင် ချောကလက်က စိတ်ဖိစီးမှုကို လျော့ကျစေနိုင်

ကိုကိုး ၇၅ ရာခိုင်နှုန်း ပါဝင်တဲ့ ချောကလက်ကို နေ့စဉ် အနည်းငယ်စီ စားတာကြောင့် သွေးတွင်း မကောင်း တဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေ ကာ သွေးကြော ပိတ်ဆို့မှု မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီး မှုကိုလည်း လျှော့ချပေး နိုင်ပါတယ်။

ငါးက နှလုံးကို ကျန်းမာစေနိုင်

ဆယ်လ်မွန် ငါးနဲ့ မက်ထရယ် ငါးတို့လို အိုမီဂါ ၃ ဖက်တီး အက်စစ် များစွာ ပါဝင်တဲ့ ငါးတွေဟာ နှလုံး ရော ဂါ ဖြစ်နိုင် ခြေကို လျော့ကျ စေပြီး ကိုယ်တွင်း ရောင် ရမ်းမှု လျော့နည်းစေကာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင် တာ တွေကို ကောင်းမွန် စေပါတယ်။ ငါးမကြိုက်လို့ မစားရင် အခွံ မာတဲ့ အစေ့အဆန် တွေကို စားပေး သင့်ပါ တယ်။

ပန်းဂေါ်ဖီစိမ်းက ဆီးအိတ်ကို ကာကွယ်ပေးနိုင်

သင့်မိခင်က သင့်ကို ပန်းဂေါ်ဖီစိမ်း စားဖို့ တိုက်တွန်းလေ့ ရှိသလား။ ဒါက သင့်ကျန်းမာရေး ကို စောင့်ရှောက်မှုပေး နေတာပဲ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို သုပ်စားတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရန်ဟင်းလျာ တစ်မျိုးဖြစ်ပြီး ဆီးအိတ် ကင်ဆာ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။