25.3.13

မြေကမ္ဘာနေ့ အခမ်းအနားကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော် တွင်ကျင်းပမည်

၂၀၁၃ ခုနှစ် မြေကမ္ဘာနေ့ အခမ်း အနားကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံ ကျော်တွင် မတ်လ ၂၃ ရက် ည ၈း၃၀ မှ ၉း၃၀ ထိ ၁ နာရီကြာ မီးမှိတ် ခြင်းဖြင့် ကျင်းပကြမည် ဖြစ်သည်။ ၎င်းအခမ်း အနားကို ၂၀၀၇ ခုနှစ် မှစ၍ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် စတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း များစွာ ပါဝင်ကျင်းပ လာကြခြင်း ဖြစ်သည်။ ၎င်းမြေကမ္ဘာနေ့ အခမ်း အနားသည် ကမ္ဘာပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲနေမှုကို ဂရုပြု မိစေရေး အတွက် ရည်ရွယ်၍ မိနစ် ၆၀ ကြာ မီးမှိတ်ခြင်းခြင့် ကျင်းပကြခြင်း ဖြစ်သည်။ ယင်းအခမ်း အနားကို ကမ္ဘာကျော် နေရာများ ဖြစ်သော ပါရီမြို့ရှိ အီဖယ်မျှော်စင်၊ ဆစ်ဒနီမြို့ရှိ အော်ပရာ ပြဇာတ်ရုံ၊ India Gate၊ ၊ ဒူဘိုင်းမြို့မှ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အုံ ဘာ့ဂ်ျခါလီဖာ၊ အီဂျစ်ရှိ ပိရမစ် အစရှိနေရာ များတွင်လည်း ၁ နာရီကြာ အမှောင် ချထား၍ မြေကမ္ဘာ နေ့ကို ဆင်နွှဲခဲ့ သည်ဟု သိရသည်။ ယခုနှစ်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံများမှ မြို့ပေါင်း ၇၀၀၀ ကျော်မှ လူသန်းပေါင်း များစွာ ပါဝင်ဆင်နွှဲ ကြမည်ဟု သိရသည်။

0 comments:

Post a Comment