25.3.13

စပိန်နှင့် ပွဲအတွက် ပြင်သစ်အသင်း အသင့်ဖြစ်နေ

ဂျော်ဂျီယာ အသင်းကို ၃း၁ ဖြင့် အနိုင်ရခဲ့ပြီးနောက် မိမိတို့ ပြင်သစ် အသင်းသည် စပိန်နှင့် ပွဲအတွက် အသင့်ရှိနေပြီဖြစ်ကြောင်း နည်းပြ ဒက်စ်ချမ့်က ပြောဆိုလိုက်သည်။ အိမ်ကွင်းတွင် ကစားခဲ့ရသော ပြင်သစ် အသင်းအတွက် ဂိုးများကို ဂီရော့ဒ်၊ ဗဲဘူနာနှင့် ရီဘာရီတို့က သွင်းယူခဲ့ကြသည်။ ဒက်စ်ချမ့်က စပိန်နဲ့ ကစားမယ့် ပွဲမှာ ခံစစ် ကစားဖို့ ဘယ်လိုမှ မစဉ်းစားထားပါဘူး။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က အဲဒီပွဲမှာ အနိုင်ရပြီး ဆက်ရှိနေဖို့ပါဟု ပြောဆိုသွားခဲ့သည်။ ပြင်သစ် အသင်းမှာ ၄ ပွဲ ကစားပြီးရာတွင် ၃ ပွဲနိုင် ၁ ပွဲသရေ ၁၀ မှတ်ဖြင့် အုပ်စုကို ဦးဆောင်နေပြီး စပိန်က ၄ ပွဲကစား ၈ မှတ်ဖြင့် ဒုတိယ နေရာတွင် ရှိနေသည်။ ပြင်သစ်သည် လွန်ခဲ့သော အောက်တိုဘာလက စပိန်နှင့် လာမည့် အင်္ဂါနေ့တွင် အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

0 comments:

Post a Comment