25.3.13

သရေရလဒ်ကြောင့် အုပ်စု ဒုတိယသို့ ရောက်သွားသည့် စပိန် အသင်း

စပိန် အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အိမ်ကွင်း ပွဲအဖြစ် ဖင်လန် အသင်းနှင့် ကစားခဲ့ရာ တစ်ဘက် တစ်ဂိုးစီ သရေကျခဲ့သည်။ ယင်းကြောင့် စပိန်အသင်းမှ တစ်ဘက်မှ ဂျော်ဂျီယာကို ၃း၁ ဖြင့် အနိုင်ရသွားသော အုပ်စုတွင်း ပြိုင်ဘက် ပြင်သစ်အသင်း အုပ်စုဗိုလ်ဖြစ်သွား၍ ဖိအားဝင်သွားပြီး ၂ မှတ် နစ်နာခဲ့ရသည်။ ယင်းပွဲစဉ်တွင် စပိန်အသင်းအတွက် ဂိုးကို ရာမို့စ်က သွင်းယူကာ ဖင်လန် အသင်းအတွက် ဂိုးကို ပတ်ကီက သွင်းယူခဲ့သည်။ ယင်းကြောင့် စပိန် အသင်းသည် ရမှတ် ၈ မှတ်ဖြင့် ဒုတိယ နေရာသို့ ရောက်သွားပြီး အုပ်စု I ထိပ်ဆုံးတွင် ပြင်သစ် အသင်းက ရမှတ် ၁၀ မှတ်ဖြင့် ရပ်တည်နေသည်။ စပိန်အသင်းသည် ယခုလ ၂၆ ရက်နေ့တွင် ပြင်သစ် အသင်းနှင့် အဝေးကွင်း ပွဲစဉ်အဖြစ် ကစားရမည် ဖြစ်သည်။

0 comments:

Post a Comment