ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.7.13

လွှတ်တော်ရုံး တည်ဆောက်ဖို့ မြေနေရာအတွက် လူနေအိမ်များ ဖယ်ရှားမှုအပေါ် ဝေဖန်

မူလ လက်ငုတ်နေထိုင်သူများနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသော စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ရုံး တည်ဆောက်မည့် ''ဧက လေးဆယ်မြေနေရာ''မှ လူနေအိမ်အချို့ ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီက စတင် ဖယ်ရှားခံရပြီး ယခုလုပ်ဆောင်မှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လျှက်ရှိသည်။

ယခုအဖြစ်အပျက် မဖြစ်ပွားမီ တစ်ရက်အလို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကမဇ္ဈိမကို ပြော ဆိုရာတွင် ''ဒေသခံတွေရဲ့ ပြောပြချက်တွေ အကုန်လုံးကို တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံညှိနှိုင်း ခဲ့ပြီးပါပြီ။ ကျွန်မ တစ်ခါတည်း ပြော ခဲ့ပါတယ်။ ဒီလူတွေကို အင်အားသုံး၊ အ ကြမ်းဖက်တာတွေ မလုပ်ပါနဲ့ လို့ ပြောခဲ့တယ်။ ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို တင်ပြဖို့ ပြော ပါတယ်။ ဒီမနက် ကျွန်မဆီ ဖုန်းဝင်လာတယ်။ ဟိုတစ်နေ့က ရွှေ့ပြောင်းခံရမယ့် သူတွေကိုလည်း မရမကနဲ့ အတင်းအကြပ်နဲ့ ရွှေ့ခိုင်းတယ်'' ဟု ပြောဆို သည်။

ဇွန် ၂၉ ရက်က စစ်ကိုင်း တိုင်းထွေ/ အုပ် ဒုတိယညွှန်ကြားရေးမှူး၊ ယခု ပြည်သူ့ လွတ်တော် ဒုညွှန်မှူး ဗိုလ်မှူး နေဦးအပါအဝင် မုံရွာမြို့နယ် မြေစာရင်းဦးစီးမှူး ဦးချစ် ထွန်းအောင်တို့နှင့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင် တို့ တွေ့ဆုံပြီး မုံ ရွာမြို့နယ် အိုးဖိုတောင် အိမ်ခြေ ၂၁ အိမ်အနက်မှ ၁၈ အိမ်အား ရွေ့ပြောင်း ရန် ကိစ္စညှိ နှိုင်း ခဲ့ကြသည်။

ပြောင်းရွှေ့နေထိုင်ရန် နေရာချထားပေး ခြင်းခံရသူဒေသခံတစ်ဦးက '' အစားထိုးမြေ နေရာအနေနဲ့ ပေ ၂ဝထ ၈ဝကို မဲနှိုက်စနစ် နဲ့ ချထားပေးတာတော့ ရှိပါတယ်။ မိသားစု နေ နိုင်ဖို့ အမှန်တကယ်မဖြစ်နိုင်ပါဘူး။ ချပေး မြေနေရာက ကျဉ်းကြပ် လွန်းတာကြောင့် ပြောင်းရွှေ့ချင်သူ မရှိတာပါ '' ဟု မဇ္ဈိမသို့ ပြောသည်။အဆိုပါ အငြင်းပွားလျက်ရှိသော မြေ နေရာသည် မုံရွာမြို့ အိုးဘိုတောင်မြို့သစ်ရပ်ကွက် ၊ ကွေ့ကြီး အနောက်ကွင်းတွင်ရှိပြီး ဧက ၁၆၇ ဧကကျော် ကျယ်ဝန်းသည်။

ယင်းမြေကို မြို့တိုးချဲ့မြေအဖြစ် မုံရွာနယ် အုပ်ချုပ်ရေးမှူးရုံးက ၁၆- ၂-၂ဝ၁၃ နေ့စွဲပါ အမိန့်စာဖြင့် သတ်မှတ် ထားပြီး ဖြစ်ကြောင်း၊ လွှတ်တော်ရုံးမြေနေရာအတွက် ကျူးကျော်ဝင်ရောက်နေထိုင်လျက်ရှိသော လူနေအိမ် ၇၇ လုံး ဧက ၂ဝ ကျော်အား မြေနေရာ အစားထိုးပြန်လည် ချထားနိုင်ရေးအတွက် ၂၉-၁၁-၂ဝ၁၁ရက်က အိုးဘိုတောင် ရပ်ကွက်ရှိ မြဝတီ ဘုန်းကြီးကျောင်း၌ စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီး ဦးတင်ဝင်း ဦးဆောင်သော အဖွဲ့မှ ပြောင်းရွှေ့ရမည့် မြေနေရာများအတွက် မဲနှိုက်စနစ်ဖြင့် နေရာချ ထားပေးခဲ့ဖြစ် ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဒေါ်ခင်စန်းလှိုင် က ဖယ်ရှားမည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ပြောဆိုရာတွင် ''ကျွန်မပြောချင်တာက အခုပြဿနာဖြစ်နေ တဲ့နေရာဟာ ပြည်သူ့လွတ်တော်ဆောက်မယ့် နေရာ၊ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို မတရား သိမ်းဆည်းပြီး ဒီဆောက်မယ့် လွတ်တော်ကြီးက ဘယ်သူ့အတွက် အလုပ်လုပ်မှာလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ၊တရားဥပဒေစိုးမိုးဖို့ရာ ဒီအချိန်မှာ ဆောင်ရွက်နေရာမှာ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းမှာ ကိုယ့် ဥပဒေကိုယ်ကိုင်ပြီး လုပ်နေပြီလားဆိုတာကို ကျွန်မတို့က မေးမြန်းစရာတွေ ဖြစ်နေပြီ'' ဟု ပြောသည်။

''ပြောင်းရွှေ့တဲ့အခါ လိုအပ်မယ့် စားရိတ်ကိုပေးဖို့ ပြောပါတယ်။ အခုအခါ ခေတ် ကာလနဲ့ ငွေ ၁ဝ သိန်း၊ သစ် ၂ တန်၊ နဂိုမူလ မြေအကျယ်အဝန်း အတိုင်းပေးဖို့ တရားဝင် တောင်းတယ်။ သူတို့ဘက်က မပေးနိုင်ဘူးဆို ရင်လည်း ညှိနှိုင်းဖို့ လိုတာပေါ့'' ဟု ဒေါ် ခင်စန်းလှိုင်က မဇ္စျိမ ကိုရှင်းပြသည်။

ယင်းမြေနေရာကိစ္စနဲ့ ပတ်သက်၍ ဇွန် လ ၂၅ ရက် နေ့လည်ပိုင်းက မြို့နယ်အုပ် ချုပ်ရေးမှူးစီးလာသည့် ကားရှေ့တွင်မညိုမာဆိုတဲ့ ကောင်မလေးက အသက်အသေခံ မည်ဆိုကာ လှဲအိပ်ခဲ့သည့် အဖြစ်ပင်ရှိခဲ့ကြောင်းဟု မုံရွာမြို့ခံ တစ်ဦးမှလည်း မဇ္ဈိမသို့ ပြောပြသည်။ထိုနေရာတွင် အိမ်ခြေစုစုပေါင်း ၂၁ အိမ်အပြင် လယ်ယာမြေအချို့၊ ကုန်းမြေအချို့နှင့် လူမနေဘဲ ဝယ်ယူထားသည့်မြေလွတ် အချို့ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ရုံး တည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် အခွန် စည်းမျဉ်း နည်းဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့်အတွက်မုံရွာမြို့၊ အိုးဘိုတောင် ရပ် ကွက်နေ ဦးရွှေရဆိုသူအပေါ် ဖမ်းဝရမ်း ထုတ်ဆင့်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။မုံရွာမြို့နယ် အုပ်ချုပ်ရေးမှုး ဦးညွန့်စိုးမှ လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အဆိုပါ မြေယာ အငြင်းပွားသူများထံ ထုတ်ဆင့်ခဲ့သည့် အမိန့်စာတွင် နေအိမ်ပြောင်း ရွှေ့စရိတ်နှင့် လျော်ကြေးငွေ ကျပ် ၉ ဒသမ ၇ဝ၇ သန်းအားလက်ဝယ်အရောက် ပေး လျော်ခဲ့ပြီးဖြစ်ကြောင်း၊ ပြောင်းရွှေ့ပြီး အိမ်ခြေ ၅၂ ဦး၊ အိမ်ဝန်းကျယ် ၄ ဦး၊ ပြောင်းရွှေ့ရန်ကျန်ရှိသူ ၂၁ ဦးရှိကြောင်း၊ အစိုးရ စီမံကိန်းမြေနေရာ ဖြစ်သည့်အတွက် အမြန်ဆုံးပြောင်းရွှေ့နေထိုင်ပေးရန်လေးကြိမ်တိုင်တိုင် အသိပေး အကြောင်းကြားထား ပြီး ဖြစ်သည် ဟု ဖော်ပြထားသည်။

အာဏာပိုင်များအနေဖြင့် ဆွေးနွေးညှိ နှိုင်းနေစဉ် အတင်းအကြပ် ပြုလုပ်ခြင်းသည် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ၏ ညှိနှိုင်းမှုကိုလက်မခံခြင်း၊ ပြည်သူ့အသံကို နားထောင်ခြင်းမရှိတာဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆက်ရှင်းသည်။

Ref: Mizzima

ဘဲကိုက်လန်ဟင်း


ဘဲနုနု - ၅၀ ကျပ်သား
ကိုက်လန် - ၂၀ ကျပ်သား
ခရုဆီ - အနည်းငယ်
ဂျင်း - အနည်းငယ်
ပဲငံပြာရည်အနောက် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
သကြား - အနည်းငယ်
မှိုကြီးခြောက် - ၆ ပွင့်
ကြက်သွန်ဖြူ - ၂ ဥ
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ဆီ - အနည်းငယ်

ဘဲသားများ ရေဆေးပြီး ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ပဲငံပြာရည်အနောက်တို့ဖြင့် နယ်ထားပါ။ ကိုက်လန်ကို လိုသလောက် အပိုင်းလှီးဖြတ်၍ ရေနွေးဆူဆူတွင် ဆားထည့်၍ပြုတ်ပါ။ ချက်ချင်းပြန်ဆယ်၍ ရေအေးတွင်စိမ်လိုက်ပါ။ ပြီးလျှင် ဆန်ကာဖြင့် စစ်ထားပါ။ ချင်းနှင့် ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။

နယ်ထားသော ဘဲသားများကို ပေါင်းအိုးတစ်ခုထဲတွင်ထည့်၍ မိနစ် ၄၀ ခန့်ပေါင်းပါ။ ဆီအိုးတည်၍ဆီကျက်လျှင် ချင်းနှင့် ကြက်သွန်ဖြူ ဓားပြားရိုက်ထားသည်များကို ဆီသတ်ပါ။ ခရုဆီလောင်းထည့်ပါ။ ပြုတ်ထားသော ကိုက်လန်များ ထည့်ပါ။ ဆားအနည်းငယ် နှင့် ဟင်းခတ်မှုန့်အနည်းငယ်စီ ထည့်ပါ။ အနေတော်လျှင် အိုးချပါ။

ဘဲပေါင်းကိုက်လန် ပြင်ဆင်ရန်မှာ ပန်းကန်ထဲသို့ ပေါင်းထားသောဘဲသားများ လှပစွာ စီ၍ထည့်ပါ။ အပေါ်မှ ချက်ထားသော ကိုက်လန်ကို အုပ်လိုက်ပါ။ အလွန်စားကောင်းသော ဟင်းတစ်မယ်ရပါပြီ။
Ref: shweo.net

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

 
(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ

သားသမီး မလိုချင် သေးလို့ ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ

သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ

သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာ တွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ

ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသားမှာ မွေးရာပါ ချို့ယွင်း ချက်ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDA အကြံပြု ထားပါတယ်။

(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ

သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ တွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်းပျက်စီးတာ၊ သုက်ကောင် လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ

ရာသီလာပြီး ၁၄ ရက် မြောက်နေ့မှာ သားဥ ကြွေကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင်ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ်ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥြွေကရက်ပါ။

(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ

ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေအောင်စေနိုင်တဲ့ အကောင်းဆုံး အချိန်ကို ညွှန်ပြ ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။

(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ

သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီးရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ

အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ် လွန်းတာ၊ လေဝင် လေထွက် မကောင်းတာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်း ခံဘောင်း ဘီကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်း စေပါတယ်။

(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ

သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု တွေကို ဖန်တီးယူပါ။

Ref: အလင်း(ဆေးဝါး)

ပန်စလိကျေးရွာလေးမှ လူထူးဆန်းလေး မောင်လီတိ

 
ဇူလိုင်လ(၁)ရက်နေ့က သတင်းတာဝန်နဲ့ တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စုအတွင်းရှိ ပန်စလိမူလတန်းကျောင်းလေးကိုရောက်ရှိသွားခဲ့ပါသည်။ ပန်စလိမူလတန်းကျောင်းမှာ ကျောင်းသူ ၊ကျောင်းသား(၁၄၇)ဦး ပညာ သင်ကြားနေပြီး ရိုးသားလှတဲ့ အာခါနဲ့ လားဟူရင်သွေး ငယ်လေးများ ဖြစ်ကြပါသည်။

ကျောင်းစာသင်ခန်းထဲကို ၀င်သွားတာနဲ့ သံပြိုင်ညီညီသီဆိုကြတဲ့ နှုတ်ဆက်တေးလေးဟာ မြို့ကြီးပြကြီးက ကျောင်းတွေမှာတောင် တခါမှမတွေ့ဖူးတဲ့ နှုတ်ဆက်တေးသံလေးပါ၊ မြန်မာလို မပီမသ ၀ဲတဲတဲနဲ့ သီဆိုတဲ့ နှုတ်ဆက်တေးသံလေးကတော့ ကျွန်တော့်ရင်မှာ တသက်မမေ့နိုင်တော့ပါ။

ဒီကျောင်းသူကျောင်းသားလေးတွေကိုလိုက်လံနှုတ်ဆက်ရင်း ထူးခြားတဲ့ ကျောင်းသားလေး တစ်ယောက်ကို သွားတွေ့တာ နဲ့ သတင်းသမားပီပီ ဓါတ်ပုံတွေရိုက်၊ သိချင် တာတွေ ကို မေးမြန်းကြည့်ခဲ့သည်။ သူ့ပုံလေးကိုကြည့်ပါ၊ ရိုးသားတဲ့ သွင်ပြင်လေးမှာ ရှည်လျားလှတဲ့ ဆံပင်တွေက သူ့အလှကိုဖျက်နေသလိုပါပဲ။

"သားဆံပင်တွေရှည်နေတယ်၊ ကျောင်းသားဆိုတာ ဆံပင်ရှည်မထားရဘူး"လို့ ပြောလိုက်မိတော့ "ဟုတ်ကဲ့ ဦးဦး သားလဲ ဆံပင်ရှည်မထားချင်ပါဘူး၊ ဒါပေမယ့် သားဆံပင်တွေက ငယ်ငယ်လေးထဲက ဖြတ်လို့မရဘူး၊ ဆံပင်တွေကို ညှပ်လိုက်တာနဲ့ သားမခံမရပ်နိုင်အောင် မူးလာပြီးနောက်တော့ သတိလစ်သွားတော့တယ်၊ အဲ့ဒါကြောင့် ဆံပင်တွေကို အကုန်ညှပ်လို့မရပဲ အခုလို တပိုင်းတစ အရှည်ထားနေရတာပါ"ဟု ယဉ်ကျေးစွာဖြင့် ပြန်လည်ဖြေကြားသွားပါသည်။

" ဒီကလေးနံမည်က မောင်လီတိပါ၊ အသက်က ၃၁-၁၂-၁၉၉၈မှာ မွေးတာဆိုတော့ (၁၅)နှစ်ပြည့်ခါနီးပါပြီ၊ အခု ဒီကျောင်းမှာ စတုတ္တတန်းရောက်သင်ကြားနေတာပါ။ မိဘတွေကတော့ မိုင်းဟဲကျေးရွာအုပ်စု၊ ၀ိန်းဝရွာမှာ နေထိုင်တဲ့ အာခါတိုင်းရင်းသား ဦးအားဆောင်နဲ့ ဒေါ်ဘူးတီးတို့ရဲ့ သားသမီး (၁၁)ဦးအနက် အငယ်ဆုံးသားပါ၊ သူ့ဆံပင်တွေကို ညှပ်လို့မရဘူး၊ ညှပ်တာနဲ့ မူးလာပြီး သတိလစ်သွားတော့တာပဲ၊ ဘာကြောင့်ဆိုတာတော့ ကျွန်မတို့လဲ သိပ်တော့နားမလည်ဘူး၊ သူတို့မိသားစုက အရင်ကတော့ မိရိုးဖလာ နတ်ကိုးကွယ်သူတွေပါ၊ အခုတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်နေပါပြီ၊ အချို့ပြောကြတာကတော့ မိရိုးဖလာနတ်ကိုးကွယ်သူတွေအနေနဲ့ အခုလိုထူးခြားတဲ့ သူတွေရှိတတ်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် သူ့ဆံပင်ကို အကုန်ညှပ်လို့ မရပဲ နတ်နေကိုင်း သဘောမျိုးချန်ထားပေးရတာပါ"ဟု တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်လွန်းနွယ်နွယ်ရီမှ ရှင်းပြသည်။

မည်သို့ပင်ဆိုစေကာမူ ယခုလို ဆံပင်ညှပ်၍မရသည့်အဖြစ်ကတော့ ကျွန်တော့်ဘ၀တွက် တသက်မှတခါကြုံရသည့်အဖြစ်မို့ မှတ်တမ်းပြုမိပါသည်။ လူထူးဆန်းလေး မောင်လီတိအား ကိုယ်တိုင်သွားရောက်တွေ့ဆုံလိုပါက တာချီလိတ်-ဘိုရှီး-မိုင်းခုတ်လမ်းမကြီးအတိုင်း (၅)မိုင် ခန့်သွားရောက်လျှင် ပန်စလိကျေးရွာလေးသို့ ရောက်ရှိပါမည်။ အဆိုပါရွာလေးရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသော မောင်လီတိအား တွေ့ဆုံနိုင်ပါကြောင်း။
 
Ref: Tachileik Online News

အနာဂတ်အတွက် ကွန်ပျူတာဘောလုံး (E-Ball)


၂၀၀၇ ခုနှစ် နိုင်ငံတကာ ကွန်ပျူတာဒီဇိုင်းပြိုင်ပွဲမှာ လူကြိုက်များခဲ့တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ကွန်ပျုတာ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။မန်ဆီဒိုးနီးယမ်းလူမျိုး ဒီဇိုင်နာ Apostol Tnokovski မှ ဖန်တီးခဲ့ တာ ဖြစ်ပါ တယ်။ သာမန် PC တစ်လုံးလိုပဲ ပစ္စည်းပစ္စယ အစုံအလင် ပါရှိ မှာ ဖြစ်ပါ တယ်။ ဘောလုံးပုံသဏ္ဍန်လုပ်ရခြင်းအကြောင်းက အမြင် အားဖြင့် လည်းတင့်တည်ပြီး ခရီးသွားရင်တောင် သယ်သွားလို့ ရအောင် ဖြစ်တယ်လို့ ဆိုပါတယ်။

မိုက်ခရိုပရိုဆက်ဆာ (Dual core 2), mini Hard drive (250-500GB), 2GB RAM, graphic ကဒ်၊ audio ကဒ်၊ 5W စပီကာ နှစ်လုံး၊ Blue Ray burner, ကြိုးမဲ့ Optical mouse, လေဆာ ကီးဘုတ်၊ LAN ကဒ်၊ WLAN ကဒ်၊ Modem, ဘက်ထရီ၊ LCD ပရိုဂျက်တာ စတာတွေ အားလုံးကို E-Ball တစ်ခုတည်းမှာပဲ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အပိုပစ္စည်းအနေနဲ့ စာရွက်ပါရှိပြီး နံရံမရှိတဲ့နေရာမှာ Screen အနေနဲ့ အသုံးပြုလို့ရအောင် ဖြစ်ပါတယ်။ဆော်ဖ်ဝဲ interface ကလည်း အသုံးပြုရန် လွယ်ကူပြီး icon တွေကို အလွယ်တကူ မှတ်သားသိနိုင်စေမှာ ဖြစ်ပါတယ်။ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင် ကြည့်ရှုခြင်းတို့ကို ဘာ Operating System မှ အလုပ်မလုပ်ပဲနဲ့ လည်း ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ Audio , ဗီဒီယို file တွေကို သီးသန့် folder ထဲမှာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ လေဆာကီးဘုတ်၊ ပရိုဂျက်တာ မျက်နှာပြင်အသုံးပြုမှုက နည်းပညာအဆင့်မြင့်ပါမယ်။ ဥပမာ အခန်းတွင်း အလင်းရောင် ပမာဏကို ချိန်ဆပြီး သာမန်လူတစ်ယောက် မြင်နိုင်တဲ့ အလင်းရောင် ပမာဏနဲ့ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း Manually ချိန်ဆယူနိုင်ပါတယ်။E-ball ကို ပလက်စတစ်အစိတ်အပိုင်း အနည်းငယ်နဲ့ အလူမီနီသတ္တုအများ အပြား အသုံးပြုမှာ ဖြစ်ပါတယ်။ သဘာဝန်းကျင်နဲ့ လည်း လိုက်လျော ညီထွေမယ့် Eco-friendlty ဒီဇိုင်းလို့ ဆိုပါတယ်။

Ref: ရိုးရာလေး

မတော်မတရား ပြုကျင့်ခံရသူ မျိုးသမီးငယ် တောင်ကုတ် ဆေးရုံတင်လိုက်ရ

သံတွဲမှာ မတော်မတရား ပြုကျင့်ခံလိုက်ရသော တောင်ကုတ်မှ မိန်းခလေးအား ကျန်းမာရေး ချို့ယွင်းလာသဖြင့် ယနေနေ့ နံနက် ၁၁ နာရီခွဲက တောင်ကုတ်ဆေးရုံသို့ တင်လိုက်ရသည်ဟု ရခိုင်လူမူ ကွန်ယက်(သံတွဲ)မှ ကိုစိန်ချစ်က ပြောသည်။

“အဲဒီ ကလေးမလေးကို ဒီကနေ့ နံနက်က သူမိဖတွေရယ်၊ ရခိုင်လူမူကွန်ယက်ရယ်၊ ပင်တိုင် စာကြည့်တိုက်အသင်းရယ်၊နောက်ရဲတွေအစောင့် အရှောက်နဲ့ တောင်ကုတ်ကို ခေါ်ယူသွား ပါတယ်။ တောင်ကုတ်ကိုရောက်တော့ ကျန်းမာရေး မကောင်းတဲ့ အတွက် ဆေးရုံကို တင်လိုက်ရပါတယ်” ဟု ဆိုသည်။

တောင်ကုတ် အပါအ၀င် သံတွဲတွင် မကျေနပ်သူများ အထူးတိုးပွားနေသဖြင့် တရားခံ အဖြစ်စွပ်စွဲခံရသူများကို အမြန်ဆုံး ရုံးတင်ပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကိုစိန်ချစ်က ပြောသည်။အမျိုးသမီးငယ်မှာ အသက် (၁၇) နှစ်သာ ရှိသေးပြီး ဇွန်လ ၂၉ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ပြန်ရန် ကားဂိတ်တွင် စောင့်နေစဉ် မတော်မတရား ပြုကျင့်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းအမျိုးသမီးငယ်အား မတော်မတရားပြုကျင့်သူဟု စွပ်စွဲခံရသူ (၂) ဦးကိုမူ ယခုအခါ ရဲစခန်းမှ သံတွဲထောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း သံတွဲရဲက အတည်ပြု ပြောကြားသည်။

လူကြီးတွေက စစ်ဆေးမေးမြန်းမူတွေ လုပ်စရာရှိတဲ့ အတွက် ထောင်ကို ပြောင်းရွှေ့လိုက်တာပါဟု ဆိုသည်။ပြစ်မှုကျုးလွန်သူဟု စွပ်စွဲခံရသူ(၂) ဦးထဲမှ ကိုနိုင်သူကို အခင်းဖြစ်ပွားသည့် ဇွန်လ (၃၀) ရက်နေ့ ညနေ ၃ နာရီတွင် ရဲက ဖမ်းဆီးသည်။ နောက် တစ်ယောက်ဖြစ်သူ ကိုမင်းနိုင်ခေါ် ဗေလုဝ (ခ) ငပြူး ထွက်ပြေးသွားခဲ့သဖြင့် ဇူလိုင်လ (၁) ရက်နေ့မှ ဖမ်းမိသည်။စစ်ဆေးနေတုန်း ဖြစ်သဖြင့် မည်သို့ မည်ပုံ အခင်း ဖြစ်ပွားသည်ကို မပြောနိုင်ကြောင်းက ရဲက ပြောသည်။

Ref: narinjara.com

ရှာရာပိုဗာ နဲ့ ဂိမ်းကစားရအောင်

 
အွန်လိုင်းဂိမ်းဝါသနာ အိုးတွေအတွက် Facebook မှာကစားရမယ့်ဂိမ်းအမျိုးစားပါ၊ဒီဂိမ်းမှာ အခြား ဂိမ်းတွေ နဲ့ကွဲပြားတာ ကတော့ ဂိမ်းဇတ်ကောင်နေရာမှာ 3D ရုပ်ပုံကိုအသုံးမပြုထားပဲ ရှာရာပိုဗာကိုယ် တိုင် ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။

တင်းနစ် အကျော်မော် ရှာရာပိုဗာကိုအားပေးတဲ့ ပရိတ်သတ်တွေအတွက်တော့ ရှာရာပိုဗာရဲ့  ရိုက်ကွင်းကလုပ်ရှားပုံတွေကို အခန်းဆက်တစ်ဝကြီးကြည့်ရှုရမှာ ဖြစ်ပါတယ်။

ကစားရမယ့် ပုံစံက အမေးအဖြေပုံစံဖြစ်ပြီး ဥပမာ ရိုက်ကွင်းမှာ ဘယ်သူကမိတ်ကပ်လိမ်းပေးတယ်၊ဘယ်သူက ဓာတ်ပုံရိုက်တယ် အစရှိတဲ့ နာမည်တွေကိုသုံးခုစီ ပေးကာ တစ်ခုကိုမှန်ကန်အောင် ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။ဖြေဆိုမှုမှန်ကန်မယ်ဆိုပါက Level အလိုက်အဆင့်ဆင့်တက်ကာ ကြည့်ရှုရမည့်အခန်းတွေကို လော့ခ်ပွင့်စေမှာဖြစ်ပါတယ်၊

Social Channel က အပတ်စဉ် အခန်းသစ်တွေကို တင်ဆက်ပေးသွားမယ့် ရှာရာပိုဗာရဲ့  ရုပ်သံဂိမ်းကိုကစားချင်လိုသူတွေအတွက်..

https://apps.facebook.com/sharapovachannel/ လင့်ခ်မှာဝင်ရောက်
ကစားနိုင်ပါပြီ။

Ref: Khun Nay(Tsj team)

သံတွဲ၌ အမျိုးသားတစ်ဦး ကိုယ့်အိမ်ကိုယ် မီးရှို့

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဇူလိုင် လ ၁ ရက်နေ့ ည ၉ နာရီကျော်က သံတွဲမြို့ အံတော်ကွက်သစ် (ခ) ရပ်ကွက် ၄ လမ်းရှိ အစ္စလာမ် ဘာသာဝင် အမျိုးသား တစ်ဦးသည် ၎င်းပိုင်ဆိုင်သည့် နေအိမ်ကို ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

နေအိမ်ကို မီးမရှို့မီ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက နေအိမ်မှ ပစ္စည်းများ ကို အခြား နေရာသို့ ပြောင်းရွှေ့ထားပြီး ညပိုင်းတွင် မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံတွဲတွင် မီးရှို့မှု ထပ်မံဖြစ်ပွားခဲ့သဖြင့် ဆူပူအကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရန် သေနတ်ပစ် ဖောက် ဟန့်တားခဲ့ကြောင်း သံတွဲမြို့ရှိ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အမှုဆောင် ဦးမြင့်မိုး က ပြောကြားသည်။

“မီးရှို့မှုဖြစ်တဲ့ အိမ်နဲ့ ကျွန်တော်တို့ အိမ်နီးနီးလေးပါ။ သေနတ်ပစ်သံ အကျယ်ကြီးပဲ ကြားရတယ်” ဟု သံတွဲ မြို့ခံ တစ်ဦးလည်းဖြစ်သူ ဦးမြင့်မိုးက ဆိုသည်။

ဆူပူအကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေး တပ်ဖွဲ့ဝင်များ က သေနတ်ပစ်ခဲ့သည်မှာ မဟုတ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ပြောဆိုသော်လည်း ဒေသခံများကို ဆက်သွယ်မေးမြန်းရာ သေနတ် ပစ်ဖောက်ခဲ့သည်ဟု ပြောဆိုကြသည်။

တောင်ကုတ်မြို့သူ တစ်ဦး သံတွဲမြို့တွင် မုဒိမ်းကျင့်ခံရမှုဖြစ်ပွားပြီး ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် သံတွဲမြို့ မြို့ပေါ်ရပ်ကွက်များမှ အစ္စလာမ်ဘာသာဝင် မိသားစု ငါးစုခန့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားသည် ကို တွေ့ရှိရကြောင်း၊ အပြီးသတ် ပြောင်းရွှေ့ မရွှေ့ကိုကား သေသေချာချာ မသိရှိကြောင်း သံတွဲမြို့ ဒေသခံများထံ မေးမြန်းချက်များအရ သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့က မီးရှို့မှုတစ်ကြိမ် ထပ်မံ ဖြစ်ပွားပြီးနောက် ပဋိပက္ခများ တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။ သံတွဲမြို့တွင် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။
Ref: The Voice Weekly

သမိုင်း တစ်လျှောက် ရန်သူအများဆုံး ချေမှုန်းနိုင်သော စစ်သား

သမိုင်း တစ်လျှောက် ရန်သူအများဆုံး ချေမှုန်းနိုင်တဲ့ စစ်သားကတာ့၊ ရာဇဝင်လို လို၊ ဒဏ္ဍာရီလိုလိုနဲ့ နိုင်ငံကိုယ်စီမှာ ရှိကြပါတယ်။ သို့ပေမယ့် တစ်ကမ္ဘာလုံး အသိမှတ်ပြု လက်ခံခဲ့တဲ့ ရန်သူအများဆုံး ချေမှုန်းနိုင်တဲ့ စစ်သားများထဲက တစ်ဦးကတော့ ဂျာမနီ စစ်သား Fritz Christen ဖြစ်ပြီး ရန်သူ စစ်သားပေါင်း အယောက် ၁၀၀ နဲ့ ရန်သူ တင့်ကား ၁၃ စီးကို တစ်ယောက်တည်းနဲ့ ပွဲကြမ်း ခဲ့သူ ဖြစ်ပါ တယ်။

ဒုတိယ ကမ္ဘာစစ်ကာလ ဖြစ်ပြီး ဂျာမနီကို ဆိုဗီယက်တို့ ထိုးစစ်ဆင်နေတဲ့ ကာလမှာ ဖြစ်ပါတယ်။ Fritz Christen ဟာ ဂျာမနီနိုင်ငံ အရှေ့ ဘယ်လိုင်း Waffen-SS ခံတပ်မှာ တာဝန်ကျပါတယ်။ ဆိုဗီယက် တပ်တို့ ထိုးစစ် ဆင်မှုကြောင့် Waffen-SS မှာခံတပ်အဖြစ် ထားရှိတဲ့ ဂျာမနီ စစ်သား အားလုံး သေကုန်ပါတယ်။ Christen တစ်ဦးသာ ကျန်ရှိခြင်း ဖြစ်ပါတယ်။ ဂျာမနီ တပ်ကူတို့ ရောက်ဖို့က ၃ ရက်လောက်လိုပါတယ်။ တပ်စုနဲ့အတူ တိုက်ခိုက်အပြီး တစ်ယောက်တည်း ကျန်ချိန်မှာတော့ လက်နက်ချရမယ့် အနေအထားကို ကြုံနေပါတယ်။ အားဖြည့်မယ့် တပ်ကလည်း နောက်ထပ် ၃ ရက်မှ ရောက်မှာ ဖြစ်ပါတယ်။

သို့ပေမယ့် Christen ဟာ လုံးဝ အညံ့မခံပဲ ခုခံ တိုက်ခိုက်ပါတယ်။ တစ်ယောက်တည်း ကိုယ်လွတ်ရုန်း ပြေးရင် ရပေမယ့် လုံးဝတောင် စဉ်းစားခဲ့သူ မဟုတ်ပါဘူး။ လက်နက်ကြီးငယ်ကို တစ်ဦးတည်း အစီအစဉ်ချပြီး တက်လာသမျှ ဆိုဗီယက်ကို တိုက်ခိုက်ပါတယ်။ ကိုယ်တိုင်ကလည်း အနည်းဆုံး လူနှစ်ဦး ထိုင် ပစ်ရမယ့် ၅၀မီလီမီတာ ကန်နွန်း သေနတ်ပစ်စင်ကို တစ်ယောက် တည်း အသုံးပြုလို့ တက်လာသမျှ ပစ်ခတ်ပါတယ်။ သူခုခံ တိုက်ခိုက်တဲ့ သုံးရက်အတွင်း ဆီုဗီယက် စစ်သား အယောက် ၁၀၀ သေလို့ ဆိုဗီယက် တင့်ကား ၁၃ စီး ကျဆုံးသွားပါတယ်။ နောက်တက်မယ့် ဆိုဗီယက်တွေတောင် အရှေ့ မထွက်ရဲတော့ပါဘူး။

ဂျာမနီ တပ်ကူများ ရောက်လာချိန်မှာ သူတစ်ယောက်တည်း ပစ်ခတ်၊ခုခံ နေ တာကို တွေ့ ရတော့ အံ့သြသွားပြီး ရဲစွမ်း သတ္တိကိုလည်း လေးစားခဲ့ကြ ပါတယ်။ ဒါကြောင့် ဟစ်တလာကိုယ်တိုင် စစ်သား Christen ကို သူရဲကောင်းဆု ချီးမြင့်ခဲ့ပါတယ်။ ဆိုဗီယက် တစ်တပ်စာကို တစ်ယောက် တည်းနဲ့ အပြတ်ချေမှုန်းနိုင်ခဲ့တဲ့ Chriten ဟာ ယနေ့တိုင် ဂျာမနီမှာ သူရဲကောင်း အဖြစ် မော်ကွန်းတင် သတ်မှတ်ထားကြောင်း သိရပါတယ်။

Ref: German-facts 
ရိုးရာလေး ဗဟုသုတ

အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် (၃၀)

အင်တာနက်နှင့် ၀ဘ်ဆိုဒ်တွေက ခမ်းနားကြီးကျယ်သလောက် လူတိုင်းနေ့စဉ်ဘ၀မှာ နေရာ ၀င်ယူလာသည်။ အင်ဖော်မေးရှင်းတွေက ဖောင်းပွလွန်းပြီး၊ အွန်လိုင်းပေါ်မှာ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ အချိန်တွေ ပိုပေးလာကြရသည်။သို့နှင့်တိုင် ၀ဘ်ဆိုဒ်တွေက မျိုးဆက်တိုင်းအတွက် ကမ္ဘာလုံးချီလေးနက်တဲ့ အတွေးအမြင်ရသပေါင်းစုံ ပေးခဲ့တဲ့ ဂန္တ၀င်စာအုပ်တွေကိုတော့ဖြင့် ဖယ်ရှားပစ်လို့ မရပါ။

အောက်မှာ ကမ္ဘာ့ပညာရတနာသိုက်အဖြစ် တစိတ်တပိုင်း ရည်ညွှန်းနိုင်မည့် စာအုပ်စာရင်းကို ဖော်ပြထားပါသည်။ အသက် ၃၀ မွေးနေ့ရက် မတိုင်မီ လူတိုင်း ဖတ်သင့်တဲ့ စာအုပ် (၃၀) ဟု Foreign Policy ဂျာနယ်က ညွှန်းဆိုထားပါသည်။

1. Siddhartha by Hermann Hesse

ဘ၀ရဲ့ အနှစ်သာရနှင့် သဘောကို လက်တွေ့နားလည်ဖို့နဲ့ ဥာဏ်အလင်းရရှိဖို့အတွက် နည်းလမ်းရှာဖွေရာမှာ မိမိကိုယ်ကို အားကိုရေးသာ ပဓာနကျကြောင်း တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ဆွစ်လူမျိုး ဂျာမန်နိုင်ငံသား ဟာမန်ဟစ် ကရေးပြီး၊ ဆရာပါရဂူ က 'သိဒ္ဓတ္ထ' အမည်ဖြင့် မြန်မာပြန်ခဲ့သည်။

2. 1984 by George Orwell

၁၉၈၄ ခုနှစ်မှာ ဖြစ်လာမယ့် အစိုးရများရဲ့ ကြောက်မယ်ဖွယ် သရုပ်သကန်ကို စာရေးသူက ၁၉၄၉ ခုနှစ်မှာ ကြိုတင်ရေးသား သတိပေးခဲ့တဲ့ စာအုပ်ဖြစ်သည်။ လူထုနဲ့ နိုင်ငံသားများအပေါ် အမျိုးမျိုး လိမ်လည်လှည့်စား ထောက်လှမ်းရေးလုပ်တဲ့ 'အားလုံးသိ-အစိုးရတွေ' ရဲ့ အန္တရာယ်ရှိတဲ့ အပြုအမူစရိုက်တွေကို အကောင်းဆုံး ဖော်ပြနိုင်တာကြောင့် ယနေ့တိုင် အမြဲချီးကျူးကြရတဲ့ စာအုပ်ဖြစ်သည်။

အင်္ဂလိပ် စာရေးဆရာကြီး ဂျော် အော်ဝဲလ် မှာ ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ရဲအရာရှိအဖြစ် အမှုထမ်းခဲ့ပြီး၊ ၁၉၃၄ ခုနှစ်တွင် နာမည်ကျော် 'မြန်မာပြည် နေ့ရက်များ' စာအုပ်ကို ရေးသားခဲ့သည်။

3. To Kill a Mockingbird by Harper Lee

၁၉၃၀ ပြည့်နှစ် အမေရိကန် တောင်ပိုင်းပြည်နယ်တွေမှာ လူမျိုးရေးနဲ့ စီးပွားရေး ခွဲခြားဆက်ဆံခံရတဲ့ အငြင်းပွားဖွယ် ပြဿနာများကို တင်ပြထားသည်။ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခဲ့ရတဲ့ လူမည်းတစ်ဦးနှင့် အဓမ္မပြုကျင့်ခံရသူ လူဖြူအမျိုးသမီးငယ်တို့ရဲ့ တရားရုံးနောက်ခံအမှု ဖြစ်သည်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း အစွဲအာဃတတွေကို တိုက်ဖျက်ဖို့ ကြိုးစားတဲ့၊ အတွေးအခေါ်များစွာပေးတဲ့ ဇာတ်လမ်း ဖြစ်သည်။

4. A Clockwork Orange by Anthony Burgess

၂၀ ရာစု အကောင်းဆုံး အင်္ဂလိပ် ၀တ္ထု (၁၀၀)မှာ စာရင်းတင်ခံရတဲ့ စာအုပ်ဖြစ်ပြီး၊ ရုပ်ရှင်လည်း ရိုက်ကူးခဲ့သည်။ ရူးနှမ်းတဲ့ လူငယ်ယဉ်ကျေးမှု အိပ်မက်ဆိုး တစ်ခုက ဆယ်ကျော်သက် လူငယ်တစ်ယောက်ကို အမြဲထိတ်လန့် ကြောက်ရွံအောင် အမျိုးမျိုးနှောက်ယှက်မှုပေးတဲ့ ဇာတ်လမ်း ဖြစ်သည်။ အသက် မရှုနိုင်လောက်အောင် စိတ်လှုပ်ရှားစေတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ စာဖတ်သူကို အတွေးချဲ့ထွင်မှုများစွာ ပေးနိုင်သည်။

5. For Whom the Bell Tolls by Ernest Hemingway

မယုံကြည်နိုင်လောက်အောင် ရက်စက်တဲ့ စစ်ပွဲ၊ သေခြင်းတရားနဲ့ အိုင်ဒီအိုလော်ဂျီများအပေါ် အားကောင်းစွာ စဉ်းစားတွေးခေါ် တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ အမေရိကန် စာရေးဆရာ အားနက်စ် ဟဲမင်းဝေးရဲ့ စာအုပ်များနှင့် ၀တ္ထုတိုများမှာ မြန်မာဘာသာပြန် ရှိနေပြီး၊ ယခုစာအုပ်ကို စာရေးဆရာ 'ကိုကို' က 'ခေါင်းလောင်းသံ' အမည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။

6. War and Peace by Leo Tolstoy

ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း ရေးသားပြီး၊ ၁၈၆၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကမ္ဘာ့ဂန္တ၀င်စာအုပ် ဖြစ်သည်။ ရုရှားကို ပြင်သစ်တို့ ကျူးကျော်ဝင်ရောက်မှု၊ ဇာဘုရင် လူ့အဖွဲ့အစည်းအပေါ် နယိုလီယံခေတ်ရဲ့ အကျိုးသက်ရောက်မှု၊ ရုရှား မင်းမျိုးစိုးနွယ်တွေရဲ့ အမူအကျင့်တွေကို ဇာတ်ကောင်စရိုက်များ အားကောင်းစွာဖြင့် တင်ပြထားတဲ့ ဇာတ်လမ်းကြီး ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း စာအုပ် (၁၀၀) တွင် ထိပ်ဆုံးမှာ နေရာယူထားသော စာအုပ် ဖြစ်သည်။

7. The Rights of Man by Tom Paine

ပြင်သစ်တော်လှန်ရေး ကာလအတွင်း ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပြီး၊ ဒီမိုကရေစီ ရှုထောင့်ကနေ လူ့အခွင့်အရေး အယူအဆကို ပထမဆုံး စတင်မိတ်ဆက်ပေးတဲ့ စာအုပ်တစ်အုပ်အဖြစ် သတ်မှတ်ကြသည်။ သောမစ် ပိန်း ကို အမေရိကန်ပြည်ထောင်စု တည်ထောင်ရာမှာ စာပေရေးသားမှုဖြင့် ကူညီခဲ့သူအဖြစ် လူသိများသည်။

8. The Social Contract by Jean-Jacques Rousseau

ဒီစာအုပ်ကနေ ကျော်ကြားတဲ့ ကိုးကားစရာတစ်ခုက "လူဟာ လွတ်လပ်စွာ မွေးဖွားခဲ့ပြီး၊ နေရာတိုင်းက သူနဲ့ ဆက်စပ်ပတ်သက်နေတယ်" ဆိုတာ ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း တစ်ဦးချင်းရဲ့ အရေးပါမှု အခန်းကဏ္ဍကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ၁၇၆၂ ခုနှစ်မှာ ရေးခဲ့တဲ့ ရူးဆိုး ရဲ့ "လူမှု ပဋိညာဉ်' စာအုပ်က ပြင်သစ်နဲ့ ဥရောပမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တော်လှန်ရေးများကို ဖြစ်ပေါ်အောင် လှုံဆော်ပေးခဲ့သည်။

9. One Hundred Years of Solitude by Gabriel Garcia Marquez

သာမန် ဇာတ်လမ်းဇာတ်ကွက် ဆင်ထားတဲ့ ၀တ္ထုမျိုးမဟုတ်ဘဲ၊ လူယဉ်ကျေးမှု သမိုင်းကို ပြန်လည် အမှတ်ရခြင်းရဲ့ အရေးကြီးပုံကို အမျိုးမျိုးသော ဇာတ်ကြောင်းပြောပုံစံနဲ့ လှလှပပဖွဲ့ဆို တင်ပြထားတဲ့ ၀တ္ထု ဖြစ်သည်။ ကိုလံဘီယာ စာရေးဆရာက ၁၉၆၇ ခုနှစ်မှာ စပိန်ဘာသာနဲ့ ပထမဆုံး ထုတ်ဝေခဲ့ပြီး၊ နောက်ပိုင်း ဘာသာစကား ၃၀ ကျော်ဖြင့် ပြန်ဆိုခဲ့ကြသည်။

10. The Origin of Species by Charles Darwin

လူသားရဲ့ မူလဇာတ်မြစ်နှင့် သဘာဝလောကနှင့် ပတ်သက်ပြီး၊ လူ့အဖွဲ့အစည်းများရဲ့ အတွေးအမြင်အပေါ် ထူးထူးခြားခြား ဂယက်ရိုက်စေခဲ့တဲ့ စာအုပ်ဖြစ်သည်။ ၁၈၅၉ ခုနှစ်မှာ ရေးသားခဲ့ပြီး၊ ချားလ်စ် ဒါဝင် က လူသားရဲ့ ဖြစ်စဉ်ကို ဇီဝဆင့်ကဲတိုးတက်မှု လမ်းကြောင်းကနေ စဉ်းစားပြခဲ့သည်။

11. The Wisdom of the Desert by Thomas Merton

ဘ၀ဆိုတာ ဘာလဲ၊ ဘ၀ကို သန့်ရှင်းမြင့်မြတ်အောင် ဘယ်လိုနေထိုင်မလဲ၊ ဘ၀မှာ ကြီးမားတဲ့ စွမ်းအားတွေရအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေအပေါ်၊ သုံးရာစုနဲ့ လေးရာစုမှာ အီဂျစ် သဲကန္တာရထဲ ကျင်လည်ခဲ့ကြတဲ့ ပညာရှင်များရဲ့ အတွေးအခေါ် အဆိုအမိန့်များကို စုစည်းတင်ပြထားတဲ့ အမေရိကန် ခရစ်ယာန် ဘုန်းတော်ကြီး သောမတ်စ် မာတင် ရဲ့ စာအုပ်ဖြစ်သည်။

12. The Tipping Point by Maclolm Gladwell

သေးငယ်တဲ့ စိတ်ကူးတစ်ခု၊ အယူအဆတစ်ခု၊ ထုပ်လုပ်မှုတစ်ခုက ဗိုင်းယပ်စ်လို ပြန့်နှံပြီး၊ ပဉ္စလက်ဆန်ဆန် ဂလိုဘယ် လူမှုအပြောင်းလဲတွေ ဖြစ်ပေါ်ခဲ့တာ၊ ဆက်လက်ဖြစ်ပေါ်ဦးမှာကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး၊ စာအုပ်ကော်ပီ ၁.၇ သန်းကျော် ရောင်းခဲ့ရသည်။

13. The Wind in the Willows by Kenneth Graham

အင်္ဂလန်ဘဏ် အငြိမ်းစား အုပ်ချုပ်ရေးမှုးက ၁၉၀၈ ခုနှစ်မှာ ရေးခဲ့တဲ့ ကလေးစာအုပ် ဖြစ်သည်။ ကလေးစာပေထဲတွင် အကောင်းဆုံး ၀တ္ထုဇာတ်လမ်းအဖြစ် ရည်ညွှန်းခံရပြီး၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့၊ ရဲဝံ့စွန့်စားဖို့၊ ရဲဘော်ရဲဘက်စိတ် ရှိဖို့အတွက် လူမဟုတ်တဲ့ ဇာတ်ကောင်များဖြင့် တင်ပြထားသည်။

14. The Art of War by Sum Tzu

စစ်ရေးမဟာဗျူဟာနဲ့ နည်းဗျူဟာများအတွက် ရှေးအကျဆုံး စာအုပ်တစ်အုပ် ဖြစ်သည်။ စစ်ရေးသာမက၊ စီးပွားရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်ပါ အောင်မြင်အောင် မဟာဗျူဟာချမှတ်နိုင်ဖို့ လမ်းညွှန်မှု ပေးနိုင်တဲ့ ရှေးဟောင်း တရုတ်စစ်ရေးကျမ်းစာအုပ် ဖြစ်သည်။

15. The Lord of the Rings by J.R.R. Tolkien

၂၀ ရာစု အင်္ဂလိပ်စာပေသမိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ဩဇာအကြီးဆုံး ၀တ္ထုစာအုပ်တစ်အုပ် ဖြစ်သည်။ စာအုပ်ကို ကိုင်ကြည့်ရုံနဲ့ တစ်အုပ်လုံး ပြီးအောင် ဖတ်ဖြစ်အောင် စွဲဆောင်နိုင်တဲ့ စာအုပ်ဖြစ်သည်။

16. David Copperfield by Charles Dickens

အင်္ဂလိပ်စာရေးဆရာကြီး ချားလ် ဒစ်ကင်းစ် ရဲ့ ရှစ်အုပ်မြောက် စာအုပ်ဖြစ်ပြီး၊ ၁၈၅၀ ခုနှစ်မှာ စတင် ထုတ်ခဲ့သည်။ ဒစ်ကင်းစ် ကိုယ်တိုင်က "မိဘအများစုလိုပဲ၊ သားသမီးအများကြီးထဲက တစ်ယောက်ကို အချစ်ဆုံး ဖြစ်တတ်သလို၊ ကျနော်လည်း ရေးသမျှတွေထဲက ဒေးဗစ်ကော်ပါးဖီးလ် ကို အနှစ်သက်ဆုံးပဲ" ဟုဆိုသည်။ ဒေးဗစ်ကော်ပါးဖီးလ် ရုပ်ရှင်၊ တီဗီ၊ ပြဇာတ်များ များစွာရှိပြီး၊ စာရေးဆရာ ဒစ်ကင်းက ဂဏှာမငြိမ်တဲ့ နှလုံးသားကနေ မှားယွင်းမှု ဖြစ်ပေါ်လာခြင်းကို စောင့်စည်း ထိန်းသိမ်းနိုင်စွမ်းရှိဖို့ တင်ပြထားခြင်း ဖြစ်သည်။

17. Four Quartest by T.S Eliot

ဒုတိယကမ္ဘာစစ်အတွင်း ရေးသားခဲ့တဲ့ ကဗျာစကားပြေ လေးပုဒ်ကို စုပေါင်းထားခြင်းဖြစ်ပြီး၊ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး ကဗျာစကားပြေအဖြစ် သတ်မှတ်ခံရသည်။

18. Catch-22 by Joseph Heller

၁၉၆၁ ခုနှစ်မှာ အမေရိကန် သရော်စာရေး စာရေးဆရာ ဂျိုးဇက် ဟဲလ်လာ ရေးခဲ့တဲ့ ၂၀ ရာစု အကောင်းဆုံး လက်ရာ စာရင်းဝင် စာအုပ်ဖြစ်သည်။ ဗျူရိုကရေစီ စနစ်ကို သရော်ဝေဖန်တဲ့ စာအုပ်ဖြစ်ပြီး၊ စာအုပ်နာမည် Catch-22 မှာ အနောက်နိုင်ငံများတွင် နေ့စဉ်သုံး ဗန်းစကားတစ်ခုအထိ ဖြစ်လာခဲ့သည်။

19. The Great Gatsby by F. Scott Fitzgerald

၁၉၂၀ ပြည့်နှစ်များမှ ဂျက်ဇ် တေးဂီတခေတ်ကို နောက်ခံထားပြီး၊ နာမည်ကျော် 'အမေရိကန် အိပ်မက်' ကို တင်ပြထားတဲ့ ဇာတ်လမ်းဖြစ်သည်။ ရင်းနှီးတဲ့ မိတ်ဆွေများစွာရှိတဲ့အနက်၊ မိတ်ဆွေကောင်း အနည်းငယ်က ပိုတန်ဖိုးရှိပုံမှာ စာဖတ်သူများအတွက် သင်ခန်းစာယူစရာ ဖြစ်သည်။ နောက်ပြီး၊ ဘ၀မှာ ကိုယ်တန်ဖိုးထားတဲ့ အရာကို ထမြောက်အောင်လုပ်ဖို့ တွန်းအားပေးတဲ့ စာအုပ်ဖြစ်သည်။

20. The Catcher in the Rye by J.D Salinger

အမေရိကန် စာရေးဆရာ ဂျေဒီ ဆလင်းဂျာ က ၁၉၅၁ ခုနှစ် ဆယ်ကျော်သက်များအတွက် ရည်ရွယ်ရေးတဲ့ စာအုပ်ဖြစ်သည်။ ဆယ်ကျော်တို့ရဲ့ အကြောက်၊ စိုးရိမ်သောက၊ အာခံပုန်ကန်လိုစိတ်တို့ရဲ့ အတက်အကျကို ဖော်ပြတဲ့ ဇာတ်လမ်းဖြစ်သည်။ ဆယ်ကျော်သက်တို့ရဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်တဲ့ စာအုပ်ဖြစ်သည်။

21. Crime and Punishment by Fyodor Dostoyevsky

ကာရာမာဇော့ဗ် ညီအစ်ကိုများ စာအုပ်ရေးသူ၊ ရုရုားစာရေးဆရာ ဒေါ့စတိုယဗ်စကီး က ဆာဘီးယားမှာ ပြည်ပြေး ၅ နှစ်နေပြီးနောက် ရုရှားကိုအပြန်၊ ၁၈၆၆ ခုနှစ်မှာ ရေးခဲ့တဲ့ နာမည်ကြီးစာအုပ်ဖြစ်သည်။ ဆင်းရဲမွဲတေတဲ့ လူငယ်တစ်ဦးရဲ့ စိတ်ဒေါသ၊ ကိုယ့်ကျင့်တရား ပြဿနာနဲ့ ငွေအတွက် လူသတ်လိုမှုတွေကို ဖော်ပြတဲ့ ၀တ္ထုကောင်း ဖြစ်သည်။

22. The Prince by Niccolo Machiavelli

အာဏာနှင့် နိုင်ငံခေါင်းဆောင်မှုရဲ့ လျှို့ဝှက်ချက်များကို ဖော်ပြတဲ့ နာမည်ကြီး စာအုပ်ဖြစ်သည်။ နိုင်ငံရေးအာဏာမှသည် ကော်ပိုရေးရှင်းလောကအထိ ရာထူး၊ ဩဇာ၊ နေရာ ရရှိဖို့ ရုန်းကန်ကြိုးစားရာမှာ၊ အီတလီ သမိုင်းနဲ့ ဒဿနပညာရှင်ရဲ့ ၁၅၁၃ ခုနှစ်မှာ စတင်ဖြန့်ခဲ့တဲ့ စာအုပ်ကို လေ့လာဖို့ လိုအပ်နေဆဲပင် ဖြစ်သည်။

23. Walden by Henry David Thorean

ဟင်နရီ ဒေးဗစ် သော်ရိုးက ဒီစာအုပ်ကို ရေးဖို့အတွက် အမေရိကန်၊ မက်ဆာချူးဆတ်စ် ပြည်နယ် ကွန်ကော့ဒ်မြို့ရှိ ၀ဲလ်ဒန် ကန်ဘောင်ပေါ်မှာ ရွက်ဖျင်တဲထိုးပြီး နှစ်နှစ်၊ နှစ်လနဲ့ နှစ်ရက် အချိန်ယူ ရေးခဲ့သည်။ လူ့အဖွဲ့အစည်းရဲ့ ဖိအားတွေကနေ အမှန်တကယ် လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြထားတဲ့ ဇာတ်လမ်း ဖြစ်သည်။

ဒီစာအုပ်မှ ကျော်ကြားတဲ့ စာသားတစ်ခုကတော့ "လွတ်လပ်စွာ အသက်ရှင်လိုတဲ့ ဆန္ဒနဲ့ ဘ၀ရဲ့ အရေးပါတဲ့ အချက်တွေကို ရင်ဆိုင်ဖို့အတွက် ငါ တောထဲကို သွားခဲ့တယ်။ ဘာတွေ သင်ယူနိုင်မလဲဆိုတာ ငါကြည့်ခဲ့တယ်။ ဘာမှ သင်ယူစရာ မတွေ့ဘူးဆိုရင်တော့၊ ငါသေခါနီးမှာ ငါရဲ့ ဘ၀ကို ကောင်းကောင်း မရှင်သန် မနေထိုင်ခဲ့ဘူး ဆိုတာ တွေ့ရလိမ့်မယ်"

24. The Republic by Plato

ဘ၀ကို ဘယ်လိုနေထိုင်သင့်သလဲ၊ တရားမျှတမှုကို ဘယ်လိုဆောင်ရွက်သင့်လဲ၊ သူရသတ္တိဆိုတာ ဘာလဲ၊ ခေါင်းဆောင်တွေက ဘယ်လိုဦးဆောင်မှုပေးသင့်သလဲ စတဲ့ အချေအတင် ဆွေးနွေးထားချက်များကို ဂရိဒဿနပညာရှင် ပလေတို က တင်ပြထားခြင်း ဖြစ်သည်။ ပလေတိုက သူ့ဆရာ ဆော့ခရတ္တိ ကို ခေါင်းဆောင်တင် ရေးသားထားပြီး၊ အနောက်တိုင်း နိုင်ငံရေးသီအိုရီကို နားလည်ဖို့အတွက် အခြေခံဖြစ်သည်။ ဆရာဇော်ဂျီ က ပလေးတိုးနဒါန်း အဖြစ် မိတ်ဆက်ပေးခဲ့သည်။

25. Lolita by Vladimir Nabokov

ရုရှားစာရေးဆရာ နဘိုကော့ဗ် က ၁၉၅၁ ခုနှစ် ပြင်သစ်မှာ အင်္ဂလိပ်လို ရေးခဲ့ပြီး၊ နောက်မှ ရုရှားဘာသာကို ပြန်ခဲ့သည်။ အချစ်၊ ကိုယ်ကျင့်တရား ဖောက်ပြန်မှုနှင့် ဘ၀ခံစားချက်များအပေါ် ပဋိပက္ခဖြစ်မှုကို အမြင်ကျယ်ကျယ် ဖော်ပြထားတဲ့ စာအုပ်ဖြစ်သည်။

26. Getting Things Done by David Allen

အမေရိကန် စာရေးဆရာ ဒေးဗစ်ဒ် အလန် က သူ့စာအုပ်နာမည်အတိုင်း Getting Things Done (GTD) ဆိုတဲ့ အတိုင်ပင်ခံ (consultant) အဖွဲ့တစ်ဖွဲ့ကိုလည်း ထောင်ထားသည်။ သူ့အယူအဆတက လူတစ်ယောက်ဟာ စိတ်ထဲမှာ မှတ်သားထားတဲ့ အရာရာကို ဖယ်ရှားပြီးမှသာ အလုပ်စတင်ဖို့လိုတယ်။ လုပ်ဖို့လိုအပ်တယ်ဆိုပြီး ဖိစီးနေတဲ့ အရာရာကို စိတ်ထဲက ဖယ်ထုတ်ပစ်မှာသာ၊ အောင်မြင်တဲ့လုပ်ငန်းအတွက် အာရုံစူးစိုက်နိုင်မှာ ဖြစ်ကြောင်း တင်ပြထားသည်။

27. How to Win Friends and Influence People by Dale Carnegie

အောင်မြင်ရေး တက်ကျမ်းစာအုပ်များထဲတွင်တော့ အကြီးကျယ်ဆုံး စာအုပ်ဖြစ်သည်။ စီးပွားရေး၊ နိုင်ငံရေ၊ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများတွင် ကိုယ့်ဖက်ပါအောင် သိမ်းယူစွဲဆောင်နိုင်ဖို့အတွက် အလွယ်တကူ ညွှန်ပြနိုင်တဲ့ စာအုပ်ဖြစ်သည်။ ဦးနုနှင့် ဗမိုးတို့က မြန်မာပြန်ဆိုခဲ့ကြသည်။

28. Lord of the Flies by William Golding

၎င်းစာအုပ်နာမည်နှင့်ပင် ၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ လူသားရဲ့ အကြင်နာတရားနဲ့ ဆင်ခြင်တုံတရားနေရာတွင် မင်းမဲ့စရိုက်နဲ့ တိရိစ္ဆာန်စိတ်များ ၀င်လာပြီး၊ ဥပဒေမဲ့ ပတ်ဝန်းကျင် ဖြစ်သွားတဲ့အခါ ရက်စက်ကြမ်းကြုပ်မှုနဲ့ ကြောက်မယ်ဖွယ် ဖြစ်နိုင်ချေတွေကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။

29. The Grapes of Warth by John Steinbeck

ဆရာမောင်ထွန်းသူက 'ဒေါသမာန်' အမည်ဖြင့် ပြန်ဆိုခဲ့သည်။ ၁၉၃၀ အမေရိကန် စီးပွားရေး အကျပ်အတည်း ကာလမှာ ပြည်တွင်းရွှေ့ပြောင်းမိသားစုများရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်အကိုင် အရူးအမူး ရှာကြပုံကို ဖော်ပြထားတဲ့ ဇာတ်လမ်းဖြစ်သည်။ အမေရိကန် အထက်တန်းကျောင်းများတွင် ဂန္တ၀င်စာပေ သင်ကြားရေးအတွက် မကြာခဏ ပြဌာန်းသောစာအုပ် ဖြစ်သည်။

30. The Master and Margarita by Mikhail Bulgakov

ကောင်းမှုနဲ့ မကောင်းမှုကြား ပဋိပက္ခလွန်ဆွဲမှုကို ဖော်ပြရင်း ကွန်မြူနစ်ဆန့်ကျင်ရေး တင်ပြထားတဲ့ ရုရှား ၀တ္ထုဖြစ်သည်။ လောဘ၊ အဂတိလိုက်စားမှုနဲ့ လိမ်လည်လှည့်စားမှုများမှာ လူ့သဘာဝနှင့် ဆက်နွယ်နေကြောင်း တင်ပြတဲ့ စာအုပ်လည်း ဖြစ်သည်။ ဆိုဗီယက်ခေတ်ကို သရော်တဲ့ဇာတ်လမ်းဖြစ်ပြီး လန်ဒန်တိုင်းမ်း သတင်းစာက ၂၀ ရာစုရဲ့ အကောင်းဆုံးဝတ္ထုတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

Ref: FB

မန္တလေးမြို့နှင့် မိုင်၂၀ အကွာ၌ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ဒေသခံများ ပြောကြား


မန္တလေးမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးသည့် မြို့သာစက်မှုဇုန်အတွင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အတွက်ဟုဆိုကာ ဖြစ်နိုင်ခြေ အကြိုလေ့လာမှုများ ပြုလုပ်ပြီးသွားပြီဖြစ်ကြောင်း မန္တလေး ဒေသခံများထံမှ သိရသည်။

"မြို့သာစက်မှုဇုန် အတွင်းမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ဆိုပြီး စီမံကိန်းဖြစ်နိုင်ခြေ အကြိုလေ့လာမှုတွေ ပြီးသွားပြီ။ လာလုပ်မယ့် ကုမ္ပဏီက မလေးရှားက မိုရာဂျာရာ ကုမ္ပဏီလို့တော့ ကျွန်တော်တို့ ကြားထားတယ်။ သိထားတယ်" ဟုလည်း မန္တလေးမြို့မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ သိချင်တာက ဒီကျောက်မီးသွေးရဲ့ transporation ကရော လမ်းကြောင်းတစ်လျှောက် ဘယ်လိုသွားမှာလဲ။ ကျောက်မီးသွေးက ကျွန်တော်တို့နိုင်ငံက ကျောက်မီးသွေးသုံးလို့ မရဘူးလို့လည်း ကြားနေတယ်။ စက်ရုံရဲ့ standard ကရော ဘယ်လောက်အဆင့်အတန်းရှိတဲ့ စက်ရုံလုပ်မှာလဲ။ ကျွန်တော်တို့ မသိရဘူး။ မသိရဘဲနဲ့ သိခွင့်ရှိတာကို သိခွင့်မရတဲ့ အနေအထားမှာ ဆောက်လာတဲ့ စက်ရုံအနေအထားဟာ ဘယ်လောက် affective ဖြစ်လဲ။ ဒါက ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ရင် ကျွန်တော်တို့ မန္တလေးမှာ မကြုံဖူးသေးတဲ့အတွက် ခဏခဏ ပြောဖြစ်တာပါ။ ကျွန်တော်တို့ ကိုယ်တိုင်က သိချင်နေတာပါ" ဟုလည်း စိမ်းရောင်စို activities (မန္တလေး)မှ ကိုမောင်မောင်ဦးက ပြောကြားခဲ့သည်။

မြို့သာစက်မှုဇုန်အတွင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေ အကြိုလေ့လာမှု ပြုလုပ်ခြင်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် သို့မဟုတ် မန္တလေးတိုင်းဒေသကြီး အစိုးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည်လား စသည်ဖြင့် မည်သည့်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရကြောင်းလည်း ဒေသခံများက ဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အကြောင်းပြု၍ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက် နေသည်များကို သမ္မတကြီး အနေဖြင့် ပြည်သူများ၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစားကာ ဆောက်လုပ်ရန် သင့်မသင့် ပြန်လည်ချင့်ချိန် သုံးသပ်ပေးရန်အတွက် သမ္မတကြီးထံသို့ ပြည်သူများမှ ပန်ကြားလွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်သည့် "သန့်ရှင်းသောလေ" လူထုတွေ့ဆုံပွဲ အခမ်းအနားမှ သိရှိရသည်။

Ref: EMG

ဒေါ်ဝါ၀ါဝင်းရွှေရဲ့ ကျေးဇူးတင်လွှာ


လုပ်ငန်းရှင်တယောက် နဲ့ဖြစ်ပွားနေတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး မီဒီယာမျိုးစုံကနေ "ဝိုင်းဝန်းနှစ်သိမ့်အားပေးစကား ပြောကြား" သတင်းမေးကြသူများကို  ကျေးဇူးတင်ပါကြောင်း သရုပ်ဆောင် ဒေါ်ဝါ၀ါဝင်းရွှေက  အင်္ဂါနေ့ထုတ် ကြေးမုံသတင်းစာမှာ ကြော်ငြာ ထည့်သွင်းတာ တွေ့ရပါတယ်။

"ရင်ထဲက မဖော်ပြနိုင်လောက်အောင် ကျေးဇူး ဥပကာရ အထူး တင်ရှိပါကြောင်း" လို့ ကြော်ငြာက ဆိုပါတယ်။

အင်္ဂါနေ့ထုတ် ကြေးမုံမှာ တွေ့ရတဲ့ ကျေးဇူးတင်လွှာ
 
အမှုက Father Land ဆောက်လုပ်ရေးဌာနနဲ့ ဖြစ်နေတာပါ။ဖြစ်စဉ်အကြောင်းကို ဧရာဝတီဘလော့မှာ ရေးခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2013/06/blog-post_9781.html မှာ ဖတ်နိုင်ပါတယ်။

လောလောဆယ်တော့ Father Land နဲ့ ဒေါ်ဝါ၀ါဝင်းရွှေတို့ရဲ့ ရှေ့နေများက သတင်းစာတွေကနေ ကြော်ငြာတွေ အကြိမ်ကြိမ် အပြန်အလှန် ထည့်သွင်းနေကြပါပြီ။

နှစ်ဘက်စလုံးက ဆုထူးပန် တာဝါ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကျူးကျော်ဝင်ရောက်ခြင်း မပြုဖို့ ပြောနေကြပါတယ်။

ကျပ်သိန်းပေါင်း ၉,ဝဝဝ၊ အထင်ကရ ရုပ်ရှင်သရုပ်ဆောင်၊ မျက်နှာပြည့် သတင်းစာကြော်ငြာ၊ အောက်လမ်းနည်းသုံးပြီး စီရင်တယ်/မစီရင်ဘူး ...  စတဲ့ စတဲ့ အချက်တွေကြောင့် ဒီအမှုက ရန်ကုန်မှာ နာမည်ကြီးအမှု ဖြစ်နေပါတယ်။

ဒီလို အများစိတ်ဝင်စားနေကြချိန်မှာ အထက်ဖော်ပြပါ ကျေးဇူးတင်ကြောင်း ကြော်ငြာ ထွက်ပေါ်လာတာပါ။

အထက်မှာ တွေ့ရတဲ့ ဓာတ်ပုံကတော့ လူသူလေးပါး ကင်းရှင်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြင်ကွင်း ဖြစ်ပါတယ်။

Ref: ဧရာဝတီ

သားနှစ်ယောက်ရဲ့ ဝါသနာကို ပြောပြတဲ့ မျိုးကြီး


လက်ရှိ မြန်မာပြည် ရော့ခ်လော ကမှာ အအောင်မြင်ဆုံး ရော့ခ်ကာ တွေထဲက တစ်ဦးဖြစ်တဲ့ မျိုးကြီးဟာ ခုလို အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းတဲ့ ခရီးလမ်းမှာ သေချာ စနစ် တကျ သင်ကြား ပြသမှု မရှိခဲ့ပေမယ့် ကိုယ်တိုင် လက်လှမ်းမီရာ အားထုတ်မှုတွေ၊ ပါရမီ တွေနဲ့ ဖြတ်သန်း ခဲ့တာဖြစ်ပါတယ်။ သူတို့ ခေတ်တုန်းက သင်တန်းကျောင်း တွေ ရှားပါးပုံ ကို မျိုးကြီးက အနည်းငယ် ပြန်ပြောပြ တာက “သင်တန်း လေးတွေတော့ ရှိတယ်။ ဂစ်တာ သင်တန်း၊ အဆို သင်တန်းလေးတွေ စသဖြင့် လက်လှမ်းမီ သလောက် လေ့လာ ရတယ်။ ဂစ်တာ သင်တန်းတော့ တက်ဖူးတယ်။ ပြီးတော့ သီအိုရီပိုင်း ကိုတော့ ကိုဇာလျန်း သင်တဲ့ သီအိုရီ ပိုင်း သင်တန်း ရှိတယ်။ အခုတော့ တစ်နေရာ တည်းမှာ အစုံသင်လို့ရ တဲ့ ကျောင်းတွေ ရှိတယ်။ ကျွန်တော် တို့ ငယ်ငယ်ကတော့ သင်တန်း တစ်ခုစီက သတ်သတ်ပေါ့။ ခုတော့ တစ် နေရာတည်းမှာ အကုန် သင်နိုင် တယ်” လို့ မျိုးကြီး ကပြောပါတယ်။ 

လက်ရှိအချိန်မှာ သားနှစ်ဦးလည်း ရရှိနေပြီ ဖြစ်တဲ့ မျိုးကြီးကို သားသမီး တွေနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “သားနှစ်ယောက် ရှိတယ်။ အကြီးက ၁၂နှစ်၊ အငယ်က ၃နှစ်။ အငယ်လေး ကတော့ မြူးဇစ်ဘက်ကို စိတ်ဝင်စား တယ်။ အကြီးကတော့ ကွန်ပျူတာ ဘက်ကို ပိုအားသန်တယ်။ အငယ် လေးကြီးလာလို့ စိတ် ဝင်စားရင်တော့ ကိုကိုလွင် ဖွင့်တဲ့ Legacy သင်တန်း ကျောင်းမှာထားမယ်။ တအားတော့ ထိန်းချုပ်တာမျိုး မလုပ်ပါဘူး။ သူတို့ စိတ်ကြိုက် လုပ်ခွင့်ပေးမှာပါ”လို့ သားတွေနဲ့ ပတ်သက် တာ ကို ပြောပြပါတယ်။

မျိုးကြီးအနေနဲ့ သူ့ရဲ့ နောက်ထပ် အခွေ အတွက် လုံးပန်းနေပြီး IC show တွေကို တော့ ဇူလိုင်လ ကုန်မှာ ပြန်စဖို့ ရှိတယ်လို့ လည်း သိရပြီး IC အနေနဲ့ အခွေ တစ်ခွေထွက်လာဖို့ လည်း ရှိတယ်လို့ သိရပါတယ်။ “LMN တို့၊ ရာစုသစ်တို့လို အတွဲခွေမျိုးတော့ ထွက်ဖို့မရှိသေးဘူး။ IC Live show နှစ် ၂ဝပြည့် အခွေတော့ ရှိတယ်။ အဲဒါက ရိုက်ထားတာ ကြာပြီ။ အဲဒီထဲမှာ Live Show ဆိုတော့ သီချင်း အဟောင်းတွေပဲ ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက် နေ့မှာ ဦးကိုကိုလွင် ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတကာ အဆင့်မီ Legacy ဂီတ သင်တန်းကျောင်း နဲ့ ပတ်သက်ပြီးလည်း မျိုးကြီးက “ကိုကို့ (ကိုကိုလွင်) အတွက်လည်း ဝမ်းသာတယ်။ လာသင်မယ့် သင် တန်းသားတွေ အတွက်လည်း နိုင်ငံတကာ အဆင့်မီ ဖြစ်တဲ့အတွက် ဝမ်းသာစရာကြီးပေါ့။ သင်တဲ့ ဆရာတွေလည်းကောင်းတယ်။သင်တဲ့ပုံစံတွေလည်းကျွန် တော်တို့ မြင်မိသလောက်တော့ ကောင်းပါတယ်။ အဲဒီ အတွက် ဝမ်းသာပါ တယ်”လို့ ပြောပြ ခဲ့ပါတယ်။

Ref: ရိုးရာလေး

အာဖရိက ဆယ်ကျော်သက်တို့က ကျင်ငယ်ရည်သုံး မီးစက်တီထွင်ခဲ့


ကျင်ငယ်ရေကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ စဉ်းစားမိသူ များ ရှိပါတယ်။ သို့ပေမယ့် ယင်း စိတ်ကူးကို အာဖရိက မှ ဆယ်ကျော်သက် ကျောင်းသူ များက ယခုလို ဖန်တီးခဲ့ပါတယ်။သူတို့ထဲမှာ အသက်အကြီးဆုံးက ၁၅ နှစ်သာ ရှိပါသေးတယ်။ Urine ( ကျင်ငယ်ရည်) ၁ လီတာကို ၆ နာရီကြာ လျှပ်စစ်မီး ထွန်းလင်းစေတယ်ဆိုတာ့ သူတို့ဖန်တီးလိုက်တဲ့ မီးစက်လေးက စိတ်ဝင်စားစရာ ကောင်းပါတယ်။

Urine မှာ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် နဲ့ ရေတို့ ပါရှိပါတယ်။ အကြမ်းအားဖြင့် ကတော့ ဟိုက်ဒရိုဂျင်ကို မရရအောင် စစ်ထုတ် သုံးစွဲခြင်း ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် Filter ခံပြီး နောက်ဆုံးမှာ ရေလုံးဝ မပါတဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို ထုတ်လုပ်ပါတယ်။ ပြီးတော့ ယင်း ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို လောင်စာ အဖြစ် အသုံးပြုပြီး မီးစက်ကို အလုပ်လုပ်စေ ပါတယ်။Maker Faire Africa မှာ ၀င်ရောက်ပြသသွားတဲ့ ယင်းကျောင်းသူလေးများ ရဲ့  rine-powered generator ကတော့ လူသိများခဲ့ရပါတယ်။

Ref: ရိုးရာလေး

နာမည်ကြီး နဲ့ ချစ်သူဖြစ်သည်ဟု ထင်သော ကြောက်စရာ ရောဂါ


Erotomania  လို့ခေါ်တဲ့ ရောဂါ ဖြစ်ပါတယ်။ စိတ်ရောဂါ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဦးထက် မနည်းက သူနဲ့ ချစ်သူဖြစ်နေတယ်လို့ စွဲလမ်းနေတဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။စိတ်ကစဥ့်ကလျား ရောဂါ ရှိသူများ၊ တစ်ဦးတစ်ရောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသူများ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အများစုကတော့ နာမည်ကြီး သရုပ်ဆောင် သို့မဟုတ်၊ အဆိုတော် အစရှိသဖြင့် အနုပညာရှင်များ၊ လူသိများသူများကို ယခုလို စွဲလမ်းတတ်ပါတယ်။ သူနဲ့ ရည်းစားဖြစ်နေတယ် လို့လည်း ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ဘယ်လိုတွေ့ကြောင်း၊ ဘယ်လို စကားပြောဆိုကြောင်း တွေက အစ ကိုယ်တိုင် ဇာတ်လမ်းဆင်ပြီး ပြောတဲ့ အထိ အခြေအနေ ဆိုးတဲ့ သူတောင် ရှိပါတယ်။

အချို့ ကျတော့ ကိုယ့်ကို သူက သို့မဟုတ် သူစိမ်းတစ်ယောက်က တစ်ဖက် သက် ကြိုက်နေပါတယ်လို့ စွဲလမ်းမှတ်ယူနေတတ်ပါတယ်။ ယင်းကဲ့ သို့ ရောဂါဝေဒနာကို Erotomania  လို့အမည်ပေးပြီး စိတ်ရောဂါ တစ်မျိုး အဖြစ် သတ်မှတ်ပါတယ်။ ပြန်လည်ကုသမှုများများ ပြုလုပ်ရပါတယ်။ ဒီရောဂါဟာ ကြောက်စရာလည်း ကောင်းပါတယ်။ယဉ်ယဉ်လေးရူးလို့ ဆိုရလောက်တဲ့ ရောဂါလိုမျိုးလည်း ဖြစ်ပြီး သူချစ်နေသူ သို့မဟုတ် သူနဲ့ ရည်းစားဖြစ်နေသူတို့ ယူဆတဲ့ သူနောက်ကို တစ်ကောက်ကောက် လိုက်တတ်ပါတယ်။ တစ်ခါတစ်ရံ စကားသွားပြော ဆိုတာမျိုး၊ ဖုန်းလှမ်းဆက်တာမျိုး၊ ပစ္စည်းပို့တာမျိုး၊ စာပို့တာမျိုးတို့ လုပ်တတ်ပြီး တစ်ခါတစ်လေကျရင် လိုက်နှောက်ယှက် တာတွေ အထိတောင် ဖြစ်တတ်ပါတယ်။ 

အဆိုးရွားဆုံး ဖြစ်ရပ်ကတော့ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က အမေရိကန် မော်ဒယ် မင်းသမီး Rebecca Schaeffer အသတ်ခံ ရမှု ဖြစ် ပါတယ်။ သတ်သူ တရားခံကတော့ Robert John Bardo ဖြစ်ပြီး Erotomania အမည်ရ စိတ်ရောဂါ ဝေဒနာ ခံစားနေရ သူ ဖြစ်ပါတယ်။ ယင်းကဲ့သို့ လူသိများ Erotomaniaရောဂါဆက်စပ်ရာဇဝတ်မှုပေါင်းများစွာကမ္ဘာအနှံ့အပြားမှာ ဖြစ်ခဲ့ဖူးကြောင်း၊ ဖြစ်လျက်ရှိကြောင်း သိရပါတယ်။(အပြစ်မရှိပဲ အသတ်ခံလို့ ကွယ်လွန်သွားရတဲ့ အသက် ၂၁ နှစ်အရွယ် မင်းသမီး Rebecca Schaeffer ရဲ့ ဝဘ်ဆိုဒ်ကို အောက်ပါလခ့်မှာ ဝင်လေ့လာနိုင်ပါတယ်။ http://www.rebeccaschaeffer.com/  )

Ref: ရိုးရာလေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

၂၀၁၃ခုနှစ် ဇူလိုင် ၃ရက်တွင် ကျရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ၏  လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂၀၁၃ခုနှစ် ဇူလိုင် ၃ရက်တွင် ကျရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ၏  လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မီခယ်လ် မီယာစနီကိုဗစ်ခ်ျ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
 
Ref: president-office.gov.mm

လာဘ်ပေးလာဘ်ယူမှု ဖြေရှင်းရန် နိုင်ငံတကာနှင့် ပူးပေါင်းမည်

လာဘ်ပေးလာဘ်ယူမှုကိစ္စများနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် အခက်အခဲရှိ သဖြင့် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားလိုက်သည်။

ဒေါက်တာစိုင်းမောက်ခမ်းက လာဘ် ပေးလာဘ်ယူမှုပပျောက်ရန် ပြည်သူ၏ တိုင် ကြားမှုအပြင် ဒေသတွင်း နိုင်ငံများ၊ အာဆီ ယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့များ၊ ကမ္ဘာ့ လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Tran-sparency International) လိုအဖွဲ့မျိုးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဇူလိုင်လ ၁ ရက်က ကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးတွင်ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လာဘ်ပေးလာဘ်ယူမှုသည် ယခင်က အစိုးရဝန်ကြီးဌာနများတွင်သာ သာမန်အားဖြင့် တွေ့ရသော်လည်း ယခုအခါ နိုင်ငံဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ လက်နက်ကိုင် ပဋိပက္ခဖြစ် သောဒေသနှင့် သဘာဝဘေးအန္တရာယ် ခံစားနေရသော ဒုက္ခသည်များကို နိုင်ငံတကာ မှ လှူဒါန်းကူညီမှုများအား အလွဲသုံးစားလုပ် ခြင်းများလည်း ကြုံတွေ့နေရသည်ဟု ဒုသမ္မတ က အစည်းအဝေးတွင် ပြောကြားထားသည်။

ထို့အပြင် လာဘ်ပေးလာဘ်ယူမှုများအား တိုင်ကြားမှုများအရ အဆင့်ဆင့်ဆောင်ရွက် မည်ဖြစ်ပြီး တိုင်ကြားနိုင်သော နေရာဖွင့် လှစ်မည်ဖြစ်သည်။ တိုင်ကြားမှုမရှိသော်လည်း ယုံကြည်လောက်သော လာဘ်ပေး လာဘ်ယူမှုပြုလုပ်သည်ဟု ယူဆပါက လုပ် ထုံးလုပ်နည်းနှင့်အညီ အရေးယူမည်ဟုလည်း ဒုသမ္မတက ဆိုသည်။

လာဘ်ပေးလာဘ်ယူမှုမှာ မြန်မာနိုင်ငံတွင် အတော်ပင် အမြစ်တွယ်နေပြီး အခြေခံမှစ၍ လာဘ်ပေးလာဘ်ယူရှိနေရာ အားလုံး ပူးပေါင်းဆောင်ရွက်မှဖြစ်နိုင်မည်ဟုလည်း တရားလွှတ်တော် ရှေ့နေ ဦးသန်းမောင် က ဆိုသည်။၎င်းက ''တရားရုံးအဖွဲ့အစည်းက မပြောင်း လဲနိုင်သေးဘူးလို့ အန်ကယ်ထင်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အမှုတစ်ခုလုပ်ပြီဆိုကတည်းက လာဘ်ပေးလာဘ်ယူကစတာပဲ။ အခြေခံကစပြီး လာဘ်ပေးလာဘ်ယူမှု ရှိနေတယ်။ အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲဖို့လိုတယ်'' ဟု မဇ္ဈိမကို သုံးသပ်ပြောကြားသည်။

၎င်းက ဆက်လက်ပြီး တရားရုံးများတွင် လာဘ်ပေးလာဘ်ယူမှုဖြစ်ပွားပုံနှင့် ပတ်သက်၍ ''တရားရုံးတွေမှာ စီရင်ချက်ချရင် တရားသူကြီးရဲ့အမိန့်ဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အယူခံဝင်ဖို့မရှိဘူး။ အဲဒီတော့ မြို့နယ်က မပြီးရင် ခရိုင်ကိုတက်မယ်။ မြို့နယ်ရုံးက မှားပြီး ဆုံးဖြတ်ရင် ခရိုင်ရုံးက စိစစ်ခြင်းမရှိဘူး။ တကယ် သဘောရိုးနဲ့ မှားတာ ဟုတ်မဟုတ် စိစစ်ရမယ်။ လာဘ်ပေးမှု ကြောင့် မှားတယ်ဆု Action ယူရမယ်'' ဟု ပြောသည်။

လာဘ်ပေးလာဘ်ယူမှုများကို အရေးယူဆောင်ရွက်ရန် ဥပဒေကြမ်းရေးဆွဲနေပြီး တိုင်ကြားမှုများအတွက် အရေးယူဆောင်ရွက်မှုများကို ကော်မတီဝင်များကဆောင်ရွက် နေပြီဖြစ်သည်။

အရေးယူ ဆောင်ရွက်မှုအား  ပြည်ထဲရေးဝန်ကြီးဌာနက  ဆောင်ရွက်သင့်ကြောင်းလည်း  ကော်မတီဥက္ကဋ္ဌက
ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ကယင်းကော်မတီ အဖွဲ့ဝင် ဖြစ်သည်။ကော်မတီ၏ အရေးယူဆောင်ရွက်မှု များနှင့်ပတ်သက်၍ သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ''အခု အများပြည်သူကြားနေတဲ့ အရေးယူမှုများဟာ ကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ချက် များ ပါဝင်ပါတယ်။ ကော်မတီဖွဲ့ပြီးနောက် ပိုင်းမှာ အရေးယူမှုတွေ ပိုများလာသလို ပြည် သူတွေရဲ့ အဂတိလိုက်စားမှုများအပေါ် တိုင် တန်းမှုများဟာလည်း ပိုများပြားလာတာ တွေ့နိုင်ပါတယ်'' ဟု ပြောသည်။


လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင် ရွက်ရေးကော်မတီကို ၂ဝ၁၃ခု ဇန်နဝါရီ ၈ ရက်က သမ္မတ၏ အမိန့်ဖြင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားပြီး အဖွဲ့ဝင်ရှစ်ဦး ပါဝင်သည်။

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်သည့် ဂျာမနီ အခြေစိုက် Transparency International ၏ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် မြန်မာနိုင်ငံသည် ၁၇၂ အဆင့်တွင်ရှိရာ အဆိုးရွားဆုံး ငါးနိုင်ငံ စာရင်းတွင် ပါဝင်နေသည်။

Ref: Mizzima

Carlsberg ဘီယာစက်ရုံ ၂၀၁၄ နှစ်ကုန်ပိုင်း စတင်လည်ပတ်မည်ဖြစ်ပြီး မြန်မာအမှတ်တံဆိပ်ဖြင့် ဥရောပသို့ တစ်လလျှင် ဘီယာသံဘူးတစ်သန်း ရောင်းချမည်

 ဗြိတိန်နိုင်ငံရှိ Carlsberg စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-www.telegraph.co.uk)

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် အခြေစိုက် Carlsberg ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဘီယာစက်ရုံသည် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်မည်ဖြစ်ပြီး မြန်မာအမှတ်တံဆိပ်ဖြင့် ဥရောပသို့ တစ်လလျှင် ဘီယာသံဘူး တစ်သန်းခန့် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း Carlsberg ဘီယာနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် MGS(Myanmar Golden Star) ကုမ္ပဏီထံမှ သတင်းရရှိသည်။"စက်ရုံက ဆောက်နေတုန်းပဲ ရှိပါတယ်။ လာမယ့် ၂၀၁၄ ခုနှစ်လောက်ပြီး မယ်မှန်းထားတယ်။မြန်မာဈေးကွက်မှာCarlsberg ရော မြန်မာအ မှတ်တံဆိပ် နဲ့ရော နှစ်မျိုးစ လုံး ဈေးကွက်တင် သွား မှာဖြစ်ပြီး ဥရောပနိုင်ငံတွေကို မြန်မာအမှတ်တံဆိပ်နဲ့ ဘီယာသံဘူးတွေကို တင်ပို့သွားမှာပါ" ဟု MGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။ 

Carlsberg နှင့် MGS သည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရန်အတွက် Carlsberg MGS ကုမ္ပဏီကို ယခုနှစ်အစောပိုင်းက မှတ်ပုံတင်ခဲ့ပြီး အဆိုပါကုမ္ပဏီ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ အတွင်း ပြုလုပ်ခဲ့သည်။အဆိုပါ ဖက်စပ်ကုမ္ပဏီသည် ပဲခူးစက်မှုဇုန်တွင် စက်ရုံစတင် တည်ဆောက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်အတွင်း  စက်ရုံနှင့် စက်ပစ္စည်းများ အပြီးသတ် တပ်ဆင်မည်ဖြစ်ကာ Carlsberg ဘီယာအပြင် မြန်မာအမှတ်တံဆိပ် ဘီယာတစ်မျိုးကိုပါ ထုတ်လုပ်သွားမည် ဖြစ်သည်။
Ref: first-11

နိုင်ငံတကာ မီဒီယာညီလာခံ မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည်

ပုဂ္ဂလိကသတင်းစာ လွတ်လပ်ခွင့် တိုးတက်လာသည့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံ တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပမည့် အမေရိကန် ပြည်ထောင်စုနှင့် အာရှ၊ ပစိဖိတ်ဒေသလုံးဆိုင်ရာ East West Center ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ EWC ၏ ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ မတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ မီဒီယာကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များ ရာကျော် တက်ရောက်မည် ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားသည်။ ယင်းညီလာခံသည် ဒေသတွင်း သတင်းနှင့် မီဒီယာရေးရာ လက်တွေ့သတင်းတင်ဆက်ခြင်း၊ လက်တွေ့စွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးခြင်းများနှင့် ရာချီသော နိုင်ငံတကာ မီဒီယာကျွမ်းကျင်သူများနှင့် မိတ်ဖွဲ့ချိတ်ဆက်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ဂျာနယ်လစ်များကို ဖိတ်ခေါ်နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသော အပြောင်းအလဲ၏ အားကောင်းသော ညွှန်ပြမှုပင် ဖြစ်သည်ဟု East West Center ဥက္ကဋ္ဌ ချားလ်အီးမော်ရစ်ဆင်က မှတ်ချက်ပြုသည်။ ယခုကျင်းပသည့် အဖွဲ့သည် နိုင်ငံပေါင်း ၂၅ နိုင်ငံပါဝင်ပြီး ကမ္ဘာကျော် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ သတင်းညီလာခံကို နိုင်ငံတကာမှ သတင်းမီဒီယာ လုပ်ငန်းရှင် ၃၀၀ ခန့် တက်ရောက်မည်ဖြစ်၍ မြန်မာသတင်းမီဒီယာသမားများ တက်ရောက်သင့်သည့် ညီလာခံ ဖြစ်သော်လည်း မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ ၂၇၅ သည် မြန်မာသတင်းမီဒီယာသမားများ လက်လှမ်းမမီသည့် ပမာဏဖြစ်ကြောင်း မြန်မာသတင်းဆရာများ အသင်း၏ အတွင်းရေးမှူး ဦးဖိုးနိုင်လင်းက ပြောကြားသည်။ ယင်းညီလာခံသို့ တက်ရောက်မည့် သူများသည် အွန်လိုင်းမှ မှတ်ပုံတင်ခြင်းကို ဇူလိုင်လ အစောပိုင်းတွင် ကြိုတင်မှတ်ပုံတင်ကြေး အမေရိကန်ဒေါ်လာ ၂၇၅ ဖြင့် EastWestCenter.org/imc2014 တွင် စာရင်းပေးသွင်းနိုင်သည်။ အကြောင်းအရာ ပိုမိုသိရှိလိုပါက EastWestCenter.org/imc2014 အင်တာနက် စာမျက်နှာမှ Burmese language brochure တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
Ref: khitlunge

ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်

မင်းသမီး သီရိဒုံနှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ တာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-တိုးအောင်)

ထိုင်းဘုရင့်သမီးတော် သီရိဒုံသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂ ရက်တွင် အလည်အပတ်ခရီး လာရောက်ခဲ့သည်။ထိုင်းဘုရင့်သမီးတော် သီရိဒုံသည် ဇူလိုင် ၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နံနက် ၈ နာရီတွင် အမျိုးသား ပြတိုက်သို့ လည်းကောင်း၊ နံနက် ၁၀ နာရီတွင် အ.ထ.က ၂ ဒဂုံအထက်တန်းကျောင်းသို့ လည်းကောင်း သွားရောက်လေ့လာခဲ့ကာ နံနက် ၁၁ နာရီခွဲတွင် ဦးမိုးမြင့် နေအိမ်သို့ ရောက်ရှိခဲ့သည်။ 
 
မင်းသမီး သီရိဒုံသည် ၄င်း၏ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းစစ်တက္ကသိုလ်မှ ကျောင်းသား ၅၀ နှင့်အတူ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဦးမိုးမြင့်၏ နေအိမ်သို့ ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီခွဲက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဦးမိုးမြင့်၏ လုပ်ငန်းများအား လေ့လာရန်နှင့် ခင်မင်ရင်းနှီးမှုဖြင့် အလည်အပတ်သဘော လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်၏ မိသားစုဝင်များနှင့်ပါ တွေ့ဆုံခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ နေ့လယ်စာ အတူစားခဲ့ကြကြောင်း သိရသည်။ထို့နောက် ဦးမိုးမြင့်၊ ဦးမိုးမြင့်၏ သားများဖြစ်သည့် ဦးစည်သူမိုးမြင့်နှင့် ဦးဖုန်းကျော်မိုးမြင့်တို့က ၎င်းတို့၏ လုပ်ငန်းများနှင့် ပတ်သက်၍ မင်းသမီး သီရိဒုံနှင့် ထိုင်းစစ်တက္ကသိုလ်မှ ကျောင်းသားများအား ရှင်းလင်းပြောကြား ခဲ့ကြပါသည်။

ယင်းနောက် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အဆိုပါနေအိမ်မှ မင်းသမီး သီရိဒုံ ထွက်ခွာခဲ့သည်။မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်နေအိမ်သို့ ၂၀၁၀ ပြည့်နှစ် မတ်လအတွင်းက ပထမအကြိမ် လာရောက်ခဲ့ဘူးပြီး ဦးမိုးမြင့်၏ စာကြည့်တိုက်မှ စာအုပ်များ လှူဒါန်းခြင်းနှင့် ပတ်သက်၍ လာရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း ယခုအကြိမ် လာရောက်ခြင်းသည် ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။မင်းသမီး သီရိဒုံသည် ဦးမိုးမြင့်နေအိမ်မှတစ်ဆင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) သို့ ပထမဦးဆုံးအကြိမ် သွားရောက်လေ့လာခဲ့သည်။

အဆိုပါ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ထိုင်းဘာသာ ဌာနမှူးက ထိုင်းဘာသာ ဌာနအကြောင်း ရှင်းပြခြင်း၊ ထိုင်းဘုရင့် သမီးတော်မှ ထိုင်းဘာသာ သင်ကြားနေသည့် သင်တန်းများနှင့် အခြားဘာသာစကား သင်တန်းများအား လေ့လာခြင်း၊ လက်တွေ့ခန်းများနှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် စာကြည့်တိုက်အား လေ့လာခဲ့ကြောင်း သိရသည်။"ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ကို ဒီလိုထိုင်းဘုရင့် သမီးတော် လာရောက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်၊ (UFL) မှာ ထိုင်းဘာသာ သင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလာပြီး ကြည့်ရှုအားပေးတာပါ၊ ထိုင်းဘုရင့် တပ်မတော်ရဲ့ ဗိုလ်လောင်းတွေလည်း ပါပါတယ်၊ (UFL) ကို လာပြီးတော့ လေ့လာတာ ဖြစ်ပါတယ်၊ ပညာရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ လုပ်သွားတာတော့ မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ အလည်အပတ် လာရောက်လေ့လာ ခဲ့တာပါ" ဟု ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) ပါမောက္ခချုပ် ဒေါက်တာလွင်လွင်စိုးက ဆိုသည်။

ထိုသို့ ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံမှ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ လာရောက်ခဲ့စဉ် ထိုင်းဘာသာ သင်ကြားနေသည့် ကျောင်းသူများမှ ထိုင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ထိုင်းဘုရင့် သမီးတော်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။မင်းသမီး သီရိဒုံသည် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ထွက်ခွာခဲ့ပြီးနောက် မူးယစ်ဆေးဝါးပြတိုက်၊ ထိုင်းနိုင်ငံ သံရုံးနှင့် ရွှေတိဂုံ စေတီတော်တို့သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ သီရိဒုံသည် ရွှေတိဂုံ စေတီတော်အား ဖူးမြော်ပြီးနောက် ဇူလိုင် ၂ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Ref: first-11

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း (ဓာတ်ပုံ-သက်မျိုးမင်း)

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ ငွေကြေးအထောက်အပံ့များ လိုအပ်မည်ဖြစ်သော် လည်း ပြည်ပ အကူအညီကို မျှော်လင့်မနေဘဲ ပြည်သူ့ဘဏ္ဍာငွေဖြင့်သာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။

 မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့ အခါမှာ ဥပဒေနဲ့ မညီရင်၊ ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် သို့မဟုတ် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်များ ဖြစ်ရပ်မျိုးများ ဖြစ်လာရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ် . . . . .

ယင်းငွေများမှာ သမ္မတဦးသိန်းစိန်၏ အထူးသုံးစွဲရန် သတ်မှတ်ပေးထားသော ဘတ်ဂျက်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ခေါင်းစဉ်တစ်ခု အနေနှင့် ပါဝင်ပြီး ဖြစ်သောကြောင့် ယင်းထဲမှ သုံးစွဲသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းထောက်များကို ပြောကြားသည်။

"ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်းနဲ့ အထောက်အပံ့များ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ပြင်ပနိုင်ငံ၊ ပြင်ပအဖွဲ့အစည်းများ ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အဓိကမထားဘဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံရဲ့ဘဏ္ဍာ ငွေကြေးများကို သုံးစွဲပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ ဆုံးဖြတ်ကြပါတယ်။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့ အခါမှာ ဥပဒေနဲ့ မညီရင်၊ ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် သို့မဟုတ် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်များ ဖြစ်ရပ်မျိုးများ ဖြစ်လာရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်" ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရလဒ်ကောင်းများ ထွက်ပေါ်ရန်အတွက် အားလုံးပါဝင်သော နိုင်ငံရေးနှင့် စနစ်တကျ၊ နည်းလမ်းတကျ ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည်ဖြင့် ဖွဲ့စည်းထားသည်။
Ref: first-11

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

 
မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ် ..
Credit - Royal Hero Media

မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လယ်ယာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။ဇူလိုင် ၂ ရက် နံနက်က ပြည်သူလူထုသို့ လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်းတွင် မွန်မြတ်သည့် ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စု၏ အစွန်းရောက် လုပ်ရပ်များ မတူညီသော ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုများ၊ ကိုယ်ကျိုးစီးပွားနှင့်ယှဉ်သည့် နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မှုများကြောင့် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်များသည် နိုင်ငံပြင်ပတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ မလုံခြုံမှုနှင့် စိုးရိမ်သောကများ ဖြစ်စေသည်ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။

"ကျွန်တော်တို့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့တစ်ဖက်အကြား အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်သည်" ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံအတွင်းတွင် မွန်မြတ်သည့် ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စု၏ အစွန်းရောက် လုပ်ရပ်များ မတူညီသော ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုများ၊ ကိုယ်ကျိုးစီးပွားနှင့်ယှဉ်သည့် နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မှုများကြောင့် . . . . .

ထို့ပြင် ဇွန်လအတွင်းက မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၀မ်းနည်းကြောင်းနှင့် ယင်းကိစ္စရပ်များ ဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ထိရောက်စွာ ပေးနိုင်ရေး ပြည်ပနိုင်ငံများတွင် အခြေစိုက်သည့် မြန်မာသံရုံးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင် အများစု၏ ဘာသာရေး ယုံကြည်မှုနှင့် အနှစ်သာရများကို ထင်ဟပ်ခြင်းမရှိသည့် ပုဂ္ဂိုလ်အနည်းစု၏ လုပ်ဆောင်မှုတွေကို ဇောင်းပေးဖော်ပြထားသည့် ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနှင့် ပတ်သက်ပြီး ပြည်သူများအကြား အငြင်းပွားမှု၊ သဘောထားကွဲလွဲမှုနှင့်စိတ်ထိခိုက်ခံရမှုများ ဖြစ်ခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် ပြည်တွင်းပြည်ပ မီဒီယာများ၏ ပြောဆိုရေးသားမှုများတွင် အမြင်မတူညီမှုများကို နားလည်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့် ပြန်လည်ရရှိရေး ဆောင်ရွက်နေပြီး လွတ်လပ်စွာပြောဆို ရေးသားခွင့်ကို ကျင့်သုံးရာတွင် နိုင်ငံ၏ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိသည့် ကျင့်သုံးမှုများ ပြုလုပ်ရန် သမ္မတဦးသိန်းစိန်က ပြောကြားသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ကျွန်တော်တို့ အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာရေးသားခွင့် ပြန်လည်ရရှိဖို့နဲ့ သက်ဝင်ရှင်သန်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေတယ်ဆိုတာကို သိရှိကြပြီးလည်း ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ ထုံးစံတစ်ရပ်အဖြစ် ခံယူထားကြတဲ့ "မည်မျှမှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန်မသင့်" ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့ လိုအပ်တယ်လို့လည်း အလေးအနက် ခံယူထားပါတယ်" ဟု ပြောကြားသည်။

Ref: first-11