16.2.17

တရုတ်လယ်သမားများ မြန်မာဘက်တွင် ၀င်ရောက်စိုက်ပျိုးနေခြင်း တားမြစ်ပေးရန် လွှတ်တော်သို့ တင်ပြ

ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသရှိ တရုတ်-မြန် မာ နယ်ခြားဖြစ်သော (၅၃/၂) ကျောက်တိုင်အနီးတွင် တရုတ် နိုင်ငံဘက်မှ လယ်သမားများ မြန်မာဘက်သို့ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခြင်းကို တားမြစ်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးချင်းဖေလင်းက လွှတ်တော်သို့ မေးမြန်းခဲ့သည်။

ကွင်းဆင်းစစ်ဆေးတွေ့ရှိ ချက်များကို ဓာတ်ပုံများနှင့်တကွ တင်ပြကာ ဦးချင်းဖေလင်းက ဖေ ဖော်ဝါရီ ၁၅ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ မေးမြန်းခဲ့သည်။

‘‘ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းကြည့်လိုက်တဲ့အခါ အ မှန်တကယ် တစ်ဖက်နိုင်ငံက လာ ရောက်ကျူးကျော်စိုက်ပျိုးနေတဲ့ အနေအထားတွေ တွေ့ခဲ့ရတယ်။ သူတို့က နှစ်တိုင်းကျူးကျော်စိုက် နေတာ ဆက်လုပ်မှာပဲ။ ဒါကိုအ စိုးရကမြန်မြန်ဖြေရှင်းပေးစေချင် တယ်’’ဟု ဦးချင်းဖေလင်းက ပြောသည်။

မန်ဝိန်းကြီးဒေသရှိ တရုတ် -မြန်မာနယ်ခြားဖြစ်သော (၅၃/၂)ကျောက်တိုင်အနီး မြန်မာဘက် အခြမ်းရှိ မြန်မာ့လယ်ယာမြေများ ပေါ်တွင် တရုတ်စီးပွားရေးလုပ် ငန်းရှင်များက မြန်မာတောင်သူ များကို ကြိုတင်ငွေအရင်းအနှီး စိုက်ထုတ်ပြီး သီးနှံပေါ်ချိန်တွင် ကာလပေါက်ဈေးဖြင့် ငွေအရင်း အနှီးစိုက်ထုတ်သူများထံ ပြန်လည်ရောင်းချကာ ချေးယူထား သည့်ငွေကို ပြန်လည်ပေးဆပ်သည့်စနစ်ဖြင့် စိုက်ပျိုးနေခြင်းများ ရှိကြောင်း သိရှိရသည်ဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင် စိုးက ဖြေကြားခဲ့သည်။

‘‘သူပြောသလို ကချင်ပြည် နယ်မှာ နေရာတော်တော်များများ လက်ရှိအနေအထားထိ ရှိနေသေးတယ်။ ဒါပေမဲ့ ဒီနေ့ကျွန်တော် တင်ပြတဲ့နေရာဆို သူတို့(တရုတ် လယ်သမားများ) ကိုယ်တိုင်ဝင် စိုက်နေတာ။ ကြံတွေတော့ သူတို့ ရိတ်ပြီးပြီ။ လောလောဆယ်လယ် ထွန်ဖို့ သူတို့ပြန်လုပ်နေကြတယ်’’ ဟု ဦးချင်းဖေလင်းက အစည်းအ ဝေးအပြီးတွင် သတင်းထောက် များအား ပြောသည်။

တရုတ်နိုင်ငံမှ လယ် သမားများ မြန်မာဘက်သို့ ၀င် ရောက်စိုက်ပျိုးလုပ်ကိုင်ခြင်းကို စိစစ်တွေ့ရှိပါက ၁၉၄၇ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များအက်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားမှုကို ဗိုလ်ချုပ်အောင်စိုး က ဖြေကြားခဲ့သည်။

‘‘ဒေသခံတွေနဲ့ တစ်ဖက် နိုင်ငံက တောင်သူတွေမြေယာပြ ဿနာမကြာခဏဖြစ်ပွားလျက် ရှိ ပါတယ်။ နယ်နိမိတ်သတ်သတ် မှတ်မှတ် တိုင်းတာမယ်ဆို အ ကောင်းဆုံးအခြေအနေဖြစ်ပါ တယ်’’ဟု ဦးချင်းဖေလင်းက ပြောသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment