ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.3.14

တယ်လီနောမြန်မာ၏ ရုံးချုပ်ကို ရန်ကုန်မြို့၌ မတ် ၂ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး သင်တန်းများပို့ချရာ ဌာနတစ်ခုဖြစ်သော တယ်လီနောမြန်မာ အကယ်ဒမီ ထည့်သွင်းထားရှိမည်


၃.၃.၂၀၁၄၊ တနင်္လာနေ့

တယ်လီနောမြန်မာ၏ ရုံးချုပ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ် မတ် ၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းရုံးချုပ်ကို Telenor House ဟုခေါ်ပြီး အမှတ် ၄၀၊ စက်မှု ၁ လမ်း၊ ရန်ကုန်မြို့တွင် တည်ရှိကာ အထပ် ၁၃ ထပ်ပါရှိကြောင်း သိရသည်။

လမ်းလျှောက်လာသောသူအား စိတ်ဝေဒနာမောင်းသောကားဝင်တိုက်၍ သေဆုံး




လပွတ္တာ ခရိုင်၊ မော်လမြိုင် ကျွန်းမြို့ အောင်ဆန်း(၅) လမ်း ထိပ် တွင် ဖေဖော် ၀ါရီ လ (၂၅) ရက်၊ နံ နက် (၉) နာရီ ခန့်က ယာဉ် တိုက် မှု တစ်ခု ဖြစ်ပွား ခဲ့ရာ အမျိုး သမီး တစ်ဦး သေဆုံး သွား ခဲ့သည်။ အဆိုပါ ယာဉ် တိုက်မှု တွင် ယာဉ်မောင်း ဦးဇော်မိုး၊ အသက် (၄၉) နှစ်၊ အဘ ဦးသန်းဝင်း ကို (ပ)/ ယာဉ် ၄/ ၂၀၁၄ ပုဒ် မ ၃၀၄ (က) ဖြင့် အရေးယူ၍ မော်လမြိုင်ကျွန်း မြို့နယ်တရားရုံးတွင် အချုပ် လွှတ် ရမန်ယူခဲ့ရာ နာရီပိုင်း အတွင်း ၌ပင် မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးမှ အချုပ် ချုပ်လွတ် ထုချေခွင့်အမိန့် ချခဲ့ကြောင်း မော်လမြိုင် ကျွန်းရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်နိုင်ထွန်းက ပြောသည်။

တကောင်းတောင် စီမံကိန်း မြေယာလျော်ကြေးများ မရ


၃.၃.၂၀၁၄၊ တနင်္လာနေ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအုပ်စုတွင် လုပ်ဆောင်နေသည့် တကောင်းတောင် သတ္ထုတူးဖော်ရေး စီမံကိန်း လုပ်ငန်းခွင်တွင်းမှ ထွက်ရှိလာသည့် မြေနီမှုန်များ ဖုံးလွှမ်းခံရသော လယ်ယာမြေများအတွက် မြေယာလျော်ကြေးများ မရရှိကြကြောင်း မောင်းကုန်းကျေးရွာ ဒေသခံများထံမှ သိရသည်။

တကောင်းတောင် သတ္ထုတူးဖော်ရေး စီမံကိန်း လုပ်ငန်းခွင် ဆောင်ရွက်ရာမှ ထွက်ရှိလာသော မြေနီမှုန်များသည် ဒေသခံများ စိုက်ပျိုးထားကြသည့် ကြံ၊ ပဲနှင့် ပြောင်းစိုက်ခင်း ဧရိယာ ၁၃၆ ဧက ပေါ်သို့ ဆက်တိုက် ဖုံးလွှမ်းလျက်ရှိသော်လည်း အဆိုပါ ကိစ္စအပေါ် စီမံကိန်းဆောင်ရွက်သည့် ကုမ္ပဏီက တာဝန်ယူပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

လက်ပံတောင်းတောင်ရှိ လယ်တီသိမ်တော်ကြီး မဖျက်ရန် ပြည်မြို့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်



Monday, March 3, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသရှိ လယ်တီ ဆရာတော်ဘုရားကြီး နေထိုင် သီတင်းသုံးခဲ့သည့် သိမ်တော်ကြီးကို ဖျက်သိမ်း ရွှေ့ပြောင်းမှု မလုပ်ရန်အတွက် ပြည်မြို့တွင် မတ်လ ၂ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အိန္ဒိယတွင် တရားမဝင်ငွေချေးစာချုပ်ရောင်း၍ ငွေရှာခဲ့သော သူဌေးကြီးအားဖမ်းဆီးပြီ



အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးလုပ်ငန်းရှင်သူဌေးကြီးများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဆူဘရာရွိုင်းသည် လိမ်လည်မှုအတွက် ၎င်းကိုယ်တိုင် အဖမ်းခံခဲ့ရာ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း ဘီဘီစီသတင်းတွင် မကြာသေးမီက ဖော်ပြခဲ့သည်။

အိန္ဒိယသူပုန် ခေါင်းဆောင်များကို ပြန်လွှဲပေးရန် မြန်မာထံ အိန္ဒိယ တောင်းဆိုမည်



၃.၃.၂၀၁၄၊ တနင်္လာနေ့

အိန္ဒိယ-မြန်မာ နယ်စပ် ဒေသများတွင် ခြေကုပ် ယူထားကြသည့် အိန္ဒိယအစိုးရ ဆန့်ကျင်သည့် သူပုန်ခေါင်းဆောင်များကို အိန္ဒိယဘက်သို့ ပြန်လွှဲ ပြောင်းပေးရန် အတွက် မတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းက မြန်မာ အစိုးရထံ တောင်းဆိုသွားမည်ဟု ပြောကြားကြောင်း The Telegraph သတင်းစာတွင် ဖော်ပြထားသည်။

MPU က ပြည်တွင်းပြည်ပ သုံးနိုင်မည့် ငွေပေးချေ ကတ်များ ထုတ်လုပ်မည်



၃.၃.၂၀၁၄၊ တနင်္လာနေ့

ပြည်တွင်းဘဏ်များ ပူးပေါင်း ဖွဲ့စည်းထားသည့် MPU (Myanmar Payment Union) က ပြည်တွင်းပြည်ပ အသုံးပြုနိုင်မည့် International Co-Brand ကတ်များ ထုတ်လုပ်ရန် ဗဟိုဘဏ်ကို တင်ပြထားကြောင်း MPU အဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

အမြန်လမ်းမတွင် ခရီးသွားယာဉ်နှစ်စီး လေးခွဖြင့်ပစ်ခတ်ခံရ


၃.၃.၂၀၁၄၊ တနင်္လာနေ့

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၈ မိုင် ၃ ဖာလုံအနီးတွင် မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်က H-A-L Travel ယာဉ်လိုင်းမှ ခရီးသည်တင် ယာဉ်နှစ်စီးကို အမည်မသိ လူတစ်စုက လေးခွဖြစ် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ H-A-L Travel ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုမိုးက ပြောကြားသည်။

ကျေးလက်နေ ပြည်သူများ အတွက် သောက်သုံးရေနှင့်စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်



စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး အစီအစဉ်အရ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် အရာတော်မြို့နယ် အုပ်ရှစ်ကြီး ကျေးရွာအုပ်စု သစ်ချိုကျေးရွာတွင် အနက် ၁၂၅၅ ပေရှိ ၄ လက်မ အဝီစိတွင်း တူးဖော်ဆောင်ရွက်ခဲ့ရာ တစ်နာရီ ရေဂါလန် ၁၅ဝဝဝ ခန့် ထွက်ရှိသဖြင့် ကျေးလက်နေ ပြည်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ယူကရိန်းကို စစ်ရေးဖြင့် ဝင်စွက်ရန် ရုရှားပါလီမန် သဘောတူ အမေရိကနှင့် အနောက်နိုင်ငံများ ပြင်းထန်စွာကန့်ကွက်



၃.၃.၂၀၁၄၊ တနင်္လာနေ့

နိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်နေသည့် ယူကရိန်းနိုင်ငံ၏ ကရိုင်းမီးယားဒေသသို့ ကျူးကျော် ဝင်ရောက်မှု မပြုလုပ်ရန် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံ ခေါင်းဆောင်များက ရုရှားနိုင်ငံကို သတိပေး ပြောဆိုထားသော်လည်း ရုရှားပါလီမန် လွှတ်တော်က ယင်းဒေသသို့ တပ်ဖွဲ့များ စေလွှတ်ရန် သဘောတူညီ ပေးလိုက်ရာ ယူကရိန်း အစိုးရသစ်က ဖြစ်လာနိုင်ခြေရှိသော စစ်ပွဲအတွက် စစ်တပ်ကို ရာနှုန်းပြည့် အသင့်ဖြစ်ရန် တပ်လှန့်လိုက်ကြောင်း မီဒီယာများက ရေးသားဖော်ပြသည်။ 

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း တူရကီ လူမှုအဖွဲ့အစည်း လှူဒါန်း



၃.၃.၂၀၁၄၊ တနင်္လာနေ့

တူရကီနိုင်ငံ သဘာဝ ဘေးအန္တရာယ်နှင့် အရေးပေါ် အကူအညီပေးရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် AFAD က ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒဏ်သင့် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈သန်းကို ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ အကြီးတန်း အရာရှိ Dominique Hyde က ပြောကြားသည်။

မြန်မာနိုင်ငံ ရှေးဟောင်းသုသေသနနှင့် ထိန်းသိမ်းစောင့်ရှောက်မှုနယ်ပယ်တွင် အစ္စရေးနိုင်ငံဟိုင်ဖာတက္ကသိုလ် ပူးပေါင်းကူညီ


ရန်ကုန် ၊ မတ် ၃ ရက်

မြန်မာနိုင်ငံရှိ ရှေးဟောင်းခေါင်းလောင်းများ၏ မူလပထမပြုလုပ်ခဲ့ပုံ အဆင့်ဆင့်အားမှတ်တမ်းပြုစုခြင်း၊ လိုအပ်သောခွဲခြား စိတ်ဖြာမှုများပြုလုပ်ခြင်းတို့ကို 
ပူးပေါင်းဆောင်ရွက် ရန် အစ္စရေးနိုင်ငံ ဟိုင်ဖာတက္ကသိုလ် ရှေးဟောင်း သုသေသနဌာန၏ အကြီးအမှူးဖြစ်သူ ပါမောက္ခ စာရီရယ်ရှာလစ်သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှ ၂၀ ရက်နေ့အထိ လာရောက်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးမှ သိရသည်။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ


၃.၃.၂၀၁၄၊ တနင်္လာနေ့

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို ပထမဦးဆုံး ဖြေလျှော့ပေးခဲ့သည့် ဥရောပသမဂ္ဂ နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး Børge Brende က မြန်မာနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်အဖြစ် မတ်လ ၁ ရက်နေ့က စတင် ရောက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံတွင် ၃ ရက်ကြာ နေထိုင်မည် ဖြစ်ပြီး၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအစိုးရ အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

နော်ဝေနိုင်ငံသည် မြန်မာ့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ အတွက် အများဆုံး ထောက်ပံ့နေသည့် နိုင်ငံဖြစ်ပြီး နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးသည် ၎င်း၏ ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံရေး အဖွဲ့အစည်းနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများနှင့် စွမ်းအင်ကဏ္ဍ ဆိုင်ရာ အလားအလာ ကောင်းများနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ပြီး မြန်မာ့လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အဆင့်မြှင့်တင်ရေး အတွက် နော်ဝေ-မြန်မာ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးနှင့် မတ်လ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၅၆ ခုနှစ်ကပင် သံတမန် ဆက်ဆံရေး စတင်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံရုံးကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သံရုံး ဖွင့်ပွဲသို့ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် Mr.Jens Stoltenberg ကိုယ်တိုင် တက်ရောက်ခဲ့သည်။

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် အများဆုံး ကူညီနေသည့် နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်ခု အနေနှင့် မြန်မာအစိုးရ အပေါ် ပြုလုပ်ခဲ့သည့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပိတ်ဆို့မှုများကို အစောဆုံး ဖြေလျှော့ပေးခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။

ထို့အပြင် ပါရီကလပ် အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ နော်ဝေနိုင်ငံ အပေါ် မြန်မာအစိုးရ တင်ရှိနေသည့် ကြွေးဟောင်း အားလုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို နော်ဝေ အစိုးရက အပြီးတိုင် ဖြေလျှော့ပေးခဲ့သည်။
The Voice Weekly

လယ်တီသိမ်ပြောင်းရွှေ့ရေး လတ်တလော မဖြစ်နိုင်သေးဟုဆို


၃.၃.၂၀၁၄၊ တနင်္လာနေ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံ ကိန်းနယ်မြေ၏ သတ္တုသိုက်ဗဟိုချက်နေရာကျသော လယ်တီသိမ်တော်နှင့် တောင်ကြားစေတီကို လတ်တလော ရွှေ့ပြောင်းရန် မဖြစ်နိုင်သေးကြောင်း ဆည်တည်းရွာဟောင်းကျောင်းတိုက်မှ ဆရာတော်ဦးစန္ဒာ သီရိက မဇ္ဈိမကို မိန့်ကြားသည်။

အိန္ဒိယမှ ထူးထူးခြားခြား ကြွက်ဘုရားကျောင်း






ကြွက်များကို ကိုးကွယ်သည့် ထူးခြားသော အယူဝါဒ ရှိသူအချို့သည် အဆိုပါ ကျောင်းတိုက်ထဲ လာရောက်ကာ ကြွက်များကို အစာကျွေးမွေးခြင်း၊ ဝတ်ပြုခြင်းတို့ လုပ်ဆောင်ကြသည့်အပြင် ၎င်းတို့ကိုလည်း ကာကွယ်စောင့်ရှောက်မှု ပေးထားသေးသည်။

သမ္မတ ဦးသိန်းစိန်ထံ “၀” က ပြည်နယ်တောင်းမည်

၃.၃.၂၀၁၄၊ တနင်္လာနေ့

နေပြည်တော်သို့ သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စများ ဆွေးနွေးရန် ရောက်ရှိနေသော “၀” ဒေသ ကိုယ်စားပြုအဖွဲ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခွင့်ရပါက “၀” ပြည်နယ်ရရှိရေး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရရှိသည်။

“၀” ဒေသ ကိုယ်စားပြုအဖွဲ့သည် ၄င်းတို့၏ နေပြည်တော် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံလိုသော်လည်း သမ္မတဘက်မှ လက်ခံတွေ့ဆုံရန် ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးပေ။

တိုင်းရင်းသား လက်နက်ကိုင်အများစု သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ် ကေအိုင်အိုနှင့် ပလောင်အဖွဲ့မှအပ ထောက်ခံဟုဆို

၃.၃.၂၀၁၄၊ တနင်္လာနေ့

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ လုပ်ဆောင်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်ကို ယင်းဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ပလောင်ပြည် လွတ်လပ်ရေးတပ်ဦး (PSLF) တို့မှအပ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၅၄ ဖွဲ့က ထောက်ခံ လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မုံရွာဒေသရှိ ကျောက္ကာ ယွန်းပန်းချီ နိုင်ငံခြားသား ဧည့်ခရီးသွားများက အထူးစိတ်ဝင်စား၍ လာရောက် ကြည့်ရှု



မြန်မာ့ရိုးရာ လက်မှုပညာ ပန်းဆယ်မျိုး ရှိသည့်အနက် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ကျောက္ကာကျေးရွာရှိ
ယွန်းပန်းချီ လက်မှုပညာရပ် များကို နိုင်ငံခြားသား ဧည့်ခရီးသွားများက အထူးစိတ်ဝင်စား၍ နေ့စဉ်လာရောက် ကြည့်ရှုသူ အရေအတွက် တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာလျက်ရှိကြောင်း ငွေကြယ်စင် ယွန်းထည်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

ယူကရိန်းမြေပေါ်က ရုရှားတပ်များ ပြန်ရုပ်သိမ်းရန် သတိပေး


Monday, March 3, 2014

စစ်ဖြစ်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်ပေါက်နေတဲ့ ယူကရိန်းမြေပေါ်က ရုရှားတပ်တွေကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်နဲ့ မဟာမိတ် နေတိုးအဖွဲ့က တောင်းဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ရုရှားကို သတိပေးလိုက်ပါတယ်။

ရုရှားရေတပ် အခြေစိုက်စခန်း တည်ရှိတဲ့ ပင်လယ်နက်ကျွန်းဆွယ်ဒေသထဲက ယူကရိန်းပိုင် ကရိုင်းမီယားဒေသထဲက ရုရှားတပ်တွေ ပြန်ရုပ်ဖို့ တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည်ပါဝင်နှုန်း လွန်ကဲစွာမြင့်တက်နေ


Monday, March 3, 2014

နေရောင်ခြည်တွင်ခရမ်းလွန်ရောင်ခြည်ပါဝင်နှုန်းလွန်ကဲစွာမြင့်တက်နေခြင်းကြောင့် ယခုလကုန်ပိုင်းမှစ၍ နေ့လယ်နေ့ခင်းများတွင် အကာအကွယ် မပါဘဲအပြင်သို့မထွက်ရန် မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားလိုက်သည်။

အဆိုပါ ခရမ်းလွန်ရောင်ခြည်ကို တိုက်ရိုက်ထိတွေ့မိသောသူများသည် ကျန်းမာရေးအရ ဆိုးရွားစွာ ထိခိုက်နိုင်မည်ဖြစ်ပြီး ခရမ်း လွန်ရောင်ခြည်လွန်ကဲမှုမှာ ၂ဝ၁၄ ဖေဖော်ဝါရီလ ကုန်ပိုင်းမှ မေလ ၃ရက် ခန့်အထိဖြစ်ပွားနိုင်ကြောင်း သိရသည်။

နိုင်ငံခြားသားခရီးသည်များက ၀င်ရောက်အကူအညီပေးခဲ့ကြတဲ့ ပုဂံကယာဉ်တိုက်မှု



မတ် ၃ ရက် ၂၀၁၄ခုနှစ်

ထူးခြားဖြစ်‌စဉ်‌မှာ ယဉ်‌‌မောင်းသည်‌ကားထဲတွင်‌‌မေ့‌မြော‌နေပြီးမြန်‌မာနိုင်‌ငံ၏ ထုံးစံအတိုင်းလူများဝိုင်းကြည့်‌‌နေပြီး မည်‌သူမှမထိရဲကာ ရပ်‌၍ ကြည့်‌‌နေစဉ်‌ ၎င်းနှင့်‌မျက်‌နှာချင်းဆိုင်‌မာလာသိင်္ဂိ ထမင်းဆိုင်‌တွင်‌စား‌သောက်‌‌နေ‌သော နိုင်‌ငံခြားသားခရီးသည်‌များက

ဖမ်းဆီးခံသတင်းထောက် လွတ်မြောက်ရေး ဟောင်ကောင်မှာဆန္ဒပြ


၃.၃.၂၀၁၄၊ တနင်္လာနေ့

ဟောင်ကောင်မှာ သတင်းစာအယ်ဒီတာဟောင်းတစ်ဦး ဆိုးဆိုးဝါးဝါး အတိုက်ခိုက်ခံရတာနဲ့ သတင်းမီဒီယာတွေအပေါ်မှာ တရုတ်ပြည်မက ပိုပြီးလွှမ်းမိုး ချုပ်ခြယ်လာတာကို ကန့်ကွက်ကြတဲ့ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ တနင်္ဂနွေနေ့က လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

သေသွားပြီထင်ပြီး အလောင်းအိတ်ထဲထည့်ပြီးကာမှ ပြန်လည်နိုးထလာသူ


၃.၃.၂၀၁၄၊ တနင်္လာနေ့

ဗုဒ္ဓဟူးနေ့ ည ကိုးနာရီ အချိန်ခန့် မှာ မစ္စစပီ၊ လက်ဇင်တန်မြို့ အိမ်မှာ ပေါ်တာရဲ့ ဦးလေးဖြစ်သူ ဝေါလ်တာဝီလီယမ် ဟာ သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း သေမှုသေခင်းစစ်ဆေးရေးအရာရှိက သွေးခုန်နှုန်း တိုင်းတာပြီး အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် နောက် ငါးနာရီကျော်အကြာ မနက် ၂နာရီခွဲ ခန့် မှာ ဝေါလ်တာရဲ့ အလောင်းကို အလုပ်သမားတွေက အလောင်းအိတ်ထဲထည့်ခါနီးမှာ ပြန်လည်နိုးထလာခဲ့တာပါ။ အံ့သြမှင်တက်နေတဲ့ အလုပ်သမားတွေဟာ ဝေါလ်တာရဲ့ တူဖြစ်သူ ပေါ်တာကို သူ့ ဦးလေး အသက်ရှင်နေ သေးကြောင်း သွားပြောရပါတော့တယ်။

မြေပေါ်မြေအောက် ပိုင်ဆိုင်သည့် ပစ္စည်းများ ပြည်သူများသိရှိရန် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအေဂျင်စီ ဖွဲ့စည်းလုပ်ဆောင်သင့်ဟု သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် အကြံပြု



Monday, March 3, 2014

အစိုးရက ဖွင့်ဟပြောလိုသည့် ဆန္ဒမရှိသည့် နိုင်ငံပိုင်လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် ထိုက်သင့်သည့်တန်ဖိုးများ ရရှိရန် နိုင်ငံတော်မှ ပိုင်ဆိုင်ထားသည့် မြေပေါ်မြေအောက် ပစ္စည်းများစာရင်းအား ပြည်သူများသိရှိရန် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အေဂျင်စီတစ်ခု ဖွဲ့စည်းတည်ထောင်သင့်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပုဂ္ဂလိကပိုင်ပြုလုပ်ရေး မျှော်လင့်ချက်နှင့် အန္တရာယ်များ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ပြောကြားသည်။