3.3.14

မြန်မာနိုင်ငံ ရှေးဟောင်းသုသေသနနှင့် ထိန်းသိမ်းစောင့်ရှောက်မှုနယ်ပယ်တွင် အစ္စရေးနိုင်ငံဟိုင်ဖာတက္ကသိုလ် ပူးပေါင်းကူညီ


ရန်ကုန် ၊ မတ် ၃ ရက်

မြန်မာနိုင်ငံရှိ ရှေးဟောင်းခေါင်းလောင်းများ၏ မူလပထမပြုလုပ်ခဲ့ပုံ အဆင့်ဆင့်အားမှတ်တမ်းပြုစုခြင်း၊ လိုအပ်သောခွဲခြား စိတ်ဖြာမှုများပြုလုပ်ခြင်းတို့ကို 
ပူးပေါင်းဆောင်ရွက် ရန် အစ္စရေးနိုင်ငံ ဟိုင်ဖာတက္ကသိုလ် ရှေးဟောင်း သုသေသနဌာန၏ အကြီးအမှူးဖြစ်သူ ပါမောက္ခ စာရီရယ်ရှာလစ်သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှ ၂၀ ရက်နေ့အထိ လာရောက်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးမှ သိရသည်။

ယခုခရီးစဉ်အတွင်း ရန်ကုန်၊ ပြည် ၊ မန္တလေးမြို့များတွင်ရှိသော စေတီပုထိုးများ၌ ခေါင်းလောင်းများကိုမှတ်တမ်းပြုစုလေ့လာခြင်းများ ကူညီဆောင်ရွက်ပေးရန် ပါမောက္ခ ရှာလစ်သည် ပြည်မြို့နယ် ရှေးဟောင်းသုသေသန သင်တန်းကျောင်း ၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှပညာရှင်များ ၊ ၀န်ထမ်းများ၊ ကျောင်း သားများနှင့်အတူ သွားရောက်ခဲ့သည်ဟု ဆိုသည်။ ခေါင်းလောင်း များသွန်းလုပ်ရာတွင် အသုံးပြုသော သတ္တုအမျိုးအစားများနှင့် ဓာတုဗေဒဒြပ်ပေါင်းတို့ကို အသေးစိတ်လေ့လာခြင်းအားဖြင့်

ထိုခေတ်က ရိုးရာခေါင်းလောင်းသွန်းနည်းပညာများကို လေ့လာရာတွင် အသုံးပြုရန်အရေးကြီးသော အခြေခံအချက်အလက်များကို ရရှိမည်ဖြစ်သည်။ ယခုအစီအစဉ်တစ်ခုလုံး ကို မြန်မာနိုင်ငံ တွင် နှစ်ပေါင်းများစွာကတည်းက ရောက်ရှိနေသည့် အစ္စရေးစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် မစ္စတာ အမ်နွန်နာဟာမီးယားစ် က စတင်ဦးဆောင်လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

LYT

0 comments:

Post a Comment