ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

12.2.14

ဂျပန်ပြည်မှ သင်ယူစရာ


=============
ဂျပန်အကြောင်းရေးထားတဲ့ လှပတဲ့ ဖော်ပြချက်လေးတွေကို ဖတ်ကြည့်ရအောင်

အိန္ဒိယမော်တော်ကားတွေကို နယ်စပ်ဖြတ်ကျော် တင်သွင်းခွင့် ပြုတော့မယ်


အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေသခံကုန်သည်တွေနဲ့ တွေ့ဆုံတဲ့အခန်းအနားမှာ အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကားတွေကို မြန်မာနိုင်ငံက တရားဝင် တင်သွင်းခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ 


၆၂၄ စီစီ အင်ဂျင်ပါဝါရှိတဲ့ အိန္ဒိယနိုင်ငံလုပ် Tata-Nano ကားတစီး၊ ဓာတ်ပုံ- ၀ီကီပီဒီးယား
အိန္ဒိယက ထုတ်လုပ်တဲ့ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ အောက် ရှိတဲ့ ကားတွေ ကို နယ်စပ်ကတဆင့် တင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီး ဦးဝင်းမြင့်ကို ကိုးကားပြီး ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ မှာဖော်ပြပါတယ်။ 

မြန်မာပြည်မှာ ဖွင့်တဲ့ဆိုင် မြန်မာမ၀င်ရဘူး ဆိုတာ ခင်ဗျားတို့ ကြားဖူးကြလား?


အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး" လို့ အော်ပြီး မနက် စောစောကြီး ရောက်လာသူ ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ ခင်ဗျာ။

ဒါနဲ့"ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ ကိုယ့်လူမျိုးကို စော်ကားခံရတဲ့ ကိစ္စကြီး။ ငါတို့လူမျိုးက အစော်ကား ခံနေရတာ ကြာပါပြီ"

သဲကုန်းမှာ ဆန္ဒပြ လယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆို



12/2/2014

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ တိုးတက်



မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။

တပ်မတော် စစ်ကြောင်းများမှ ဗန်းမော် အနောက်မြောက် ဒေသတွင် တရားမ၀င် သစ်များ ဖမ်းဆီးရမိ






Wednesday, February 12, 2014

အမိနိုင်ငံတော်သည် သဘာဝက လက်ဆောင်ပေးထားသော မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော် ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှု ပြဿနာ သက်ဆိုးရှည်ကြာခဲ့သော နိုင်ငံဖြစ်၍ နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးမှု မရှိသော နေရာများမှာ ကိုကျိုးရှာ ၀ိသေမလောဘ သားတို့၏ စားကျက်မြေ နေရာများဖြစ်ခဲ့ရပြီး နိုင်ငံတော်၏ အဖိုးတန် သဘာဝ အရင်းအမြစ်များစွာ ဆုံးရှုံးပျက်စီး ခဲ့ရသလို တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အသုံးပြုရမည့် ဘဏ္ဍာရေးငွေ အမြောက်အများလည်း ဆုံးရှုံးခဲ့ရပေသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကို လုပ်ကြံမှု မလေးရှားရဲတပ်ဖွဲ့ စတင်စုံစမ်း



12-2-2014

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်တို့ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း သေနတ်သမားရဲ့ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ မလေးရှား မှုခင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဣတ္ထိယအသွင် လုလင်ပျို မထက်ရဲ့ She-male Gay Life





Wednesday, February 12, 2014

အခုတလော လူမှု ကွန်ရက်တွေ ထဲမှာ ဆွဲဆောင်မှု အားကောင်းလှ တဲ့ အလှတရားတွေနဲ့ အတူ ဣတ္ထိယ အမျိုးသမီး တစ်ဦး လိုပင် လှပကြော့ ရှင်းလှသူ အသက် ၃၁နှစ် အရွယ်ရှိ Gay တစ်ဦးရဲ့ အလှဓာတ်ပုံ များပျံ့ နှံ့ကာ သတင်း စကားတာစားခဲ့ပါ တယ်။ မိန်းမဘဝ ကို လုံးလုံးလျားလျား ပြောင်းခံယူဖို့

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေမူကြမ်းအား မတ်လတွင် အပြီးရေးဆွဲမည်

12-2-2014

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေမူကြမ်းအား မတ်လတွင် အပြီးသတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပပြုလုပ်သည့် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု အသိပညာပေးဆွေးနွေးပွဲမှ သိရသည်။

ရှမ်းပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဘိန်းစိုက်မှု အများဆုံးဟုဆို ရှမ်းပြည်နယ်ထဲမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အဆိုးရွားဆုံးဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အများဆုံးပဲလို့ ရှမ်းလူငယ်တွေက ပြောပါတယ်။



ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ ဓနု၊ လားဟူနဲ့ ကိုးကန့် အစရှိတဲ့ တိုင်းရင်းသားလူငယ်ပေါင်း ၁၀၀ ကျော်ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲမှာ ပြောကြားလိုက်ပါတယ်။

ကဲ sim unlock လုပ်ချင်သူများအတွက် လာပါပြီ


သင်ကိုယ်တိုင်လဲ လုပ်နိုင်သလို အွန်လိုင်းက သူငယ်ချင်းတွေကို

လည်းအကူအညီ ပေးနိုင်မဲ့  နည်းလမ်းလေး မို့ 

အချိန်မှီ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ....

sim unlock code ကိုတွက်ချက်ပေးမဲ့ 

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ



ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့်
်ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်
ရေးသားလိုက် ရပါတယ်။

ဟင်းချက်တဲ့ အခါ မပါမဖြစ် ထည့်ပြီး ချက်သင့်တဲ့ ကြက်သွန်ဖြူ


ကြက်သွန်ဖြူဟာ ဆိုလျှင် ဟင်းခတ် အမွှေးအကြိုင် များထဲတွင် တစ်အခု အပါအဝင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို စားသုံးခြင်းအားဖြင့် ဘယ်လို ရောဂါတွေကို ပျောက်ကင်းနိုင်တယ် ဆိုတာကို ရေးသားလိုက် ရပါတယ်။

စိန်ဖူးတော် ငှက်မြတ်နားတော်နှင့် ထီးတော် ဘုံအဆင့်ဆင့် လှည့်လည် အပူဇော်ခံ



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်

နာယက ဆရာတော် နိုင်ငံတော် သြဝါဒါ စရိယ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသီလဝံသအား အမှူးထား၍ တပည့် ဒါယကာများ စုပေါင်းကာ ဝိုင်းမော်မြို့နယ် တာစန်းကျေးရွာ (မိုင်းမော-ဝိန်ဂျွန် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ) ရှိ ရှေးဟောင်း စေတီတစ်ဆူဖြစ်သော တိဂုမ္ဘလောကမုနိ အောင်မြေမှန်ကူ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံပြီး အဆိုပါ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော် ဘုံအဆင့်ဆင့်တို့ကို မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် လှည့်လည် အပူဇော်ခံခြင်းကို ဖေဖော် ဝါရီ ၈ ရက် နံနက် ၁ဝ နာရီမှစ၍ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်မှ စတင် ထွက်ခွာခဲ့သည်။

ထိုသို့ လှည့်လည် အပူဇော်ခံရာတွင် ဝန်းသို ဆရာတော်ကြီးနှင့် အတူ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၊ ရှမ်းတိုင်းရင်းသား လူငယ်ရေးရာ အဖွဲ့များ လိုက်ပါလျက် မြစ်ကြီးနားမြို့ ဝိုင်းမော်မြို့နယ်နှင့် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဗုဒ္ဓဘာသာဝင်များက ဖူးမြော် ကြည်ညိုခဲ့ကြပြီးနောက် ယာယီ ကိန်းဝပ် စံပယ်တော်မူမည့် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ရွှေမုဋ္ဌော ဘုရားကြီး ကျောင်းတိုက်သို့ ပင့်ဆောင်တော် မူခဲ့ကြသည်။

ယင်းစေတီတော် မြတ်ကြီးအား ထီးတော်တင်လှူ ပူဇော်ပွဲကြီးကို ဖေဖော်ဝါရီ ၂၂ ရက်တွင် အဆိုပါ စေတီတော် မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းက မြန်မာ လိင်အလုပ်သမားများ ဘဝ ခက်ခဲကြမ်းတမ်း



မြန်မာ့လူ့ အဖွဲ့အစည်းတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းသည် မလုပ်သင့်မလုပ်အပ်သည့် အရာတခုအဖြစ် အများက လက်ခံ ယုံကြည်ထားသော်လည်း နယ်စပ်၏ တဖက်ထိုင်းနိုင်ငံရှိ ယောက်ျားလေး လိင်လုပ်သားများ ထဲတွင် မြန်မာနိုင်ငံမှ ပြောင်း ရွှေ့ခိုလှုံနေထိုင်သူများက အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။

Vodka အရက် များများသောက် အသက်မြန်မြန်ပျောက်


Vodka အရက်ကို အလွန်အကျွံသောက်တဲ့ ရုရှား နိုင်ငံသားတွေဟာ အသက်အရွယ် ငယ်စဉ်မှာ သေဆုံးနိုင်တဲ့ အန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အကြောင်း သုတေသန ပညာရှင်တွေက ပြောပါတယ်။ ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အတွင်း၊ Vodka အရက် သောက်သုံးသူ တသိန်းခွဲ ကျော်ကို သုတေသနလုပ် စစ်ဆေး တွေ့ရှိထားတာတွေကို Lancet ဆေးပညာ ဂျာနယ်မှာ ကြာသာပတေးနေ့က ဖေါ်ပြထားပါတယ်။

နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန် ၂၉ ခုမှ စက်မှုလုပ်ငန်းပေါင်း ၉၀၀၀ ကျော်နှင့် အိမ်ထောင်စုပေါင်း ၃၂၈၀၀ ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာ စစ်တမ်းနှစ်ခုအား ဗဟိုစာရင်းအင်းအဖွဲ့က ယခုလကုန်ပိုင်း ကောက်ခံမည်



ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၄

နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ စက်မှုလုပ်ငန်းပေါင်း ၉၁၃၀ နှင့် အိမ်ထောင်စုပေါင်း ၃၂၈၀၀ ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဆိုင်ရာ စစ်တမ်းနှစ်ခုတို့အား ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၏ ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အခြေခံဥပဒေမပြင်လျှင် ဖက်ဒရယ်အနှစ်သာရ ပြည့်ဝမည်မဟုတ်ဟုဆို



Wednesday, February 12, 2014

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်လျှင် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ် ပြည်ထောင်စု အနစ်သာရ အပြည့်အဝ ရရှိမည် မဟုတ်ဟု ဖေဖော်ဝါရီလ ၁၂ရက် (၆၇) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

မိုဘိုင်းဖုန်းအပြောင်းအလဲ ဘယ်သူတွေနိုင်ပြီး ဘယ်သူတွေရှုံးမလဲ


-----------
ရေးသားသူ- ဆွေမွန်၊ ဇော်မျိုးလှိုင်

လာမည့်ရက်ပေါင်း ၂၄၀ အတွင်း မြန်မာနိုင်ငံရှိ လူတိုင်းနီးနီး မိုဘိုင်းဖုန်းအသုံးပြုနိုင်တော့မည်ဖြစ်သည်။ 

ယခုနှစ်အတွင်း လူတိုင်းနီးနီး မိုဘိုင်းဖုန်းအသုံးပြုလာနိုင်မည့်အခြေအနေက မည်သူတို့အတွက် အများဆုံးအကျိုးရှိနိုင်ပါသလဲဟု မေးခွန်းထုတ်သောအခါ ဟန်းဆက်များ၊ မိုဘိုင်း application များ ထုတ်လုပ်ရောင်းချသူ၊ အခြားသော ဆက်သွယ်ရေးပိုင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများမှ အကျိုးအမြတ်အများဆုံးရမည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ အိုင်စီတီလုပ်ငန်းရှင်များကပြောသည်။

ယခုအခါ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူ ခုနစ်သန်းဝန်းကျင်ရှိသည်။ ရှစ်လအတွင်း မိုဘိုင်းဆင်းမ်ကတ် သန်း ၃၀ ကို ရောင်းချပေးနိုင်ရန် အဆင်သင့်ထုတ်လုပ်ပေးသွားမည်ဟု တယ်လီနောမြန်မာကုမ္ပဏီမှ ကြေညာထားသည်။

ထို့အပြင် အော်ရီဒူးနှင့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများကလည်း အရေအတွက်မကြေညာသေးသော်လည်း တယ်လီနောနှင့် တစ်ပြိုင်တည်း ဆင်းမ်ကတ်များ သန်းချီရောင်းမည်ဖြစ်ရာ ၎င်းတို့အစီအစဉ်များ အနှောင့်အယှက်မရှိခဲ့လျှင် ယခုနှစ်အတွင်း လူတိုင်းဖုန်းကိုင်နိုင်ကြမည်ဖြစ်သည်။

“ဆက်သွယ်ရေးကောင်းလာရင်တော့ လုပ်ငန်းတွေ အကုန်အကျိုးရှိလာမယ်။ ဘယ်လုပ်ငန်းမဆိုပေါ့။ Direct နဲ့ Indirect ပဲ ကွာမယ်။ Direct Industry ဖြစ်တဲ့ တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေအားလုံးကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ တက်လာမှာပါ။ Call Center တွေလည်း အကုန်တက်မယ်။ တချို့ကိစ္စလေးတွေပဲ နည်းနည်းလေးလိုမယ်”ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူး ဦးဇော်မင်းဦးကပြောသည်။

အဦးဆုံးအကျိုးအမြတ်များစွာရရှိမည့်သူများမှာ ဈေးသက်သာသော တရုတ်ဟန်းဆက်ထုတ်လုပ်သူများဖြစ်မည်။ ဆက်သွယ်ရေးအော်ပရေတာများအတွက် စက်ပစ္စည်းများ ထောက်ပံ့ရောင်းချခွင့်ရရှိထားသော ZTE, Huawei စသော တရုတ်ကုမ္ပဏီများ၊ တာဝါတိုင်များကို ကန်ထရိုက်ယူကာ လိုက်လံတည်ဆောက်ပေးသည့်ကုမ္ပဏီများ၊ ဟန်းဆက်အရောင်းဆိုင်များမှ တိုက်ရိုက်အကျိုးကျေးဇူးများစွာ ရရှိမည့်သူများဖြစ်သည်။

ပြည်တွင်း၌ လက်ရှိတွင် ဟန်းဆက်များထုတ်လုပ်သည့် ကုမ္ပဏီမရှိသေးသော်လည်း ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများအနေဖြင့် ၀န်ဆောင်မှုများပြားလာသည့်အချိန်တွင် ထိုကဲ့သို့ ဟန်းဆက်များ ထုတ်လုပ်နိုင်မည့် ကုမ္ပဏီများရှိလာနိုင်ကြောင်း ဦးဇော်မင်းဦးကသုံးသပ်သည်။

ဟန်းဆက်များတင်သွင်းရောင်းချမည့် ကုမ္ပဏီအများအပြားတိုးပွားလာနိုင်ပြီး ထို့နောက်တွင် ပြည်တွင်းဖြန့်ကြက်လုပ်ကိုင်နိုင်ရန်အတွက် အခွန်အခကြီးမားမှုမှာ အဆိုပါကုမ္ပဏီများအတွက် အခက်အခဲဖြစ်နေပြီး ၂၀ ရာခိုင်နှုန်းခန့် ပေးဆောင်နေရခြင်းကြောင့် တရားမ၀င်တင်သွင်းနေရမှုများနေရာ အကောက်ခွန်နှင့် အခြားသောသူများက ပိုမိုအကျိုးရှိနေပြီး နောက်ပိုင်းတွင် တရားဝင်တင်သွင်းနိုင်ရန် အခွန်နှုန်းထားလျှော့ချနိုင်ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း မန္တလေးကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ်သူကပြောသည်။

“တယ်လီဖုန်းတွေ အများကြီးဝင်တာမှာ သတ်မှတ်ထားတဲ့ အခြားပစ္စည်းတွေလိုမျိုးပဲ သင့်တော်တဲ့နှုန်း ထားသင့်တယ်။ တစ်နိုင်ငံလုံးတင်သွင်းနေတဲ့ အလုံးရေကို ခြုံကြည့်ရင် အနည်းစုကသွင်းပြီး အများစုက အောက်လမ်းက၀င်လာတာတွေဖြစ်နေတယ်။ အဲဒီလိုဖြစ်မယ့်အစား ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်ပဲ ကောက်နိုင်ရင် အခွန်လည်းပိုရလာမယ်” ဟု ဦးရဲမြတ်သူကပြောသည်။

အော်ပရေတာများက စတင်ရောင်းချချိန်တွင် ဆင်းမ်ကတ်အရေအတွက်နှင့် ရောင်းချပေးမှုအပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်ထားမှုများ လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ယခင်က အချိန်အတိုင်းအတာဖြင့် လစဉ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးစဉ်ကပင် ဟန်းဆက်များ ၀ယ်လိုအားကောင်း၍ ပစ္စည်းပြတ်လပ်ခြင်းများရှိခဲ့သည်။

“လိုသလောက်မရခင်ကတောင် တစ်ခါတလေ လူသုံးများတဲ့ ဟန်းဆက်တွေပြတ်လပ်တာ ရက်ပိုင်းလောက်စောင့်ရတာတွေ ရှိနေသေးတာ။ အခုလိုရောင်းပေးလို့ လိုသလောက်ရတဲ့အချိန်ကျရင် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်လာနိုင်သလို သူ့နောက်ကရမယ့် အကျိုးအမြတ်ကလည်း များလာနိုင်တယ်”ဟု မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

နေရာတိုင်းတွင် မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူလာနိုင်သည့်အချိန်တွင် Keypad ဖုန်းအမျိုးအစားများ အသုံးပြုမှုများလာနိုင်သော်လည်း ပြည်တွင်းဈေးကွက်အရ စမတ်ဖုန်းအမျိုးအစား ဈေးသက်သာမည့် မိုဘိုင်းဈေးကွက် ပိုမိုကြီးထွားလာနိုင်ကြောင်း Mr.Fone ဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ကိုထက်လင်းကျော်က ပြောကြားသည်။ စမတ်ဖုန်းဈေးကွက်ကို မြန်မာနိုင်ငံတွင် နေရယူထားနိုင်မည့် ကုမ္ပဏီများအနေဖြင့်လည်း အကျိုးအမြတ်မှာ အော်ပရေတာကုမ္ပဏီများနောက်တွင် လိုက်ပါလာနိုင်မည်ဖြစ်သည်။

“အော်ပရေတာတွေက ဆင်းမ်ကတ်တွေ ရောင်းချထားပေးရင် ဘယ်လိုပုံစံနဲ့ ရောင်းပေးမယ်ဆိုတဲ့ပေါ်မှာ ဟန်းဆက်ဈေးကွက်က မူတည်တယ်။ ဟန်းဆက်နဲ့တွဲရောင်းမှာလား၊ ဘယ်လိုရောင်းပေးမှာလဲဆိုတာက ရှိသေးတယ်။ အဲဒီပေါ်မူတည်ပြီး လုပ်ကိုင်ရမှာ”ဟု Mr.Fone ဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ကိုထက်လင်းကျော်ကပြောသည်။

မိုဘိုင်းဟန်းဆက်များ တင်သွင်းဖြန့်ဖြူးရောင်းချပေးနေသည့် ကုမ္ပဏီများနေဖြင့်လည်း အကျိုးများစွာရှိမည်ဖြစ်ပြီး မိုဘိုင်း 3G စနစ်ကို ဆင်းမ်ကတ်များ စတင်ရောင်းချစဉ်တွင်ပင် အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ထားမှုများနှင့် အင်တာနက်အသုံးပြုမှုကို တစ်ပါတည်း ထည့်သွင်းပေးမည်ဖြစ်သောကြောင့် အင်တာနက်ဆိုင်ရာလုပ်ကိုင်နေသည့် လုပ်ငန်းများအားလုံးလည်း တစ်ပြေးညီတိုးတက်လာနိုင်မည်ဖြစ်သည်။

“တယ်လီဖုန်းကနေ အင်တာနက်ရတဲ့အတွက် အင်တာနက်ကုမ္ပဏီတွေလည်း တက်လာမယ်။ Content လုပ်တဲ့ Developer တွေလည်း တက်လာမယ်။ Mobile Content တွေတင်မကဘဲ Internet Content တွေပါ တက်လာမယ်။ Data Backbone ကလည်း ဆောက်ကိုဆောက်ရမယ်ဆိုတော့ တယ်လီဖုန်းနက်ဝါ့ခ်တင်မဟုတ်ဘဲ အင်တာနက်နက်ဝါ့ခ်လည်း တစ်ခါတည်းတက်လာမှာပါ”ဟု ဦးဇော်မင်းဦးကပြောသည်။

မိုဘိုင်းဖုန်းအသုံးပြုမှုများလာသည့်နောက်တွင် အဆိုပါဖုန်းအတွင်း ထည့်သွင်းအသုံးပြုလာနိုင်မည့် Application သုံးစွဲမှု များပြားလာနိုင်ပြီး ထို့နောက်တွင် မိုဘိုင်း Application ကို အသုံးပြုပြီး ချိတ်ဆက်လုပ်ကိုင်နိုင်မည့် လုပ်ငန်းများ၊ မိုဘိုင်းဘဏ်စနစ်များသာမက မိုဘိုင်းမှတစ်ဆင့် သတင်းအချက်အလက်ပေးပို့ခြင်းကဏ္ဍများ ပိုမိုတိုးတက်လာနိုင်သည်။

“Mobile Application တွေ အသုံးပြုတာများလာလိမ့်မယ်။ Mobile Application က နှစ်ပိုင်းရှိတယ်။ သုံးစွဲသူတွေအတွက် ထုတ်လုပ်ပေးရတာတွေရှိမယ်။ Industrial လုပ်ငန်းသုံး ထုတ်လုပ် ပးတာတွေရှိမယ်။ အဲဒီလိုလည်း အသုံးပြုတာများလာလိမ့်မယ်။ ဆော့ဖ်ဝဲတွေရောပေါ့။ Mobile Banking လိုဟာမျိုးတွေလည်း များလာမှာပေါ့”ဟု MIT Software ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဦးထွန်းသူရသက်က သုံးသပ်ပြောကြားသည်။

ထို့အပြင် ပြည်တွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်လုပ်ကိုင်နေသည့် မိုဘိုင်း SMS မှတစ်ဆင့် သတင်းပေးပို့ခြင်း၊ အချက်အလက်ရယူခြင်း၊ Call Center လုပ်ငန်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့်လည်း ပိုမိုဈေးကွက်ကြီးမားလာမည်ဖြစ်သည်။

“ကျွန်တော်တို့ကတော့ အခုဆင်းမ်ကတ်ရောင်းချပေးမယ့် အော်ပရေတာတွေက တယ်လီနောက ဆင်းမ်ကတ်ပဲဖြစ်ဖြစ်၊ အော်ရီဒူးက ဆင်းမ်ကတ်ပဲဖြစ်ဖြစ် ညှိနှိုင်းပြီး အဲဒီဆင်းမ်ကတ်အသုံးပြုတဲ့သူတွေကို SMS Service တွေအတွက် ညှိနှိုင်းသွားမှာပါပဲ။ မိုဘိုင်းဖုန်းတွေ ဆင်းမ်ကတ်တွေ များလာရင်တော့ လုပ်ငန်းတွေလည်း ပိုအဆင်ပြေလာမှာပါ”ဟု လက်ရှိ 1876 Call Center များအပြင် SMS များကို ၀န်ဆောင်မှုပေးနေသည့် Blue Ocean ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုတင်ကိုကိုလတ်က ပြောသည်။

လက်ရှိတွင် သတင်းဌာနနှစ်ခုဖြစ်သည့် BBC နှင့် Eleven Media မှ သတင်းအချက်အလက်များကို သတင်းတိုပို့စနစ်ဖြင့် ၀ယ်ယူထားသော မိုဘိုင်းဖုန်းများသို့ SMS ပို့၍ ၀န်ဆောင်မှုပေးနေသော်လည်း နောက်ပိုင်းတွင် အခြားသောသတင်းဌာနများမှလည်း မိုဘိုင်းမှတစ်ဆင့် လုပ်ကိုင်မှုများပြားလာနိုင်မည်ဖြစ်သည်။

ထို့အပြင် မိုဘိုင်းဖုန်းများ ရုတ်တရက်ပေါများလာမည့် ဂယက်ကြောင့် ရပ်တည်ရန်ခက်ခဲပြီး ပျောက်ကွယ်သွားမည့်လုပ်ငန်းအချို့ကလည်း ရှိလာနိုင်သည်။

မိုဘိုင်းဖုန်းများအသုံးပြုမှုများပြားလာချိန်တွင် ပျောက်ကွယ်သွားမည့်လုပ်ငန်းတစ်ခုမှာ အများပြည်သူသုံးတယ်လီဖုန်းများပင် ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလက်အောက်တွင် လုပ်ကိုင်နေသည့် အများပြည်သူတယ်လီဖုန်းများကို ဆက်သွယ်ရေးလုပ်ငန်းမှ ချထားလုပ်ကိုင်စေရာတွင် အသုံးပြုမှုနည်းပါးပါက ပြန်လည်သိမ်းမည်မဟုတ်သော်လည်း မလုပ်ကိုင်လိုတော့၍ ပြန်လည်အပ်နှံခြင်းများရှိပါက လက်ခံပြီး လိုင်းပိတ်သိမ်းခြင်းများပြုလုပ်မည်ဖြစ်သည်။

“မိုဘိုင်းဖုန်းတွေများလာတော့ PCO ဖုန်းက လျော့ကျသွားမှာပဲ။ အရင်ကလည်း လာအပ်တဲ့သူတွေရှိတယ်။ အဲဒါတွေဆိုရင် လိုင်းပိတ်ပစ်လိုက်တယ်။ ဘယ်လောက်ထိ လျော့သွားမလဲဆိုတာတော့ ခန့်မှန်းပြောလို့မရဘူး”ဟု အများပြည်သူသုံးတယ်လီဖုန်းဌာနမှ အရာရှိတစ်ဦးကပြောသည်။

ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်ပေါ်မှ သတင်းဖတ်သူ၊ သတင်းတိုပို့စနစ်ဖြင့် သတင်းဖတ်သူများလာမည်ဖြစ်၍လည်း ပုံနှိပ်မီဒီယာအချို့ မိုဘိုင်းဖုန်းအပြောင်းအလဲပေါ် ရင်ခုန်စွာစောင့်ကြည့်နေသည်။ အချို့လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

အများပြည်သူသုံး တယ်လီဖုန်းလုပ်ငန်းများ ပျောက်ကွယ်သွားနိုင်ဖွယ်ရှိသော်လည်း အခြားသော ဆက်သွယ်ရေးလုပ်ငန်းများမှာ အကျိုးအမြတ်ဖြစ်ထွန်းသည့်ဘက်ကို ပိုမိုအလားအလာရှိရာ အချို့နေရာများတွင် လုပ်ကိုင်ရခက်ခဲခြင်းများ၊ အိုင်တီဆိုင်ရာလုပ်ငန်းများတွင် အချို့သော အခက်အခဲများသာ ရှိလာနိုင်မည်ဖြစ်ကြောင်း ကွန်ပျူတာပညာရှင်များကသုံးသပ်သည်။

“လူတိုင်းနီးပါး ဆက်သွယ်လို့ရမယ့်ကိစ္စမှာ ဆိုးကျိုးတွေကတော့ မတွေ့ဘူး။ ဆက်သွယ်ဆောင်ရွက်မှုက အချိန်တိုင်းမှာ ပြုလုပ်နေတာပဲလေ။ ဒီနေရာမှာရှိနိုင်တဲ့ဆိုးကျိုးက အင်တာနက် Acess ရတယ်။ အဲဒီကနေမဟုတ်တဲ့ Content တွေ သွားမိမယ်။ ဒါတွေကလည်း ကိုယ့်ရွေးချယ်မှုပဲ။ အချိန်တိုင်းမှာ ဆက်သွယ်မှုအဆင်ပြေတဲ့အတွက် ကောင်းတဲ့ကိစ္စပါပဲ”ဟု ဦးဇော်မင်းဦးကပြောသည်။

ဓာတ်ပုံ- Telenor Myanmar & Ooredoo Myanmar Facebook

ကမ္ဘာ့အကြီးဆုံးစာအုပ်ထဲမှ ပန်းကလေးတစ်ပွင့်




-----------------------
ရေးသားသူ- အေးမွန်ရာပြည့်

ဘုရားတန်ဆောင်းအတွင်း အုတ်ခုံပေါ်တွင်ထိုင်နေသည့် သမီးရည်းစားစုံတွဲတစ်တွဲရှေ့၌ရပ်ကာ စံပယ်ပန်းကုံးတစ်တွဲချိတ်ထားသည့်လက်ကို ဆန့်တန်းလိုက်သည်။ အမျိုးသမီးဖြစ်သူက သူမရှေ့တွင်ရပ်နေသည့် ကလေးငယ်နှင့် ငါးမိနစ်ခန့်စကားပြောပြီး ပန်းတစ်တွဲကိုယူကာ ငါးရာတန်တစ်ရွက်ကို ထုတ်ပေးနေသည်။ ကလေးငယ်က ငါးရာတန်ကို လက်ထဲတွင်ပိုက်ထားသည့် စံပယ်ပန်းကုံးများဖြင့် ပြည့်မောက်နေသည့် စကောဗန်းထဲသို့ ထိုးထည့်လိုက်ပြီး ပန်းဝယ်မည်ဟု ယူဆရသည့် နောက်ထပ်ဧည့်သည်များကို ဘုရားဝင်းတစ်ပတ်ပတ်ကာ ရှာဖွေနေသည်။

မင်းတုန်းမင်းတရားကြီးတည်ထားခဲ့သည့် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားအတွင်းသို့ လာရောက်သည့် ဧည့်သည်များအား တစ်မနက်ခင်းလုံး ပန်းလိုက်ရောင်းနေသည့် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်များပင်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟုထင်ရှားပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်ရော ပြည်တွင်းခရီးသွားဧည့်သည်များပါ နေ့စဉ်စည်ကားနေသည့် အဆိုပါဘုရားကြီးကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းရှာနေရသူများကလည်း ဒုနှင့်ဒေး။ ၎င်းတို့အထဲတွင် မျိုးရိုးစဉ်ဆက်ပန်းရောင်းကာ အသက်မွေးခဲ့သည့် ၎င်းတို့မိသားစုတစ်စုမှာလည်း တစ်စုအပါအ၀င်ပင်ဖြစ်သည်။

သနပ်ခါးပါးပါးကို ညက်နေအောင်လိမ်းထားသည့် မျက်နှာပေါ်တွင် သနပ်ခါးထူထူကို သစ်ရွက်ပုံဖော်ပြီး ထပ်လိမ်းထားသည်။ နှုတ်ခမ်းတွင် ပန်းရောင်နှုတ်ခမ်းဆိုးဆေးကို ဆိုးထားသည်။ ကုပ်ထိအောင်ရှည်နေပြီဖြစ်သည့် ဆံပင်များကိုလည်း နှစ်ခြမ်းခွဲကာ ကျစ်ဆံမြီးကျစ်ထားသည်။ အနည်းငယ်ဟောင်းနွမ်းနေသည့် စကတ်တိုနှင့် နှစ်ထပ်အင်္ကျီကို ၀တ်ထားသည်။ ထိုသို့ အပျိုမကြီးပုံစံဖမ်းထားသော်လည်း ငယ်သွားလဲရန် ကျိုးနေသည့်သွားလေးများ၊ ဖြူဖွေးနေသည့် မျက်လုံးအတွင်းသားများနှင့် မည်းညစ်နေသည့် ခြေလက်များကတော့ အပြစ်ကင်းစင်နေသည့် ကလေးငယ်တစ်ဦးရဲ့ သွင်ပြင်လက္ခဏာများ အထင်းသားပေါ်စေသည်။ သူမ၏နာမည်အပြည့်အစုံမှာ ယဉ်ယဉ်ချောဖြစ်သည်။

ကုသိုလ်တော်ဘုရားဝင်းပရိဝုဏ်အတွင်းတွင် အသက် ၂ နှစ်ခွဲခန့်အရွယ်ကတည်းက ပန်းရောင်းခဲ့သည့် ယဉ်ယဉ်ချောမှာ ယခုအသက်(၇)နှစ်ကျော်ရှိပြီဖြစ်သည်။ ပန်းရောင်းခဲ့သည့်သက်တမ်းမှာလည်း လေးနှစ်ခွဲကျော် ငါးနှစ်အတွင်းသို့ပင် ၀င်တော့မည်။ အဘွားဖြစ်သူလက်ထက်မှ သူမ၏အမေဖြစ်သူပါ မျိုးရိုးစဉ်ဆက်ပန်းရောင်းခဲ့သည့် ကုသိုလ်တော်ဘုရားဝင်းအတွင်းပင် သူလည်း ပန်းရောင်းတာဝန်ကို ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

အဖေဖြစ်သူဆုံးပါးပြီး အမေကလည်း နောက်အိမ်ထောင်ပြုခဲ့သည့်အတွက် ယဉ်ယဉ်ချောတစ်ယောက် အဘိုးအဘွားများနှင့်သာ အတူနေထိုင်သည်။ အဘိုးအဘွားကိုပင် အဖေ၊ အမေအဖြစ်ပင် ပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့သည်မှာ သူသိတတ်စအရွယ်မှပင် ဖြစ်သည်။ သူ၏အဘိုးက စာကလေးအစာရောင်းပြီး အဘွားကတော့ အိမ်မှုကိစ္စများကိုသာ တာဝန်ယူထားသည်။ တစ်နေ့တာ ပန်းရောင်းရသမျှငွေများအားလုံးကိုလည်း ရေတွက်မနေဘဲ အဘွားလက်ထဲသို့ပင် အကုန်ပေးသည်။ ဘုရားဖူးဧည့်သည်များလျှင်များသလို ယဉ်ယဉ်ချော၏ တစ်နေ့ပန်းရောင်းရငွေမှာ အများဆုံးကျပ်ငါးထောင်ခန့်အထိ ရတတ်သည်။

တစ်ခါတစ်ရံ ပန်းရောင်းရငွေများထဲမှ ငွေတစ်ရာ၊ နှစ်ရာကို ဘုရားဘဏ္ဍာငွေအလှူခံသည့်ပုံးအတွင်း ထည့်တတ်သေးသည်။ “အဲဒီလိုထည့်ရင် ပန်းများများ ပိုရောင်းရတတ်တယ်။ များများရောင်းရတော့ စောစောပြန်ရတယ်”ဟု ယဉ်ယဉ်ချောက ပွင့်လင်းသွက်လက်စွာပြောသည်။

လက်ရှိအချိန်တွင် မူလတန်းတက်နေရပြီဖြစ်သည့်အတွက် ယခင်ကလို တစ်နေကုန်ပန်းမရောင်းနိုင်တော့ပါ။ ညနေအချိန်ပိုကျောင်းဆင်းပြီး လေးနာရီနောက်ပိုင်းအချိန်များတွင်သာ အချိန်လုကာ ပန်းရောင်းနေရသည်။ ယင်းအချိန်ပိုင်းအတွင်း သူ၏ပန်းရောင်းရကြေးက ငွေတစ်ထောင်ကျော်သည်။

ကျောင်းချိန်နှင့်တိုက်၍ ပန်းမရောင်းနိုင်တော့သည့်အတွက် အဘိုးဖြစ်သူ၏ စာကုသိုလ်ရောင်းရငွေများနှင့်သာ မိသားစုနေ့စဉ်စားစရိတ်အတွက် ရပ်တည်နေရသည်။ အချိန်ပိုင်းပန်းရောင်းရသည့်ငွေများကိုမူ ကျောင်းအချိန်ပိုကြေးတစ်လလေးထောင် အချိန်မှန်ပေးရန်အတွက် အဘွားက သီးသန့်စုပေးထားသည်။

ကျောင်းတက်နေသည့်ရက်များတွင်လည်း တစ်ရက်မှ ကျောင်းပျက်မခံဘဲ နေ့စဉ်အိမ်စာများကို အကြွေးမထားဘဲ စိတ်ပါလက်ပါလုပ်တတ်သောကြောင့် ပြီးခဲ့သည့်လပတ်စာမေးပွဲတွင် အဆင့်လေးနေရာ ရခဲ့သေးသည်။

အသက် ၇ နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးအနေဖြင့် လိုချင်စရာအဆန်းအပြားပစ္စည်းများကလည်း ပေါများလှသည်။ တစ်ခါတစ်ရံ သူလိုချင်လွန်းလှသည့် ဒေါက်ဖိနပ်၊ ကွန်ပါဘူးကဲ့သို့သော ပစ္စည်းများကိုဝယ်ပေးရန် အဘိုးအဘွားများထံသို့ ရှားရှားပါးပါးပူဆာတတ်သေးသည်။ မ၀ယ်ပေးလျှင်လည်း ခဏတိုင်း နားပူနားဆာလုပ်တတ်သူ မဟုတ်ကြောင်း သူမ၏အဘွားဖြစ်သူ ဒေါ်ရင်သန်းက ယဉ်ယဉ်ချော၏ဆံပင်များကို ဖြီးသင်ပေးနေရင်းပြောသည်။

သူပန်းရောင်းနေသည်ကို သတိထားမိသည့် နိုင်ငံခြားဧည့်သည်အချို့ကလည်း ၎င်းတို့တွင်ပါလာသည့် သော့ချိတ်များ၊ အရုပ်များ၊ ဖောင်တိန်များ မကြာခဏပေးသွားတတ်သည်။ တစ်ခါကလည်း နိုင်ငံခြားသားတစ်ဦးက ပြည်ပမဂ္ဂဇင်းတစ်အုပ်ထဲတွင် ပါလာသည့် သူမရယ်နေသည့်ပုံကိုဖြဲကာ လက်ဆောင်ပေးခဲ့ဖူးသည်။
ထိုစာမျက်နှာအား ယနေ့အချိန်ထိ သူအိပ်သည့်ခေါင်းရင်းတွင် ကပ်ပြီးထားထားသည်ဟု ယဉ်ယဉ်ချောက ဆေးဆိုးထားသည့်နှုတ်ခမ်းပါးကို ကော့ပျံနေအောင် ပြုံးရယ်ရင်းပြောသည်။ 

လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ကုသိုလ်တော်ဘုရားတွင် ပန်းရောင်းနေရသော်လည်း သူကြီးလာလျှင် ဆရာဝန်မကြီး (သို့မဟုတ်) ဧည့်လမ်းညွှန်လုပ်လိုသည်။

“အဘွားက ရောင်းခိုင်းလို့သာရောင်းရတာ။ ဒေါက်တာဆရာမကြီးဖြစ်ချင်တာ။ တိုးရစ်ဂိုက်မကြီးလည်းဖြစ်ချင်တယ်။ တိုးရစ်ဂိုက်အစ်မတစ်ယောက်ကဆို အခုချိန်ထိ ဘုရားလာတိုင်း မုန့်ဖိုးတွေပေးတယ်”ဟု ယဉ်ယဉ်ချောက နာမည်ကိုစာရွက်ပေါ်တွင် လက်သေးသေးလေးများဖြင့် ရေးပြနေရင်းပြောသည်။

ပညာတတ်ကြီးတစ်ယောက်အထိဖြစ်ရန် ယဉ်ယဉ်ချောတစ်ယောက် စိတ်ကူးယဉ်နေသော်လည်း အဘွားဖြစ်သူကမူ ရည်းစားထားပြီး စိတ်လေလွင့်မည်ကို စိုးရိမ်သောကြောင့် ငါးတန်းထိသာ ကျောင်းတက်ခိုင်းပြီး စက်ပန်းထိုးပညာရပ်ဖြင့် အိမ်တွင်းတွင်ပင် အလုပ်လုပ်ခိုင်းရန် စိတ်ကူးထားသည်ဆိုပါသည်။ ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲများစွာ ကုသိုလ်တော်ဘုရားဝင်းအတွင်း လာရောက်နေကြသည်ကို မြင်တွေ့နေရသည့် ဒေါ်ရင်သန်းတစ်ယောက် မြေးဖြစ်သူအပေါ် စိတ်အပူကြီးပူကာ အိမ်တွင်ပင် အလုပ်လုပ်စေရန် စီစဉ်နေခြင်းဖြစ်သည်။

“စာလည်းတတ်စေချင်တယ်။ ရှစ်တန်း၊ ကိုးတန်းရောက်လို့ စရိတ်စကကြီးတာကတစ်မျိုး၊ ပျက်ဆီးမှာစိုးတာကလည်းတစ်မျိုး၊ စိတ်ပူနေရမှာကြောင့် ငါးတန်းလောက်ပြီးရင် စက်ပန်းထိုးသင်ပေးဖို့တော့ စီစဉ်ထားတာပဲ”ဟု ဒေါ်ရင်သန်းကပြောသည်။

ယဉ်ယဉ်ချောမှာ ကုသိုလ်တော်ဘုရားသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအကြားတွင် ထင်ရှားကျော်ကြားသကဲ့သို့ ပြည်ပခရီးသွားများလာသည်နှင့်အမျှ နိုင်ငံခြားတွင်လည်း သူပုံရိပ်များက ပျံနှံ့နေပြီဖြစ်သည်။ ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်းတွင် ကုသိုလ်တော်ဘုရားသို့ အလည်ရောက်ခဲ့ဖူးသည့် ခရီးသွားဧည့်သည်များမှ သူနှင့်ပတ်သက်သည့် အချက်အလက်များ ပြန်လည်ဖြန့်ဝေမှုကြောင့် သူနှင့်တွေ့ဆုံရန် ကုသိုလ်တော်ဘုရားသို့ တကူးတကလာရောက်ကြရသည့် နိုင်ငံခြားသားများလည်းရှိသည်ဟု မန္တလေးမြို့ခံ နိုင်ငံခြားသားစကားပြန်တစ်ဦးကပြောသည်။

ပန်းဗန်းကိုရွက်ကာတစ်မျိုး၊ ပိုက်ကာတစ်မျိုးဖြင့် ရယ်နေသည့် သူ၏ပုံတူများမှာလည်း ပြည်တွင်းမှ ဓာတ်ပုံပညာရှင်များ၊ ပန်းချီပညာရှင်များ၏ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်သာမက ပြည်ပပညာရှင်များအထိပင် ပျံ့နှံ့နေပြီဖြစ်သည်။

ကလေးငယ်တစ်ဦး ဈေးရောင်းနေသည်ဖြစ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ငြိစွန်းမှုများရှိနေနိုင်သော်လည်း သူ၏ချစ်စရာကောင်းလွန်းသည့် သွင်ပြင်လက္ခဏာများကြောင့် ခရီးသွားဧည့်သည်များမှအစ ပညာရှင်အဆင့် ဓာတ်ပုံရိုက်သူများပါ သူ၏ပုံကိုမှတ်တမ်းတင်ရန် စိတ်အားထက်သန်သွားတတ်ကြသည်ဟု မန္တလေးမြို့မှဓာတ်ပုံပညာရှင် မောင်ဘဦး (မန္တလေး)ကပြောသည်။ ဓာတ်ပုံထဲတွင် သူ၏ပုံရိပ်များ အသက်ဝင်ပြီးလှနေစေသည့် လျှို့ဝှက်ချက်မှာ အသံထွက်အောင် ရယ်ခြင်းပင်ဖြစ်သည်။

သူ့ကို ပုံတူပန်းချီရေးဆွဲရန် အုပ်ထိန်းသူလက်မှတ်ထိုးပေးရန် နိုင်ငံခြားသူအမျိုးသမီးတစ်ဦးကတောင်းဆို၍ ထိုးပေးခဲ့ရဖူးသည်။ ပြည်တွင်းပညာရှင်တစ်ဦးကလည်း သူ၏ တစ်နေ့တာဖြတ်သန်းပုံများကို အသေးစိတ်မှတ်တမ်းဓာတ်ပုံ ယူသွားခဲ့ဖူးသည်။ သို့သော်လည်း သူ၏ပုံရိပ်ကို အသုံးပြုသည့်အတွက် အခကြေးငွေတစ်စွန်းတစ်စမှ မရရှိခဲ့ဖူးသေးပါ။ သူ၏ဓာတ်ပုံများကို ပြည်တွင်းပြည်ပတွင် ပြပွဲများ၊ မဂ္ဂဇင်းများတွင် ထည့်သွင်းအသုံးပြုပြီး အကျိုးအမြတ်များ ခံစားနေရသော်လည်း မိသားစုမှာမူ ယနေ့အချိန်ထိ နေ့စဉ်စားဝတ်နေရေး ပူပန်နေရဆဲဖြစ်သည်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လည်းဖြစ်၍ တစ်နေကုန်ပန်းရောင်းရန် ဘုရားဝင်းအတွင်းရောက်နေသည့် ယဉ်ယဉ်ချောတစ်ယောက် ထမင်းစားနားနေသည်မှာ နှစ်နာရီနီးပါးရှိတော့မည်။ နံနက်ခင်းတစ်ပိုင်းလုံး ပန်းရောင်းခဲ့ပြီး နေ့လယ် ၁၂ နာရီကတည်းက အနားယူခဲ့သည်မှာ ယခုနှစ်နာရီထိုးခဲ့ပြီဖြစ်သည်။ ပန်းသွားမရောင်းမီ မျက်နှာပေါ်မှာ သနပ်ခါးနှင့် နှုတ်ခမ်းနီအား အဆင်ပြေ၊ မပြေ မှန်ကိုတစ်ချက်ကြည့်လိုက်ပြီး ပန်းဗန်းကို ခေါင်းပေါ်ရွက်တင်လိုက်သည်။

ညနေစောစောပြန်ရရေးအတွက် ဗန်းအတွင်းမှ လက်ကျန်ပန်းအားလုံးကို အမြန်ရောင်းထွက်စေရန် ဘုရားဘဏ္ဍာငွေ အလှူခံသည့်ပုံးအတွင်းသို့ တစ်ရာကျပ်သွားထည့်လိုက်သည်။ ထို့နောက် ဘုရားအတွင်းသို့ဝင်လာသည့် ၀၀ဖိုင့်ဖိုင်အသက်ခပ်ကြီးကြီး နိုင်ငံခြားသားစုံတွဲဆီသို့ ပန်းသွားရောင်းနိုင်ရန် ခြေလှမ်းပြင်လိုက်သည်။ ခေါင်းပေါ်ရွက်ထားသည့် ပန်းဗန်းကလေးကလည်း ယဉ်ယဉ်ချောခေါ်ရာနောက်သို့ မလိုက်ချင်၊ လိုက်ချင်နှင့် တလှုပ်လှုပ်။

ဓာတ်ပုံ- အေးမွန်ရာပြည့်