12.2.14

ကင်တားနား လာတော့မယ်


ဘင်္ဂါလီတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်၊ အကြမ်းဖက်ခံရနေတယ်လို့ တစ်ဖက်သတ် ဘက်လိုက် ပြောဆိုနေသူ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဆိုသူ ကင်တားနား ရခိုင်ပြည်နယ်ကို ဒီရက်ပိုင်းအတွင်း လာတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁၄ ရက်မှာ စတင်မှာ ဖြစ်ပြီးတော့ ၁၉ ရက်နေ့မှာ အဆုံးသတ်ပါမယ်။ အဲဒီခရီးစဉ်အတွင်းမှာတော့ ရခိုင်ပြည်နယ်၊ ကချင်၊ ကြေးနီးစီမံကိန်း၊ ရန်ကုန် တစ်ဖက်ကမ်းက သီလဝါ အထူးစီးပွားရေး ဇုန်တွေကို သွားပါလိမ့်မယ်

ဒီခရီးစဉ်က ကင်တားနားရဲ့ မြန်မာ နိုင်ငံ နောက်ဆုံး ခရီးစဉ်ဖြစ်လာမှာပါ။ ဒါပြီးရင်တော့ သူရဲ့တာဝန်ထမ်းဆောင်တဲ့ကာလက ပြီးပါပြီ။

ကင်တားနားက မြန်မာနိုင်ငံကို ရှစ်ကြိမ် ခန့် ရောက်ရှိထားပြီးတော့ ဘင်္ဂါလီတွေကို နိုင်ငံသားပေးဖို့ ၊ ဘင်္ဂါလီတွေကို အကြမ်းမဖက်ဖို့ အတွက် မြန်မာ အစိုးရ ကို အစဉ်တစိုက် ဖိအားပေးသူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဖြစ်နေတဲ့ တကယ် ဖြစ်ရပ်တွေကို မြန်မာအစိုးရနဲ့ ရခိုင်တိုင်းရင်းသားတွေက ရှင်းပြပေ မယ့်လည်း လက်မခံသူ ဖြစ်ပါတယ်။

ပကတိအခြေအနေမှာ အကြမ်းဖက်မှုကို ဘင်္ဂါလီတွေက စတင် လုပ်ဆောင်ပြီး နိုင်ငံတကာ အသိုင်အဝန်းကိုလည်း သူတို့ကပဲ အကြမ်းဖက် ခံနေရပါတယ်လို့ ဘင်္ဂါလီတွေ လုပ်ကြံသတင်းဖြန့်နေတာပါ။ အဲဒီအောက်မှာတော့ နိုင်ငံတကာလည်း မိုင်းတိုက်ခံနေရပါတယ်။

ပြီးခဲ့တဲ့ တစ်ခေါက်က ကင်တားနား ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မှတ်ချက်။ ။ ဓါတ်ပုံ၏ မူရင်း ပိုင်သည့် သတင်းဌာနကို မသိရှိတော့ပါသဖြင့် သက်ဆိုင်ရာ ဌာ၏ အမည်နာမကို မဖော်ပြနိုင်ခြင်းအတွက် တောင်းပါ အပ်ပါသည်။

0 comments:

Post a Comment