ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.1.14

နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသပဒေသာ ကပွဲကြီး ကျင်းပမည်

နိုင်ငံကျော် ဟာသ လူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသ ပဒေသာ ကပွဲကြီးကို လူရွှေင်တော်အသင်း(ရန်ကုန်)နှင့် အကယ်ဒမီမော့စ်၏

ရက် ၉၀ အတွင်း ၂၈ ပေါင်ချလို့ မော်ဒယ်ဖြစ်ခဲ့တဲ့ ဗြိတိန်သူလေး

Rosie Grech လို့အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အိမ်ထောင်သည် ဖြစ်ပြီး ၂ နှစ် အရွယ် ကလေးတစ်ဦးနဲ့ ၈ လ အရွယ် ကလေး တစ်ဦး ရှိပါတယ်။ ကလေး ၂ ယောက်မိခင်ဖြစ်ပြီး သူမရဲ့  မူရင်း ပေါင်ချိန်က ၁၄၇ အထက်မှာ ရှိပါ တယ်။

ကမ္ဘာ့ခြေတံအရှည်ဆုံး အမျိုးသမီးဖြစ်လာတဲ့ ဗြိတိန်မော်ဒယ်မလေး

Alexandra Robertson လို့ အမည်ရတဲ့ အသက် ၂၀ အရွယ် ဗြိတိန်နိုင်ငံက တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်ပါတယ်။

အရပ် ၆ပေ၁လက်မ ရှိပြီး ခြေတံ အရှည် ၄၇ လက်မ ရှိတာမို့ ကမ္ဘာ့ ခြေတံ အရှည်ဆုံး အမျိုးသမီးအဖြစ်လည်း စံချိန်တင်စေခဲ့ပါ တယ်။ ခြေတံ အရှည်ဆံ ၄ ပေ ပြည့်ဖို့ ၁ လက်မသာ လိုပါတော့တယ်။ အရင်စံချိန်တင် ထားတဲ့ ရုရှားမော်ဒယ်မလေးက ၄၂ လက်မ ရှိတာမို့ ၅ လက်မပိုပြီး စံချိန်

၂၀၁၅ ခုနှစ် စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းစေရန် လုပ်ဆောင်ပါက ငွေကြေးဈေးကွက်တွင် ကမောက်ကမ များစွာဖြစ်ပေါ်လာနိုင်

၂၀၁၅ ခုနှစ်၊ စတော့အိတ်ချိန်းဈေး ကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန် ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းစေရန် လုပ်ဆောင်ပါက မြန်မာ့ငွေကြေး ဈေးကွက်တွင် ကမောက်ကမများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်များအရ သိရသည်။

နိုင်ငံရေး အကျဉ်းသားများ အခမဲ့ ဆေးကုသခွင့်ရရန် ဦးဝင်းတင် ဖောင်ဒေးရှင်း ကူညီမည်

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီး ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်ပွားနေသော နိုင်ငံရေး အကျဉ်းသားဟောင်း များကို အခမဲ့ ဆေးကုသခွင့် ရရှိရန်အတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက ကူညီမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က ပြောကြားသည်။

လော့လော့ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေး ဒေသခံများ ဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေးအတွက် ယင်းကျေးရွာ တစ်ဖက်ကမ်းရှိ သမုတ်ဒေသခံ ၁၅၀ ဝန်းကျင်ခန့်က ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲ တစ်နာရီ အချိန်က ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

လင်းနို့လူသားစီးတဲ့ကား General Motors ထုတ်ပြီလား

၂၀၁၅ မှာ ထွက်ရှိနိုင်ဖို့ ခန့်မှန်းထားတဲ့ လင်းနို့လူသား ရုပ်ရှင်မှာ မင်းသား လည်း ပြောင်းသလို၊ ကားလည်း ပြောင်းမှာ ဖြစ်ပါတယ်။

မင်းသား ကတော့ Ben Affleck သေချာသွားပါပြီ။ Ben Affleck အနေနဲ့ စူပါ ဟီးရိုး ဖြစ်ရတာ ဒါ ပထမဆုံး အကြိမ်

Google ကုမ္ပဏီသည် Android Version သစ် တစ်မျိုးကို ထုတ်ဖော် ပြသခဲ့ပြီး Nexus 5 အမည်ရှိ စမတ်ဖုန်းကို စတင် ရောင်းချ

Google ကုမ္ပဏီသည် ၎င်းတို့၏ နောက်ဆုံးပေါ် Kitkat အမည် ရှိ Android Version သစ် တစ်မျိုးကို ထုတ်ဖော် ပြသခဲ့ပြီး Nexus 5 အမည်ရှိ စမတ်ဖုန်း သစ်တစ်မျိုး ကို စတင် ရောင်းချခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
Android 4.4 ဟု ခေါ်တွင်သည့် အဆိုပါ Kitkat Andriod သည် function မျိုးစုံကို လျင်မြန်စွာ လုပ်ဆောင်နိုင်ပြီး အသံထိန်းချုပ်မှု

Ariel Sharon အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝမ်းနည်းစကား

အစ္စရေးနိုင်ငံရဲ့ သမိုင်းမှာ Ariel Sharon ရဲ့ အရေးပါတဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်အတော်များများက ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ကြသလို သူ့အပေါ် ဝေဖန်သူတွေကလည်း Mr.Sharon ပတ်သက်ပြီးတော့ ပြောဆိုခဲ့ကြပါတယ်။

ငါးဖမ်းခွင့်ပြုချက် တောင်းရမယ့် တရုတ်ဥပဒေ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ရှုတ်ချ

တောင်တရုတ်ပင်လယ်ထဲက နေရာ အတော်များများမှာ ငါးဖမ်းမယ့် ပြည်ပ ရေလုပ်သားတွေဟာ တရုတ်အစိုးရဆီကနေ ခွင့်ပြု ချက် တောင်းခံရမယ်ဆိုတဲ့ တရုတ်ဥပဒေသစ်တစ်ရပ်ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

Miss တစ်ယောက် အနေနဲ့ ရေရှည်ရပ်တည် သွားဖို့က လက်ရှိနေရာမှာ အဆင်မပြေဘူး နန်းခင်ဇေယျာ



ဇာတ်ညွှန်း အရင် ဖတ်ကြည့်ပြီး ကိုယ်လည်း လုပ်နိုင်မယ့် ဇာတ်ကား မျိုးဆိုရင်တော့ ရိုက်ဖြစ်မှာ ပါဆိုတဲ့ မော်ဒယ်နန်းခင်ဇေယျာက "လတ် တလောမှာ ကြော်ငြာတွေရိုက်ဖြစ် တယ်။ ပြီးတော့ ဇန်နဝါရီလ၊ ၁၅ ရက်နေ့မှာ ညီမရဲ့ ဒုတိယမြောက် ဗီဒီယိုကား စရိုက်မယ်။ ပုံစံလေးက တော့ သင်္ကြန်ကားလေးဖြစ်တဲ့အ တွက် ပေါ့ပေါ့ပါးပါးပုံစံမျိုးလေးလို့ ပြောတယ်။

နာဂပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာမည်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်ပဧည့်သည် ၃၀ ဦးခန့် လာရောက် လေ့လာနိုင်မည်ဟု ခန့်မှန်းကြောင်း အဆိုပါ ပွဲတော်သို့ နိုင်ငံခြားသားများ သွားရောက် လေ့လာနိုင် ရန် ဆောင်ရွက်ပေးနေသည့် မန္တလေးမြို့တော် အခြေစိုက် Diamond Palace Travel & Tour ကုမ္ပဏီထံမှ သိရှိရသည်။

ဆိုင်ကယ် ဖြည်းဖြည်းမောင်းရန် ပြောသဖြင့် ရပ်ကွက်ဓမ္မာရုံဒု-ဥက္ကဋ္ဌကို အုတ်ခဲကျိုးဖြင့် ဝိုင်းထု

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက် မဉ္ဇူလမ်းရှိ ဆွမ်းလောင်းဓမ္မာရုံ ဒု-ဥက္ကဋ္ဌက လမ်းအတွင်း မော်တော်ဆိုင် ကယ် ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့သည်ကို မကျေနပ်သော လူငယ်များက အုတ်ခဲကျိုးများဖြင့် အဆိုပါ ဓမ္မာရုံ ဒုတိယဥက္ကဋ္ဌကို ဝိုင်းထုခဲ့သောကြောင့် ဦးခေါင်းနှင့် မျက်နှာတွင် ဒဏ်ရာများရရှိခဲ့ပြီး ၂၂ ချက် ချုပ်ခဲ့ရကြောင်း ဓမ္မာရုံ နာယက ဦးကျော်လတ်က ပြောကြားသည်။

Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ



မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက်ရှိ နေအိမ်တစ်ခု၌ Grand Royal အရက်အတု ပြုလုပ်နေသူကို အတုပြုလုပ်သည့် ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၁၀ ရက်နေ့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုဘိုင်းလ်အဖွဲ့များ တရားမဝင်ကုန်စည် ကျပ်သန်းတစ်သောင်းနီးပါး ဖမ်းဆီးရမိ



တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လှုပ်ရှားအဖွဲ့များ (Mobile Team) ၏ တစ်နိုင်ငံလုံး အတိုင်းအတာ တရားမဝင် ကုန်စည်နှင့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုသည် ယင်းအဖွဲ့ စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ ကျပ်သန်းပေါင်း ၉၆၅၂ ဒသမ ၁၆၁ ရှိပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဆရာတော် အရှင်ဆန္ဒာဓိက ချင်းပြည်နယ် မူလတန်းလွန်ကျောင်း လှူဒါန်း



ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိက လှူဒါန်းသော ချင်းပြည်နယ် တီးတိန်မြို့နယ် ဇိုနွမ်းဇန်ကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပရာ ဆရာတော်နှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း ရွှေပါရမီ ဖောင်ဒေးရှင်းထံမှ သိရသည်။

SEA Games ပြိုင်ပွဲဝင် ကစားသမားများကို ကျပ်သိန်းနှစ်သောင်းကျော် ချီးမြှင့်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နှစ်ပေါင်း ၄၄ နှစ်အကြာမှ ပြန်လည် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့် လက်ရွေးစင် အားကစားသမားများကို အားကစား ဝန်ကြီးဌာနက ကျပ်သိန်းနှစ်သောင်းကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားသည်။

Wi-Fi ရေဒီယိုလှိုင်းများကြောင့် အပင်များသေဆုံး

ကြိုးမဲ့ ဆက်သွယ်ရေး စနစ်များကို အသုံးများလာသည့် ခေတ်တွင် Wi-Fi ဆက်သွယ်ရေးလှိုင်း စနစ်ကြောင့် လူသားတို့အပေါ် သက်ရောက်မှုများကို လေ့လာ သုံးသပ်ခဲ့ရာ နောက်ဆုံး တွေ့ရှိချက်အရ Wi-Fi ရေဒီယိုလှိုင်းများသည့် အပင်များကို သေဆုံးစေကြောင်း လေ့ လာ တွေ့ရှိခဲ့ရသည်။

နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသပဒေသာ ကပွဲကြီး ကျင်းပမည်

နိုင်ငံကျော် ဟာသ လူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသ ပဒေသာ ကပွဲကြီးကို လူရွှေင်တော်အသင်း(ရန်ကုန်)နှင့် အကယ်ဒမီမော့စ်၏ မိသားစုတို့က ပူးပေါင်း လုပ်ဆောင်မည်ဟု ဟာသပဒေသာ ကပွဲပြုလုပ်ရန် ဇန်နဝါရီ ၁၂ရက် နံနက်က City Star Hotelတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ထိုဟာသပဒေသာကပွဲတွင် လူရွှင်တော်များစွာ ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင် မော့စ်၏ တစ်ချိန်က

ရေဗက္ကာဝင်းပြောတဲ့ မြန်မာပြည်က လိင်ခွဲခြားမှု

မြန်မာနိုင်ငံတွင် အမျိုးသားနှင့် အမျိုး သမီး ခွဲခြားမှု သိပ်မရှိဟု ထင်ရသည့် အနေ အထား ရှိကြောင်း ရေဗက္ကဝင်းက ပြောသည်။

”အမျိုးသမီးငယ်တွေ မှာလည်း ပညာသင် ခွင့်ရတယ်။ အလုပ်အကိုင် အခွင့်အလမ်း လည်း ရလာကြတယ်။ နေရာ တော်တော်များ များမှာ ကြည့်လိုက်ရင် ဒေါက်တာဘွဲ့၊ မာစတာ ဘွဲ့ တို့မှာ အမျိုးသမီးတွေ ရတာများတယ်။ အလုပ်အကိုင် ခွင့်လမ်းလည်း အမျိုးသမီးတွေ ပိုများလာကြပါတယ်” ဟု ရေဗက္ကဝင်း က ပြော သည်။

”အမျိုးသမီးတွေကို ဘာမှ လုပ်မပေးနိုင် ရင်တောင် စာနာနှစ်သိမ့်ပေးချင်တဲ့ စိတ်၊ ဖေးမ ကူညီပေးချင်တဲ့ စိတ်ကြောင့် အမျိုးသမီး ဖိုရမ်မှာ အမျိုးသမီး သံတမန် အဖြစ် ပါဝင်တာ ပါ” ဟု ရေဗက္ကဝင်း က ပြောသည်။

ရခိုင်ပြည်နယ် အေးချမ်းရေး ဒိန်းမတ်နိုင်ငံ မင်းသမီးဆွေးနွေး

ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်စေလိုကြောင်း ဒိန်းမတ်နိုင်ငံ တော်ဝင်မင်းသမီး Princess Mary က မနေ့က စစ်တွေမြို့ခံ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဖွဲ့အစည်းအချို့ကို တွေ့ဆုံပြောကြားခဲ့ကြောင်းသိရပါတယ်။