13.1.14

ဆရာတော် အရှင်ဆန္ဒာဓိက ချင်းပြည်နယ် မူလတန်းလွန်ကျောင်း လှူဒါန်း



ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိက လှူဒါန်းသော ချင်းပြည်နယ် တီးတိန်မြို့နယ် ဇိုနွမ်းဇန်ကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပရာ ဆရာတော်နှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း ရွှေပါရမီ ဖောင်ဒေးရှင်းထံမှ သိရသည်။

မူလတန်းလွန် ကျောင်းဆောင်သစ်သည် ၁၆၂ ပေx၃၀ ပေရှိပြီး အခန်းရှစ်ခန်း ပါဝင်ကာ ကျပ်သိန်း ၅၂၀ ကုန်ကျခဲ့ကြောင်း၊ ကျောင်းဆောင်ဖွင့်ပွဲတွင် ကျောင်းရန်ပုံငွေအတွက် ဆရာတော်က ကျပ်သိန်း ၃၀ နှင့် ဗလာစာအုပ်ဒါဇင် ၅၂၀၊ ဘောပင်အချောင်း ၃၆၀၀ လှူဒါန်းခဲ့ကြောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဆရာတော်သည် ချင်းပြည်နယ်၏ သင်္ကေတဖြစ်သည့် ရိဒ်ရေကန် (အသည်းပုံရေကန်) သို့ သွားရောက် လေ့လာခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment