13.1.14

Google ကုမ္ပဏီသည် Android Version သစ် တစ်မျိုးကို ထုတ်ဖော် ပြသခဲ့ပြီး Nexus 5 အမည်ရှိ စမတ်ဖုန်းကို စတင် ရောင်းချ

Google ကုမ္ပဏီသည် ၎င်းတို့၏ နောက်ဆုံးပေါ် Kitkat အမည် ရှိ Android Version သစ် တစ်မျိုးကို ထုတ်ဖော် ပြသခဲ့ပြီး Nexus 5 အမည်ရှိ စမတ်ဖုန်း သစ်တစ်မျိုး ကို စတင် ရောင်းချခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
Android 4.4 ဟု ခေါ်တွင်သည့် အဆိုပါ Kitkat Andriod သည် function မျိုးစုံကို လျင်မြန်စွာ လုပ်ဆောင်နိုင်ပြီး အသံထိန်းချုပ်မှု

စနစ်အား ကောင်းမွန်ကြောင်း၊ ထို့ပြင် Smarter Caller ID System တစ်ခုပါရှိပြီး မိမိဖုန်းခေါ်နေ သည့် နံပါတ်သည် Contacts List အတွင်း၌ မပါဝင်ပါက အဆိုပါဖုန်းခေါ်ဆိုသူအား Google Map ကိုအသုံးပြု၍ ခန့်မှန်းပေးနိုင်ကြောင်းGoogle ကုမ္ပဏီ၏ ပြောကြားချက်များ အရ သိရသည်။ ၎င်း ကိရိယာကိုGoogle Cloud Print သို့မဟုတ်Hp’s ePrint System နှင့်လည်း တွဲဖက်အသုံးပြုနိုင် ကြောင်း သိရသည်။

ထို့အတူ Google ကုမ္ပဏီမှ စတင် ရောင်းချလျက် ရှိသောNexus 5 စမတ်ဖုန်းမှာ သေးသွယ် ပါးလျားပြီး ၆၉.၁၇x၁၃၇.၈၄x၈.၅၉ mm အရွယ်အစား ရှိ၍ အလေးချိန် ၁၃ဝ ဂရမ် ရှိကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းကို LG ကုမ္ပဏီ က ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး 16 GB Version ရှိသော စမတ်ဖုန်း တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၃၄၉ဒေါ်လာ၊32 GB Version ရှိသော စမတ်ဖုန်း တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၃၉၉ ဒေါ်လာ ဖြင့် ရောင်းချလျက် ရှိကြောင်း သိရ သည်။Nexus 5 စမတ်ဖုန်းကို အဖြူ အမဲ ကာလာ နှစ်မျိုး ထုတ်လုပ် ထားသည်ဟု သိရသည်။

0 comments:

Post a Comment