ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

22.8.13

အောင်မင်္ဂလာအဝေးပြေးဝင်းရှိ နိုင်ငံတကာအဆင့်မီ ဆိုက်ရောက်၊ ထွက်ခွာ အဆောက်အအုံ စမ်းသပ်ဖွင့်လှစ် အသုံးပြုခွင့်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း နိုင်ငံတကာ အဆင့်မီ ဆိုက်ရောက်၊ ထွက်ခွာ အဆောက်အအုံ (Highway Bus Arrival) ကို သြဂုတ် ၁၉ရက်တွင် စတင် စမ်းသပ်ဖွင့်လှစ်၍ အသုံးပြု ခွင့်ပေးထားကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ’မှ သတင်းရရှိသည်။

ထိုင်းမြန်မာနယ်စပ်ဂိတ် ၄ ခု မှ ဝင်ထွက်ခွင့်

ထိုင်း-မြန်မာနယ်စပ် တရားဝင် ဂိတ် ၄ ခု ကနေ နိုင်ငံခြားသား၊ ထိုင်းနဲ့ မြန်မာနိုင်ငံသား တွေကို နိုင်ငံကူး လက်မှတ်နဲ့ ဝင်ထွက် သွားလာ ခွင့်ပြု တော့ မှာ ဖြစ်ပါတယ်။ အခုလ ၂၈ ရက်နေ့ လာမယ့် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီမှာ စတင် ခွင့်ပြု သွားမှာ ဖြစ် ပါတယ်။

ကင်တာနာ ထိုင်း အခြေစိုက် မြန်မာ အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာ့အရေး လှုပ်ရှား နေကြသောအဖွဲ့များနှင့် ယမန်နေ့ က တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်ကြောင်း သိရသည်။

ဆရာကြီး ဒဂုန်တာရာ ၏ အရိုးအိုးနှင့်ပြာအိုး



ဓာတ်ပုံ - မဖြိုးဖြိုးအောင် ဖေ့ဘုစ်မှ ကူးယူ ဖော်ပြပါသည်။
Popular Myanmar News Journal

လင်းနို့လူသားမင်းသားသစ် - Ben Affleck

တရားဝင်ကြေညာလိုက်ူပြီ ဖြစ်ပါတယ်။ နံပါတ် ၆ မြောက်ထွက်မယ့် လင်းနို့လူသား ရုပ်ရှင်ထဲမှာ ပါဝင်မယ့် မင်းသားဟာ Ben Affleck ဖြစ် ကြောင်း သိရ ပါတယ်။

ကလေးမြို့ ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေး

စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း ကလေးမြို့တွင် ဩဂုတ် ၁၈ ရက် မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် နေရဉ္စရာချောင်းနှင့် မြစ် သာ မြစ်တို့ ရေလျှံတက်လာပြီး ကလေးမြို့ ချမ်းမြေ့ အောင်စည်၊ အောင်မြေ မာန်၊ အောင်မင်္ဂလာ၊ ညောင်ပင်သာရပ်ကွက် အနိမ့်ပိုင်းနေရာ များနှင့် ပြင်သာ၊ ကျီကုန်း၊ ဖောင်ကူး၊ တောင်အူ ကျေးရွာများရှိ အနိမ့်ပိုင်းေ နရာ နေအိမ် များနှ င့် လယ်ယာမြေများတွင် ရေလျှံမှုဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုး မှုများဖြစ်ပေါ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက မိုးအဆက် မပြတ်ရွာသွန်း မှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိရာ ရွှေပြည်သာမြို့နယ် အင်းပေါက်စုရပ် ကွက်ရှိ လူနေအိမ်ခြေ ၅၀

မီးသင်္ဂြိုလ်စက်သိမ်းမည့်ကိစ္စကြောင့် စည်ပင်နှင့်မြို့မိမြို့ဖများတွေ့ဆုံ

မိုးညှင်းမြို့တွင် မီးသင်္ဂြိုလ်စက်အား စည်ပင်ကသိမ်းတော့မည်ဟူသော သတင်းအရ ပြည်သူများက ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေကြအတွက် ဖြေ ရှင်းနိုင်ရန် ဇေယျသုခ၀ါဆိုကျောင်း၌မြို့နယ်စည်ပင်သာယာမှ အမှုဆောင်အရာရှိ ဦးလှမိုး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်စိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုတို့နှင့် မြို့မိမြို့ဖ(၂၀)ကျော်တို့က သြဂုတ်လ

ပိုဒေါ့စကီးကို အာဆင်နယ် အငှားချဖွယ်ရှိနေ

အာဆင်နယ် အသင်းသည် တိုက်စစ်မှူး လူးကက်စ် ပိုဒေါ့စကီးကို ရှော်လ်ကေးသို့ အငှားထွက်ခွာခွင့်ပြုဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်နှင့် ကိုလုံးအသင်းများတွင် ကစားခဲ့ဖူးသည့် ဂျာမန်လက်ရွေးစင်ကို ဇာတိနိုင်ငံသို့ ပြန်ခေါ်ရန် ရှော်လ်ကေးအသင်းက

ရန်ကုန်မြို့လယ်ကောင် ယာဉ်ရပ်နားမှုအား စင်ကာပူနိုင်ငံစံနှုန်းဖြင့် တိုင်းတာပါက ၂၀ ရာခိုင်နှုန်းခန့် ပိုမိုများပြား

ရန်ကုန်မြို့လယ်ကောင်၌ ယာဉ်ရပ် နားမှုအား စင်ကာပူနိုင်ငံ၌ သတ်မှတ်ထားသော စံနှုန်းဖြင့် တိုင်းတာပါက ၂၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေကြောင်း သတင်းရရှိသည်။ယင်းကဲ့သို့ ရန် ကုန်မြို့လယ်ကောင်အတွင်း ယာဉ်ရပ်နားမှု ပိုမိုများပြားနေခြင်းကြောင့် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာ၌ ကားပါကင်ပြုလုပ်ရန် သတ်မှတ်ထားချက်မှာ

အိန္ဒိယစတိုင် စမူဆာကြော်

အိန္ဒိယစတိုင် အာလူး၊ ကြက်သွန်နီကို အစားသွပ်ထားပြီ အရသာ ခပ်စပ်ရှိန်ရှိန်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ စမူဆာ လုပ်ပုံအဆင့်ဆင့်ပါ ထည့်သွင်းထားတာမို့ လုပ်စားရ လွယ်ကူမှာပါ။

မန္တလေးကျုံးဘေး၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး

မန္တလေး ကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးကို ရဲတပ်ဖွဲ့မှ သြဂုတ် ၂၂ ရက် ညပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်းကို လုံးဝမလုပ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အတည်ပြု ပြောကြား

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့ကြီးအား ဒလဘက်သို့ ချဲ့ရန်စီမံကိန်းကို လုံးဝမလုပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အတည်ပြု ပြောကြားခဲ့ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပူးပေါင်းကော်မတီ ဆုံးဖြတ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် တွေ့ရှိမှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပထမအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။

မြိတ်မုန့်ဟင်းခါး (သို့) မြိတ်မုန့်တီ (မောနင်း ဘရိတ်ဖက်လေး သုံးဆောင် ကြရအောင်)

မြိတ်မုန့်ဟင်းခါး

မြိတ်ကတ်ကြေးကိုက်လို မြိတ်မုန့်ဟင်းခါးက နံမည်မကြီးပေမယ့် စားလို့ အရမ်းကောင်းပါတယ်။ ဒီချက်နည်းနဲ့ ချက်ပုံအဆင့်အဆင့်ကို ၀တ်ရည်အဒေါ် ကိုယ်တိုင်ချက်ထားတာတွေပါ။ မြိတ်မုန့်တီမှာ ရန်ကုန်မုန့်ဟင်းခါးနဲ့ မတူပဲ ဆန်လှော်မှုန့်၊ ရွှေကြည်မှုန့်တို့ မသုံးပါဘူး။ ဒါပေမယ့် မုန့်ဟင်းခါးကြိုက်သူတိုင်းလည်း မြိတ်မုန့်ဟင်းခါးကို ကြိုက်ကြမှာပါ။ ဒါကြောင့်

စိတ်ကြွရူးသွပ်ဆေးများပြား ဖမ်းဆီးရမိ

ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မုံရွာမြို့ နန္ဒာဝန်ရပ်ကွက် သုဗောဓာရုံ ကျောင်းတိုက်ရှေ့ ဗိုလ်တေဇလမ်းတွင် မုံရွာမြို့ မြ၀တီ ရပ်နေ ကိုကိုဇော် (ခ)မောင်ကို (၃၉)နှစ် မောင်းနှင်ပြီး

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ စောင့်ရှောက်

ကရင်ပြည်နယ် ဘားအံမြို့တွင် ဩဂုတ် ၂၂ ရက် ညနေ ၆ နာရီခွဲ အချိန် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ကျော် လွန်၍ ၈၆၀ စင်တီ မီတာသို့ ရောက် ရှိနေရာ ဘားအံမြို့တွင်း ရပ်ကွက် အနိမ့်ပိုင်းရှိ နေအိမ်များ ရေနစ်မြုပ် ၍ ပြည်သူများ ရေဘေးကယ်ဆယ် ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင် ခဲ့ရသည်။

နှစ်စဉ်တောင်ပြုန်း ပွဲတော်တွင် ကျပ်သိန်းပေါင်း ထောင်ချီ လည်ပတ်မှု ရှိသော်လည်း ပွဲတော် အတွင်းအပြင် လမ်းများမှာ ပျက်စီးနေဆဲ

နှစ်စဉ် တောင်ပြုန်းပွဲတော် ကာလအတွင်း ကျပ်သိန်းထောင်ချီ ငွေပမာဏ လည်ပတ်မှု ရှိခဲ့သော်လည်း ပွဲတော် အတွင်းအပြင် လမ်းများနှင့် မီးရထား ဘူတာတစ်ဝိုက် လမ်းများမှာ ဆိုးရွားစွာ ပျက်စီးနေဆဲ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိ

ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ် ၂၂ ရက် တစ်ရက်တည်းမှာပင် ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များမှာ ည ၁၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းအတိုင်း ယာဉ်မောင်း

ရှစ်လေးလုံး အခမ်းအနား သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့၍ ရာထူးမှ ထုတ်ပယ်ခံရသည့် ကျောင်းဆရာမ ဖြစ်စဉ်ကို ပြန်လည် စုံစမ်းသွားမည်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအကြို စာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခံရသည့် ကျောင်းဆရာမအား ပညာရေး ၀န်ကြီးဌာနက အသေးစိတ် ပြန်လည်စစ်ဆေး သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ် ၂၃ ရက် စက်မှုဝန်ကြီး ဌာနတွင် ပြုလုပ်သည့် ၀န်ကြီးများနှင့် စာနယ်ဇင်း သမားများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး