ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.1.17

၂၀၂၅ မတိုင်ခင် ကမ္ဘာ့ခရီးသွားဈေးကွက်တန်ဖိုး ဒေါ်လာ ၁၁,၃၈၂ ဘီလီယံထိ ရှိလာနိုင်

Image may contain: 1 person, standing, sky and outdoor
လာမယ့် ၂၀၂၅ ခုနှစ် မတိုင်ခင် ကမ္ဘာ့ ခရီးသွားလုပ်ငန်းပိုင်းမှာအရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်တိုးတက်ကြီးထွားလာဖို့ရှိနေပြီး ဆယ်နှစ်တာနီးပါးအတွင်း ဈေးကွက်တန်ဖိုးဒေါ်လာ ၁၁,၃၈၂ ဘီလီယံထိ မြင့်တက်သွားနိုင်တယ်လို့ ဆိုပါတယ်။အဆိုပါ ခန့်မှန်းချက်ကိုတော့ ဈေးကွက်သုတေသနနဲ့ အတိုင်ပင်ခံကုမ္ပဏီ Research Nester က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ရန် ရုရှား၊ အီရန်နှင့် တူရကီ သဘောတူ

ယိုင်နဲ့နေသော ဆီးရီးယား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပိုမိုခိုင်မာစေရန်အတွက် လုပ်ဆောင်ရန် ရုရှား၊ အီရန်နှင့် တူရကီတို့က ဇန်န၀ါရီ ၂၄ ရက်တွင် သဘောတူခဲ့ကြသည်။ သို့သော် အက်စ်တာနာတွင် နှစ်ရက်ကြာ ကျင်းပခဲ့သော ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အစိုးရနှင့် သူပုန်အဖွဲ့များအကြား မည်သည့် သဘောတူညီမှုမျှ မရဘဲ ပြီးဆုံးခဲ့သည်။

အများကြိုက်ဝါဒ ခေတ်စားမူက ခြစားမှုကို ပိုမိုဆိုးရွားစေကြောင်း Transparency International ပြောကြား

အများကြိုက်ဝါဒ ကိုင်စွဲသော နိုင်ငံရေးသမားများ ကမ္ဘာတစ်ဝန်းတွင် မြင့်မားလာခြင်းကြောင့် ခြစားမှု တိုက်ဖျက်ရေးကို ထိပါးမည့် အန္တရာယ်ရှိနေကြောင်း ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ Transparency International (TI) က ဇန်န၀ါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ရည်ရွယ်ထားသော စီမံကိန်းများအနက် သင့်လျော်သည့် ရေအားလျှပ်စစ် စီမံကိန်းများကို ပြည်တွင်းသုံးအဖြစ် ပြောင်းလဲဆောင်ရွက်ရန် စွမ်းအင်မူဝါဒတွင် ဖော်ပြ

နိုင်ငံခြားသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ရည်ရွယ်ထားသော စီမံကိန်းများ အနက်မှ သင့်လျော်သည့် ရေအားလျှပ်စစ် စီမံကိန်းများကို ပြည်တွင်းသုံးအဖြစ် ပြောင်းလဲဆောင်ရွက်ရန် အမျိုးသား စွမ်းအင်မူဝါဒတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာအမျိုးသမီးများအား နိုင်ငံခြားသားများက လက်ထပ်စရိတ်အဖြစ် ကျပ်သိန်း ဆယ်ဂဏန်းပေး၍ လက်ထပ်ဟန်ပြုကာ တစ်ဖက်နိုင်ငံတွင် သိန်းရာဂဏန်းဖြင့် ပြန်လည် ရောင်းစားသည့်ဖြစ်စဉ်များ ရှိနေ


မြန်မာအမျိုးသမီးများအား နိုင်ငံခြားသားများက လက်ထပ်စရိတ်အဖြစ် သိန်းဆယ် ဂဏန်းပေး၍ လက်ထပ်ဟန်ပြုကာ တစ်ဖက်နိုင်ငံတွင် သိန်းရာဂဏန်းဖြင့် ပြန်လည်ရောင်းစားသည့် ဖြစ်စဉ်များ ရှိနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဦးစီးအရာရှိ ပထမတန်း ဒုတိယရဲမှူးကြီး သက်နောင်က ပြောကြားသည်။