ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.5.16

“အောင်လံလွှင်ထူနိုင်ခဲ့သော မြန်မာတောင်တက်အဖွဲ့ South Col သို့ အောင်မြင်ဘေးကင်းစွာ ပြန်လည်ရောက်ရှိ”

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ် တွင် မြန်မာနိုင်ငံအလံတော် အား အောင်လံအဖြစ် ဂုဏ်ယူစွာစိုက်ထူခဲ့သော မြန်မာတောင်တက် အဖွဲ့သည် ဒေသစံတော်ချိန် နေ့လည် (၁)နာရီတွင် South Col သို့ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ပါသည်။

မြန်မာနိုင်ငံသားအားလုံးအတွက် မြန်မာတောင်တက်သမားများက ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ အခုလိုမျိုး ဂုဏ်ယူစရာ အချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ညီ ငယ်တောင်တက်သမား သုံးဦးစလုံးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြခဲ့တဲ့ အတွက် မိမိ အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြား

မြန်မာနိုင်ငံသားအားလုံးအတွက် မြန်မာတောင်တက်သမားများက ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ အခုလိုမျိုး ဂုဏ်ယူစရာ အချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ညီ ငယ်တောင်တက်သမား သုံးဦးစလုံးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြခဲ့တဲ့ အတွက် မိမိ အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းပြည်ဂုဏ်ဆောင်ခဲ့တဲ့ ညီငယ်တောင်တက်သမား (၃)ဦးလုံးကို မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် နာယကဖြစ်တဲ့ မိမိအနေနဲ့လည်း ချီးကျုး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။

လုံခြုံ တည်ငြိမ်မှု ၊ အိမ်နီးချင်းများ အပါဝင်တိုင်းရင်းသားများနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ၊ တိုင်းရင်းသားဒေဖွံ့ဖြိုးရေး တပြိုင်နက်တည်းလုပ်ဆောင်ရမည်ဟု တပ်ချုပ် ပြောကြား


မိမိနိုင်ငံအတွက် စိန်ခေါ်မှုများစွာရှိကြောင်း၊ ယင်းစိန်ခေါ်မှုများမှာလည်း အကုန်လုံးဆက်စပ်နေကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့သည် မရှိမဖြစ်လိုအပ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရေး တိုင်းရင်းသားများ၏ ယုံကြည်မှုရရှိစေရေး၊ ခေတ်အဆက်ဆက် အားနည်းခဲ့သည့် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုများ ကောင်းမွန်စေရေး စသည်ဖြင့်အားလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေးခိုင်မာမှုရှိရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးတို့အား တပ်မတော်အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားသည်။

မွန်ပြည်နယ်အတွင်း ခရီးသွားအခြေခံ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့


မွန်ပြည်နယ်အတွင်းရှိ ခရီးသွားလာရေးကို အခြေခံသော
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီရန်
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ၃ သန်း
ထောက်ပံပေးအပ်သွားမယ်လို့ ADB ရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲကော်မရှင်ကို အမြန်ဆုံး ဖွဲ့စည်းကာ ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်မည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ပြောကြား

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ကို အမြန်ဆုံး ဖွဲ့စည်းကာ ရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်မည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေ ၁၈ ရက်က သတင်းမီဒီယာအချို့နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တပ်မတော်နှင့် SSPP/SSA တို့တိုက်ပွဲကြောင့် သီပေါမြို့နယ် နမ္မကျေးရွာအနီးမှ ရွာသားများ ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်အစပ် သီပေါမြို့နယ်အတွင်းရှိ နမ္မကျေးရွာအနီးတွင် တပ်မတော်နှင့် SSPP/SSA တို့သည် မေ ၁၈ ရက်နံနက် ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နမ္မရွာအနီးဝန်းကျင် ကျေးရွာများမှ ရွာသားများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

အရှိန်အဟုန်နဲ့တိုးတက်လာဖွယ်ရှိတဲ့ မြန်မာ့ ခရီးသွားလုပ်ငန်း Oxfordbusinessgroup

ယခုနှစ် ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွားဦးရေ ၆ သန်းအထိ လာရောက်မယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လအတွင်းက ဟိုတယ်နဲ့ ခရီး
သွားလာရေး ၀န်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ယင်း ပမာဏဟာ
ယမန်နှစ်က လာရောက်ခဲ့တဲ့ ခရီးသွားဦးရေ ၄ ဒသမ ၆၈ သန်း ထက်
၂၅ ရာခိုင်နှုန်း များပြားနေသလို ၂၀၁၀ ပြည့်နှစ်တုန်းက စုစုပေါင်း
လာရောက်ခဲ့တဲ့ ခရီးသွားဦးရေ ၈ သိန်းထက် ပိုမို များပြားနေတာကို
တွေ့ရပါတယ်။

မိတ္ထီလာတွင် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ ကျပ်သန်းပေါင်းလေးထောင်ကျော် စတင်ထုတ်ချေး

မိတ္ထီလာမြို့နယ်တွင် ကျေးရွာအုပ်စု ၅၄ အုပ်စု ကျေးရွာပေါင်း ၃ဝဝ ကျော် အတွက် ၂ဝ၁၆ ခုနှစ် သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေကျပ် သန်းပေါင်း ၄၂၈၃ သန်းကို ထုတ်ချေးရန်လျာထားပြီး မေ ၁၇ ရက် နံနက် ၁ဝ နာရီမှစတင်ကာ ထုတ်ချေးပေးလျက်ရှိပြီး မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွင်း ပြီးစီးအောင် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" မြန်မာတောင်တက်အဖွဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် ကို အောင်မြင်စွာရောက်ရှိပြီ "

ဧ၀ရတ်အောင်နိုင်ရေး မြန်မာတောင်တက်အဖွဲ့ဝင်နှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့နှစ်ဦး သည် ယနေ့ မေလ(၁၉)ရက်၊ နံနက် (၇)နာရီ၊ (၇)မိနစ်တွင် (၈,၈၄၈)မီတာမြင့်သော ကမ္ဘာ့အမြင့် ဆုံးတောင် ထိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ ပြီ ဖြစ်ကြောင်း တောင်ခြေ စခန်း(Base Camp) မှ ပေးပို့သော သတင်းများ အရ သိရှိရပါသည်။
Credit To >>> Htoo Foundation Group