ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

11.4.13

လူကုန်ကူးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ Hotline ဆက်သွယ်ရေး Google လွှင့်တင်

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့
Google သည် လူကုန်ကူးခြင်း ၊ မူးယစ်မှောင်ခို ၊ လက်နက်မှောင်ခိုနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တရားမ၀င် ရောင်းဝယ်ခြင်းတို့အားတိုက်ဖျက်ရေး လုပ်ငန်းများ ပြုလုပ်လျှက် ရှိသည်။ အဆိုပါ တရားမ၀င် နည်းလမ်းများမှ နှစ်စဉ်ရရှိသော အမြတ်သည် အမေရိကန်ဒေါ်လာ (၂.၁) ထရီလီယံ ကျော်ရှိကြောင်း ၄င်းက ဖော်ပြခဲ့သည်။ မတရားမှု ဆန့်ကျင်ရေး အင်အားစုများ (Forces in Opposition (INFO)) ထိပ်သီး အစည်းအဝေးပွဲတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပထမဦးဆုံး ဆောင်ရွက်ရန် Google က ဆုံးဖြတ်ချက် ချခဲ့သည်။

လူကုန်ကူးမှုကြောင့် လူပေါင်း (၂၁) သန်းကျော် ကျွန်ပြုခံနေရကာ အဆိုပါ တရားမ၀င် လုပ်ငန်းမှ နှစ်စဉ် အမြတ်ငွေ အမေရိကန် ဒေါ်လာ (၃၂) ဘီလီယံ ကျော် ရရှိနေကြောင်း Google က ဖော်ပြခဲ့သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေး မဟာဗျူဟာများ ချမှတ် အကောင်အထည် ဖေါ်ဆောင်မှု တိုးတက်စေရန် Polaris Project၊ Liberty Asia နှင့်La Strada International တို့အား အကူအညီ ပေးသွားမည်ဟု Google က ပြောကြားခဲ့သည်။

တရားမ၀င် မှောင်ခို လုပ်ငန်းများကို နည်းပညာ အသုံးပြု ကာကွယ် တားဆီးလျှက်ရှိသော အမြတ်မယူသည့် အဖွဲ့အစည်းများကို ပေးအပ်လေ့ရှိသော ဆုကြေးငွေ ဒေါ်လာ (၃) သန်းတန် Global Impact Award ဆုကို အဆိုပါ အဖွဲ့အစည်းများအား Google က ပေးအပ် ချီးမြှင့် ပေးခဲ့သည်။ တစ်ဆက်တည်း အဆိုပါ အဖွဲ့အစည်း (၃) ခုနှင့် Google တို့ပူးပေါင်းကာ Global Human Trafficking Hotlineကို အကောင်အထည်ဖေါ်ခဲ့သည်။ Global Hotline သည် ဒေသတွင်း ၊ နိုင်ငံတွင်းရှိ လူကုန်ကူးမှု ကာကွယ် တိုက်ဖျက်ရေး အဖွဲ့အစည်း အားလုံးကို အချက်အလက်မောင်းနှင် ကွန်ယက် စနစ်တစ်ခု (data-driven network) နှင့် ဆက်သွယ်ပေးမည် ဖြစ်သောကြောင့် လုပ်ငန်းများကို စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ပြင် Global Hotline သည် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ဒုက္ခသည်များကို ကာကွယ်ရန်အတွက် လိုက်နာ ကျင့်သုံးဖွယ်များနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး မဟာဗျူဟာများကိုလည်း အထောက်အပံ့ ပေးသွားမည် ဖြစ်သည်။
 မြ၀တီ

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံ လိဂ် ဆီမီးဖိုင်နယ် တက်

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့


ပက်ဒရို ဂိုးသွင်းယူအပြီး အောင်ပွဲခံနေစဉ် (ဓာတ်ပုံ – Reuters)
၆ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ် တက်တဲ့စံချိန်နဲ့ ဘာစီလိုနာ
ဘာစီလိုနာ ၁ – ၁ ပီအက်စ်ဂျီ
ဒဏ်ရာကြောင့် ပွဲထွက်လူစာရင်းမှာ မပါခဲ့တဲ့ မက်ဆီဟာ လူစားလဲ ၀င်ရောက်လာပြီး ဘာစီလိုနာ အသင်းအတွက် အနိုင်ပွဲရအောင် ဖန်တီးပေးခဲ့ပြန်ပါတယ်။ ပထမအကျော့ ပြင်သစ်မြေမှာ ကန်တုန်းက တဖက် ၂ ဂိုးစီ နဲ့ သရေကျခဲ့တာကြောင့် နောက်တဆင့်တက်ရေးဟာ အခွင့်အရေး ညီတူရှိခဲ့ပြီး ပီအက်စ်ဂျီ နည်းပြ အန်စလော့တီ ဟာလည်း ပြင်သစ်အသင်းနဲ့ ဖလားယူဖို့ နည်းဗျုဟာပိုင်းမှာ အတော်ကို ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။
ပထမပိုင်းမှာ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းရဲ့ နောက်တန်းဟာ ပိုမိုမာကျောခဲ့ပြီး ဘာစီလိုနာ အသင်းအနေနဲ့ ဂိုးရဖို့ အတော်ကို အကျပ်ရိုက်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ အာဂျင်တီးနား ကစားသမား ဂျာဗီးယား ပက်စတိုးလ်ရဲ့ ဂိုးနဲ့ ပီအက်စ်ဂျီအသင်း ဦးဆောင်ဂိုးရပါတယ်။
ဂိုးပေးခံရပြီးတာနဲ့ ဘာစီလိုနာ အသင်းဟာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဖာဘရီဂက်စ်အစား မက်ဆီကို ထည့်သွင်း ကစားစေခဲ့ပါတယ်။ မက်ဆီ ၀င်လာတယ်ဆိုရင် ဘာကာရဲ့ တိုက်စစ်ဟာ ပိုမိုအသက်ဝင်လာပြီး မိနစ် ၇၀ မှာ မက်ဆီ ဖန်တီးပေးတဲ့ အလုံးကနေ ပက်ဒရိုက ဂိုးသွင်းယူသွားတာကြောင့် ဘာစီလိုနာအသင်း ချေပဂိုးရရှိပါတယ်။ လက်ကျန် အချိန်တွေမှာ ၂ ဖက်အသင်းစလုံး ဂိုးရရှိဖို့ ကြိုးစားခဲ့သလို လူစားလဲမှုအချို့လည်း ပြုလုပ်ခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ပွဲပြီးခါနီး ဘက်ခမ်းကို ထည့်သွင်းကစားစေပြီး ဂါမီရိုးကိုလည်း လာဗက်ဇီနဲ့လဲကာ တိုက်စစ်ဆင် ကစားစေပေမယ့် အနည်းငယ် နောက်ကျသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ၂ ပွဲပေါင်း ရလဒ် ၃-၃ နဲ့ ဘာစီလိုနာက အဝေးဂိုး အသာရကာ နောက်တဆင့်ကို တက်ရောက်သွားနိုင်ပါတယ်။
ဘာစီလိုနာအတွက်တော့ ဒီပွဲအနိုင်ရလဒ်ဟာ စံချိန်တခု တင်ခဲ့ပြီး ၆ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ဖူးတဲ့ ပထမဦးဆုံး ကလပ်အသင်းအဖြစ် သမိုင်းဝင်သွားပါတယ်။ ဒါ့အပြင် စပိန် ၂ သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတို့ဟာ ၂၉ ကြိမ်မြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်တဲ့ အသင်းတွေအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။
မန်ဇူကစ်နဲ့ ချီလီနီတို့ ထိပ်တိုက်တွေ့ကြစဉ် (ဓာတ်ပုံ – Reuters)

၎ နှစ်အတွင်း ၃ ကြိမ်မြောက် ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့ ဘိုင်ယန်
ဂျူဗင်တပ်စ် ၀ – ၂ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဂျုဗင်တပ်စ် အသင်းအား သက်တောင့်သက်သာ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက် သွားပါတယ်။ ဂျာမန်လိဂ်မှာ ချန်ပီယံဖြစ်သွားပြီဖြစ်တဲ့ ဘိုင်ယန်အသင်းဟာ ဖိအားကင်းကင်းနဲ့ ချန်ပီယံလိဂ်ကို အာရုံစိုက်နေတာကြောင့် ဂျုဗင်တပ်စ် အသင်းအနေနဲ့ လူအင်အားပိုင်း၊ နည်းဗျုဟာပိုင်းတွေမှာ မယှဉ်နိုင်ပဲ ၂ ကျော့စလုံး ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးတွေသွင်းခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အီတလီ အသင်းပီပီ ခံစစ်ပိုင်းကို အားထားကစားတာကြောင့် ဘိုင်ယန် အသင်းအနေနဲ့  ထိုးဖောက်ခွင့် သိပ်မရရှိခဲ့ဘဲ ရရှိထားတဲ့ ပထမအကျော့ ရလဒ်ကို အားပြုပြီး ထိန်းကစားသွားဖို့ ကြံရွယ်ခဲ့တာကို တွေ့ရပါတယ်။
ဒုတိယပိုင်း မိနစ် ၆၀ ကျမှ ဒီနှစ် အသစ်ဝယ်ယူထားတဲ့ မန်ဇူကစ်က အဖွင့်ဂိုး သွင်းယူပေးပါတယ်။ ဂျုဗီတပ်စ် အသင်းအတွက် နစ်နာခဲ့ရတာကတော့ ပီယာလိုရဲ့ လှပတဲ့ ကန်ချက်ကို ဘိုင်ယန် ဂိုးသမား ဖမ်းယူနိုင်ခဲ့ပြီး ကွာဂလီယယ်လာရဲ့ ကန်ချက်ဟာလည်း တိုင်ထိ ထွက်သွားခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ ၀ါရင့်ကစားသမား ပစ်ဇာရိုက ဘိုင်ယန် အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ဘိုင်ယန် အသင်းက ဂျုဗင်တပ်စ် အသင်းအား ၂-၀ ရလဒ်နဲ့ အနိုင်ရရှိကာ ၂ ကျော့ပေါင်း ရလဒ် ၄-၀ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။
ထူးခြားမှုအနေနဲ့ ဘိုင်ယန်အသင်းဟာ ၄ နှစ်အတွင်း ၃ ကြိမ်မြောက် ဆီမီးဖိုင်နယ် တက်ရောက်ခြင်းဖြစ်သလို  ဂျာမနီ ကလပ် ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ကြောင့် ချန်ပီယံလိဂ် သမိုင်းတလျှောက် ပထမဦးဆုံး ဂျာမန် ၂ သင်း ဆီမီးဖိုင်နယ် တက်လာတဲ့စံချိန်ကိုလည်း ရရှိသွားပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များကို မကြာခင်မှာ မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပြီး ပရိသတ်ကြီးအနေနဲ့ ဂျာမန် ကိုယ်စားပြု ၂ သင်း၊ စပိန် ကိုယ်စားပြု ၂ သင်းတို့ မည်သို့မည်ပုံ ထိပ်တိုက်တွေ့ ကြမည်ကို စောင့်မျှော်ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

BBC

ဧရာဝတီ

“ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည်”

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့

ရေအားလျှပ်စစ်စက်ရုံငယ် ၈ဝ တည်ဆောက်၍ မီးမရသေးသည့် ဒေသအချို့ကိုပေးသွားရန် နယ်စပ် ရေးရာ ဝန်ကြီးဌာနက စီစဉ်နေပြီဟု သိရသည်။မဟာဓာတ်အားလိုင်းများနှင့် ဝေးကွာပြီး လျှပ်စစ်မီးမရသေးသော နေရာတို့ကို ထိုစက်ရုံငယ်များဖြင့် ပထမဦးဆုံး စီစဉ်ခြင်းဖြစ်ရာ ပြည် နယ်နှင့် တိုင်းဒေသကြီး ၆ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုတို့ တွင်ဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီး ဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနညွှန်ကြားရေးမှူး ဒေါ်ကြူကြူခင် က ပြောသည်။

”စက်ရုံတစ်ခုကို ကျပ် ခြောက်သန်း ခန့်မှန်းတွက်ချက်ထားပြီး ဒီဘဏ္ဍာနှစ် ထဲမှာ အပြီးဆောင်ရွက်ပေးဖို့ လျာထား လိုက်ပါပြီ” ဟု ၄င်းက ဆိုသည်။
လက်ရှိနိုင်ငံတွင် ကျေးရွာပေါင်း ၆ဝဝဝဝ ကျော်ရှိရာ ၂ဝဝဝဝ သာလျှင် လျှပ်စစ်မီးရရှိနေကြောင်း၊ထို့အတွက် ကြောင့်စီမံချက်ထားကာ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်။

ပအိုဝ်း၊ ပလောင်၊ ဓနုတို့တွင် ရှစ်ခုစီ၊ ကိုးကန့်နှင့် ဝတို့၌ ၇ ခုစီ၊ နာဂ၌ ၉ ခုနှင့် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ရန်ကုန်တို့တွင် စုစု ပေါင်း ၁၇ ခုဖြင့် ရေအားလျှပ်စစ် စက်ရုံငယ်များ အသီးသီးတည်ဆောက် သွားမည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။
နယ်မြေဒေသ၏ တောင်းဆိုချက်၊ ရေအရင်းအမြစ်များဖြစ်သည့် ချောင်း၊ မြောင်း၊ စမ်းရေများရှိရာ အဆိုပါဒေသတို့၌ ရေအားလျှပ်စစ်စက်ရုံငယ်များ တည်ဆောက်သွား မည့်လုပ်ငန်း အပြင် အိမ်ခြေပေါင်း ၁၃၆၃၁ ခုကို ဆိုလာမီးပေးစနစ်များ တပ်ဆင်ပေး သွားမည်ဟုလည်း ညွှန်ကြားရေး မှူး ဒေါ်ကြူကြူခင်ထံမှ ထပ်မံသိရသည်။

ရေအားလျှပ်စစ်စက်ရုံငယ် ၈ဝ နှင့် ဆိုလာမီးပေးစနစ် ၁၃၆၃၁ ခုတို့ အတွက် လျာထားငွေကျပ် ၃၂ဝ၆ ဒသမ ၂ သန်း သတ်မှတ်ထားပြီး ယခင် ဘဏ္ဍာနှစ်ကကဲ့သို့ တင်ဒါ စနစ်ဖြင့် ကုမ္ပဏီတို့အား ဆောင်ရွက်ခိုင်းဖွယ် ရှိသည်ဟု သိရသည်။

ကျေးလက်မီးလင်းရေးအတွက် ဆိုလာဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စ၍ ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာပေါင်း ၁၆ဝဝဝ ခန့်တွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။
 Popular News Journal

ဝန်ထမ်း လစာတိုး၍ ရန်ကုန် ကူးတို့ခများ နှစ်ဆတိုး ကောက်မည်

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့

ရန်ကုန် (မဇ္ဈိမ)။   ။ ဝန်ထမ်းများ လစာ တိုးမြှင့်ပေးရမည်နှင့်အညီ ဌာန ဝင်ငွေ လိုအပ်ချက်အရ ရန်ကုန် အခြေပြု ကူးတို့လမ်းများ၏ ခရီးသည်ခနှုန်းထားကို ဧပြီလ နောက်ဆုံး သီတင်းပတ်မှ စတင်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာနမှ ပြောင်းလဲ သတ်မှတ်လိုက်သည်။

တဦးလျှင် ၅၀ ကျပ်မှ ၁၀၀ ကျပ်အဖြစ် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်သည်။

“အခုလို ပြောင်းလဲကောက်ခံရတာဟာ ဝန်ကြီးဌာနမှာ ဝန်ထမ်း ၄,၅၀၀ ရှိပါတယ်။ ဒီလက စပြီး ဝန်ထမ်းတွေ တဦး ၂၀,၀၀၀ ကျပ်စီ လစာ တိုးပါတယ်။ ဌာနမှာလူ ၄,၅၀၀ × ၂၀,၀၀၀ ကျပ်နဲ့ ညီတဲ့ ငွေ လိုလာပါတယ်။ ဌာနအနေနဲ့ မိမိဝင်ငွေနဲ့ မိမိ ရပ်တည်နေတဲ့ အနေအထားကြောင့် အဲဒီငွေကို ရအောင်ရှာရတဲ့ သဘော ဖြစ်ပါတယ်။ ရှာတဲ့နေရာမှာလည်း အများပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရလေအောင် အနည်းဆုံးနှုန်းနဲ့ ကောက်ခံတာ ဖြစ်ပါတယ်” ဟု ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ဒုတိယ အထွေထွေမန်နေဂျာ (ပို့ဆောင်ရေး) ဦးရှိန်ယော က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

တိုးမြှင့်ကောက်ခံမည့် ကူးတို့လမ်းများမှာ ရန်ကုန်-ဒလ၊ စဥ့်အိုးတန်း-ဆာပါချောင်၊ စဥ့်အိုးတန်း-ဆိပ်ကြီး၊ ရန်ကုန်-ခနောင်တို၊ ဝါးတန်း-ဒလ (ဆိုင်ကယ်မှစ၍ ၁၀ ဘီး ယာဉ်များအထိ တင်ပို့ပေးနေသည့် ယာဉ်တင်ကူတို့) တို့ ဖြစ်သည်။

ထိုသို့ တိုးမြှင့်ကောက်ခံရန် ပို့ဆောင်ရေးဝန်ကြီးရုံးမှ သဘောတူ ခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် လမ်းညွှန်ထားသည်ဟု ဆိုသည်။

“ပို့ဆောင်ရေးဌာနက ပြေးဆွဲပေးနေတဲ့ သင်္ဘောတွေကြောင့် ဒလကနေ ရန်ကုန်ဘက် ကူးပြီး နေ့တိုင်း ရုံးတက်ရုံးဆင်း လုပ်နိုင်တာပါ။ အရင်က ရန်ကုန်ထဲမှာ အနည်းဆုံး ဘတ်စ်ကားခ ၅၀ ဆိုတဲ့အချိန်မှာ သင်္ဘောခကို ၁၀ ကျပ်နဲ့ နှစ်အတော်ကြာ စီးခဲ့ရတာပါ။ အစိုးရဘက်က အရှုံးခံ ပြေးဆွဲပေးနေတယ် ကြားပါတယ်။ ၁၀၀ ကျပ်ဆိုတာ ဖြစ်သင့်တာ ကြာပါပြီ။ တခုပဲ ရှိတယ်။ ဘေးအန္တရာယ် စိတ်ချရပြီး အချိန်ပြည့် ပြေးဆွဲပေးနိုင်ရင် အကောင်းဆုံးပါပဲ” ဟု ရန်ကုန်မြို့ရှိ ဂျာနယ်တိုက်တခုတွင် အလုပ်လုပ်နေသည့် မစုစုဟန် က ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ကူးတို့လမ်းများမှ ခရီးသည်ခ နှုန်းထားကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ၁၀ ကျပ်မှ ၅၀ ကျပ်အဖြစ် ပြောင်းလဲခဲ့ပြီး ယခုအခါ ၅၀ ကျပ်မှ ၁၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံမည် ဖြစ်သည်။

Mizzima

တူနှင့်ထုတောင် မကွဲနိုင်သော အိုင်ဖုန်း စခရင်ကာဗာ


၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့



တူနဲ့ထုတောင် မကွဲဘူးဆိုတော့ ရည်ရွယ်ချက်ကြီးနဲ့တော့ သွားမထုလိုက် ပါနဲ့။ သူက ကြော်ငြာဆိုတော့ နည်းနည်းလေး ပိုပြောလိုက်ရမှ စွဲဆောင်မှု ရှိတယ်လို့ ထင်ပုံရပါတယ်။

သို့ပေမယ့် တကယ်လည်း အကြမ်းခံပါတယ်။ အာမခံလည်း ပေးထား ပါတယ်။ နာနိုနည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ယင်း Screen Shield (မျက်နှာပြင် ကာဗာ) ကို Rhino လို့အမည်ပေးထားပါတယ်။ အသုံးပြုတဲ့ သတ္တုက ဘာလဲ ဆိုတောင် ရှင်းရှင်းမပြောထားပါဘူး။ Touch Sense လည်းပုံမှန်အတိုင်း ရှိစေပြီး Crystal Clear မျက်နှာပြင်ကြောင့် မူလရုပ်ထွက်လည်း မပြောင်းလဲ စေဘူးလို့ ဆိုပါတယ်။

သွားရင်းလာရင်း အိုင်ဖုန်းပြုတ်ကျသွားရင်တောင် ဘယ်လိုမှ ဖန်သားပြင် ကွဲစရာ အကြောင်းမရှိဘူးလို့ဆိုပါတယ်။ နမော်နမဲ့နိုင်သူများအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဝိတ်လည်းမလေးပါဘူး။ အလွှာပါးပါးလေးသာ
ဖြစ်ပြီး သူ့ကိုတပ်ဆင်ထားမှုက အခြားသိသိသာသာ ပြောင်းလဲစေမှု မဖြစ်နိုင်ပါဘူး။

Rhino Screen Shield ကို လိုချင်ရင်တော့ နီးစပ်ရာဖုန်းဆိုင်တွေကနေ
အော်ဒါမှာကြည့်လို့ ရမယ်ထင်ပါတယ်။

engadgets

တကယ်ရှိခဲ့ကြောင်း သက်သေပြခြင်း

 ၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့


လူအမည် ............သိဒ္ဓတ္တ
ဘုရားဘွဲ့.................ဂေါတမ
မိဘအမည်........................သုဒ္ဓေါဒနမင်း နှင့် မယာဒေ၀ီ
ကြင်ယာတော် .........................ယာသောဓ၇ာ
ယောက်ဖ..............................ဒေ၀ဒတ်
မိထွေးတော်...........................ဂေါတမီ
နေပြည်တော်...........ကပိလ၀တ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ )
မွေးဖွားရာနေရာ..........လုမ္မိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )
နန်စံနှစ်.............
.....................၁၃ နှစ် ( ၁၆ မှ ၂၉ )
နိမိတ်ကြီးများ...............................သူအို ၊သူနာ ၊သူသေ ၊ရဟန်း
ဗျာဒိတ်ခံယူသောဘ၀ ......................သုမေဓာရသေ့
ဗျာဒိတ်ခံယူသော နေ့ ..........................ကဆုန်လပြည့်နေ့
ဗျာဒိတ်ပေးသောဘုရား..........................ဒီပင်္ကရာမြတ်စွာဘုရား
ပါ၇မီဖြည့်ဖက်.........................သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )
ပါရမီကာလ...........................လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ ဝေဿန္တရာဘ၀အထိ )
ပါ၇မီဖြည့်ရခြင်း ရည်ရွယ်ချက်...................သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ခရစရိယာကျင့်ရသောကာလ............... ၆ နှစ်ကြာ ( ၉၃ မှ၁၀၃ )
ဒုက္ခရစရိယာကျင့်သည့်နေရာ..........................ဥရုဝေဋ္ဋတော
ဘုရားဖြစ်ချိန်သက်တော်............................၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း........................၁၀၀ တမ်း
အလုပ်အကျွေး..........................ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ခရစရိယာကျင့်ခိုက် )
တရားဟောသည့်နေရာ......................ဗာရာဏသီပြည် ၊မိဂဒါဝုန်တော
ပထမဆုံး သာဝက..............................ပဉ္စ၀ဂ္ဂီငါးဦး
နောက်ဆုံး သာဝက.......................သုဘဒ္ဒပရိဗိုဇ်
လက်ယာရံ အဂ္ဂသာဝက...............................အရှင်သာ၇ိပုတ္တသာ
လက်ဝဲရံ အဂ္ဂသာဝက..................................အရှင်မောဂ္ဂလာန်
အဆုံးအမ သာသနာ......................................ပ၇ိယတ္တိ ၊ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ
ကျင့်စဉ်သိက္ခာ...............သီလ ၊သမာဓိ ၊ပညာ ။
ချမှတ်သောလမ်းစဉ်....................................မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )
သန္ဓေယူသောနေ့....................မဟာသက္ကရာဇ် ၆၇ ၊၀ါဆိုလပြည့် ၊ကြာသပတေးနေ့။
ဖွားမြင်သောနေ့.............................. မဟာသက္ကရာဇ် ၆၈ ၊ကဆုန်လပြည့် ၊ သောကြာနေ့ ။
တောထွက်သောနေ့........................မဟာသက္ကရာဇ် ၉၇ ၊၀ါဆိုလပြည့် ၊တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့.................................မဟာသက္ကရာဇ် ၁၀၃ ၊ ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ ။
ဓမ္မစကြာဟောသောနေ့...................... မဟာသက္ကရာဇ် ၁၀၃ ၊ ၀ါဆိုလပြည့် ၊စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့............................... မဟာသက္ကရာဇ် ၁၄၈ ၊ကဆန်ုလပြည့် ၊ အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့..............................မဟာသက္ကရာဇ်..၁၄၈ ၊ကဆုန်လဆုတ် ၁၂ ၊ တနင်္ဂနွေနေ့။


Today Myanmar

အသက်ကြီးလာစဉ် အရပ်ပုသွားရခြင်း အကြောင်း

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့


အသက်ကြီး လာစဉ်မှာ မိမိဘဝရဲ့ နေထိုင်မှု ပုံစံဟာ အသက်ကြီး လာစဉ်မှာ မိမိရဲ့အရပ် ဘယ်လောက် လျော့နည်း သွားမလဲ ဆိုတာပေါ်မှာ လွှမ်းမိုးမှု ရှိတယ်လို့ ဟားဗတ် တက္ကသိုလ်မှ သုတေသီတွေက ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

အရပ်အမြင့်နဲ့ ကျန်းမာရေးဟာ ငယ်စဉ် အရွယ်နဲ့ ကြီးလာစဉ် နှစ်မျိုးစလုံးမှာ ဆက်စပ်မှု ရှိပါတယ်။ သင်ရဲ့အရပ် ဘယ်လောက်ရှည်ရှည် ကြီးလာစဉ်မှာ အရပ် အမြင့်ပေ လျော့နည်း သွားတာဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ညွှန်ပြချက် ဖြစ်တယ်လို့ ဆိုပါတယ်။ အသက်ကြီး လာစဉ်မှာ အရပ်ပု သွားတာဟာ ရေတို မှတ်ဥာဏ် ဆုံးရှုံးတာ၊ လွယ်ကူတဲ့ သင်္ချာ ဂဏန်းတွေကို တွက်ချက် နိုင်စွမ်း မရှိတာနဲ့ နေ့ရက် တွေကို မသိတာ လိုမျိုး ဥာဏ်ရည် နိမ့်ကျ သွားတတ် ပါတယ်။ အသက်ကြီး လာစဉ် အရပ်ပု သွားတာ ဟာလည်း ပညာအရည် အချင်းနဲ့ ဆက်စပ်မှု ရှိပါတယ်။

အမျိုးသားတွေ အနေနဲ့ ပျမ်းမျှအားဖြင့် ၃ ပညာတတ် သူတွေမှာ ပိုပြီး အရပ်ပုတတ် တယ်လို့ သိရပါတယ်။ လူတိုင်း လူတိုင်းဟာ အသက်ကြီး လာရင် ခန္ဓာကိုယ်မှာ အဆီတိုး လာတာနဲ့ အရိုး သိပ်သည်းဆ နည်းလာတာ အပါ ဝင် ကိုယ်ကာယ ပြောင်းလဲမှုတွေ ဖြစ်ပေါ် တတ်ပါတယ်။ အသက်ကြီး လာတာ ကြောင့် အရပ်ပု သွားတတ်တာဟာ အဆစ်ရောင် ရောဂါ၊ ခါးဆစ်ရိုး ရောင်ရမ်းတာ ဒါမှမဟုတ် အရိုးပါး ရောဂါတွေကြောင့် ဖြစ်တတ်သလို့ အစားအစာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ်သောက် တာလိုမျိုး ဘဝနေထိုင်မှု ပုံစံတွေကြောင့် လည်း ဖြစ်ပေါ် တတ်ပါတယ်။

Good Health

တရားလို ဂေါပကကို ဝန်ကြီး ဖျောင်းဖျရခက်နေ

၁၁.၄.၂၀၁၃၊ ကြာသပတေးနေ့

 အင်းလေးကန် ဖောင်တော်ဦးဘုရားမှ ဈေးသည်အမျိုးသမီး ၇ ဦး အချုပ်ကျ တရားစွဲခံနေရမှုကို ကျေအေးပေးရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးတဦး၏ တောင်းဆိုမှုကို ဘုရားဂေါပကအဖွဲ့က  ပယ်ချလိုက်သည်။
တရားလို ဦးဘသိန်း


အမှုမှာ ညောင်ရွှေမြို့နယ်၊ အင်လေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရား ကုန်းမြေပေါ်တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရွှေဆိုင်းရောင်းချသူရွာသူ(၇) ဦးနှင့် ရွှေကန်ထရိုက်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

 ဖော်တော်ဦး ဘုရားဂေါပက အဖွဲ့က ဥက္ကဌ ဦးတိုးအောင်က ၎င်းတို့ကို ဆူပူမှု ပုဒ်မ ၄၄၀ ဖြင့် တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

      ရွှေညောင်မြို့နယ်၊  နန့်ပန် ရဲစခန်းတွင် အချုပ်ကျနေသည့်ရွာသူများ
- ဆွေဆွေ(ခ) ဖြူလေး ၃၉နှစ်
- ခင်မျိုးဖြူ ( ၁၇) နှစ်
- ခင်မာထွေး (၃၅) နှစ်
- သန်းသန်းဦး (၂၄) နှစ်
- နိုင်ဆွေဝင်း (ခ) မရွှေငယ် (၃၇) နှစ်
- မမိုးမြခိုင်
- နွေမာနှင်း

ယခုလ  ၆ ရက်နေ့က ဖော်တော်ဦးဘုရားဧည့်ခန်းမဆောင်တွင် ဂေါပကအဖွဲ့နှင့် တွေ့ဆုံညှိုနိုင်းခဲ့သော ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က -

- မိမိသည် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လာရောက်ခြင်းဖြစ်ကြောင်း၊
- ယခုတရားစွဲခံရပြီး အချုပ်ကျနေသူများမှာ မိန်းကလေးများ ဖြစ်နေသည့်အတွက် စိတ်မကောင်းပါကြောင်း၊ 
- ထိုအင်းသူ ၇ ဦးအမှုအား မေတ္တာရှေ့ထားပြီးဖောင်တော်ဦးဘုရား ဂေါပက အဖွဲ့က ကျေအေးပေးစေလိုကြောင်း၊
- သားသမီးချင်း ကိုယ်ချင်းစာစေလိုကြောင်း၊
- မိမိအနေဖြင့်တောင်းဆိုပါကြောင်း ပြောဆိုသည်။

အချုပ်ထဲတွင်လည်း မိန်းကလေး တဦးမှာ (၁၇) နှစ်အရွယ်သာ ရှိသေးကြောင်း၊ အာမခံရသူ နှစ်ဦးမှာလည်း ကိုယ်ဝန်ဆောင်သည်၊  နှလုံးရောဂါသည်တို့ ဖြစ်ကြောင်း  ၀န်ကြီးက ဆက်ပြောသည်။

          ဖောင်တော်ဦးဘုရားဂေါပက အဖွဲ့မှ ဂေါပက ဦးဘသိန်းက ၎င်းတို့ အနေဖြင့် မကျေအေးနိုင်ကြောင်း၊  ယခု အချုပ်ကျနေသူများသည်
အင်မတန်ရိုင်းစိုင်းကြောင်း၊  ကျေအေးပေးလိုက်ပါက မိမိတို့ခေါင်းပေါ် ချေးတက်ပါမည်ဖြစ်ကြောင်း၊  သည့်အတွက် တရားဥပဒေအရသာ
တုံပြန်အရေးယူမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဂေါပက အဖွဲ့ဝင် ဦးမြင့်ငွေကလည်း -           မိမိတို့အား အင်းလေးကန်အတွင်းရှိ ဆရာတော်ကြီးများကလည်း ပြောဖူးကြောင်း၊  မိမိတို့တွင် ဓမ္မစက်သာရှိပြီး အာဏာစက် မရှိကြောင်း၊ 
အာဏာစက်ကို မိမိတို့ဖာသာ သုံးကြည့်ပါဟု မိန့်ကြားဖူးကြောင်း ပြောသည်။


       အမေ၊ ညီမ၊  အဒေါ် သုံးဦးစလုံးအချုပ်ကျနေခြင်းခံနေရသူကာယကံရှင် ကိုနန္ဒအောင် (လယ်ခြေရွာသား) ကပြောကြားရာတွင်   အချုပ်ကျခံနေရသည်မှာ အမေအပါဝင် ၄၅ ရက်ရှိပြီ ဖြစ်ကြောင်း၊  သည့်အတွက် ပြောမပြတတ်အောင် ၀မ်းနည်းပါကြောင်း၊  ထိန်းသိမ်းခံနေရသည့်  မိမိညီမ ခင်မျိုးဖြူ သည် အသက် (၁၇) နှစ်သာရှိသေးကြောင်း၊  အပြင်မှာလည်း  တစ်နှစ်ကျော်အရွယ် နို့စို့ကလေး ကျန်ခဲ့ကြောင်း၊  အမြန်ဆုံး လွတ်မြောက်ပေးစေလိုကြောင်း ပြောသည်။

 ခမ်းမြတ် (ရှမ်းပြည်) ~



  Irrawaddy Blog

မြန်မာနိုင်ငံမှာ တာဝန်သိရင်းနှီးမြုပ်နှံမှု G8 မှာဆွေးနွေးမည်


၂၀၁၂ စက်မှုထိပ်သီး ၈ နိုင်ငံဆွေးနွေးပွဲ (၁၉ မေ ၂၀၁၂) ၂၀၁၂ စက်မှုထိပ်သီး ၈ နိုင်ငံဆွေးနွေးပွဲ (၁၉ မေ ၂၀၁၂)




ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ G8 စက်မှုထိပ် သီး ၈ နိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီများဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ နဲ့ပတ်သက်လို့ လူ့အခွင့်အရေးကိစ္စထက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဦးစားပေး ဆွေးနွေးဖို့ရှိတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။

ဖေ့စ်ဘုတ်ကို အသုံးချကာ မိခင်ရင်းကို ရှာဖွေနေတယ်ဆိုတဲ့ မိန်းကလေး

ဖေ့စ်ဘုတ်ကို အသုံးချကာ မိခင်ရင်းကို ရှာဖွေနေတယ်ဆိုတဲ့ မိန်းကလေး
အင်တာနက် လူမှု ကွန်ရက်ကို မိခင်မေတ္တာ ငတ်မွတ်နေတဲ့ သမီးငယ်တဦးက မှန်ကန်စွာ အသုံးချ လာတာ ကို သတိထားမိ လိုက်တယ်။ ငယ်စဉ် မွေးကင်းစ ကလေးငယ်ဘ၀ကတည်းက တနင်္သာရီတိုင်း

သင်္ကြန်တွင်း လုံခြုံရေးသတိရှိ

သင်္ကြန်တွင်း လုံခြုံရေးသတိရှိမြန်မာနိုင်ငံမှာ ရိုးရာ အတာသင်္ကြန်ပွဲကာလ နီးကပ်လာနေတာနဲ့အမျှ ရေကစားပွဲ ဆင်နွှဲဖို့ စတင် ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့လည်း မကြာသေးခင်တုန်းက သွေးထွက်သံယို တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီး နောက်ဆက်တွဲ ဆူဆူပူပူ အခြေအနေတွေ ပေါ်ပေါက်ခဲ့တာမို့ ရေကစားပွဲ လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်တာတွေလည်း ရှိနေကြပါတယ်။ အတာသင်္ကြန်ပွဲတော်နဲ့