ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

22.3.13

ဇေယျာရွှေမြေ၊ ဟံသာဝတီအသင်းတို့ တိုက်စစ်မှူးသစ်များ အသီးသီးခေါ်ယူ

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ရပ်နားထားစဉ် နေရှင်နယ် လိဂ်ပြိုင်ပွဲဝင် အသင်းနှစ်သင်းဖြစ် သည့် ဇေယျာရွှေမြေအသင်းနှင့် ဟံသာဝတီ အသင်းတို့သည် နိုင်ငံခြားသားတိုက်စစ်မှူးသစ်များ အသီးသီးခေါ်ယူခဲ့ကြသည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂျပန်လူမျိုးတိုက်စစ်မှူး မက်ဆာကီတိုကီတာအား ဇေယျာရွှေမြေအသင်းမှ ရာသီကုန်ထိ စာချုပ် ချုပ်ဆိုနိုင်ခဲ့သလို ဟံသာဝတီယူနိုက်တက်အသင်းမှလည်း မကွေးတိုက်စစ်မှူးဟောင်း အဘိုလာဂျီအား ရာသီကုန်ထိ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ဇေယျာရွှေမြေ အသင်းသည် အသင်းရှိ တိုက်စစ်မှူး ဆာဆာနှင့် တွဲဖက်ကစားနိုင်စေရန် မက်ဆာကီတိုကီ တာ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဇေယျာရွှေမြေအသင်းသည် နေရှင်နယ်လိဂ် ၅ ပွဲကစားပြီးချိန်တွင် လေးပွဲနိုင်၊ တစ်ပွဲ ရှုံး ရမှတ် ၁၂ မှတ်ဖြင့် ဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ထို့ပြင် ဇေယျာရွှေမြေ အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ချန်ပီယံဆုဖလားရရှိရန် ရည်မှန်းထားသဖြင့် ယခုကဲ့သို့ အသင်းအား ပိုမို တောင့်တင်းစေရန် အားဖြည့်နေခြင်း ဖြစ်သည်။ လာမည့် မတ် ၂၃ ရက်တွင် ဇေယျာရွှေမြေအသင်းသည် မုံရွာကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသစ်ခေါ်ယူ ထားသည့် ဂျပန်လူမျိုး တိုက်စစ်မှူးအား ထည့်သွင်းကစားမည်ဟု သိရှိရသည်။
မကွေး တိုက်စစ်မှူးဟောင်း အဘိုလာဂျီအား ခေါ်ယူခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းသည် အစောပိုင်းက အသင်းတွင် နောက်ခံလူက လစ်ဖို့ဒ်တစ်ဦးထဲကိုသာ အသုံးပြုခဲ့သော်လည်း အသင်း တိုက်စစ်အင်အား ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားသား တိုက်စစ်မှူး တစ်ဦးကို ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ငါးပွဲကစားထားပြီးချိန်တွင် နိုင်ပွဲတစ်ပွဲသာရရှိထားပြီး လေးပွဲ ရှုံးနိမ့်ထားကာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာတွင် ရပ်တည်နေသည်။ လာမည့် မတ် ၂၃ ရက်တွင် နေရှင်နယ်လိဂ် ပွဲစဉ် ၆ အဖြစ် ဟံသာဝတီအသင်းသည် မကွေးအသင်းနှင့် သုဝဏ ကွင်း၌ ကစားရမည်ဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသမှ နိုင်ငံတော်သမ္မတဖြစ်လာသူ

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် ၁၉၇၄ ခုနှစ်မှနောက်ပိုင်း  သြစတေးလျနိုင်ငံသို့ပထမဦးဆုံးရောက်ရှိ ခဲ့သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးဖြစ်ပြီးနို ဘယ်ငြိမ်းချမ်းရေး ဆုရှင်အဖြစ် အမည်စာရင်း၌ တင်သွင်းခြင်းခံထားရသူမြန်မာ့ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။
၂၀၁၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ဖြင့် နိုင်ငံတော်သမ္မတဖြစ်လာပြီးနောက်ပိုင်းနိုင်ငံရေး /စီးပွားရေးပြုပြင်ပြောင်းလဲမှု ပေါင်းများစွာ ဆောင်ရွက်ခဲ့သောအကျိုးဆက်ရလာဒ်အနေဖြင့် သမ္မတ ဦးသိန်းစိန်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကတဖြည်းဖြည်း လက်ခံကြိုဆိုလာခြင်းဖြစ်သည်။ မြန်မာ့ဒီမိုကရေ စီပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာ၌နောက်ကြောင်းပြန်လှည့်စရာအကြောင်းမရှိဟု ၆၇ နှစ် အရွယ်ရှိဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်း နယူးယောခ်မြို့ ၌ ကျင်းပခဲ့ သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင်အလေးအနက်ထားပြောကြားခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာလွှတ်ပေးခဲ့သလို သမိုင်းတွင်မည့် ပါလီမန် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီးအစိုးရအဆက်ဆက်ပိတ်ထားခဲ့သည့် သတင်းစာလွတ်လပ်ခွင့်ကို ပါ ဖြေလျော့ပေးခဲ့သည်။ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းအပေါ် သို့ ရောက်အောင်ဆောက်ရွက်ခဲ့ သည့်အတွက် ယခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင်အမည်စာရင်း၌လည်း သမ္မတဦးသိန်းစိန်အမည်စာရင်း တင်သွင်းသည်အထိ ဖြစ်လာသည်။
ထိုသို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမည်စာရင်း တင်သွင်းခံထားရသည့်သမ္မတဦးသိန်းစိန်က အနာဂတ် မြန်မာ့ နိုင်ငံရေးခရီးတွင် မြန်မာ့တပ်မတော်မှာအဓိကအခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ကိုလည်း ပြောဆိုထားသူ ဖြစ်သည်။
၁၉၄၅ ခုနှစ်တွင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ကျေးလက်ရွာလေးတစ်ရွာတွင်မွေးဖွားခဲ့သော ဦးသိန်းစိန်သည် သာမန်အညတရ မိသားစုလေးမှ ဆင်းသက်လာခဲ့သူတစ်ဦးဖြစ်သည်။ သူ့၏ဖခင်မှာ နှီးဖျာရက်၍ မိသားစုကိုရှာဖွေကျွေးမွေးခဲ့သူဖြစ်ပြီး ဇနီးကွယ်လွန်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ဦးသိန်းစိန်သည် စစ်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီးနောက်တဖြည်းဖြည်းနှင့် တပ်မတော်တွင် ရာထူးအဆင့်ဆင့်တိုးမြင့်ခြင်းခံခဲ့ရသူဖြစ်သည်။ ၁၉၉၀ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်ဖြစ်လာပြီးနောက် ယုံကြည် စိတ်ချရသည့်တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် တစ်ဦး ဘ၀သို့ရောက်ရှိလာသည်။ ဦးသိန်းစိန်သည် ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့၏ ပထမဦးဆုံးသော အတွင်းရေးမှူးဖြစ်လာပြီးထိုစဉ်က ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးစိုးဝင်း ကျန်းမာရေးချို့ယွင်းလာသည့်အချိန် ၂၀၀၇ ခုနှစ်တွင် ၀န်ကြီးချုပ် တာဝန်အားထမ်းဆောင်ခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရာ၌အမျိုးသားညီလာခံဥက္ကဋ္ဌအဖြစ် အဓိက အခန်းမှ ပါဝင်ခဲ့သည့် အပြင် အာဆီယံနှင့်ကုလသမဂ္ဂ အစည်းအဝေးများတွင် မြန်မာနိုင်ငံအကြီးအကဲ အဖြစ် ကိုယ်စားပြုတက်ရောက်ခဲ့သူ လည်းဖြစ်သည်။ အနှစ် ၂၀ အတွင်းပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ၌ ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် ဦးသိန်းစိန်သည်နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။
နိုင်ငံတော်သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သော နိုဘယ်ဆုရှင် ဆုရှင်ဒေါ်အောင်ဆန်းစုကြည်နှင့်ေ တွ့ဆုံခဲ့ကြပြီးဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာလည်း နိုင်ငံရေး နယ်ပယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လာရောက်

ကိုယ်ပိုင် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ရန်ကုန်မြို့တွင် တစ်ည အိပ်ကာ ထားဝယ် ရေနက် ဆိပ်ကမ်း သို့ သွားရောက် လေ့လာ နေကြောင်း လေဆိပ်တွင် တာဝန် ထမ်းဆောင် နေသော ပြည်ထဲရေး ၀န်ကြီး ဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ပြောသည်။ “ မနက်က ၈ နာရီလောက် ထားဝယ် ကို လေယာဉ် နဲ့ သွားဖို့ လုပ်ထားပေမယ့် နှင်းတွေ ပိတ်နေတဲ့ တွက် ၁၀ နာရီ လောက်မှပဲ လေယာဉ် ထွက်လို့ ရတယ်” ဟုအဆိုပါ တာဝန်ရှိသူက ပြောသည်။

မန်းမြို့ ၆၂ လမ်းအား တောင်နှင့်မြောက် ဆက်သွယ်သောလမ်း ဖောက်လုပ်မည်

မန္တလေး မြို့၏ တောင်-မြေန်းမြို့ ၆၂ လမ်းအား တောင်နှင့်မြောက် ဆက်သွယ်သော လမ်း ဖောက်လုပ်မည် မာက် အရှည် လျားဆုံး ဖောက်ထွက် နိုင်သည့် လမ်းမကြီး တစ်ခု ဖြစ်လာမည့်၆၂ လမ်းအား မြစ်ငယ်-ထုံးဘို ဆက်လက် ဖောက်လုပ် တော့မည် ဖြစ်ကြောင်း မန်းစည်ပင်မှ သိရသည်။ လက်ရှိ (၆၂) လမ်းအား ကနောင်လမ်းနှင့် စက်မှု ဖြတ်လမ်း အကြား တစ်ဆက် တစ်စပ်တည်း ကောင်းမွန်အောင် ကတ္တရာ လမ်းသား ပေ (၄၀) အကျယ်ဖြင့် စတင်ဆောင်ရွက် နေပြီဖြစ်သည်။ ၆၂ လမ်းအား ဆက်လက် ဖောက်လုပ် ရန်အတွက် ပြည်ကြီး တံခွန်မြို့နယ် အဆုံး အမှတ်(၆) ရေဆိုး ပစ်မြောင်းမှ ထုံးဘို-မြစ်ငယ် ဖြတ်လမ်း အထိ စုစုပေါင်း လမ်းအရှည် (၁.၃၉ မိုင်) လမ်းသားအကျယ် မူလ သတ်မှတ်ချက် ဖြစ်သည့် ပေ (၈၀) အကျယ်အား လလ ရပ်ကွက် အတွင်းမှ ဖြတ်သန်းပြီး ဆက်လက် ဖောက်လုပ် သွားတော့ မည်ဖြစ်သည်။ အဆိုပါ လမ်းကြောင့် ရန်ကုန်- မန္တလေးလမ်း၏ ယာဉ်သွား လာမှုကိုပါ လျှော့ချ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

Google ဥက္ကဌနှင့် တွေ့ဆုံပွဲ လူဦးရေ ကန့်သတ်မည်

မြန်မာ နိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်မည့် Google ဥက္ကဌနှင့် တွေ့ဆုံမည့် အခမ်း အနားသို့ တက်ရောက် နိုင်သည့် လူဦးရေ ကန့်သတ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်း အနားအား လာမည့် မတ်လ (၂၂) ရက် နံနက် ၉ နာရီ အချိန်တွင် MICT Park အစည်း အဝေး ခန်းမ၌ ကျင်းပ မည်ဖြစ်ပြီး လူဦးရေ (၃၀၀)ခန့်သာ ၀င်ရောက်ခွင့် ပြုသွား မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ သိရသည်။

“ခန်းမထဲမှာ မိုးတိုး မတ်တပ်ရပ်ပြီး ကြည့်တာ မျိုးကိုတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူ့ ကိုမှ ၀င်ခွင့်ပြု တယ်ဆိုပြီး ကန့်သတ် ထားမှာမျိုး မရှိပါဘူး၊ စောစော စာရင်းသွင်းပြီး ခန်းမထဲမှ ထိုင်ခုံအရှိပဲ လက်ခံထားသွားမှာပါ” ဟု မြန်မာ ကွန်ပျူတာ အသင်း ချုပ်မှ ဒေါ်ချောခင်ခင်က ပြောသည်။ သို့သော် ခန်းမ ထဲသို့ ၀င်ရန် ဖြတ်သန်း ရမည့် အခန်း (lobby)နှင့် မြက် ခင်းပြင် နေရာများ၌ ပရိုဂျက် တာဖြင့် ဗီဒီယို တိုက်ရိုက် ပြထားမည် ဖြစ်ပြီး ခန်းမသို့ ၀င်ခွင့် မရသည့် သူများအတွက် ထိုင်ခုံများ ခင်းကျင်း ပေးထား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့၌ အမေရိကန် သံအမတ်ကြီးမှ အဖွင့် နှုတ်ဆက် စကား ပြောကြား ပေးသွားမည် ဖြစ်ပြီး Google ဥက္ကဌ Mr. Eric Schmidt နှင့် အဓိက အနေဖြင့် အင်တာနက်ဖြင့် တိုင်းပြည် တိုးတက်မှုများ မည်ကဲ့သို့ လုပ်ဆောင် နိုင်မည် ဖြစ်သည့် ကိစ္စ များအား ဦးစားပေးဆွေးနွေး မည် ဖြစ်သည်။ ထို့အပြင် လူငယ်ခေါင်းဆောင် (၅)ဦးခန့် နှင့် တွေ့ဆုံ မေးမြန်း မှုများ ပြုလုပ်ခြင်း ကဏ္ဍ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့်ဖန်တီးပြသူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ပုံတူကို မလေးရှား နိုင်ငံဖွား တရုတ် လူမျိုး အနုပညာ ဗိသုကာ ပညာရှင် မလေး ဟောင်ရီက ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က မလေရှား နိုင်ငံ Sutera Harbour Marina, Golf & Country Club တွင် ဖန်တီး ပြခဲ့သည်။ ဟောင်ရီ သည် ၎င်းပုံတူ ဖန်တီး ရာတွင် ရေ၊ ဆေးရည် ထည့်ထားသော ပလက် စတစ်ခွက် အတွင်းသို့ ဇော်မွှား ပန်းအဖြူများ ထိုးစိုက်၍ ဖန်တီး ပြခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖန်တီးရာတွင် ပန်းပွင့် အဖြူသို့ အောက်ခံ ခွက်မှ ဆေးရည် သူမ လိုချင်သည့် အရောင် ရောက်အောင် နာရီ ၄၀ ကြာ စောင့်ခဲ့ ရသည်ဟုသိရှိရသည်။ ထို့အပြင် ဟောင်ရီသည် အခြား ဖန်တီးမှု များအဖြစ် နေကြာစေ့ များဖြင့် ပုံတူ ဖန်တီးခြင်း၊ ဖယောင်း စက်များဖြင့် ဖန်တီးခြင်း၊ ကော်ဖီများ ပက်ဖြန်း၍ ဖန်းတီးခြင်း ကဲ့သို့သော အနုပညာ ဖန်တီးမှု မျိုးလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ သူမသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ အတွက် ကြိုးပမ်း လှုပ်ရှားခြင်းကို လေးစား အားကျသဖြင့် ယခုလို ဂုဏ်ပြု ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာ့ဆန်ကို ဂျပန်ဝယ်ပြီ

မြန်မာပြည်က ဆန်တွေကို ဆယ်စုနှစ်ပေါင်း များစွာ အတွင်းမှာ ဂျပန်က ပြန်ပြီး ဝယ်ယူ လိုက်ပါပြီ။ လာမယ့် မေလမှာ ပထမဆုံး အဖြစ် တန်ချိန် ၅၀၀၀ ကို ရန်ကုန်ဆိပ်ကမ်း ကနေ စပို့တော့ မှာ ဖြစ်တယ် လို့ မြန်မာ နိုင်ငံ ဆန်စပါး အဖွဲ့ချုပ်က ပြောပါတယ်။ အဲဒီ ဆန်တွေကို ဂျပန် ရိုးရာ မုန့်လုပ်ငန်း တွေမှာ သုံးဖို့ အတွက် ဝယ်ယူတာ ဖြစ်တယ်လို့ လည်း ပြောပါ တယ်။

အဲဒီလို ဝယ်ယူတဲ့ နေရာမှာ မြန်မာ့ ဧည့်မထ အုပ်စုထဲက ဆန်တွေကို သဘောကျပြီး ဓာတု ဓာတ်ကြွင်းတွေ ပါ မပါနဲ့ ဘေးထွက် ဆိုးကျိုး ရှိ မရှိကို စစ်ဆေး အောင်မြင်လို့ အခုလို ဝယ်ယူတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ကိုမျိုးသူရအေး က ဘီဘီစီကို ပြောပါတယ်။

အခုဝယ်ယူ ခဲ့ရာမှာ ဂျပန် နိုင်ငံ မစ်ဆူအီ ကော်ပိုရေးရှင်းက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ဘက်ကတော့ ဆန်စပါး လုပ်ငန်းရှင် တွေစုဖွဲ့ ထားတဲ့ မြန်မာ့လယ်ယာ စီးပွား ကော်ပိုရေးရှင်းက တင်ပို့တာ ဖြစ်ပါတယ်။ ဂျပန်က မြန်မာ့ ဆန်ကို နှစ်ပေါင်း ၄၀ အတွင်းမှာ ပြန်ဝယ်ယူတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံက ဆန်ရောင်းဈေးက တတန်ကို ဒေါ်လာ ၄၉၀ ရလို့ ဗီယက်နမ် ဆန်ထက်တောင် ဈေးပိုရတယ် လို့ ပြောနိုင်ပါတယ်။

အရင်က မြန်မာ့ဆန်ဟာ အရည်အသွေး နိမ့်လို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဖရိက ကိုသာ တင်ပို့ နိုင်ခဲ့ပါတယ်။ အခုလို အရည်အသွေးကို စနစ်တကျ တန်ဘိုးထားတဲ့ ဂျပန်က မြန်မာ့ ဆန်ကို ပြန်လက်ခံ လာတာကြောင့် မြန်မာ့ ဆန်ဈေးကွက် အတွက် အနာဂတ် အလား အလာဟာ မျှော်လင့် စရာ ရှိလာပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၈ နှစ်လောက်က နှမ်း တင်ပို့ တုန်းကလို ဓာတု ဓာတ်ကြွင်းတွေ ပါတယ်ဆိုပြီး ပြန်ပို့ ခံရတာမျိုး မဖြစ်အောင် သတိထားဖို့ လိုတယ်လို့လည်း ပို့ကုန် လုပ်ငန်း ရှင်တွေက ပြောကြပါတယ်။ ဒီနှစ်ထဲမှာ မြန်မာ့ဆန်ကို တန်ချိန် ၁.၃ သန်း ကျော်အထိ တင်ပို့ထားပြီးဖြစ်ပါတယ်။

ကောလဟလများကို ငြင်းခဲ့သော မော်ရင်ဟို

ရီးရဲလ်နည်းပြ မော်ရင်ဟိုသည် ၎င်း အနေဖြင့် ရာထူးမှ နှုတ်ထွက်ရန် အသင်းနှင့် သဘောတူညီမှု ရရှိထားကြောင်း ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ပြီး ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဆုအတွက် မဲပေးစနစ် အပေါ် ဖီဖာအား ဝေဖန်ခဲ့ကြောင်း သိရသည်။ မော်ရင်ဟိုသည် ရီးရဲလ် ဥက္ကဋ္ဌ ပီရက်ဇ်နှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေ၍ ယခုရာသီကုန်တွင် အသင်းနည်းပြ အဖြစ် ဆက်နေရန် မရေရာကြောင်း ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။ 
လာမည့် အနာဂတ်တွင် အင်္ဂလန်သို့ ရောက်နိုင်ကြောင်း ၀န်ခံခဲ့ဖူးသည့် မော်ရင်ဟိုသည် ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေခြင်းကို ငြင်းဆို ခဲ့သည်။ မော်ရင်ဟိုက မိမိအနေဖြင့် ရီးရဲလ် အသင်းနှင့် ရာထူးမှ ထွက်ရန် သဘောတူညီမှု မရရှိသလို စာချုပ်သစ် ချုပ်ဆိုထားခြင်းလည်း မရှိကြောင်း၊ ဝေဖန်မှုများနှင့် ပတ်သက်၍ မိမိအနေဖြင့် မည်သို့မျှ မခံစားရသလို အကျိုးသက်ရောက်မှုလည်း မရှိကြောင်း ပြောကြား ခဲ့သည်။ 
 မော်ရင်ဟိုသည် ၂၀၁၂ ခုနှစ်အတွက် ဖီဖာတစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး နည်းပြအဖြစ် ဆန်းခါတင် စာရင်းတွင် ပါဝင် ခဲ့သော်လည်း အခမ်းအနားသို့ မတက်ရောက်ခဲ့သလို မဲပေးစနစ်ကိုလည်း ဝေဖန်ခဲ့သည်။ မော်ရင်ဟိုက တစ်နှစ်တာ ကမ္ဘာ့ကောင်းဆုံးဆုအတွက် မဲပေးမှုမှာ ကြည်လင်ပြီး ပွင့်လင်း မြင်သာမှု မရှိကြောင်း စွပ်စွဲခဲ့ပြီး ယင်းအဆိုကို ဖီဖာက ငြင်းဆိုခဲ့သည်။

အယ်ဂျီဇီးယား ရုပ်သံအတွက် အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်မည့် ဖာဒီနန်

ဒဏ်ရာနှင့် ကြံ့ခိုင်မှု ဆိုင်ရာ ပြဿနာများကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပြိုင်ပွဲဝင် အင်္ဂလန် အသင်း လူစာရင်းမှ နှုတ်ထွက်ခဲ့သည့် မန်ယူ နောက်ခံလူ ဖာဒီနန်သည် ကာတာ အခြေစိုက် ရုပ်သံ မီဒီယာ တစ်ခု အတွက် အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်မည်ဟု သိရသည်။ ဖာဒီနန်သည် အင်္ဂလန် အသင်း၏ သောကြာနေ့ ပွဲစဉ်ဖြစ်သည့် ဆန်မာရီနိုနှင့် အဝေးကွင်းပွဲ အတွက် တိုက်ရိုက် ထုတ်လွှင်မှုတွင် ပါဝင်ကူညီ ဆောင်ရွက်ရန် အတွက် ကာတာသို့ ထွက်ခွာမည် ဖြစ်ပြီး ယင်းအတွက် ကာတာ အခြေစိုက် အယ်ဂျီဇီးယား ရုပ်သံနှင့် သဘောတူညီမှု ရရှိခြင်း ဖြစ်သည်။ ယင်းကြောင့် ဖာဒီနန်သည် အယ်ဂျာဇီးယား ရုံးစိုက်ရာ ကာတာသို့ ၁၅ နာရီကြာ လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး ယင်း အစီအစဉ်သည် သူ၏ နောက်ကျော ဒဏ်ရာအတွက် အနည်းငယ် အခက်တွေ့စေပြီး ယင်းကြောင့်ပင် ဆေးကုသမှု ခံယူရန် အင်္ဂလန် အသင်း လူစာရင်းမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ အယ်ဂျာဇီးယား ရုပ်သံအတွက် ဖာဒီနန်သည် အင်္ဂလန် အသင်း၏ ဆန်မာရီနိုအသင်းနှင့် ပွဲစဉ်တစ်ခုကိုသာ တာဝန်ယူထားပြီး အင်္ဂါနေ့ မွန်တီနီဂရိုးနှင့် အဝေးကွင်း ပွဲစဉ် မပါဝင်ပေ။

အယ်ဂျာဇီးယား အားကစား ရုပ်သံလိုင်းမှ အကြီးအကဲဖြစ်သူ ဒွန်ကင်ဝေါကင်ဆောလ်က မိမိတို့ အနေဖြင့် ယခုကိစ္စအတွက် ဖာဒီနန်နှင့် လွန်ခဲ့သော ၂ နှစ်ခွဲခန့် ကတည်းက အချိန်ယူကာ ဆွေးနွေးခဲ့ပြီး ယခုတွင် အဆင်ပြေသွားပြီ ဖြစ်ကြောင်း၊ ယခုလို အာရပ်အခြေစိုက် ရုပ်သံလိုင်းများတွင် နာမည်ကြီး ရုပ်သံတင်ဆက် သူများပါဝင်ခြင်းမှာ အလွန် အောင်မြင်ပြီး ပရိသတ် အားပေးလက်ခံမှု ပိုများကာ နာမည်ကြီးကြောင်း၊ ယခုကိစ္စမှာ မန်ယူအသင်းနှင့် ဖာဒီနန်၏ ကြံ့ခိုင်ရေး အစီအစဉ်တွင် မူတည်ကြောင်း သို့သော် မန်ယူအသင်း အနေဖြင့် ဒီကို ဇန်န၀ါရီလက လာခဲ့ပြီး ပူပြင်းသော ရာသီမှာ လေ့ကျင့်ခန်း ပြုလုပ်ခဲ့ဖူး၍ ပြဿနာ မရှိနိုင်ကြောင်း ဆိုသည်။

အာဆင်နယ် နည်းပြ ၀င်းဂါးသည် ၀ီရှိုင်းယားကို ရာသီကုန်ခါနီး ခြေစမ်းပွဲများတွင် ထည့်သွင်း ရွေး ချယ်ခြင်းနှင့် ပတ်သက်၍ အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်နှင့် ဆွေးနွေးမည် ဖြစ်သည်။ အင်္ဂလန် အသင်းသည် အာဆင်နယ် အသင်း၏ နယူးကာဆယ်နှင့် ရာသီ နောက်ဆုံး ပွဲအပြီး ၁၀ ရက်အကြာ မေလ ၂၉ ရက်နေ့တွင် အိုင်ယာလန် အသင်းနှင့် ကစားမည်ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့တွင် ဘရာဇီး အသင်းနှင့် အဝေးကွင်း ခြေစမ်းပွဲ အဖြစ် ကစားမည်ဖြစ်သည်။ 
 ယင်းနှစ်ပွဲစလုံးမှာ ခြေစမ်းပွဲများ ဖြစ်နေပြီး အင်္ဂလန် အသင်း၏ လူစာရင်းကို FA အနေဖြင့် ၀ီရှိုင်းယား၏ အမည်ကို ထည့်သွင်းခြင်း မပြုရန် ၀င်းဂါးက မျှော်လင့်နေပြီး ယင်းအတွက် အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။ ၀ီရှိုင်းယားသည် ဖေဖော်ဝါရီလက ဘရာဇီးကို ၂း၁ ဖြင့် အနိုင်ရခဲ့သော ခြေစမ်းပွဲစဉ်တွင် အင်္ဂလန် အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခြင်းကို စိတ်ပျက်နေခဲ့သည်။ 
ဒဏ်ရာပြဿနာများကြောင့် ၁၇ လခန့် နားခဲ့ရသ်ာလည်း အာဆင်နယ် အသင်းသည် မတ်လ ၃၀ ရက်နေ့ ရီးဒင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် ၀ီရှိုင်းယားကို ပါဝင်ရန် မျှော်လင့်နေသော်လည်း အဆိုပါ ကွင်းလယ်လူမှာ ဧပြီလ ၆ ရက်နေ့ ၀က်စ်ဘရွန်းနှင့် ပွဲသို့မဟုတ် ယင်းပွဲစဉ်နောက် ၇ ရက် အကြာတွင် ကစားမည့် နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်၌သာ ပါဝင်နိုင်ချေ ရှိနေသည်။ အာဆင်နယ် အသင်းမှ ဂိုးသမားဖြစ်သူ ရှက်ဇ်နီ၏ ဖခင်ဖြစ်သူကလည်း အသင်းနည်းပြ ၀င်းဂါး၏ ဖိအားပေးမှုများကြောင့် သားဖြစ်သူ၏ လက်စွမ်းများ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

နည်းပြ ထုတ်ပယ်မှု အပေါ် စိတ်ပျက်နေသော LMA

လိဂ်မန်နေဂျာများ အစည်းအရုံး LMA သည် ယခုရာသီ ဘောလုံးလောကတွင်း ကလပ် အသင်း အသီးသီးမှ နည်းပြများ ထုတ်ပယ်ခံရခြင်းအပေါ် အလွန်စိတ်ပျက်နေသည်။ LMA အမှုဆောင်ချုပ် ရစ်ချက်ဘီဗန် က နောက်ဆုံး ထုတ်ပယ်ခံရသော ဘလက်ဘန်း အသင်းမှ နည်းပြ အက်ပလီတန် အပါအ၀င် နည်းပြများ ထုတ်ပယ်ခံရခြင်းမှာ ၅ နှစ် အတွင်း အများဆုံး ဖြစ်နေကြောင်း ဆိုသည်။ ယခုနှစ် ရာသီတွင် သက်ဆိုင်ရာ ကလပ် အသင်း အသီးသီးမှ နည်းပြ စုစုပေါင်း ၁၀၃ ဦးခန့်မှာ အလုပ်လက်မဲ့ ဖြစ်သွားပြီ ဖြစ်သည်။ ဘီဗန်က ယခုလို ထုတ်ပယ်ခံရမှုများမှာ ဘောလုံးလောက အတွက် စိတ်ပျက်စရာကောင်းပြီး မမျှတ ရာ ရောက်ကြောင်း ဆိုသည်။ ပထမတန်း ကလပ်အသင်း စတီဗန်နေ့ခ်ျ အသင်းမှ နည်းပြ ဂယ်ရီစပိဒ် အပါအ၀င် နောက်ဆုံး ထုတ်ခံရသည့် နည်းပြ စုစုပေါင်းမှာ ၃၃ ဦး အထိရှိလာခဲ့သည်။ LMA မှ အဆို အရ နှုတ်ထွက်သူ နည်းပြ ၁၄ ဦး ရှိပြီး ထုတ်ပယ်ခံရသော နည်းပြမှာ ၆၀ ခန့် ရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ် နည်းပြ ၄ ဦးဖြစ်သော ချဲလ်ဆီးမှ ဒီမက်တီယို အပြင် ရီးဒင်းမှ ဘရိုင်ယန် မက်ဒီမော့ ၊ ဆောက်သင်တန်မှ နီဂယ် အက်ဒ်ကင်နှင့် ကျူပီအာမှ မာ့ခ်ဟုခ်ျတို့မှာ ယခုရာသီတွင် ထုတ်ပယ် ခံခဲ့ရသည်။ ချန်ပီယံရှစ်တွင်လည်း နည်းပြ စုစုပေါင်း ၁၇ ဦးခန့် ထုတ်ပယ် ခံခဲ့ရပြီး ပထမတန်းနှင့် ဒုတိယတန်းတွင် နည်းပြ ရာထူးကို ဆုံးရှုံးခဲ့ရသူ ၂၆ ဦး အထိ ရှိလာခဲ့သည်။ နော်တင်ဟမ်ဖောရက်စ် အသင်းသည် လွန်ခဲ့သည့် ဇူလိုင်လ နောက်ပိုင်း နည်းပြ ၃ ဦး ခန့်အပ်ကာ ဘလက်ပူးလ် အသင်းမှာလည်း ခရစ္စတယ် ပဲလေ့စ် အသင်းကို ကိုင်တွယ်ရန် ရာထူးမှ နှုတ်ထွက် သွားသော နည်းပြ ဟော်လိုဝေး နေရာ တွင် ပေါလ်အင့်ကို အသင်း၏ တတိယမြောက် နည်းပြ အဖြစ် ခန့်အပ်ခဲ့သည်။

အသင်းအတွက် အားမရဖြစ်နေသည့် ဂျိုးဟတ်

မန်စီးတီး ဂိုးသမား ဂျိုးဟတ်က ယခုရာသီတွင် ချန်ပီယံ ဖြစ်ရန် ကြိုးစားနေသော ၎င်းတို့ အသင်းကို မန်ယူ အသင်းက အသာရယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းသည် လက်ကျန် ၈ ပွဲသာ ကျန်ရှိချိန်တွင် အဆင့် ၁ နေရာမှ မန်ယူနှင့် ၁၅ မှတ် ကွာဟနေ၍ ချန်ပီယံဆုကို လက်လွှတ်ရဖွယ် ရှိနေသည်။ ဂျိုးဟတ်က အသင်း၏ ယခုရာသီ အားနည်းချက်ကို မိမိအနေဖြင့် တကယ်ကို သိလိုကြောင်း ၊ ကိုယ်မျှော်မှန်းထားသည် ထက် သရေပွဲပိုများခဲ့တယ် ဆိုပေမယ့် ဒီရာသီ တစ်ခုလုံးကြည့်ပါက အကောင်းဆုံး မဖြစ်ခဲ့ကြောင်း ၊ ပရီးမီးယားလိဂ်မှာ မိမိတို့ အနေဖြင့် ချန်ပီယံ ဖြစ်ရန် ခက်ခဲနေပြီး မန်ယူက ရှေ့က ဆက်ပြေးတိုင်း အခက်အခဲတစ်ခုလို ဖြစ်နေကြောင်း ပြောဆိုခဲ့သည်။

ပွဲမတိုင်ခင် နိမိတ်ပြသော အီတလီ အသင်း

ယနေ့ ဘရာဇီး အသင်းနှင့် ခြေစမ်းပွဲအတွက် ဂျီနီဗာသို့ ထွက်ခွာခဲ့သည့် အီတလီ အသင်း စီးနင်း လိုက်ပါလာသော လေယာဉ်မှာ မိုးကြိုးပစ်ခံခဲ့ရကြောင်း သိရသည်။ အီတလီနိုင်ငံ ဖလောရစ်မြို့မှ ထွက်ခွာလာသော ယင်း Charter Flight လေယာဉ်၏ အဆိုပါ ဖြစ်ရပ်အတွက် အီတလီ အသင်းမှ ကစားသမားများနှင့် နည်းပြ အဖွဲ့ဝင်များမှာ ထိတ်လန့်သွားခဲ့ပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အသက် အန္တရာယ် ထိခိုက် ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။ လေယာဉ် အမှုထမ်းများကလည်း ဘာလိုတယ်လီ၊ ပီယာလိုနှင့် ရှာဝါရီ အပါအ၀င် အီတလီ အသင်းမှ ကစားသမားများကို ဖြစ်ပွား ခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ အန္တရာယ် မရှိကြောင်း နှစ်သိမ့် အားပေးခဲ့သည်။ အီတလီ အသင်းနည်းပြ ပရန်ဒယ်လီကလည်း ၎င်းအနေဖြင့် အသင်းမှ ကစားသမားများကို ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အတွက် ထိတ်လန့်ခြင်း မရှိစေရန် အားပေးခဲ့ကြောင်း ဆိုသည်။ အီတလီ အသင်းမှ ဂျူဗင်တပ် ကွင်းလယ်လူ မာချီဆီယိုက ၎င်းတို့ အနေဖြင့် တုန်လှုပ်ခြောက်လှန့်စရာ ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရပြီး ယခုတွင် ဂျီနီဗာမြို့တွင်း ဟိုတယ်၌ ရောက်နေကြောင်းနှင့် ယနေ့ ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း Twitter တွင် ဆိုခဲ့သည်။

ဥရောပ ပြိုင်ပွဲမှာ ဆက်လက် ပါဝင်ခွင့် ရလိုသည့် မာလာဂါ

မာလာဂါ အသင်း၏ အထွေထွေ မန်နေဂျာဖြစ်သူ ကာဆာဒိုက မာလာဂါ အသင်းသည် အခက်အခဲများကို အကောင်းမြင်စိတ်ဖြင့် ဖြေရှင်း ကြိုးစားခဲ့ခြင်းကြောင့် အခုလိ အောင်မြင်ရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။
ထို့အပြင် သူက ယခုခါမှာ မာလာဂါ အသင်းအား ပြိုင်ပွဲများမှာ အခွင့် အရေးများစွာရှိသည့် အသင်းဖြစ်ကြောင်း ချီးကျူးခဲ့သည်။ မာလာဂါ အသင်းသည် ဘဏ္ဍာရေး စနစ်သစ်ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလက UEFA ၏ ဥရောပပြိုင်ပွဲများ ၀င်ရောက်ခွင့် ၁၂ နှစ် ပိတ်ထားခံရသည့် အသင်း ဖြစ်ပေမယ့် သူတို့ရဲ့ အယူခံ တင်သွင်းမှု အောင်မြင်တာကြောင့် ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မာလာဂါ အသင်းအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို လာမည့် မေလ ၁၄ ရက်မှာ ချမှတ်တော့မှာ ဖြစ်ပြီး ထို့အတွက် အသင်းအပေါ်မှ ပြစ်ဒဏ်အား လုံးဝ ဖယ်ရှားနိုင်မည်ဟု မာလာဂါ အသင်းက ယုံကြည်နေသည်။ မာလာဂါ အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒေါ့မွန် အသင်းနှင့် တွေ့ဆုံနေတာ ဖြစ်သည်။

စားပွဲတင် တင်းနစ် ပြိုင်ပွဲမှာ လက်စွမ်းပြနေသည့် ရီးရဲလ် ကစားသမားများ

ရီးရဲလ် အသင်းမှ ကစားသမား ၄ ဦးသည် ကလပ်ပွဲများ ရပ်နားထားချိန်မှာ စားပွဲတင် တင်းနစ် ယှဉ်ပြိုင်နေကြပြီး လက်စွမ်းပြလျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲများကြောင့် ကလပ် ပွဲစဉ်များ ခေတ္တနားထားစဉ်မှာ ရီးရဲလ်မှ မိုဒရစ် ၊ ခါဒီရာ ၊ အက်ဆီယန်နှင့် ကာဗယ်ဟိုတို့သည် တိုက်တင်းနစ် စားပွဲတင် တင်းနစ် ပြိုင်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်နေကြတာ ဖြစ်သည်။ ၂ ယောက် တစ်သင်း ပြိုင်ပွဲမှာ မိုဒရစ်နှင့် ခါဒီရာက တစ်သင်း ၊ ချဲလ်ဆီးကစားသမားဟောင်း အက်ဆီယန်နှင့် ကာဗယ်ဟိုတို့က တစ်သင်း ပါဝင်ခဲ့ပြီး ထို ၂ သင်း ပြန်လည်ဆုံတွေ့ခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ်မှာ မိုဒရစ်နှင့် ခါဒီရာတို့ အသင်းက အက်ဆီယန်နှင့် ကာဗယ်ဟိုတို့ အတွဲအား ၂၁ မှတ် ၁၉ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ထိုပွဲစဉ်များ သည် အပျော်တမ်း ပွဲစဉ်များသာ ဖြစ်ပေမယ့် ရီးရဲလ် ကစားသမားများ၏ ပွဲစဉ်မှာ အကြိတ် အနယ် ရှိခဲ့ပြီး စားပွဲတင် တင်းနစ်တွင် ထူးချွန်သူများ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထို့ကြောင့် သူတို့အား ဘောလုံး ကစားသမား ဘ၀မှ အနားယူပါက တင်းနစ် လောကသို့ ၀င်ရောက်မလားဟု ကျီစယ် မေးမြန်းခဲ့ကြောင်း သိရသည်။

ခြေစစ်ပွဲမှ နုတ်ထွက်ခဲ့သည့် ဘရူနိုင်းအသင်း

ဘရူနိုင်း လက်ရွေးစင် ဘောလုံးအသင်းသည် 2014 AFC Challenge Cup ခြေစစ်ပွဲသို့ ၀င်ရောက်မယှဉ်ပြိုင်ဘဲ တရားဝင် နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။ ဘရူနိုင်း အသင်းသည် AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) တွင် အိမ်ရှင်ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ ကမ္ဘောဒီးယား အသင်းများနှင့် တစ်အုပ်စုထဲ ကျရောက်နေပြီး အဆိုပါအုပ်စု (E) ပွဲစဉ်များကို လာမည့် မတ် ၂၂ ရက်တွင် စတင်ကစားမည်ဖြစ် သည်။ ဘရူနိုင်းနိုင်ငံ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုးရေးနှင့် အားကစားဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး ဂျာဖာက “ ရှောင်လွှဲလို့ မရနိုင်တဲ့ အခြေအနေ များကြောင့် လာမယ့် မတ် ၂၂ ရက် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် AFC Challenge Cup ခြေစစ်ပွဲမှာ နုတ်ထွက်ခဲ့တာပါ”ဟု ပြောကြား ခဲ့သည်။ ဘရူနိုင်း အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလား ခြေစစ်ပွဲတွင် ကမ္ဘောဒီးယားအသင်းအား ၃-၂ ဂိုး၊ တီမောအသင်းအား ၂-၁ ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာအသင်းအား ၁-၀ ဂိုး၊ လာအိုအသင်းအား ၃-၁ ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့ပြီး လေးပွဲကစား နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရမှတ် ၆ မှတ်ဖြင့် ခြေစစ်ပွဲမှ ထွက်ခဲ့ရသည်။ ဘရူနိုင်းအသင်းသည် AFC Challenge Cup ခြေစစ်ပွဲမှ နုတ်ထွက်ခဲ့သဖြင့် အိမ်ရှင်ဖိလစ်ပိုင်၊ တာ့ခ်မင်နစ္စတန်၊ ကမ္ဘောဒီးယား စသည့် အသင်းသုံးသင်းသာ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပင်ပန်းနေရင် လေ့ကျင့်ခန်းမလုပ်သင့်ပါ

လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်းဟာ ကျန်းမာရေးကို အလွန်ကောင်း စေပါတယ်။ ဒါပေမယ့် ခြေကုန်လက် ပမ်းကျ ပင်ပန်း နွမ်းနယ် နေပြီ ဆိုရင်တော့ ထိုနေ့ အားကစား ခန်းမသို့ သွားပြီး လေ့ကျင့်ခန်း ပြုလုပ်ဖို့ အစီ အစဉ်ကို ဖျက်လိုက် ပါတော့။ နေ့စဉ် ပုံမှန် ကိုယ်လက် လေ့ကျင့် ခန်းပြုလုပ် ရမယ်ဆိုတဲ့ စိတ်ကြောင့် ပင်ပန်းနေ သော်လည်း အားကစား ခန်းမသို့ သွားခြင်းဟာ ကျန်းမာခြင်း ဆီမှ ခြေ လှမ်းတစ်လှမ်း နောက်ဆုတ် သွားစေ ပါတယ်။ ပင်ပန်း နေချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ် လိုအပ် နေတာ က ကောင်း ကောင်း အနား ယူဖို့နဲ့ အာဟာရ ပြည့် ပြည့်ဝ၀ စားသောက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ခြင်း နှေးပါနဲ့။ အဲဒီအစား လမ်းပိုလျှောက် သင့်ပါတယ်။ ကားကို သွားမယ့်နေ ရာနဲ့ ခပ်လှမ်းလှမ်း နေရာမှာ ရပ်ပါ။ လှေကား အတက်အဆင်း လုပ်ပါ။ အိမ်မှာ မွေးထားတဲ့ ခွေးနှင့်အတူ လမ်း လျှောက်ထွက်ပါ။ လမ်းလျှောက် အခါ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာ နနဲ့ တူညီပါတယ်။

ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်တဲ့ စန္ဒီ

ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူသားတိုင်း ကျန်းမာခြင်းနဲ့ အတူ လှပခြင်း ကိုလည်း ပိုင်ဆိုင် ချင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ အသား အရေ လှလိုက် တာ၊ ဆံပင် ကောင်းလိုက်တာ၊ သွား လေး တွေက ပုလဲ လေးတွေစီထား တဲ့ အတိုင်း ညီညာ လိုက်တာ စသ ဖြင့် ပိုင်ဆိုင် ချင်ကြမှာပါပဲ။ ဒီလိုအ လှတရားတွေ ပိုင်ဆိုင်ဖို့ အတွက် အနုပညာ ရှင်များ ဘယ်လို ထိန်းသိမ်း လေ့ ရှိလဲဆိုတာ လေ့လာကြည့် လိုက်ရအောင် .....

နည်းနည်း ဝိတ်တက် လာပြီ ဆိုတဲ့ အချိန်၊ ကိုယ့်ကိုယ်ကိုယ် ထင်လာ တဲ့ အချိန် ကျရင်တော့ အားကစား လုပ် ဖြစ်တယ်။ အဓိကက နှလုံး၊ အမော ခံနိုင်မယ့် အဆုတ်တွေ အား ကောင်းအောင်၊ စန္ဒီတို့က သီချင်း ဆိုတဲ့ သူတွေ ဆိုတော့ အဓိက ကအ ဆုတ် အားကောင်းအောင် လုပ်ရတာ ပေါ့။ အဲဒီ အတွက် အဓိက ထားပြီး ကစား ဖြစ်သလို၊ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီ တွေကို ဆေးတွေ ဘာတွေနဲ့ချ ပစ်တာ မဟုတ်ဘဲနဲ့ အမြဲတမ်း အား ကစား လေ့ကျင့်ခန်း အနေနဲ့ ပြေး စက်ပေါ်မှာ ပြေးတယ်။ တစ်ပတ်မှာ သုံးလေး ခါလောက်ကို ပြေးဖြစ်တယ်။ လူတစ်ယောက်မှာ ကျန်းမာရေး က အရမ်း အဓိက ကျပါတယ်။

ကျန်းမာ ရေးမကောင်းလို့ တစ်ခုခုချို့ယွင်း နေရင် အရမ်းစိတ်ညစ်ဖို့ကောင်း တယ်လေ။ ခန္ဓာကိုယ်အတွင်းမှာရှိ တဲ့ မမြင်ရတဲ့ အရာတွေကို အမြဲ တမ်း Medicial Checkup လုပ် သင့်တယ်လို့ ထင်တယ်။ စန္ဒီက (၆) လတစ်ကြိမ် လုပ်ဖြစ်တယ်။ ကြို တင်ပြီး ကုသလို့ ရတဲ့ ရောဂါ တွေဆို ရင် ပိုပြီး ဂရုစိုက်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ စန္ဒီ့မှာ နှလုံးရောဂါအ နည်းငယ် ရှိတော့လေ။ ဒါကြောင့် နှလုံးရောဂါ ဆေးတွေ သောက်ရတာ ပေါ့။ လေ့ကျင့်ခန်း လုပ်တော့မယ် ဆိုရင်လည်း ကိုယ်နိုင်သလောက် အချိန်လေးကို ညှိယူပြီး ပြေးစက် ပေါ်မှာ ပြေးဖြစ်တယ်။ အမောမခံ နိုင်လို့လေ။ ကျန်းမာရေး ကမ ကောင်း ဘူးဆိုရင် လူမှုရေး ပိုင်းဆိုင် ရာ၊ လုပ်ငန်းပိုင်း ဆိုင်ရာ တွေကို ထိ ခိုက်နိုင်တဲ့ အတွက် ကျန်းမာရေးကို တော့ အမြဲတမ်း ဂရုစိုက်ဖြစ်တာ ပေါ့။

ကညွတ် ( Common Asparagus )အသုံးဝင်ပုံ

မြန်မာဆေးကျမ်းများ အလိုအရ ချိုအေးသော အရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏။ သလိပ်ကို ကြေစေ၍ သွေးသည်းခြေကိုနိုင် သည်။ သွေးလွန် သွေးအန်နာတို့ကို ပယ်၏။
အသုံးပြုပုံ ။ ။ အရွက် ၊ အပင် ၊ အစို့ ၊ အမြစ် ၊ အသီး ၊ အားလုံးလူတို့အား အကျိုးပြုသည်။ သို့သော် အစို့ အမြစ် သည် အဓိက အသုံးကျသည်။
အမြစ်
၁။ အမြစ်ကို ချက်ပြုတ်စားသောက်၍လည်းကောင်း၊ နွားနို့နှင့်အတူ နို့ထမင်းပြုလုပ်၍လည်းကောင်း စားပါက အားကိုဖြစ်စေသည်။
၂။ ကညွတ်မြစ်ဥ အရည်ကို ကျိုချက်၍ရသော အဆီဖြင့် အဆစ်ရောင်ခြင်း ၊ ကိုက်ခြင်း နှင့် လေရောဂါ တို့ကို လိမ်းကျံပေးက ပျောက်၏။
၃။ ကညွတ်မြစ်အရည်ကို ပျားရည် ၊နွားနို့ရည်တို့နှင့် ရော၍ သောက်ပါက ဆီးပူ ၊ ဆီးအောင့်ခြင်း ၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်း၏။
၎။ ၎င်းမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူ ရော၍ သောက်ပါကကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။
အညွန့်
၁။ အညွန့်ကို စားသုံးခြင်းဖြင့် လေကို ကြေစေ၏။ အင်အားကို ဖြည့်တင်းစေ၏။ သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များ စားသုံးရန် အထူးသင့်လျော်သည်။

သြဇာ (Custard-Apple) အသုံးဝင်ပုံ

မြန်မာ ဆေးကျမ်းများ အလိုအရ သြဇာသီး သည် အေး၏ ၊ သွေးအားကို တိုးပွား စေသည်။နှလုံးကို အကျိုးပြု ၏ ။ပူလောင်ခြင်း ၊ လေပူ ရောဂါ နှင့် သွေးအန်ရောဂါ များ အတွက် ပယ်ဖျောက် နိုင်၏ ။
အသုံးပြုပုံ-
အရွက်
၁ ။ သန်ကျ စေသည်။တုတ်ကောင်ကြီး များလည်း ကျစေသည်။ အရွက်ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေသည်။ ကြိတ်၍ အုံကပ်ပေး ပါက အကြောငုပ် ခြင်း ၊ တက်ခြင်းများ ပျောက်၏ ။
၂ ။ အရွက်ကို ချေ၍ ရှူပေးသော် အမူးအမော် နှင့် ထိပ်ကပ်နာ ပျောက်၏။
အသီး
၁ ။ အသီးစိမ်း သည် ချုပ်သော သတ္တိ ရှိသဖြင့် ၀မ်းသွား ခြင်း ၊ ၀မ်းသက်ခြင်း များ အတွက် ကောင်း၏ ။ ၀မ်းကိုက်ရောဂါ ၊ လေနာရောဂါ နှင့် အစာအိမ် မကောင်းခြင်း တို့ကိုလည်း ပျောက်ကင်းစေသည်။
အစေ့
၁ ။ အမှုန့်ပြု ၍ အနာများကို ဖြူးပေးပါက ပိုးများကို ပျောက်ကင်းစေ သည်။ သြဇာစေ့ အတွင်းဆံ ကို ကြိတ်၍ မီးရှို့ အခိုး မှိုင်း တိုက်ပါက ၀က်ရူးနာ ပျောက်ကင်း သည်။
အမြစ်
၁ ။ အမြစ်ကို သွေး ၍ သောက်ပါက ဆီးချုပ် ရောဂါ ပျောက်ကင်း၏။အခေါက် ၁ ။ အခေါက်ကို အားဆေး ဖော်စပ်ရာ တွင် အသုံး ပြု ၏။

မုန်ညှင်းဖြူအသုံးဝင်ပုံ(Chinese Mustard)


 မြန်မာ ဆေးကျမ်းများ အလိုအရ မုန်ညင်းသည် စပ် ခါး သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏။ ထက်မြက် ၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ သလိပ်တို့ကို ကင်းငြိမ်း စေ၏ ။သွေးအန် ။သွေးကျ ၊ နူနာ ၊ ယားယံခြင်း ကို ပျောက်ကင်း စေ၏
အသုံးပြုပုံ-
အစေ့
၁ ။ မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင် ခြင်း ပျောက်၏။
အဆီ
၁ ။ မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါ က ပျောက်ကင်း၏။
၂ ။ မုန်ညင်းဆီ ၊ မရိုးရွက် ရည်၊ နနွင်းတက် ၎င်းသုံးမျိုး ကို ရောချက် ၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာများ ကို လူးပေးပါက ပျောက်ကင်းသည်။
၃ ။ မုန်ညင်းဆီ ကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာ ခြင်း ၊ အဆုတ်အအေး မိခြင်း ၊ နှာစေး ချောင်း ဆိုး ခြင်း များ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။
၎ ။ ဘေလုံးရောဂါ ၊ သွေးဖျဉ်း ရောဂါ ၊ မြင်းသရိုက် ရောဂါ ၊ လေထိုး လေအောင့် ရောဂါ များ အတွက် မုန်ညင်းဆီကို အနည်းငယ် သောက်ပေး ခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင် ပွတ်၍ လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း၏။
၅။ ထိပ်ကပ်နာ ရှိသူများ ညအိပ်ရာ ၀င်ချိန် နှာခေါင်း တွင်းသို့ မုန်ညင်းဆီ အနည်းငယ် ထည့်ပေး က ပျောက်၏။
၆ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီ ဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက် ကင်း၏။
၇ ။ ခေါင်း ကိုက် ခေါင်း အုံ လျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်း၏။
၈ ။ ဇက်ကြောတက် ၊ မျက်ရိုး ကိုက် သည့် နေရာများ တွင် မုန်ညင်းဆီ လိမ်းပေးက လည်း ပျောက်ကင်း၏။
၉ ။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ် ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆ ကို တောင်ဆိတ် ဆီ သို့မဟုတ် တောဆိတ် ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေး က ပျောက်၏။
၁၀ ။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေ နှင့် ဖျော်၍ လည်ပင်း တွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီး ကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။
၁၁။ အနာပျက် ၊ အနာဆွေး များ တွင် မုန်ညင်း ဆီ လိမ်းက ပျောက်၏။
၁၂ ။ မုတ္တကျ သူများ မုန်ညင်းဆီ ဖြင့် နှိပ်နယ်လိမ်း ပေးက ပျောက်၏။
၁၃ ။ လူကောင်းများ ကိုယ်တွင် လိမ်း၍ အိပ်ပါက ၀ဲနာ ၊ ယားနာ ၊ နူနာ ၊ လေနာ များ မှ ကင်းဝေး စေ၏။