22.3.13

အယ်ဂျီဇီးယား ရုပ်သံအတွက် အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်မည့် ဖာဒီနန်

ဒဏ်ရာနှင့် ကြံ့ခိုင်မှု ဆိုင်ရာ ပြဿနာများကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပြိုင်ပွဲဝင် အင်္ဂလန် အသင်း လူစာရင်းမှ နှုတ်ထွက်ခဲ့သည့် မန်ယူ နောက်ခံလူ ဖာဒီနန်သည် ကာတာ အခြေစိုက် ရုပ်သံ မီဒီယာ တစ်ခု အတွက် အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်မည်ဟု သိရသည်။ ဖာဒီနန်သည် အင်္ဂလန် အသင်း၏ သောကြာနေ့ ပွဲစဉ်ဖြစ်သည့် ဆန်မာရီနိုနှင့် အဝေးကွင်းပွဲ အတွက် တိုက်ရိုက် ထုတ်လွှင်မှုတွင် ပါဝင်ကူညီ ဆောင်ရွက်ရန် အတွက် ကာတာသို့ ထွက်ခွာမည် ဖြစ်ပြီး ယင်းအတွက် ကာတာ အခြေစိုက် အယ်ဂျီဇီးယား ရုပ်သံနှင့် သဘောတူညီမှု ရရှိခြင်း ဖြစ်သည်။ ယင်းကြောင့် ဖာဒီနန်သည် အယ်ဂျာဇီးယား ရုံးစိုက်ရာ ကာတာသို့ ၁၅ နာရီကြာ လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး ယင်း အစီအစဉ်သည် သူ၏ နောက်ကျော ဒဏ်ရာအတွက် အနည်းငယ် အခက်တွေ့စေပြီး ယင်းကြောင့်ပင် ဆေးကုသမှု ခံယူရန် အင်္ဂလန် အသင်း လူစာရင်းမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ အယ်ဂျာဇီးယား ရုပ်သံအတွက် ဖာဒီနန်သည် အင်္ဂလန် အသင်း၏ ဆန်မာရီနိုအသင်းနှင့် ပွဲစဉ်တစ်ခုကိုသာ တာဝန်ယူထားပြီး အင်္ဂါနေ့ မွန်တီနီဂရိုးနှင့် အဝေးကွင်း ပွဲစဉ် မပါဝင်ပေ။

အယ်ဂျာဇီးယား အားကစား ရုပ်သံလိုင်းမှ အကြီးအကဲဖြစ်သူ ဒွန်ကင်ဝေါကင်ဆောလ်က မိမိတို့ အနေဖြင့် ယခုကိစ္စအတွက် ဖာဒီနန်နှင့် လွန်ခဲ့သော ၂ နှစ်ခွဲခန့် ကတည်းက အချိန်ယူကာ ဆွေးနွေးခဲ့ပြီး ယခုတွင် အဆင်ပြေသွားပြီ ဖြစ်ကြောင်း၊ ယခုလို အာရပ်အခြေစိုက် ရုပ်သံလိုင်းများတွင် နာမည်ကြီး ရုပ်သံတင်ဆက် သူများပါဝင်ခြင်းမှာ အလွန် အောင်မြင်ပြီး ပရိသတ် အားပေးလက်ခံမှု ပိုများကာ နာမည်ကြီးကြောင်း၊ ယခုကိစ္စမှာ မန်ယူအသင်းနှင့် ဖာဒီနန်၏ ကြံ့ခိုင်ရေး အစီအစဉ်တွင် မူတည်ကြောင်း သို့သော် မန်ယူအသင်း အနေဖြင့် ဒီကို ဇန်န၀ါရီလက လာခဲ့ပြီး ပူပြင်းသော ရာသီမှာ လေ့ကျင့်ခန်း ပြုလုပ်ခဲ့ဖူး၍ ပြဿနာ မရှိနိုင်ကြောင်း ဆိုသည်။

0 comments:

Post a Comment