ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

8.3.14

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

8.3.2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌစောမူတူးဆေးဖိုး ခေါင်းဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံသည်။

ပြည့်တန်ဆာတွေအတွက် ပြစ်ဒဏ်ကြီးကြီးလာတော့မည်

8-3-2014

အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့် မိန်းကလေးများအား အရောင်းအဝယ် ပြုလုပ်ခြင်းကို နှိပ်ကွပ်ရန် အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံး အားလုံးသို့ ညွှန်ကြားချက် ပေးပို့ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

အစိုးရနှင့် လွှတ်တော် ပွတ်တိုက်မှုများ ဖြစ်နေခြင်းသည် စနစ်ကြောင့်ဖြစ်သည်ဟု သူရဦးရွှေမန်း ပြောကြား

အစိုးရနှင့် လွှတ်တော်ပွတ်တိုက်မှုများ ဖြစ်နေခြင်းသည် စနစ်ကြောင့်ဖြစ်သည်ဟု  ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မတ် ၆ ရက်တွင် လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အမေရိကန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဖြစ်သည့် ကွန်ဂရက်တို့အကြားအခြေအနေ၊ အင်္ဂလန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဖြစ် သည့် ပါလီမန်တို့အကြား အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ဥပဒေပြုရေးဖြစ်သော လွှတ်တော်သည် အင်္ဂလန်နိုင်ငံ၏ ပါလီမန်နှင့် အလားသဏ္ဌာန် တူကြောင်း နှိုင်းယှဉ်ပြောကြားသည်။

အမေရိကန်နိုင်ငံတွင် သမ္မတအနေဖြင့် ဥပဒေပြဋ္ဌာန်းချင်ပါက လွှတ်တော်ကိုယ်စားလှယ်ထံ ချဉ်းကပ်၍ ဥပဒေပြုပေးရန် တောင်းဆိုရကြောင်း၊ အစိုးရအဖွဲ့သည် ဥပဒေပြုရာ၌ လုံးဝမပါဝင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များကသာ ဥပဒေပြုရကြောင်း၊ သို့ဖြစ်၍ အမေရိကန်နိုင်ငံသည် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအကြား သီးသီးသန့်သန့် ပိုင်းပိုင်းခြားခြား ကျင့်သုံးကာ ကိုယ့်အလုပ် ကိုယ်လုပ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ရှင်းလင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ အုပ်ချုပ်ရေး အဖွဲ့ဖြစ်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများခန့်ထားရာတွင် အမေရိကန်နိုင်ငံကဲ့သို့ သမ္မတက ရွေးချယ်ခန့်ထားခြင်းဖြစ်ပြီး ဥပဒေပြုရာတွင်မူ အင်္ဂလန်နိုင်ငံကဲ့သို့ ဖြစ်နေကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

"တကယ်လို့သာ ခုနကအမေရိကန်ပုံစံမျိုး တစ်ခါတည်းချထားမယ်ဆိုရင် ဘာမှပြဿနာ မရှိဘူး။ လွှတ်တော်က လွှတ်တော် အလုပ်လုပ်မယ်။ ဥပဒေပြုမယ်။ သူတို့ကလည်း  အုပ်ချုပ်ရေးလုပ်မယ်။ ဥပဒေပြုလည်း မလာနဲ့။ ဒါကြောင့် ဒီပေါ်မူတည်ပြီးတော့ တချို့ကိစ္စတွေမှာ ပွတ်တိုက်မှုတွေ များနေတာ" ဟု သူရဦးရွှေမန်းက ပြောကြားသည်။
အစိုးရနှင့် လွှတ်တော်ပွတ်တိုက်မှုများ ဖြစ်နေခြင်းသည် စနစ်ကြောင့်ဖြစ်သည်ဟု  ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မတ် ၆ ရက်တွင် လွှတ်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အမေရိကန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဖြစ်သည့် ကွန်ဂရက်တို့အကြား အခြေအနေ၊ အင်္ဂလန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဖြစ်သည့် ပါလီမန်တို့အကြား အခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ဥပဒေပြုရေးဖြစ်သော လွှတ်တော်သည် အင်္ဂလန်နိုင်ငံ၏ ပါလီမန်နှင့် အလားသဏ္ဌာန်တူကြောင်း နှိုင်းယှဉ်ပြောကြားသည်။

- See more at: http://www.news-eleven.com/politic/%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%95%E1%80%BC%E1%80%90%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9-%E1%80%85%E1%80%94%E1%80%85%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%9F%E1%80%AF-%E1%80%9E%E1%80%B0%E1%80%9B%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%80%99%E1%80%94%E1%80%B9%E1%80%B8#sthash.iIg0JAQ3.dpuf

ဘီလီလျံနာ Sir James Dyson တီထွင်လိုက်တဲ့ အသံတိတ် ဒလက်မဲ့ ပန်ကာ

တီထွင်ဖန်တီးသူ ဘီလီလျံနာ Sir James Dyson ဟာ ဒလက်မဲ့ ပန်ကာ တစ်မျိုး တီထွင်လိုက်ပါတယ်။

ခြင်တွေ တ၀ီဝီပြန်နေသလိုမျိုး ဆူညံသံတွေနဲ့ ဒလက်ပါ ပန်ကာပုံစံက ခွဲထွက်ပြီး အသံတိတ် ဒလက်မဲ့ ပန်ကာကို တီထွင်နိုင်ဖို့အတွက် အင်ဂျင်နီယာ ၆၅ယောက်နဲ့အတူ စတာလင်ပေါင် သန်း ၄၀ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။

၂နာရီကြာ ပျောက်နေခဲ့တဲ့ မလေးလေယာဉ်တစ်စီး ပယ်လယ်ထဲပျက်ကျခဲ့ပြီလို့ ရေတပ်က အတည်ပြု

ကွာလာလမ်ပူ ကနေ ပေကျင်းကို ထွက်ခွာခဲ့တဲ့ လူ၂၃၉ဦးပါ မလေးလေယာဉ် တစ်စီးဟာ မတ်လ ၈ရက်နေ့ စနေနေ့ နံနက်အစောပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ဒေသစံတော်ချိန် နံနက် ၂နာရီ ၄၀မိနစ်မှာ ၂နာရီကြာအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပေကျင်းကို ဒေသစံတော်ချိန် နံနက် ၆နာရီခွဲမှာ ဆိုက်ရောက်ရမဲ့ လေယာဉ်ပါ။

တောင်ကိုရီးယား နိုင်ငံသည် ၂ဝ၂၂ ခုနှစ်တွင် စစ်ဘက်ရှိ အမြဲတမ်း တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချရန် စီစဉ် လျက်ရှိ

တောင်ကိုရီးယား နိုင်ငံသည် ၂ဝ၂၂ ခုနှစ်တွင် ၎င်း၏စစ်ဘက်ရှိ အမြဲတမ်းတပ်ဖွဲ့ဝင် အရေအတွက်ကို လက်ရှိ ၆၄ဝ,ဝဝဝ မှ ၅၂၂,ဝဝဝ သို့လျှော့ချရန် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အသွေးရှိသည့်

YouTube နှင့် Facebook ကိုပိတ်မည်ဟု တူရကီဝန်ကြီးချုပ် သတိပေး

8-3-2014
ဥရောပသမဂ္ဂသို့ ဝင်ခွင့်ရရန် ညှိနှိုင်းလျက်ရှိသော တူရကီနိုင်ငံတွင် ဝန်ကြီးချုပ် ရီဆက်ပ်တေရစ်အာဒိုဂန်က ၎င်း၏ အစိုးရသည် YouTube နှင့် Facebook ကဲ့သို့ လူသုံးများသည့် လူမှုကွန်ရက် မီဒီယာများကို ပိတ်ပစ် လိုက်နိုင်သည်ဟု သတိပေးခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

မေးခွန်းကို တိုက်ရိုက် ဖြေဆိုရန် အစိုးရအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌ ပြော

8-3-2014

လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို သွယ်ဝိုက်ခြင်း မရှိဘဲ မေးခွန်းအတွက် အဖြေကိုသာ တိုက်ရိုက်ဖြေဆိုရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သမ္မတရုံး အမှတ်(၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို ပြောကြားသည်။

ခရီးသည် ၂၀၀ ကျော်တင်ဆောင်လာသော MH370 မလေးရှားလေကြောင်းလိုင်းနှင့် အဆက်အသွယ် ပြတ်တောက်

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းသော ခရီးသည် ၂၃၉ဦးပါ မလေးရှာလေကြောင်းလိုင်း လေယာဉ်အမှတ် MH370၊ ဘိုးရင်း ၇၇၇ ပြတ်တောက်ပြီး ပျောက်ဆုံးလျှက်ရှိကြောင်း မလေးရှားလေကြောင်းလိုင်းထံမှ သိရသည်။

မော်တော်ယာဉ်များမှ နောက်မီးခွက်(၉)စုံနှင့် နောက်ရေသုတ်တံ (၅၂)ချောင်းတို့အား ဖြုတ်ကာခိုးယူခဲ့ကြသူ (၂)ဦးကို စစ်ဆေးဖော်ထုတ်အရေးယူ

8-3-2014

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရန်ကင်းမြို့မရဲစခန်းတွင် (ပ)၃၅/၂၀၁၄၊
ပုဒ်မ ၃၇၉/၅၄ အမှုဖြင့်အရေးယူထားသည့် ရွှေပြည်သာမြို့နယ်၊
(တ/၁၅)ရပ်ကွက်နေသူများဖြစ်ကြသော ဝေလင်းထွန်း(ဘ)ဦးကိုကိုနှင့် မင်းမောင်မောင်ဝင့်(ဘ)ဦးကိုကိုတို့(၂)ဦးအား ၃.၃.၂၀၁၄ ရက်နေ့တွင် အခြားခိုးမှုများကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

အမေရိကန်အရာရှိ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

8-3-2014

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံရေးဌာန အကြီးအကဲ Ms. Wendy Sherman ဟာ ရန်ကုန်နဲ့ နေပြည်တော်ကို မတ်လ ၆ ရက်နဲ့  ၇ ရက်နေ့မှာ သွားရောက်ခဲ့ပြီး၊ အစိုးရအရာရှိတွေရော၊ အတိုက်အခံအဖွဲ့ ခေါင်းဆောင်တွေကိုပါ တွေ့ဆုံခဲ့တယ်လို့  ရန်ကုန်မြို့  အမေရိကန်သံရုံးက မနေ့ ကထုတ်ပြန်ကြေညာလိုက်ပါတယ်။

သပိတ်စခန်း ဖွင့်လှစ်ခဲ့သည့် မိုးထိမိုးမိ ရွှေလုပ်သားများအား မိသားစုတစ်စုလျှင် ကျပ်ငါးသိန်းဖြင့် ညှိနှိုင်းခဲ့ပြီး လက်မခံသူ ၁၆ ဦးကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူ

8-3-2014

ရမည်းသင်းမြို့ ရွှေမြင်တင် တောင်ခြေရှိ ဇရပ်များတွင် သပိတ်စခန်းဖွင့်လှစ် နေထိုင်သည့် မိုးထိမိုးမိ ရွှေလုပ်သားများအား မိသားစုတစ်စုလျှင် ငွေကျပ်ငါးသိန်းဖြင့် ညှိနှိုင်းခဲ့ပြီး လက်မခံသူ ၁၆ ဦးအား ပုဒ်မ ၁၄၃၊ ၁၄၇၊ ၅၀၅(ခ)တို့ဖြင့် မတ် ၄ ရက်က ရမည်းသင်းမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မျိုးစောင့်ဥပဒေ လေးခုအနက် နှစ်ခုကို အုပ်ချုပ်ရေးမဏ္ဍိုင်က ရေးဆွဲမည်ဖြစ်ပြီး ကျန်ဥပဒေ နှစ်ခုအတွက် လွှတ်တော်က တရားစီရင်ရေးမဏ္ဍိုင်နှင့် တိုက်ရိုက်လုပ်ရမည့် ကိစ္စဖြစ်သည်ဟု သမ္မတက လွှတ်တော်သို့ အကြောင်းပြန်

8-3-2014

မျိုးစောင့်ဥပဒေ လေးခုအနက် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို အုပ်ချုပ်ရေးအဖွဲ့က ရေးဆွဲမည်ဖြစ်ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဆက်နွှယ်သက်ဆိုင်သဖြင့် ယင်းက တာဝန်ယူရေးဆွဲရန် ဖြစ်ပါက ပြည်ထောင်စု လွှတ်တော်က တိုက်ရိုက်ဆက်သွယ်ရမည့် ကိစ္စဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ မတ် ၆ ရက် ရက်စွဲဖြင့် အကြောင်းပြန်စာ ပေးပို့ထားကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း (၁၄) ကြိမ်မြောက်အဖြစ် တိုက်ကြီးမြို့တွင် အင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်

8-3-2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၄ ကြိမ်မြောက်အဖြစ် တိုက်ကြီးမြို့တွင် အင်အား ၅၀၀ ကျော်ဖြင့် မတ် ၇ ရက် နံနက် ၉ နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချရေး စီမံကိန်း ကန်ဒေါ်လာ ၂၁၄ သန်းကျော် ကုန်ကျမည်

8-3-2014

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (JICA) နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေသည့် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၂၁၄ သန်းကျော် ကုန်ကျမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

မန်စီနှင့် မန်ကပ်သစ်တောကြိုးဝိုင်း အတွင်းရှိ အဖိုးတန်ရှားပါး တမလန်းသစ်များကို တရားမ၀င် ထုတ်ယူနေပြီး မှောင်ခိုလမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်း အင်းတော်ဘက်မှ တရုတ်နိုင်ငံ ရွှေလီသို့ ခိုးထုတ်နေ

8-3-2014

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းရှိ မန်စီနှင့် မန်ကပ်သစ်တော ကြိုးဝိုင်းအတွင်းရှိ အဖိုးတန်ရှားပါးသော တမလန်း သစ်များကို နိုင်ငံတော်က တားမြစ်ပိတ်ပင် ထားသော်လည်း တရားမ၀င် ထုတ်ယူနေပြီး မှောင်ခိုလမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်း အင်းတော်ဘက်မှ တရုတ်နိုင်ငံရွှေလီသို့ ခိုးထုတ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဘာသာရေးနဲ့ လူဦးရေထိန်းချုပ်မှု ဥပဒေပြဌန်းရေး ကော်မရှင်ဖွဲ့

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို သမ္မတ ဦးသိန်းစိန်က မနေ့က မတ်လ ၇ ရက်နေ့စွဲနဲ့ ဖွဲ့ စည်းလိုက်ပါတယ်။

မိုးထိမိုးမိ မိသားစု ၁၆ ဦး ဖမ်းဆီးခံနေရဆဲ

မတ်လ ၄ ရက်နေ့က ရွှေမြင်တင်ဘုရားစောင်းတန်းကနေ အဖမ်းခံလိုက်ရတဲ့ ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေလုပ်သားနဲ့ မိသားစုဝင်အယောက် ၄၀ ကျော်မှာ ၁၆ ယောက်က ရမည်းသင်းထောင်မှာ ကျန်ရှိနေသေးပြီး၊ ကျန်တဲ့သူတွေကိုတော့ လူကြီးတစ်ယောက် ၅ သိန်း၊ ကလေးတစ်ယောက် ၅ သောင်းနှုန်း ကုမ္ပဏီကပေးပြီး သူတို့ဇာတိဒေသတွေဆီ အာဏာပိုင်တွေက ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။

စာနယ်ဇင်းညီလာခံမှာ ဒေါ်စု မိန့်ခွန်းပြောမယ်

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံရေးဌာန အကြီးအကဲ Ms. Wendy Sherman ဟာ ရန်ကုန်နဲ့ နေပြည်တော်ကို မတ်လ ၆ ရက်နဲ့  ၇ ရက်နေ့မှာ သွားရောက်ခဲ့ပြီး၊ အစိုးရအရာရှိတွေရော၊ အတိုက်အခံအဖွဲ့ ခေါင်းဆောင်တွေကိုပါ တွေ့ဆုံခဲ့တယ်လို့  ရန်ကုန်မြို့  အမေရိကန်သံရုံးက မနေ့ ကထုတ်ပြန်ကြေညာလိုက်ပါတယ်။

ခရိုင်းမီးယားကို ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒခံယူပွဲအား "ယဉ်ကျေးသောကမ္ဘာရှိ မည်သူကမျှ" ထောက်ခံမည် မဟုတ်ဟု ယူကရိန်း သတိပေး

8-3-2014

ခရိုင်းမီးယားကို ရုရှားနှင့်ပူးပေါင်းရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရန် ခရိုင်းမီးယားပါလီမန်က ဆုံးဖြတ်ခဲ့သောကြောင့် ယူကရိန်းသည် ပြိုကွဲရမည့် အရေးနှင့် ရင်ဆိုင်နေရပြီး စစ်အေးကာလ စတင်ပြီးသည့် နောက်ပိုင်း အရှေ့နှင့်အနောက်အဆိုးဆုံးလုံ ခြုံရေးဆိုင်ရာ ပဋိပက္ခကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ ယင်းဆန္ဒခံယူပွဲကို "ယဉ်ကျေးသော ကမ္ဘာရှိ မည်သူကမျှ" အသိအမှတ်ပြု ထောက်ခံလိမ့်မည် မဟုတ်ဟု ယူကရိန်းကြားဖြတ် ၀န်ကြီးချုပ် အာဆင်နီယတ် ဆင်ယက်က သတိပေးခဲ့သည်။ ယူကရိန်းကသာ ယင်းကဲ့သို့ပြုလုပ်ရန် ဆုံးဖြတ်ခြင်းမရှိပါက ခရိုင်းမီးယား အနာဂတ်အတွက် ပြည်သူ့ဆန္ဒခံယူပွဲ မလိုအပ်ကြောင်း ယူကရိန်းအတိုက် အခံခေါင်းဆောင်ဗစ်တာလီ ကလစ်ရှ်ကိုနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လွန်ကမတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှား တော မီး ကြောင့် မီးခိုးမြူ ဖုံးလွှမ်း

၈.၃.၂၀၁၄၊ စနေနေ့

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အရှေ့ဘက်ကမ်းရိုးတန်း မှာရှိတဲ့ Riau ပြည်နယ်အတွင်းက သစ်တောနဲ့ စိုက်ခင်းတွေမှာ လောင်ကျွမ်းနေ တဲ့ တောမီးဟာ ပြီးခဲ့တဲ့ သီတင်းပါတ်ကစပြီး အခုထိ ဆက်လက်လောင်ကျွမ်းနေ ဆဲဖြစ်တာမို့ ပြည်နယ် တာဝန်ရှိသူတွေက အရေးပေါ်အခြေအနေ ကြေညာပြီး မီးငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

Muslim Brotherhood ကို အကြမ်းဖက် အဖွဲ့ အဖြစ် ဆော်ဒီ ကြေညာ

၈.၃.၂၀၁၄၊ စနေနေ့

မူစလင်ညီအကိုတော်များအဖွဲ့ကို အကြမ်းဖက် အဖွဲ့တခုအဖြစ် ဆော်ဒီ အာရေဗျ အစိုးရက တရားဝင်သတ်မှတ်လိုက်ပါတယ်။ ဒီလို သတ်မှတ်ကြောင်း ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုးကားပြီး အစိုးရပိုင် ရုပ်သံက ကြေညာခဲ့တာဖြစ်ပါတယ်။

ညီညွတ်ရေး အတွက် ရခိုင်ပါတီနှစ်ခုပေါင်း ဖွဲ့စည်း

၈.၃.၂၀၁၄၊ စနေနေ့

တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့ကို ဖျက်သိမ်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် တရားဝင် တည်ထောင်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ခွင့်ပြုလိုက်ပါတယ်။ ရခိုင်ပါတီ၂ ဖွဲ့ ပေါင်းစပ်ထားတဲ့ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း လာရေး အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးထားပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ မြန်မာနိုင်ငံ အနှံ့တွင်ပြုလုပ်မည်

၈.၃.၂၀၁၄၊ စနေနေ့

မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို တိုင်းနယ်ပြည်နယ် များတွင် တပြိုင်တည်းပြုလုပ်သွားမယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့ အမျိုးသမီး ကွန်ရက် အဖွဲ့ တွေ့ကပြောပါတယ်။

Photo: ကမ္ဘာကြီး ပူနွေးမှုကြောင့် ငှက်ဖျားရောဂါ အဖြစ်တိုးနိုင် ၈.၃.၂၀၁၄၊ စနေနေ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ငှက်ဖျားရောဂါ ဖြစ်လေ့ဖြစ်ထမရှိတဲ့ဒေသတွေ၊ နေရာတွေ အထိကို အသက်ဆုံးရှုံးနိုင်တဲ့ ဒီရောဂါဟာ ပျံနှံ့ရောက်ရှိနိုင် တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သုတေသီတွေက ခန့်မှန်းလိုက်ပါတယ်၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် ငှက်ဖျားရောဂါရဲ့ သက်ရောက်မှုတွေကို အငြင်းပွားစရာ မရှိလောက်အောင် အထောက်အထားတွေ တွေ့ရှိခဲ့ရတယ် လို့ နောက်ဆုံးထုတ် Science ဆေးသိပ္ပံဂျာနယ်ထဲမှာ သိပ္ပံပညာရှင်တွေက ရေးသားခဲ့ပါတယ်။ ကိုလံဘီယာနဲ့ အီသီယိုပီးယားနိုင်ငံတွေက ဥပမာပေးထားတာမှာ အဲဒီနိုင်ငံတွေမှာ ရာသီဥတု ပိုပြီး ပူနွေးတဲ့နှစ်တွေမှာ အေးတဲ့နှစ်တွေ ထက်ကို ငှက်ဖျားရောဂါ ပိုပြီးဖြစ်ပွားကြတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်၊ တကယ်လို့သာ ကမ္ဘာကြီး ဆက်ပြီး ပူနွေးနေမယ်ဆိုရင် အပူပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့လူတွေအနေနဲ့ ကြိုတင်ကာကွယ်မှု မရှိဘူးဆိုရင် ငှက်ဖျားရောဂါ ပိုပြီး ဖြစ်ပွားနိုင်ခြေများတယ်လို့ ပညာရှင်တွေက ခန့်မှန်းပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ငှက်ဖျားရောဂါကြောင့် တနှစ်ကို သေဆုံးသူ ၆ သိန်းကျော်ရှိပြီး အများဆုံးက အာဖရိကတိုက်မှာ ဖြစ်ပါတယ်၊ အဓိက ခြင်ကြောင့် ငှက်ဖျားရောဂါ ပျံ့နှံ့ဖြစ်ပွားတာဖြစ်လို့ ခြင်ဆေး၊ ခြင်ထောင်အပြင် ဆေးဝါးတွေနဲ့ ရောဂါကို ကြိုတင်ကာကွယ်နိုင်ကြပါတယ်။ VOA ကမ္ဘာကြီး ပူနွေးမှုကြောင့် ငှက်ဖျားရောဂါ အဖြစ်တိုးနိုင်

၈.၃.၂၀၁၄၊ စနေနေ့

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ငှက်ဖျားရောဂါ ဖြစ်လေ့ဖြစ်ထမရှိတဲ့ဒေသတွေ၊
နေရာတွေ အထိကို အသက်ဆုံးရှုံးနိုင်တဲ့ ဒီရောဂါဟာ
ပျံနှံ့ရောက်ရှိနိုင် တယ်လို့ ဗြိတိန်နဲ့ အမေရိကန် သုတေသီတွေက
ခန့်မှန်းလိုက်ပါတယ်၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် ငှက်ဖျားရောဂါရဲ့
သက်ရောက်မှုတွေကို အငြင်းပွားစရာ မရှိလောက်အောင် အထောက်အထားတွေ တွေ့ရှိခဲ့ရတယ် လို့ နောက်ဆုံးထုတ် Science ဆေးသိပ္ပံဂျာနယ်ထဲမှာ သိပ္ပံပညာရှင်တွေက ရေးသားခဲ့ပါတယ်။

ကူမင်း အကြမ်းဖက်မှုကြောင့် နယ်စပ်မှ ဆန်တင်ပို့ရန် ခက်ခဲ

8-3-2014

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် မြန်မာ-တရုတ် နယ်စပ် မူဆယ်မှ တစ်ဆင့် ဆန်တင်ပို့ရာတွင် အစစ်အဆေး များပြားနေပြီး တင်ပို့ရ ခက်ခဲနေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။

ဆိုချီ မသန်စွမ်း အိုလံပစ် ယူကရိန်း ဝင်ပြိုင်မယ်

၈.၃.၂၀၁၄၊ စနေနေ့

ယူကရိန်း မသန်စွမ်း အိုလံပစ် အားကစား သမားတွေဟာ ဒီကနေ့ ဖွင့်လှစ်မယ့် ဆိုချီ ဆောင်းရာသီ မသန်စွမ်း အိုလံပစ်မှာ ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နှစ်ဖက်တပ်တွေ ထိပ်တိုက် ဖြစ်ရာက အဆုံးသတ်

၈.၃.၂၀၁၄၊ စနေနေ့

ခရိုင်းမီးယားက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Sevastopol က စစ်စခန်းတခုရှေ့မှာ ရုရှားတွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေနဲ့ ယူကရိန်း စစ်သားတွေ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်နေရာက နောက်ဆုံးတော့ အပစ်အခတ် မရှိဘဲ အဆုံးသတ်သွားခဲ့ပါတယ်။

တပ်အကြီးကဲဟောင်းကို တူရကီ တရားရုံးက ပြန်လွှတ်

၈.၃.၂၀၁၄၊ စနေနေ့

တူရကီမှာ မနှစ်တုန်းက အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုပြီး ထောင်တသက် ပြစ်ဒဏ်ပေးခံထားရတဲ့ စစ်တပ် အကြီးအကဲဟောင်း Ilker Basbug ကို တရားရုံး အမိန့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီလို ပြန်လွှတ်ပေးတဲ့ အပေါ် မစ္စတာ ဘက်ရှ်ဘူ ရဲ့ ရှေ့နေက ကြိုဆိုလိုက်ပါတယ်။

ရိုဟင်ဂျာအရေး ဘန်ကောက်မှာ ဆွေးနွေး

၈.၃.၂၀၁၄၊ စနေနေ့

ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာများဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကျူလာလောင်ကောင်း တက္ကသိုလ်မှာ ဆွေးနွေးပွဲတရပ် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

အားကျအတုယူစေသူ (7Day News Hero)

---------------------------------------------------
အောင်ငြိမ်းဦး (မသန်စွမ်းရေကူးအားကစားသမား)

မိဘမဲ့ကလေးငယ်တစ်ဦး၊ လေလွင့်ကလေးငယ်တစ်ယောက်၊ စိတ်ဓာတ် ကျဆင်းနေသော လက်နှစ်ဖက်မဲ့ ဒုက္ခသည်တစ်ဦးအဖြစ်မှ နိုင်ငံ့ဂုဏ် ဆောင် အားကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ခဲ့သူတစ်ဦးရှိသည်။