8.3.14

ခရိုင်းမီးယားကို ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒခံယူပွဲအား "ယဉ်ကျေးသောကမ္ဘာရှိ မည်သူကမျှ" ထောက်ခံမည် မဟုတ်ဟု ယူကရိန်း သတိပေး


8-3-2014

ခရိုင်းမီးယားကို ရုရှားနှင့်ပူးပေါင်းရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရန် ခရိုင်းမီးယားပါလီမန်က ဆုံးဖြတ်ခဲ့သောကြောင့် ယူကရိန်းသည် ပြိုကွဲရမည့် အရေးနှင့် ရင်ဆိုင်နေရပြီး စစ်အေးကာလ စတင်ပြီးသည့် နောက်ပိုင်း အရှေ့နှင့်အနောက်အဆိုးဆုံးလုံ ခြုံရေးဆိုင်ရာ ပဋိပက္ခကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ ယင်းဆန္ဒခံယူပွဲကို "ယဉ်ကျေးသော ကမ္ဘာရှိ မည်သူကမျှ" အသိအမှတ်ပြု ထောက်ခံလိမ့်မည် မဟုတ်ဟု ယူကရိန်းကြားဖြတ် ၀န်ကြီးချုပ် အာဆင်နီယတ် ဆင်ယက်က သတိပေးခဲ့သည်။ ယူကရိန်းကသာ ယင်းကဲ့သို့ပြုလုပ်ရန် ဆုံးဖြတ်ခြင်းမရှိပါက ခရိုင်းမီးယား အနာဂတ်အတွက် ပြည်သူ့ဆန္ဒခံယူပွဲ မလိုအပ်ကြောင်း ယူကရိန်းအတိုက် အခံခေါင်းဆောင်ဗစ်တာလီ ကလစ်ရှ်ကိုနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လွန်ကမတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

သြဇာကြီး ရုရှားပါလီမန်ဥက္ကဋ္ဌက ရုရှားသည် ခရိုင်းမီးယား၏ သမိုင်းဝင်ရွေးချယ် မှုကို လေးစားလိုက်နာရန် ရည်ရွယ်ထား ကြောင်း မတ် ၇ ရက်က ပြောကြားခဲ့သည်။ အနောက်တိုင်းက ကျောထောက်နောက်ခံ ပြုပေးထားသောယူကရိန်းယာယီခေါင်းဆောင် များနှင့် အမေရိကန်သမ္မတဘာရက်အိုဘား မားတို့ကမူ ခရိုင်းမီးယား၏ ဆုံးဖြတ်ချက်ကို တရားမ၀င်ဟုဆိုကာ ပယ်ချခဲ့သည်။ "ဒီနိုင်ငံတကာဥပဒေ ချိုးဖောက်မှုက ဆက်ဖြစ်နေမယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေအပြင် နိုင်ငံတကာအသိုင်းအ၀န်းက ဖြေရှင်းရေးအတွက် ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်ရမှာပဲ" ဟု အိုဘားမားက ပြောကြားခဲ့သည်။ အိုဘားမားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ ဖုန်းဆက်ခဲ့ပြီး တစ်နာရီကြာ စကားပြောဆိုခဲ့ရာတွင် ရုရှား၏ လုပ်ရပ်များသည် ယူကရိန်း၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ဒေသဆိုင်ရာညီညွတ်မှုကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်-ရုရှား ဆက်ဆံရေးသည် တစ်ခုတည်းသော ကိစ္စအပေါ် သဘောမတူညီမှုကြောင့် စတေးခံရသည့် အဖြစ်မျိုး မဖြစ်သင့်ဟု ရုရှားအစိုးရကလည်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်ရန် ခရိုင်းမီးယားပါလီမန်ရှိ ရုရှားလိုလားသော အမတ်များက ပူတင်ထံ တောင်းဆိုခဲ့ပြီး ရုရှားနှင့်ပူးပေါင်းရေး ပြည် သူ့ဆန္ဒခံယူပွဲကို မတ် ၁၆ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပင် လယ်နက်ရှိ မဟာဗျူဟာအရ အရေးပါသော ခရိုင်းမီးယား ကျွန်းဆွယ်တွင် ရုရှားကဆက် လက်တပ်စွဲထားဆဲဖြစ်သည်။ ခရိုင်းမီးယား၌ နေထိုင်သူများသည် ယင်းဒေသကို ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပေးခဲ့သည့် ၁၉၉၂ ခုနှစ် အခြေခံဥပဒေသို့ ပြန်သွားရန်လိုလားခြင်း ရှိ၊ မရှိ ကိစ္စအတွက်လည်း ပြည်သူ့ဆန္ဒ ခံယူပွဲကို မတ် ၃၀ ရက်တွင် ပြုလုပ်ရန်စီစဉ် ထားသည်ဟု ဆိုသည်။

ဥရောပသမဂ္ဂက ရုရှားအပေါ် တင်းကျပ်သော ပိတ်ဆို့မှုများပြုလုပ်မည်ဟု ပြောကြားခဲ့ပြီး ယူကရိန်းသမ္မတ ရွေးကောက်ပွဲ ကျင်းပမည့် မေ ၂၅ ရက်မတိုင်မီ ယူ ကရိန်းအစိုးရနှင့် သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးသွားမည် ဟုလည်း ကတိပြုခဲ့သည်။

(မတ် ၆ ရက်က ယူကရိန်းအရှေ့ပိုင်း ကာကစ်မြို့တွင် ယူကရိန်းဆန္ဒပြတစ်ဦးက စာတန်းပိုစတာတစ်ခုကို ကိုင်ဆောင်ထားစဉ် (Photo:AFP))

Eleven Media Group

0 comments:

Post a Comment