ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

16.6.13

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

“အရင်ကတော့ ကျွန်တော်တို့ ရဲနဲ့ တရားသူကြီးတွေကို ယုံကြည်လို့ရတယ် ထင်ခဲ့တာ အခုတော့ မရတော့ ဘူး။ သူတို့ပြောင်းလိုက်တဲ့ ပုဒ်မက ဒဏ်ငွေလောက်နဲ့ ပြီးသွားနိုင်တယ်။ အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ယင်းအမှုသည် ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် အဆိုတော် SZ(ခ)ရွှေဇံမျိုးဟိန်း၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေအပါအဝင် ၇ဦးအား ပုဒ်မ (၂၉၄/၃၂၅/၁၁၄)တို့ဖြင့် တရားစွဲဆိုခဲ့ရာ ရုံးချိန်း (၃၁)ကြိမ် သွားရောက်ခဲ့သည့်အပေါ်တွင် တရားပြိုင်များအနေဖြင့် ရုံးချိန်း(၂၀)ခန့် ပျက်ကွက်ခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် ရုံးနှင့် အလွန်ရင်းနှီးမှုရှိနေပြီး တရားဥပဒေရ တရားရင်ဆိုင်နေသူများသည် နိုင်ငံခြားသို့ သွားရောက် နေမှုများကို တရားရုံးမှ ခွင့်ပြုထားသည့်အပြင် ယခုလ ၁၁ ၇က်နေ့တွင် တရားရုံးမှ ပုဒ်မပြောင်းလဲ စွဲဆိုလိုက်သဖြင့် ကျေနပ်မှုမရှိကြောင်း ဆက်လက် ပြောကြားသည်။

“ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း လာခေါ်တယ်။ စကားပြောချင်လို့ဆိုပြီး နောက်တော့ ကျွန်တော်ကို ဝိုင်းရိုက်တာပဲ။ အရင်ဆုံး SZက အုတ်ခဲ့နဲ့ ရိုက်လိုက်တယ်။ ဂျောက်ဂျက်က တုတ်နဲ့ ပြီးတော့ ကျော်ထွဋ်ဆွေကတော့ ဘေးမှာရပ်ကြည်နေတယ်”ဟု အရိုက်ခံရသူ ညိုဝင်းထွန်းက ပြောကြား သည်။ ပန်းပဲတန်းရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စပြီးစွဲတုန်းကတော့ ၂၉၄/၃၂၅/၁၁၄နဲ့ သာမန် ဒဏ်ရာဖြစ်နေလို့ ၃၂၅ ကနေ ၃၂၃ ပြောင်သွား တာဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။

ပိုင်လေး

အာဖဂန်တပ်များ နိုင်ငံတဝှမ်းလုံခြုံရေးကို လွှဲပြောင်းယူတော့မည်

အာဖဂန်လုံခြုံရေးတပ်များသည် ၁၂ နှစ်ကြာတိုက်ခိုက်မှုအပြီး နေတိုးတပ်ဖွဲ့ ဦးဆောင်သည့် တိုက်ခိုက် မှုလျှော့ချခြင်း အဓိကမိုင်တိုင် တစ်ခု အဖြစ် နိုင်ငံတဝှမ်းလုံခြုံရေးကို တာဝန်လွှဲပြောင်းယူတော့ မည်ဖြစ်ကြောင်း အစိုးရပိုင်းက ပြောကြားသည်။

နေတိုးတပ်ဖွဲ့မှ အာဖဂန်လုံခြုံရေးတပ်များသို့ တာဝန်လွှဲပြောင်းပေးမည့် နောက်ဆုံးခရိုင် ၉၅ခုတွင် တောင် ပိုင်းရှိ အလွန်ဆူပူသည့် နယ်မြေများင့် ၂၀၀၁ခုနှစ်ကစတင်၍ အမေရိကန်နောက်ခံပြုအစိုးရတပ်များနှင့် တာလီဘန်တို့တိုက်ခိုက်ကြသည့် အာဖဂန်အရှေ့ပိုင်းတို့ ပါဝင်သည်။ အမည်မဖော်သော နေတိုးတပ်ဖွဲ့နှင့် အာဖရန်အစိုးရတို့က သမ္မတဟာမစ်ကာဇိုင်းသည် နှစ်ရက်အတွင်းပြုလုပ်မည့် အာဖဂန်အစိုးရထံ လွှဲ ပြောင်းပေးသည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။

လွဲပြောင်းမည့်နေ့ရက်ကို ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ၂၀၁၁ခုနှစ်မတ်လအတွင်း လူဦးရေ ၂၀ ရာခိုင်နှုန်းနေထိုင်သည့် အတန်အသင့် ငြိမ်းချမ်းသွားသောနယ်မြေများကို အာဖဂန်လုံခြုံရေးအဖွဲ့အောက် သို့ စတင်လွှဲပြောင်းပြီးချိန်မှစ၍ ပြုလုပ်လာသော အစီအစဉ်သည် အပြီးသတ်မည် ဖြစ်သည်။ ယခင်က လွှဲပြောင်းသောနယ်မြေများတွင် ကန်ဒဟာဒေသရှိ ၁၃ ခရိုင်ပါဝင်ပြီး ၎င်းနေရာများသည် တာလီဘန်တို့ အစပြုရာနေရာဖြစ်ကာ နမ် ဂါဟာ၊ ကော့စ်တ် နှင့် ပါက်တီကာဒေသရှိ ၁၂ ခရိုင်ပါဝင်ပြီး ဒေသအားလုံး သည် ပါကစ္စတန်နယ်စပ်တစ်လျှောက် သူပုန်ထမှုများ လုပ်ဆောင် ရာ နေရာဖြစ်သည်။

လွှဲပြောင်းပေးအပ်ပြီးလျှင် နေတိုးတပ်ဖွဲ့ဝင် တစ်သိန်းသည် အာဖဂန်စစ်သားများနှင့် ရဲများက စစ်သွေး ကြွများအား ဦးဆောင်တိုက်ခိုက်ရာတွင် ထောက်ပံ့ပေးခြင်းနှင့် လေ့ကျင့်ပေးခြင်းကဏ္ဍများတွင်သာ ပါဝင်လုပ်ကိုင်ကြမည်ဖြစ်သည်။ သို့သော်လည်း အင်အားကြီးမားသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ၏ တာလီဘန်များအားတိုက်ခိုက်မှုစွမ်းရည်တွင် သံသယဖြစ်ဖွယ်ရှိနေပြီး နေတိုးညွန့်ပေါင်းစစ်တပ်သည် ခက်ခဲသောလုပ်ငန်းစဉ်များကိုရှင်းလင်းစွာဆောင်ရွက်ခြင်းနှင့် လေကြောင်းအကူအညီ၊ တိုက်ခိုက်မှုတို့တွင် လိုအပ်သောအခါ အဓိက အခန်းကဏ္ဍတွင် ရှိနေမြဲဖြစ်နေမည်။

အာဖဂန်စစ်တပ်သည် ရှေ့တန်းတိုက်ခိုက်မှု များပြုလုပ်ခဲ့ရသောကြောင့် ထိခိုက်မှုများစွာရှိခဲ့ပြီး ၎င်းတို့နေရာ များတွင် ဖြည့်ဆည်းနိုင်ရန် လတိုင်းတွင် တပ်သားသစ်ထောင်ပေါင်းများစွာ လိုအပ်နေ သည်။  သောကြာနေ့တွင် နေတိုးဗိုလ်မှူးကြီး ဂျိုးဆက်ဖ် ဒန်းဖော့က ၂၀၀၁ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး အာဖဂန်နိုင်ငံတွင်းရရှိလာသော ရလာဒ်များအပေါ် နိုင်ငံတကာထောက်ပံ့မှုလုံလောက်စွာ ပေးရ မည်ဖြစ်ကြောင်း ပြောကြားသည်။ “နိုင်ငံတကာက ဆက်ပြီးမကူရင် ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့လုပ်ဆောင်မှု က ရလာဒ်ကို ဆက်လက်ထိန်းထားလို့ရမှာမဟုတ်ဘူး” ဟု ပြောကြား သည်။

မကြာမီကလည်း နိုင်ငံအတွင်းလာမည့်နှစ်သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေပြီး နေတိုးတပ်ဖွဲ့များ ၂၀၁၄ အကုန်ပိုင်းတွင် ထွက်ခွာသွားရန်ပြင်ဆင်နေချိန်တွင် အကြီးစားတိုက်ခိုက်မှုအဖြစ် မြို့တော်ကဘူးလ် ကို တိုက်ခိုက်ခြင်းဖြင့် တာလီဘန်တို့က စွမ်းရည်ပြသခဲ့ကြသည်။ အင်္ဂါနေ့ကဖြစ်ပွားခဲ့သည့် တရားရုံးတော် အနီးအသေခံကားဗုံးခွဲမှုတွင်လည်း အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ယင်းမတိုင်မီတစ်ရက်တွင်လည်း မြို့တော်လေဆိပ်အတွင်းတွင် သေနတ်သမားများပစ်ခတ်မှု ပြုလုပ်ခဲ့ကြပြီး နိုင်ငံတကာကူညီပေးရေးအဖွဲ့ဝင်း ခြံကို ပစ်မှတ်ထားသည့် ၇ နာရီ ကြာတိုက်ခိုက်မှုကိုလည်း ယခင်လအတွင်းပြုလုပ်ခဲ့သည်။

မြန်မာ့ခေတ်

၈ လေးလုံးလှုပ်ရှားမှု ငွေရတုကျင်းပရေး သတင်းစာရှင်းလင်း

၈ လေးလုံးအရေးတော်ပုံ လှုပ်ရှားမှု ငွေရတုအမှတ်တရအခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ အကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ ညနေ ၄ နာရီက သင်္ဃန်းကျွန်းရှိ ၈၈ ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ပြပွဲကျင်းပရေးဆိုင်ရာ စီမံထားမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံထားမှုများ ဖိတ်ကြားရေး ဆိုင်ရာ စီမံထားမှုများအပါအ၀င် ပွဲဖြစ်မြောက်ရေးအတွက် ကဏ္ဍအလိုက်ဖွဲ့စည်းထားသော ဆပ်ကော်မတီ ၁၀ ခု၏ ဆောင်ရွက်ဆဲအခြေအနေများနှင့် ပတ်သက်ပြီး တာဝန်ရှိသူ အသီးသီးက ရှင်းလင်းပြောကြားခဲ့သည်။ အဆို ပါ ငွေရတု အခမ်းအနားအား သြဂုတ်လ ၆-၇-၈ ( ၃ ရက်) များတွင် ကျင်းပသွား မည်ဖြစ်ပြီး ဖိတ်ကြားရေးဆိုင်ရာ အစီအစဉ် ၁၂ ရပ် ၊ ချမှတ်ဖိတ်ကြားသွား မည်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားပြုလုပ်မည့် နေရာနှင့်ပတ်သက်၍ လတ်တလောတွင် အတည်ပြုနိုင်ခြင်းမရှိသေးဘဲ၊ ကနဦး ရည်ရွယ်ထား ချက် အရ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ဖြစ်ပြီး အဆိုပါနေရာ မရရှိပါက မြန်မာကွန်ဗင်းရှင်းစင်တာ တွေပြုလုပ် သွားရန် လျာထားကြောင်းသိရသည်။
NLA
Popular Myanmar News Journal

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ၏ ပဉ္စမ အကြိမ် ဗဟိုညီလာခံ မန္တလေးတွင် ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( NDF ) ၏ ပဉ္စမအကြိမ် ဗဟိုညီလာခံကို ၂၀၁၄ ခုနှစ်တွင် မန္တလေး မြို့ တွင်ပြု လုပ် သွားမည် ဟု စတုတ္ထညီလာခံ ကို ယနေ့ ကျင်းပ အပြီးတွင် ကြေညာလိုက်သည်။ ယခု အစည်းအဝေးတွင် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပါတီ၏ သဘောထားကို အတည်ပြု ခဲ့ပြီင်္း ဗဟို ကော်မတီ ပြန်လည် ဖွဲ့ စည်းခြင်းအပါအ၀င် ဆုံး ဖြတ်ချက် (၈)ချက် ကို အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

Popular Myanmar News Journal

ဆန်စက်များမှ စွန့်ပစ်ပစ္စည်းများ မြစ်တွင်းစွန့်ပစ်မှုကြောင့် မြောင်းမြမြစ်ရေ ညစ်ညမ်းလာ

မြောင်းမြမြို့တွင်းရှိ ဆန်စက်တစ်ခုမှ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများ စွန့်ထုတ်နေစဉ်

မြောင်းမြမြစ်ကမ်း နံဘေးတစ်လျှောက် လည်ပတ်လျက်ရှိသော ဆန်စက်အချို့ရှိ စပါးခွံများနှင့် စွန့်ပစ်ပစ္စည်းများကို မြစ် အတွင်း စွန့်ပစ်လျက်ရှိလာသောကြောင့် မြစ်ရေညစ်ညမ်းလာပြီး မြစ်ကြောင်းတိမ်ကောမည့်ဘေးနှင့် ရင်ဆိုင်လာ ရကြောင်း သတင်း ရရှိသည်။

"ဆန်စက်အကုန်လုံးလို့ မပြောချင်ဘူး။ အတော်များများက စွန့်ပစ်နေကြတာ။ မိုးတွင်းမှာပိုလုပ်တယ်။ စပါးကြိတ်ပြီး ပိုလာတဲ့ စပါးခွံတွေကို မြစ်ထဲသွန်ပစ်ကြတာ မြစ်ကြောင်းက တဖြည်းဖြည်းနဲ့ တိမ်ကောလာတာပေါ့" ဟု မြစ်ကြောင်းစောင့် ကြည့် လေ့လာသူ ၀ါရင့်ရေယာဉ်မောင်း တစ်ဦးက သုံးသပ်သည်။ မြောင်းမြမြစ်ရေ အတွင်းမှရေ ကို မြို့နယ်ရေပေးဝေရေးမှ ရေသန့်စင်စက်များနှင့် သန့်စင်ပြီး မြို့နယ်အတွင်း ဖြန့်ဝေပေးလျက် ရှိသည်။ "သောက်ရေ ကို ဈေးနဲ့မြို့လယ်မှာ နေတဲ့သူ အတော်တော်များက မြစ်ရေကို သန့်စင်ဖြန့်ဝေ ပေးတာကနေ သုံးနေတာ။ အခု စွန့်ပစ် အမှိုက်တွေကြောင့် မြစ်ရေပျက်စီးပြီး ကျန်းမာရေးတွေ ထိခိုက်လာမှာကို စိုးရိမ်ရတယ်" ဟု မြို့နယ်ရေပေးဝေရေး မှ သောက်သုံးရေကို အဓိက အသုံးပြုနေရသည့် ဦးဘချိုလမ်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

မြောင်းမြမြို့တွင် ဆန်စက်ပေါင်း ၅၀ ကျော်ရှိပြီး စက်အများစုမှာ ကုန်စည်ပို့ဆောင်မှု ကောင်းမွန်သော မြစ်ကမ်းနံဘေး နားတွင် တည်ဆောက်ထားလျက်ရှိကြောင်း သိရသည်။ မြစ်အတွင်း အမှိုက်စွန့်ပစ်မှုများကြောင့် မြောင်းမြစကြာ နန္ဒဘုရားမြစ်ကွေ့မှ စတင်ပြီး ကြိုးတံတားမြစ်ကွေ့ နားအထိ မြစ်ကြောင်းများ တိမ်ကောမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရလျက်ရှိကြောင်း မြစ်ကြောင်းစောင့်ကြည့် လေ့လာနေသူများက သုံးသပ်နေကြသည်။

EMG

ထမ့်စမ်းဂူနှင့် တောင်ကြောတစ်ခုတည်း တည်ရှိသော ကျောက်စာဂူသစ်ကို တူးဖော်ပြင်ဆင်နေ

တူးဖော်ပြင်ဆင်နေသည့် ကျောက်စာဂူသစ်အား တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်(တောင်ကြီး))

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တည်ရှိသော တောင်ကြီးမြို့ အရှေ့ဘက် ၂၆ မိုင် ကွာဝေးသော နာမည်ကျော် ထမ့်စမ်းဂူနှင့် တောင်ကြောတစ်ခုထဲတွင် တည်ရှိပြီး ထမ့်စမ်းဂူပေါက်ဝ တောင်ဘက် (အဆင်းလမ်း ၀ဲဘက်) ပေ ၄၀၀ ခန့်သာ ကွာဝေးသောနေရာတွင် ထပ်မံတွေ့ရှိရသည့် ကျောက်စာဂူသစ်ကို ပြည်သူ အများ ကြည့်ရှုလေ့လာနိုင်ရန် အမြန်ဆုံးတူးဖော် ပြုပြင်လျက်ရှိကြောင်း တာဝန်ရှိသူ ဦးခွန်မြင့်အောင်ထံမှ သိရသည်။

ထမ့်စမ်းဂူမှာ ပျမ်းမျှပေ ၂၀၀ ကျယ်ဝန်းသည့် ဂူအခန်းကြီး (ကိုး)ခန်း ဖွင့်လှစ်ပြီးဖြစ်ကာ ဂူတွင်းလမ်းစုစုပေါင်း အရှည်ပေ ၁၈၅၀ အထိ ဖောက်လုပ်ပြီးဖြစ်ကြောင်း၊ အ၀င်လမ်း အထွက်လမ်း တစ်လမ်းတည်းသာ ရှိကြောင်း၊ ယခု ထပ်မံဖွင့်လှစ်မည့် ကျောက်စာဂူသစ်မှာ ပျမ်းမျှပေ ၂၀၀ ကျယ်ဝန်းသော အခန်းကြီး ၁၁ ခန်းပါရှိကာ၊ ဖောက်လုပ်ပြီး လမ်းအရှည်ပေ ၁၂၀၀ ရှိကြောင်း၊ ဂူတွင်းလမ်းမှာလည်း ၀င်ပေါက်တစ်လမ်း၊ ထွက်ပေါက်တစ်လမ်းဖြစ်ကာ ထမ့်စမ်းဂူ ထက် ထူးခြားလှပသော ကျောက်စက်ပန်းဆွဲများ၊ ကျောက်တုံးကျောက်ဆောင်များကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ဟိုပုံးကိုရင်လေး အရှင်ဗေါရိသမှ အဆိုပါဂူတွင် ပိဋိကတ်သုံးပုံ ကျောက်စာများ ထွင်းထုထားရှိရန် စီစဉ်ဆောင်ရွက်လျက် ရှိသဖြင့် "ကျောက်စာဂူ" ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ တူးဖော်ပြုပြင် ဆောင်ရွက်ဆဲဖြစ်သဖြင့် ကျောက်စာဂူ အတွင်းသို့ နိုင်ငံခြားသား အထူးဧည့်သည်များ၊ VIP အထူးဧည့်သည်များနှင့် မီဒီယာ အချို့တို့ကိုသာ ခေတ္တခဏ ၀င်ရောက်ကြည့်ရှုခွင့် ပြုထားပြီ၊ အများပြည်သူ ကြည့်ရှုလေ့လာရန် အတွက်မှု အမြန်ဆုံးစီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

EMG

ရှစ်လအတွင်း တရားမ၀င် ကုန်သွယ်မှုတန်ဖိုး သိန်းပေါင်းငါးသောင်းကျော် ဖမ်းဆီးရမိ

နောင်ချို အေးရှားဝေါလ် တိုးဂိတ်တွင် ယာဉ်တစ်စင်းအား စစ်ဆေးနေစဉ်

စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team) များ ဖွဲ့စည်းကာ ဆောင်ရွက်သည့် အချိန်မှစ၍ ရှစ်လတာ ကာလအတွင်း တရားမ၀င် ကုန်သွယ်မှုတန်ဖိုး ကျပ်သိန်းပေါင်း ငါးသောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Mobile Team များ စတင်ဖွဲ့စည်း ဆောင်ရွက်သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၁၃ ရက်ထိ အမှုပေါင်း ၁၆၇၆ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၅၂၅၉၈၀၅၈၁၀ ဒသမ ၅၅ ကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားမ၀င် ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူ မှုများကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် နယ်စပ်စခန်းများမှ ကုန်သွယ်မှု တန်ဖိုးမှာ အလားတူ ကာလများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၈၆ သန်း တိုးလာသည်ဟု သိရသည်။

တရားမ၀ င်ကုန်သွယ်မှုများ ဖမ်းဆီးရရှိမှုတွင် မူဆယ်-မန္တလေးလမ်းကြောင်းနှင့် မြ၀တီ-ရန်ကုန်လမ်းကြောင်းတွင် ဖမ်းဆီးရရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။ "ဖမ်းတာ ဆီးတာကို ကျွန်တော် သဘောမကျဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ဖမ်းတာလဲဆိုရင် သူတို့တရားဝင်လမ်းကြောင်းပေါ်ကိုတက်ဖို့ ကျွန်တော်တို့လုပ်ပေးနေရတာ။ ဒါပေမဲ့ အခုလိုဖမ်းဆီးနေ တာ complete ဖြစ်လားဆိုတော့ မဖြစ်ဘူး။ မလုပ်တာထက်စာရင်တော့ အဟန့်အတား တစ်ခုတော့ ဖြစ်သွားတာပေါ့" ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြား သည်။

နယ်စပ်လမ်းကြောင်းများမှာ တစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၂၀ သာရှိပြီး ပင်လယ်ရေကြောင်းမှ ရာခိုင်နှုန်း ၈၀ ရှိသောကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုများကိုလည်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ကိုင်တွယ်မည်ဖြစ်ကာ တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိလာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လအ တွင်း လုပ်ငန်းစတင်မည်ဖြစ်ကြောင်း ဦးသောင်းညွန့်က ပြောကြားခဲ့သည်။

EMG

နှစ်ခြောက်ဆယ်ကျော် ကြာသည့်တိုင် မရရှိသေးသော ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ရန် RCSS/SSA ဥက္ကဋ္ဌ၊ KNU ဥက္ကဋ္ဌနှင့် အစိုးရ အဖွဲ့ဝန်ကြီးများ တညီတညွတ်တည်း ပြောကြား

ညစာစားပွဲသို့ တက်ရောက်လာသူများအား ဇွန် ၁၅ ရက်ညပိုင်း တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

နှစ်ပေါင်း ၆၀ ကျော် ကြာသည့်တိုင် မရရှိသေးသော ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ရန် ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝန်ကြီး များက ဇွန် ၁၅ ရက် ညပိုင်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ Myanmar Peace Center တွင် ပြုလုပ်ခဲ့ သည့် ညစာစားပွဲတွင် ပြောကြားခဲ့ကြောင်း အဆိုပါ ညစာစားပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ (RCSSA/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်စစ်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးခင်ရီတို့ တက်ရောက်ခဲ့ ကြပြီး ရှမ်း၊ ကရင်တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်များ၊ Myanmar Peace Center မှတာဝန်ရှိသူများတက်ရောက် ခဲ့ကြကြောင်း သိရသည်။ "အစီအစဉ်က ဂုဏ်ပြုညစာစားပွဲ အစီအစဉ်ပါ။ အခမ်းအနားမှာ ၀န်ကြီးဦးအောင်မင်းက ဒီပွဲကို ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးရော ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်ပါ တက်လာတဲ့အတွက် နှစ်ထပ်ကွမ်း မင်္ဂလာရှိတဲ့ အကြောင်း နဲ့ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြပါစို့လို့ ပြောတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဘာသာပြန်ကနေ တစ်ဆင့်ပြောပါတယ်။ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်သွားပါ့မယ်။ ဒီလို ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ အဖွဲ့ အစည်း တစ်ခုတည်း လုပ်လို့မရဘူး။ ပြည်သူတစ်ရပ်လုံးနဲ့ အဖွဲ့အစည်းပေါင်းစုံ ၀ိုင်းလုပ်ကြမှ ဖြစ်မယ်လို့ ပြောတယ်" ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

"ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကတော့ နှစ်ခြောက်ဆယ်လုံးလုံး ငြိမ်းချမ်းရေးမရခဲ့တာကို သူစိတ်မကောင်းဘူး။ ငြိမ်းချမ်းရေး ရဖို့ အစွမ်းကုန် ကြိုးစားလုပ်ကိုင်သွားမယ်လို့ ပြောသွားပါတယ်။ နောက်ဆုံးမှာ ၀န်ကြီးဦးစိုးသိန်းက အပိတ်မိန့်ခွန်း ပြော ပါတယ်။ ငြိမ်းချမ်းရေးရဖို့ ဦးအောင်မင်း တစ်ယောက်တည်း လုပ်လို့မရဘူး။ အစ်မကြီး တစ်ယောက်တည်း လုပ်လို့ မရဘူး။ တိုင်းရင်းသားအားလုံးက လက်တွဲပြီးလုပ်ကြမှ ဒီငြိမ်းချမ်းရေးကို ရမယ်လို့ ပြောပါတယ်" ဟု ဦးစိုင်းလိတ်က ဆက်လက်ပြောကြားသည်။ RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ဇွန် ၁၀ ရက်က နေပြည်တော် တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့သို့ရောက်လာကာ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇွန် ၁၅ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ကာ ဇွန် ၁၆ ရက်တွင် မန္တလေးမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကမူ ဇွန် ၁၅ ရက် နံနက်ပိုင်းက တပ်နေရာ ချထားရေး အပါအ၀င်လာမည့်ဆွေးနွေး ပွဲများအတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံးတို့၏ အကြိုဆွေးနွေးပွဲသို့ တက်ရောက်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

EMG

ပီနန်းမြို့၏ အခြေအနေ တည်ငြိမ်နေသော်လည်း သိန်းချီရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစု အောက်လမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ပြန်ရန် ဆန္ဒရှိနေ

မလေးရှားနိုင်ငံ ပီနန်းမြို့ တစ်နေရာအား ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်

မလေးရှားနိုင်ငံ ပီနန်းမြို့၏ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး အကြမ်းဖက်ခံရမှုများ မရှိသော်လည်း ပီနန်းမြို့တွင် သိန်းချီရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစုမှ အောက်လမ်းမှတစ်ဆင့် မြန်မာနိုင်ငံပြန်ရန် စိတ်အား ထက်သန်နေကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven ၏ အကြီးတန်း သတင်းထောက်က သတင်းပေးပို့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းအပါအ၀င် နေရာအချို့တွင် မြန်မာအလုပ်သမားများ အကြမ်းဖက် ခံခဲ့ရပြီး သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ကို အကြောင်းပြု၍ ပီနန်းမြို့မှ တရားမ၀င် မြန်မာအလုပ်သမားများ လည်း ပြည်တော်ပြန်ရန် စိတ်အားထက်သန်နေခြင်း ဖြစ်ပါသည်။ သို့သော် ပီနန်းမြို့တွင်ရှိနေသော မြန်မာအလုပ်သမား များကို ကူညီရန်ဖွဲ့စည်းထားသော ပီနန်းနာရေးကူညီမှုအသင်း အပါအ၀င် မွတ်စလင်လူမှုကူညီရေး အဖွဲ့အစည်းများတို့ ပူးပေါင်းပြီး ပီနန်းမြို့တွင် ကွာလာလမ်ပူမြို့၌ ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် လုပ်ဆောင်နေသဖြင့် ပီနန်းမြို့ ၏ အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။

"ပီနန်းမြို့မှာ အေးအေးဆေးဆေးပါပဲ။ ဘာမှမဖြစ်ပါဘူး။ ဒီမှာရှိနေတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သားတွေရော၊ အစ္စလာမ် ဘာသာဝင် မြန်မာနိုင်ငံသားတွေရော ဘာမှမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်" ဟု ပီနန်းမြို့ နာရေးကူညီမှုအသင်းမှ ဦးဘိုမြက ဇွန် ၁၅ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။ "မိဘတွေ စိတ်ပူ လို့ ပြန်ခေါ်နေကြတာရယ်၊ ဆလာရန်းမှာ ဖြစ်တဲ့ကိစ္စကိုစိုးရိမ်တာရယ်ကြောင့် ပြန်ချင်တဲ့လူတွေကတော့ တော်တော် များများ ရှိနေပါတယ်" ဟု ဦးဘိုမြက ဆိုသည်။

ပီနန်းမြို့ကို ရောက်ရှိနေသော တရားမ၀င် မြန်မာအလုပ်သမား အများစုမှာ မြန်မာနိုင်ငံမှတစ်ဆင့် ဘုရားသုံးဆူ၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း အစရှိသော မြို့များမှ ထိုင်းနိုင်ငံသို့ တရားမ၀င် ဖြတ်သန်းကာ မလေးရှားနိုင်ငံသို့ ရောက်ရှိနေ ကြသူများ ဖြစ်ကြသည်။ အများစုမှာ တရားမ၀င် လုပ်သားများ ဖြစ်နေပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (CI) နှင့် မလေးရှား အစိုးရ၏ ဌာနပြန်ခွင့် ခွင့်ပြုချက် ကို လျှောက်ထားခွင့် ရှိသော်လည်း ကွာလာလမ်ပူမြို့သို့ မသွားရဲကြဘဲ အောက်လမ်းမှတစ်ဆင့် ပြည်တော်ပြန်ရန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။

"ဒီမှာ ဘာမှမဖြစ်တဲ့အတွက် မပြန်ချင်ဘူး။ ဒါပေမဲ့ မိဘတွေက အတင်းပြန်လာခိုင်းတော့ ပြန်ရမယ့် အခြေအနေ ရှိတယ်။ အောက်လမ်းကလာတဲ့အတွက် အောက်လမ်းကပဲ ပြန်မယ်။ မြန်မာငွေနှစ်သိန်းလောက်ပဲ ကုန်မယ်။ မြန်မာ သံရုံးသွားပြီး CI လျှောက်၊ မလေးလ၀ကမှာ လက်ဗွေနှိပ်ပြီး အပေါ်လမ်းက ပြန်လို့ရပေမယ့် ပီနန်းမြို့ကနေ ကွာလာလမ်ပူ သွားတဲ့လမ်းမှာ ရဲဖမ်းတာခံရမလား။ အလုခံရမလား။ အလိမ်ခံရမလားဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး" ဟု ပီနန်းမြို့၌ တံငါလုပ်ငန်း လုပ်ကိုင်နေသူ ကိုaအာင်ခန့်က ပြောကြားပါသည်။

ပီနန်းမြို့တွင် လုပ်ကိုင်နေသော တရားမ၀င် မြန်မာအလုပ်သမားများသည် တံငါလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများကို အများဆုံး လုပ်ကိုင်နေပြီး စုစုပေါင်း နှစ်သိန်းဝန်းကျင်ခန့် ရှိနေကြောင်း သိရသည်။ ဆလာရန်း အကြမ်းဖက်မှု ဖြစ်ခဲ့ပြီးaနာက်ပိုင်း ထိုကဲ့သို့ အကြမ်းဖက်မှု ဖြစ်နိုင်ခြေရှိသော မြို့များထဲတွင် ပီနန်းမြို့လည်း စိုးရိမ်စရာကောင်းသော မြို့အဖြစ် မလေးရှားရှိ လူမှုကူညီရေး အဖွဲ့များက စောင့်ကြည့်နေပါသည်။ လက်ရှိအချိန်အထိ ပီနန်းမြို့တွင် မည်သည့်အကြမ်းဖက်မှုမျှ ပေါ်ပေါက်ခြင်း မရှိသေးဘဲ ပီနန်းမြို့ အနီးတွင် အကြမ်းဖက်မှု ဖြစ်နိုင်ခြေ ရှိသော နာဂါဆာရီဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်မလာစေရန်အတွက် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကိုလည်း ယခုရက်ပိုင်းအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

EMG

DKBA ကလို့ထူးဘော တပ်ဖွဲ့တည်ရှိရာ ဆုံဆည်းမြိုင် ကျေးရွာ၌ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ပြုလုပ်

ကရင်ပြည်နယ် မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် DKBA ကလို့ထူးဘော တပ်ဖွဲ့ မှကမကထ ပြုလုပ်ပြီးပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် သဘောထားအမြင် နှီးနှောဖလှယ် ဆွေးနွေးပွဲ တစ်ရပ်အား ယနေ့နံနက် ၉ နာရီခွဲခန့် က ပြုလုပ်ခဲ့သည်။

လက်ရှိ ဆောင်ရွက်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူ ညီမျှခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဆိုင်ရာများတွင် သိသာစွာ တိုးတက်မှု မရှိသေးခြင်းကြောင့် လည်းကောင်း၊ အချိန်ကြာ လာသည်နှင့်အမျှ ဒီမိုကရေစီ အင်အားစုများ၊ လက်နက်ကိုင် အင်အားစုများ၏ လိုလားချက်နှင့် နိုင်ငံရေး ရည်မှန်းချက် များ အမျိုးမျိုး ကွဲပြားလာသဖြင့် ရေရှည်တွင် နိုင်ငံရေး ရည်မှန်းချက်များ၊ တိုင်းရင်းသားတန်းတူ အခွင့်အရေး ရရှိရန် ကြိုးပမ်းမှုများ မှေးမှိန်ပျောက်ကွယ်မည့် အလားအလာ ရှိနေသည်ဟုရှုမြင်သည့်အတွက် နှီနှောဖလှယ်ပွဲအား ပြုလုပ် ရခြင်းဖြစ်ကြောင်း သိရသည်။

"ယခု တက်ရောက်လာတဲ့ ဆွေးနွေးပွဲမှာ တူညီတဲ့ သဘောထား ရှိပါတယ်။ ပျောက်ဆုံးနေတဲ့၊ ပိုင်ဆိုင်ခွင့် မရရှိခဲ့တဲ့ လွတ်လပ်မှု ငြိမ်းချမ်းမှု၊ တရားမျှတမှုတို့ကို ရချင်တယ်။ ပိုင်ဆိုင်ချင်တဲ့အတွက် ခုလိုမျိုး ပူးပေါင်းပြီး ဘယ်လိုဆောင်ရွက် မလဲဆိုတာ စုပေါင်းအဖြေရှာဖို့အတွက် ဒီပွဲလေးကို လုပ်ရတာ ဖြစ်ပါတယ်။ ပထမအဆင့် တွေ့ဆုံပြီး လုပ်ဆောင်စရာ လုပ်ဆောင်ပြီးရင် ကာလတစ်ခု အကြားမှာ ပြန်လည်တွေ့ဆုံပြီး ကြားကာလအတွင်းမှာ အားသာချက်၊ အားနည်း ချက်တွေကို ပြန်လည်သုံးသပ်ကာ လိုအပ်တဲ့ အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းယူပြီး အားသာချက်တွေကို ဆက်လက်ထိန်းသိမ်းကာ နောက်တစ်ဆင့် တက်လှမ်းဖို့ လိုအပ်ပါတယ်" ဟု DKBA ကလို့ထူးဘော စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ်က အခမ်းအနားတွင် ပြောကြားသည်။

ဆွေးနွေးပွဲ တက်ရောက်လာသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းဝင်းငြိမ်းကလည်း လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် သက်တမ်းသုံးနှစ် နီးပါးကာလတွင် ဒီမိုကရေစီ ပြောင်းလဲရေးများမှာ တစ်စုံတစ်ရာ အခွင့်အလမ်း ရှိသော်လည်း ယုံကြည်စိတ်ချရလောက်သည့် အခြေအနေ မှာ မရှိသေးကြောင်း၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား သွေးစည်းညီညွတ်မှုရှိမှ တိုင်းပြည်တိုးတက် ချမ်းသာ မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ အဖွဲ့အစည်းပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ပြီး ပါတီနိုင်ငံရေး အဖွဲ့အစည်းများ၊ DKBA, BGF, KNU, KNU/KNLA, PLO စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

EMG

နှစ်ဖက်တပ်များချထားရေး အပါအ၀င် လာမည့်ဆွေးနွေးပွဲများအတွက် အစိုးရနှင့် ကေအင်န်ယူတို့ ရန်ကုန် မြို့၌ ဆွေးနွေး

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား ဇွန် ၁၅ ရက် ဆွေးနွေးပွဲအပြီး MPC ၌ တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

လာမည့် ဆွေးနွေးပွဲများအတွက် ရည်ရွယ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင် အမျိုးသားအစည်းအရုံးတို့ ဇွန် ၁၅ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ Myanmar Peace Center တွင်တွေ့ဆုံပြီး အကြိုဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော်ခေါင်းဆောင်များ၊ ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင်တို့ ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "မတွေ့တာ လည်း ကြာပြီ။ နောက် ပြီး သူတို့နဲ့ Code of Conduct ဆွေးနွေးဖို့ ရှိတယ်။ အဲဒီအဖွဲ့နဲ့ရောပြီးလာကြတာပါ။ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး လည်းပါတယ်။ တကယ်ဆွေးနွေးမှာက အောက်ခြေကလူတွေပဲ ဆွေးနွေးကြတာ ပါ။ ခေါင်းဆောင်ပိုင်းက လူတွေက မတွေ့တာ ကြာပြီ။ အဲဒါကြောင့် နှစ်ဖက်ပြောချင်တာလေးတွေ ပြောဖို့ ခဏတွေ့ကြတာပါ" ဟု ပြောကြားသည်။

ဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ခေါင်းဆောင်များနှင့် Myanmar Peace Center မှ တာဝန်ရှိသူများ တွေ့ဆုံပြီး နှစ်ဖက်လိုက်နာရမည့် Code of Conduct ကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။ ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး တပ်နေရာ ချထားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများလည်း ပါဝင်ကြောင်း သိရသည်။ "နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများအား ပီပီပြင်ပြင် အကောင်အထည်ဖော်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အခိုင်အမာ ရှိမှသာလျှင် တပ်နေရာ ချထားရေးများအား လုပ်ဆောင်နိုင်မယ် ဖြစ်တယ်" ဟု KNU အဖွဲ့ခေါင်းဆောင် ဖဒိုမန်းညိမ်းမောင်က ဇန်န၀ါရီလ အတွင်းက ပြောကြားထားသည်။

"အိပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးသွားရင် စစ်မြေပြင် လိုက်နာရမယ့် စည်းကမ်းများဆိုတာ လုပ်ရတယ်။ အဲဒါမှလည်း ဟိုဘက်ဒီဘက် ဘာတွေထိန်းရမယ်ဆိုတာ သိရမယ်။ ကေအင်န်ယူဘက်ကရော တပ်ဘက်ကရော ပြည်သူလူထုရော လိုက်နာရမယ့် စည်းကမ်းလေးတွေချပြီး ရေးကြတာပေါ့။ အဲဒါတွေ ညှိနှိုင်းပြီး လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ပိုခိုင်မာအောင် လုပ်တာပေါ့။ တကယ့် အစည်းအဝေးကြီး မဟုတ်ပါဘူး။ အလွတ်သဘောပါပဲ။ အောက်ခြေအဆင့်မှာ ဘာတွေလုပ်ရမယ် ဆို တာ ပြောထားမှ တကယ်ဆွေးနွေးတဲ့အခါ အဆင်ပြေမှာလာမယ့် ဆွေးနွေးပွဲတွေအတွက် ရည်ရွယ် တာပေါ့" ဟု ပြောကြားသည်။ အစိုးရနှင့် ကေအင်န်ယူတို့သည် Code of Conduct နှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

EMG

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာကုမ္ပဏီ ၁၄၀ ကျော် မှတ်ပုံတင်ထား

ဇောတိက ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီများနှင့်ပူးပေါင်းဆောင် ရွက်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီများမှာ ဇွန် ၁၂ ရက်အထိ ၁၄၀ ကျော် ရှိပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာထိပ်တန်း စီးပွားရေး လုပ်ငန်းများဖြစ်သော ရွှေတောင်၊ ဧဒင်နှင့် IGE ကုမ္ပဏီတို့ အပါအ၀င် မြန်မာ ကုမ္ပဏီ ၁၄၀ ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရှိရသည်။ ကမ္ဘောဇ၊ အေ၀မ်း၊ ပတ္တမြားနဂါး၊ တာမိုးညဲချမ်းသာ အစရှိသည့် ကုမ္ပဏီများလည်း မှတ်ပုံတင် ပြီးဖြစ်ကာ ဇွန် ၁၂ ရက်အထိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၁၄၅ ခုရှိကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်တွင်းလုပ်ကွက် ၁၈ ကွက်ကို တင်ဒါခေါ်ယူခဲ့ ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများ လျှောက်ထားခဲ့ကြောင်း သိရပါသည်။ ကမ်းလွန်လုပ်ကွက် များကိုလည်း တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၁၈ ကွက်ကို ပထမ အကြိမ် ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၃၇ ခု အဆိုပြု တင်ပြခဲ့ပြီး ထိုကုမ္ပဏီ များအနက် ရှစ်ခုကို လုပ်ကွက် ၁၀ ကွက်တွင် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းကာ လုပ်ကိုင်ခွင့် ပြုခဲ့ပြီးဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အကျိုးအမြတ် ပိုမိုရရှိစေရန် ကုန်းတွင်း၊ ကမ်းဝေး ရှာဖွေရေးပိုင်းကို အားစိုက်ဆောင်ရွက်ရန် ပြင်ဆင်နေပြီး ကမ်းလွန်ရေနံ ရှာဖွေရေး လုပ်ငန်းကို အသွင်ပြောင်း ဖွဲ့စည်းရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တူးဖော်ထုတ်လုပ် ရောင်းချနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း နှစ်ခုရှိပြီး ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့ ဖြစ်သည်။ ထို့ပြင် ယခုနှစ် အတွင်း ဇောတိကနှင့် ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

EMG

၂၀၁၃-၁၄ ဘဏ္ဍာနှစ် နှစ်လတာ ကာလအတွင်း ပြည်ပပို့ကုန် တင်ပို့မှု ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့ကျ

မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ၊ မေ နှစ်လတာ ကာလအတွင်း နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများ မှ ပြည်ပပို့ကုန်တင်ပို့မှုမှ ရရှိငွေပမာဏမှာ ယခင်ဘဏ္ဍာနှစ် နှစ်လတာကာလ တင်ပို့မှုထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် လျော့နည်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ပြည်ပပို့ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၂ ဒသမ ၆၆၆ သန်း ရရှိခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေနှစ်လ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၈၆ ဒသမ ၃၁၅ သန်း ရရှိခဲ့သဖြင့် ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ ၁၈၃ သန်းကျော် လျော့နည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တု တွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချော အစရှိသည့် ကုန်ပစ္စည်းများကို နယ်စပ်ကူးသန်း ရောင်း ၀ယ်ရေး စခန်းများမှ ပြည်ပသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်း သတ္တုတွင်းထွက်၊ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှုမှ ၀င်ငွေလျော့နည်း ရရှိခဲ့ခြင်းဖြစ်ပြီး သတ္တုတွင်းထွက်တင်ပို့မှု တစ်ခုတည်းမှပင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်လျော့ နည်းခဲ့ခြင်း ဖြစ်သည်။ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့ခြင်းမှလည်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် လျော့ နည်းရရှိခဲ့ကြောင်း သိရသည်။ တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့မှု လျော့နည်းရခြင်းမှာ တရုတ်နိုင်ငံ က မြန်မာနိုင်ငံမှ အသားနှင့် အသားထွက်ကုန် တင်သွင်းမှုကို ပိတ်ပင်ထားခြင်းကြောင့် တရားဝင်တင်ပို့မှု မှာ လျော့နည်းနေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ရရှိငွေ လျော့ကျနေသော်လည်း သွင်းကုန်တင်သွင်းမှု အပိုင်းတွင်မူ ယခင်ဘဏ္ဍာနှစ် နှစ်လတာကာလ တင်သွင်းမှုထက် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော် ပိုမိုခဲ့ကြောင်း သိရသည်။ ယခု ဘဏ္ဍာရေးနှစ် ဧပြီ၊ မေနှစ်လတာကာလ ပြည်ပမှ အမေရိကန်ဒေါ်လာ ၃၁၁ ဒသမ ၆၉၄ သန်းကျော်ဖိုး တင်သွင်းခဲ့ပြီး ယခင်နှစ် နှစ်လတာကာလက အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၃၉၀ သန်းဖိုးသာ တင်သွင်းခဲ့သဖြင့် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော်ဖိုး ပိုမိုတင်သွင်းခဲ့သည်။

EMG

မလေးရှားမှပြန်လာသူ ရန်ကုန်လေဆိပ်တွင် ငွေကျပ်တစ်သိန်း ပေးဆောင်ရခြင်းမှာ မဟုတ်ဟု တာဝန်ရှိသူ ရှင်းလင်း

ဇွန်လ ၁၄ရက်နေ့တွင် ထုတ်ဝေသော First Weekly ဂျာနယ်တွင်ပါရှိသည့် မလေးရှားနိုင်ငံမှ ရန်ကုန်သို့ပြန် လာသူတစ်ဦး ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၏ စစ်ဆေးရေးကောင်တာတွင် ငွေကျပ် တစ်သိန်းပေးဆောင် ရသည်ဟု ဖော်ပြခဲ့သည့် သတင်းမှာ မဟုတ်မှန်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။ 

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံ ယခုနှစ်အတွင်း ထပ်မံတိုးချဲ့မည်

မှော်ဘီမြို့နယ်ရှိ Coca-Cola အချိုရည် စက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)

မြန်မာနိုင်ငံသို့ နှစ် ၆၀ အတွင်း ပထမဆုံး ပြန်လည်ဝင်ရောက်ခဲ့သည့် Coca-Cola စက်ရုံကို ယခုနှစ် အတွင်း ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း Coca-Cola နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်နေသည့် Pinya Manufacturing Co Ltd Commercial Director ဦးအောင်ဝင်းက ပြောကြားသည်။ "လက်ရှိစက်ရုံရဲ့ ကုန်ထုတ်လုပ်မှုလိုင်းက နည်းနေတယ်။ ကုန်ပစ္စည်း တစ်မျိုးထုတ်ရင် တစ်မျိုးနားထားရတယ်။ ဒါကြောင့် စက်ရုံကို တိုးချဲ့သွားမှာပါ။ လိုင်းဘယ်နှလိုင်း ချဲ့မယ်ဆိုတာတော့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်" ဟု ဦးအောင်ဝင်းက ရှင်းပြသည်။
 
နာမည်ကျော် အချိုရည်ထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီ Coca-Cola မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ဒေါ်လာသန်း ၂၀၀ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း နှစ်သောင်းကျော် ဖန်တီးပေးသွားမည် ဖြစ်ကြောင်း Coca-Cola ၏ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု စတင်သည့် ဇွန် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ Coca-Cola စက်ရုံဖွင့်လှစ်ခြင်းသည် Coca-Cola မှ မြန်မာနိုင်ငံ တွင် နောက်ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော အမေရိကန်ဒေါ်လာသန်း ၂၀၀ ထဲမှ အစီအစဉ် တစ်ခုဖြစ်ပြီး နောက်ငါးနှစ်အတွင်း Coca-Cola နှင့် ဆက်နွှယ်သည့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၂၀၀၀ ကျော် ရှိလာမည်ဟု Coca-Cola က ခန့်မှန်းထားသည်။

Coca-Cola ၏ မြန်မာနိုင်ငံရှိ စက်ရုံမှ မြန်မာစာနှင့် ရိုက်နှိပ်ထားသော Coca-Cola နှင့် Sprite ပလတ် စတစ်ပုလင်း၊ ဖန်ပုလင်းနှင့် အလူမီနီယမ် သံဘူးတို့ကို ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်း ချနေပြီ ဖြစ်သည်။ Coca-Cola ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး သောက်သုံးကုန် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး Diet Coke, Fanta, Sprite, Coca-cola Zero, Vitaminwater, Powerade, Minute Maid, Simply, Georgia, Del Valle အစရှိသည့် ထုတ်ကုန်များ ထုတ်လုပ်ကြောင်း သိရသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် Coca-Cola သည် Sparkling သောက်ကုန်များ၊ အသင့်သောက် ကော်ဖီနှင့် အချိုရည် များကို ထုတ်လုပ်ကြောင်း သိရသည်။ ကိုကာကိုလာနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအချိုရည် လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်စဉ်အချိုရည် ပုလင်းနှင့်ဘူး ထုတ်လုပ်ရောင်းချမှု ပမာဏ သန်းရာဂဏန်းရှိကြောင်း အချိုရည်ဈေးကွက် အတွင်းမှ သိရသည်။

ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော မူဆလင်အမျိုးသမီး

ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသမီး တစ်ယောက်နှင့် ဘောင်းဘီရှည်အနီနဲ့ အင်္ကျီအနီကွက် ဝတ်ထားသော ကောင်မလေးတစ်ယောက် အရှေ့မုဒ်မှ တက်လာပါတယ်။
နှင်းဆီပန်းအနီရောင် တစ်သောင်းဖိုး ဝယ်လာပါတယ်။ ဘုရားပေါ်ရောက်တဲ့အခါ ပန်းအချို့ကို အလှူခံပုံးပေါ်တင်ထားပြီး ပန်းအချို့ကို ရင်ပြင်ပေါ်လွှင့်ကြဲပစ်ပါတယ်။ ဘုရားဖူးသူအချို့လည်း ထိမှန်ခဲ့ပါတယ်။ ဘုရားဖူးတွေက ဂေါပကကို တိုင်ကြားပါ တယ်။ ဒီအခါ အမျိုးသမီးနှစ်ယောက် ပြန်ဆင်းသွားပါတယ်။ ဘုရားရဲက လိုက်ခေါ်ပါတယ်။ မူဆလင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီး ကို အပေါ်ရုံချွတ်ခိုင်းပြီးမှ ဂေါပကရုံးကို ခေါ်လာပါတယ်။ အမျိုးသမီးက ဓနုလူမျိုးဖြစ်ပြီး မူဆလင်ထဲဝင်တာသုံးနှစ်ပဲ ရှိသေးကြောင်း နာမည်က ဒေါ်ခင်မျိုး (၃၈)နှစ် (ဘ) ဦးစံရင်၊ အဖော်မိန်းကလေးက မမျိုးသန္တာစိုး (၁၇)နှစ် (ဘ) ဦးသန်းဌေး ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးရဲ့ အမျိုးသားက အဒူကာဒီ(မောင်တောမြို့)ဖြစ်ပြီး ဒေါ်ခင်မျိုးရဲ့မျက်နှာမှာ ဒဏ်ရာတွေရှိတယ်လို့ သိရပါတယ်။ သူမက တောင်ဒဂုံမြို့နယ်၊ (၁၉)ရက်ကွက်၊ မြိတ်လမ်း၊ နီလာလဘက်ရည်ဆိုင်၊ ဦးမာမွတ် ဒေါ်မာလာ အိမ်မှာ တည်းခိုပါတယ်။
သူမကို စစ်ဆေးတဲ့အခါ သူမရဲ့အပြုအမူကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဒီလိုခံစားရလိမ့်မယ်လို့ မထင်ခဲ့မိဘူးလို့ ဖြေသွားပါတယ်။
သူမကို စစ်ဆေးသူမှာ ဂေါပက ကိုတင်အောင်မိုး ဖြစ်ပါတယ်။ သူမ၏ခရီးဆောင်အိတ်ထဲမှာ မူဆလင်အမျိုးသမီးဝတ်စုံ (၅)စုံနှင့် ကိုရ်အန်ကျမ်းစာအုပ် (၂)အုပ် ပါလာတာကို တွေ့ရပါတယ်။

ဂေါပကမှ ပြန်လွှတ်ပေးလိုက်ပြီဟု ဆိုပါတယ်။ အခုလိုပြန်လွှတ်ပေးလိုက်တာဟာ သဘောထားကြီးမှုကို ပြဆိုတာလား၊ ပြဿနာကို ထပ်မံဖိတ်ခေါ်တာလား ဆိုတာ စောင့်ကြည့်ရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။ တကယ်ဆို မူဆလင်ဝတ်စုံပြည့် အမျိုးသမီးတစ်ယောက် တက်လာတာကို ဂေါပကနှင့် ရဲက စစ်ဆေးမေးပြန်းပြီးမှ ဝင်ခွင့်ပြုသင့်တယ် မဟုတ်လား။ တကယ်လို့များ အသေခံဗုံးခွဲခဲ့ ရင် ရွှေတိဂုံဘုရားဆိုတာ မြန်မာ့ကျက်သရေဆောင် မြန်မာပြည်ရဲ့ ပုံရိပ်မဟုတ်လား။ တန်ဖိုးဖြတ်နိုင်သော၊ အစားထိုးရနိုင်သော ရတနာမဟုတ်ဘူး-ဆိုတာ အစိုးရဆိုတာရော ဂေါပကနှင့် ဘုရားရဲဆိုတာရော သိထားဖို့လိုတယ်နော်။

စုံစမ်းရန်
ဒေါ်ခင်မျိုး- 09.42025466
ဂေါပက- 01383511
ဘုရားဖူးပြည်သူ-0943044590

Wira Thu

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်ရှိ တံတားကျိုးကျသဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများ ခေတ္တပြတ်တောက်

ကလေး-ဂန့်ဂေါ လမ်းပေါ်ရှိ သာစည်ကျေးရွာအနီးမှ သံပေါင်ဘေလီ တံတားအမှတ် ၁။ ၈၁ ကျိုးကျနေမှုအား ဇွန် ၁၅ ရက် နံနက်က တွေ့ရစဉ်

မိုးရာသီ အတွင်းတွင် အသုံးပြုသော အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်ရှိ တံတားတစ်စင်းသည် ဇွန် ၁၅ ရက်နံနက် ၀၀း၁၅ ခန့်တွင် ကျိုးကျခဲ့သဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများ ခေတ္တပြတ်တောက် ခဲ့ရကြောင်း သိရှိရသည်။

အမေရိကန်ထောက်လှမ်းရေးကို Facebook နဲ့ Microsoft သတင်းအချက်အလက်ပံ့ပိုး



အမေရိကန်အစိုးရရဲ့ အီလက်ထရောနစ် စောင့်ကြည့်စုံစမ်းရေးအစီအစဉ်အရ အင်တာနက်ကုမ္ပဏီ အတော်များများဟာ အစိုးရလိုချင်တဲ့ သတင်းအချက်အလက်အချို့ကို ပေးဖို့ အမေရိကန်အစိုးရနဲ့ သဘောတူညီချက်တရပ် ယူထားကြပါတယ်။ Facebook ဟာ ဒီလို တောင်းဆိုမှုကို သဘောတူတဲ့အထဲ ပထမဆုံးဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် နှစ်ဝက်ကျော်မှာ သတင်းအချက်အလက် တောင်းဆိုမှု ၉,၀၀၀ နဲ့ ၁၀,၀၀၀ ကြားမှာ ပေးခဲ့ပြီး အဲဒီအတွက် အသုံးပြုသူ အကောင့်ပေါင်း ၁၈,၀၀၀ နဲ့ ၁၉,၀၀၀ ကြား အကောင့်တွေက အချက်အလက်တွေ ပါဝင်တယ်လို့ ဘလော့ဂ်စာမျက်နာတခုမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရ ကမ်းလှမ်း

 နေပြည်တော်ရှိ ဆင်ဖြူတော်များအား တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)

မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅)နှစ်ပြည့် အထိမ်းအမှတ်အတွက် မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရက ကမ်းလှမ်းထားကြောင်း ထိုင်းဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်တိုဝီချွတ်ချိုင်းကူက ဇွန် ၁၃ ရက် တွင် ပြောကြားခဲ့သည်။

အီရန် သမ္မတရွေးကောက်ပွဲ Rouhani အနိုင်ရ

အီရန်သမ္မတ ရွေးကောက်ပွဲတွေမှာ အလယ်အလတ်အစဉ်လာစွဲ သဘောထား ရှိသူ Hassan Rouhani က  မဲတဝက်ကျော်ရရှိပြီး အနိုင်ရရှိ သွားပြီဖြစ်ပါတယ်။