ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်တွင်
တည်ရှိသော တောင်ကြီးမြို့ အရှေ့ဘက် ၂၆ မိုင် ကွာဝေးသော နာမည်ကျော်
ထမ့်စမ်းဂူနှင့် တောင်ကြောတစ်ခုထဲတွင်
တည်ရှိပြီး ထမ့်စမ်းဂူပေါက်ဝ တောင်ဘက် (အဆင်းလမ်း ၀ဲဘက်) ပေ ၄၀၀ ခန့်သာ
ကွာဝေးသောနေရာတွင် ထပ်မံတွေ့ရှိရသည့် ကျောက်စာဂူသစ်ကို ပြည်သူ အများ
ကြည့်ရှုလေ့လာနိုင်ရန် အမြန်ဆုံးတူးဖော် ပြုပြင်လျက်ရှိကြောင်း တာဝန်ရှိသူ
ဦးခွန်မြင့်အောင်ထံမှ သိရသည်။
ထမ့်စမ်းဂူမှာ ပျမ်းမျှပေ ၂၀၀ ကျယ်ဝန်းသည့် ဂူအခန်းကြီး (ကိုး)ခန်း ဖွင့်လှစ်ပြီးဖြစ်ကာ ဂူတွင်းလမ်းစုစုပေါင်း အရှည်ပေ ၁၈၅၀ အထိ ဖောက်လုပ်ပြီးဖြစ်ကြောင်း၊ အ၀င်လမ်း အထွက်လမ်း တစ်လမ်းတည်းသာ ရှိကြောင်း၊ ယခု ထပ်မံဖွင့်လှစ်မည့် ကျောက်စာဂူသစ်မှာ ပျမ်းမျှပေ ၂၀၀ ကျယ်ဝန်းသော အခန်းကြီး ၁၁ ခန်းပါရှိကာ၊ ဖောက်လုပ်ပြီး လမ်းအရှည်ပေ ၁၂၀၀ ရှိကြောင်း၊ ဂူတွင်းလမ်းမှာလည်း ၀င်ပေါက်တစ်လမ်း၊ ထွက်ပေါက်တစ်လမ်းဖြစ်ကာ ထမ့်စမ်းဂူ ထက် ထူးခြားလှပသော ကျောက်စက်ပန်းဆွဲများ၊ ကျောက်တုံးကျောက်ဆောင်များကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ဟိုပုံးကိုရင်လေး အရှင်ဗေါရိသမှ အဆိုပါဂူတွင် ပိဋိကတ်သုံးပုံ ကျောက်စာများ ထွင်းထုထားရှိရန် စီစဉ်ဆောင်ရွက်လျက် ရှိသဖြင့် "ကျောက်စာဂူ" ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ တူးဖော်ပြုပြင် ဆောင်ရွက်ဆဲဖြစ်သဖြင့် ကျောက်စာဂူ အတွင်းသို့ နိုင်ငံခြားသား အထူးဧည့်သည်များ၊ VIP အထူးဧည့်သည်များနှင့် မီဒီယာ အချို့တို့ကိုသာ ခေတ္တခဏ ၀င်ရောက်ကြည့်ရှုခွင့် ပြုထားပြီ၊ အများပြည်သူ ကြည့်ရှုလေ့လာရန် အတွက်မှု အမြန်ဆုံးစီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
EMG

0 comments:
Post a Comment