ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

27.1.14

အောင်လံဈေးကြီးနီး စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကြောင့် လမ်းပိတ်ဆို့မှု များဖြစ်နေ

အောင်လံမြို့မဈေးကြီးအနီး လမ်းမတော်လမ်းမကြီးမှာ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများကြောင့် လမ်းပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွါးေ နကြောင်း အောင်လံမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစိန်ဝင်းက ပြောသည်။

လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ လိင်ဖောက်ပြန်မှုများ ထွက်ပေါ်လာ

ကဒါဖီသည် (၄၂)နှစ်ကြာမျှ လစ်ဗျားကို အုပ်စိုးခဲ့ပြီး ထိုအချိန်တွင် လိင်အာရုံ ခံစားမှုအတွက် ပျိုရွယ်သူများကို ကျွန်များသဖွယ် ရက်စက်ခက်ထန်စွာ အသုံးပြုခဲ့ကြောင်း ယခုစခန်းက သက်သေခံနေသည်။

လစ်ဗျားနိုင်ငံတွင် အာဏာရှင် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး မူဟမ်မာ ကဒါဖီ လက်ထက်က အသုံးပြုခဲ့သည့် လိင်ကျေးကျွန် စခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စခန်းတွင် အသက်(၁၄)နှစ်မျှထိ ငယ်ရွယ်သည့် မိန်းကလေး၊ ယောက်ျားလေးများကို ကဒါဖီက လိင်ပိုင်းဆိုင်ရာ စော်ကား အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ကဒါဖီသည်

ထိုင်းဆန္ဒပြသူများ မဲရုံများကိုပိတ်ဆို့၊ ပဋိပက္ခအတွင်း အတိုက်အခံ ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲအတွက် အကြိုမဲပေးမှုများ ပြုလုပ်နိုင်ခြင်း မရှိစေရန် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစုများက မဲရုံများကို ပိတ်ဆို့ ဝိုင်းရံထားရာ အစိုးရ ဆန့်ကျင်သူနှင့် အစိုးရ လိုလားသူ ဆန္ဒပြအင်အားစု နှစ်ရပ် ပဋိပက္ခ ဖြစ်ပွားခဲ့သလို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် တစ်ဦးလည်း ပစ်ခတ်ခံလိုက်ရခြင်းကြောင့် သေဆုံးခဲ့ရသည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

အာဆင်နယ်-လီဗာပူး၊ မန်စီးတီး-ချဲလ်ဆီးတို့ တွေ့နေသည့် အက်ဖ်အေဖလား ပဉ္စမအဆင့်

အက်ဖ်အေဖလား ပဉ္စမအဆင့် မဲခွဲမှုများတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်း အချင်းချင်း တွေ့ဆုံနေသည့် ပွဲစဉ်များ ပါဝင်နေသည်။ စတုတ္ထအဆင့်ပွဲစဉ်တွင် ဘာနီမောက်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့် လီဗာပူးမှာ အာဆင်နယ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စတုတ်စီးတီးကို
ကျော်ဖြတ်နိုင်ခဲ့သည့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် တွေ့ဆုံနေသည်။ အဆိုပါပွဲစဉ်များကို ဖေဖော်ဝါရီ ၁၅၊ ၁၆ရက်များတွင် ကစားကြမည်ဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်များ ကစားရမည့် ကာလအပိုင်းအခြားနှင့် တိုက်ဆိုင်နေသည့်အတွက် အာဆင်နယ်၊ မန်စီးတီးတို့အတွက် ပွဲကြပ်ကာလဖြစ်နေသည်။

မိုင်လီဆိုင်းရပ်စ်ကို အားကျနေသည့် တက်သစ်စ အဆိုတော်မလေး

Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်

သူမအနေဖြင့် မိုင်လီဆိုင်းရပ်စ်၏ မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချမှုမျိုးကို နှစ်သက် သဘောကျမိကြောင်း တက်သစ်စ အဆိုတော်မလေး အေရီရာနာ ဂရန်ဒီက ပြောကြားလိုက်သည်။ Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။ Wrecking Ball ဂီတ ဗီဒီယိုတွင် မိုင်လီက ဝတ်လစ်စားလစ် ပုံရိပ်များ ထည့်သွင်းခဲ့သလို ပြီးခဲ့သည့်နှစ် MTV၏ VMA ဆုပေးပွဲတွင် ကြမ်းတမ်းလော်လီလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လူပြောများခဲ့သည်။

ဂျက်စတင်ဘီဘာအား နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသားများ တောင်းဆို

ကနေဒါပေါ့ပ်ငွေကြယ်ပွင့် ဂျက်စတင် ဘီဘာသည် မူးယစ်ဆေးဝါးမှုနှင့် အဖမ်းခံရပြီးနောက် ၄င်းအား အမေရိကန် နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသား ထောင်ပေါင်း များစွာ က လက်မှတ် ရေးထိုး၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်ကို WeThe People သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ၄၈ နာရီ အတွင်းမှာပင် အမေရိကန် နိုင်ငံသား ၁၅ဝဝဝ ကျော်က ပါဝင် လက်မှတ်ရေး ထိုး ခဲ့ကြသည်။ ဘီဘာသည် ပေါ့ပ်ဂီတ