27.1.14

လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ လိင်ဖောက်ပြန်မှုများ ထွက်ပေါ်လာ

ကဒါဖီသည် (၄၂)နှစ်ကြာမျှ လစ်ဗျားကို အုပ်စိုးခဲ့ပြီး ထိုအချိန်တွင် လိင်အာရုံ ခံစားမှုအတွက် ပျိုရွယ်သူများကို ကျွန်များသဖွယ် ရက်စက်ခက်ထန်စွာ အသုံးပြုခဲ့ကြောင်း ယခုစခန်းက သက်သေခံနေသည်။

လစ်ဗျားနိုင်ငံတွင် အာဏာရှင် ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး မူဟမ်မာ ကဒါဖီ လက်ထက်က အသုံးပြုခဲ့သည့် လိင်ကျေးကျွန် စခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စခန်းတွင် အသက်(၁၄)နှစ်မျှထိ ငယ်ရွယ်သည့် မိန်းကလေး၊ ယောက်ျားလေးများကို ကဒါဖီက လိင်ပိုင်းဆိုင်ရာ စော်ကား အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ကဒါဖီသည်

(၂၀၁၁)ခုနှစ်၊ အောက်တိုဘာလက အမေရိကန် ဦးဆောင်သော လေကြောင်းထိုးစစ်တွင် ထွက်ပြေးရင်း လစ်ဗျားတော်လှန်ရေးသမားများ ဖမ်းမိပြီး အဆုံးစီရင်မှုကို ခံခဲ့ရသည်။ ၎င်းသည် (၄၂)နှစ်ကြာမျှ လစ်ဗျားကို အုပ်စိုးခဲ့ပြီး ထိုအချိန်တွင် လိင်အာရုံ ခံစားမှုအတွက် ပျိုရွယ်သူများကို ကျွန်များသဖွယ် ရက်စက်ခက်ထန်စွာ အသုံးပြုခဲ့ကြောင်း ယခုစခန်းက သက်သေခံနေသည်။

အဆိုပါ စခန်းတွင် အမျိုးသမီးငယ်များကို အပျိုစင် စစ်မစစ် ဦးစွာစစ်ဆေးသော ကိရိယာများ တပ်ဆင်ထားပြီး ထို့နောက်တွင်မှ အာဏာရှင်ကြီးထံ ပေးပို့ပေးသည်။ ကာမဂုဏ် ကျူးကျူးလွန်လွန် လိုက်စားသော ကဒါဖီသည် ငယ်ရွယ်နုပျိုသည့် အမျိုးသားများကို စုဆောင်းထားသည့် သီးခြား အခြွေအရံ ကိုယ်လုပ်တော်ဆောင် တစ်ခုကိုပါ ထားရှိတည်ဆောက်ထားကြောင်း သိရသည်။ ကဒါဖီ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ လူမြင်ကွင်း နောက်ကွယ်မှ ရက်စက်ကြမ်းကြုတ်မှုများ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာနေရာ ယခုစခန်းသည်လည်း ဆိုးရွားသော အထောက်အထားတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

ကဒါဖီ၏ အလိုကို ဖြည့်ဆည်းရန်အတွက် ကျောင်းများ၊ တက္ကသိုလ်များမှ လူငယ်လူရွယ်များစွာသည် နှစ်စဉ်နှစ်တိုင်း အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင် ခံရသည်။ ထို့နောက်တွင်မူ ထရီပိုလီ တက္ကသိုလ်အတွင်း လျှို့ဝှက်တည်ဆောက်ထားသည့် လိင်ကျေးကျွန်စခန်းနှင့် အခြားနေရာများသို့ ပို့ဆောင်ခံခဲ့ရသည်။ ကဒါဖီသည် အသက်(၁၄)နှစ်အောက်မျှသာ ရှိသေးသော လူငယ် ယောက်ျားလေး၊ မိန်းကလေး များစွာကို မုဒိမ်းကျင်ခဲ့ကြောင်း BBC4၏ မှတ်တမ်းဗီဒီယိုတွင် ဖော်ပြထားသည်။ ယင်းအတွက် ကဒါဖီ၏ လက်ပါးစေများက အပျိုစင်စစ်စစ်များကို ရွေးချယ်ဖမ်းဆီးလေ့ရှိကြောင်းလည်း သိရသည်။

သေးငယ်သော တစ်ထပ်အဆောက်အအုံလေး တစ်ခုတွင် မိန်းကလေးများကို ညစ်ညမ်းဗီဒီယိုများ အတင်းအကျပ် ကြည့်ရှုခိုင်းကာ ခေါင်းဆောင်ကြီး အလိုကျ ပြုစုတတ်ရန် သင်ယူစေကြောင်းလည်း သိရသည်။ ကဒါဖီသည် တက္ကသိုလ်များ၊ ကျောင်းများတွင် ဟောပြောမှုများ သွားရောက်ပြုလုပ်ပြီး ထိုအချိန်တွင် ၎င်းစိတ်ကြိုက် လူငယ်များကို ကြိုတင်မှတ်သားသွားကာ ထို့နောက်ပိုင်းတွင်မူ အတင်းအကျပ် ဖမ်းဆီး သိမ်းသွင်းကာ မုဒိမ်းကျင့်လေ့ရှိကြောင်းလည်း ယင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

Planet Myanmar Network

0 comments:

Post a Comment