ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

31.12.13

တရုတ်ပြည်သို့ပို့သော ကျွဲ၊ နွား မှောင်ခိုများလာခြင်းကြောင့် ဒေသခံကျွဲ ၊နွားများ ပျောက်ဆုံးမှုများနေ

လားရှိုးမြို့နယ် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် တရုတ်ပြည်သို့ တရားမ၀င် သယ်ဆောင်နေသော ကျွဲနွား မှောင်ခိုသမားများ လွန်စွာများပြားလာခြင်းကြောင့် ဒေသခံ တိုင်းရင်းသားတောင်သူများ၏ ကျွဲနွားများမှာ မ ကြာခဏ ပျောက်ဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။

ခရီးသည်များ အိပ်မောကျနေစဉ် ရထားတွဲ မီးစွဲလောင်သဖြင့် အများအပြား သေဆုံး

ဒီဇင်ဘာ ၂၉ရက်က အိန္ဒိယနိုင်ငံ အန်ဒြာပရာဒက်ရှ်ပြည်နယ် အန်န်တာပူရမ်ခရိုင်တွင် နန်ဒက်နှင့် ဘင်္ဂလောသို့ ပြေးဆွဲ နေသည့်ရထားတွင် မီးစွဲလောင်ခဲ့သဖြင့် အနည်းဆုံး ၂၆ဦးသေဆုံးပြီး၊ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ မီးလောင်စဉ် ခရီးသည် အများစုမှာ အိပ်ပျော်နေကြပြီး နိုးလာချိန်တွင် ရထားတစ်တွဲလုံး မီးခိုးလုံးများ ပိတ်မှောင်နေသည့်အတွက် အဖိတ်အဆင် မျာ ပြားရခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရေး တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ကူညီကြရန် ၀န်ကြီးဦးခင်ရီ ကမ်းလှမ်း

လာမည့် ၂၀၁၄ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်းကောက်ရေးသည် အမျိုးသားရေးလုပ် ငန်းစဉ်ဖြစ်၍ အားလုံးပါဝင်ကူညီကြရန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများကို ရှင်းလင်း ပြောကြားလိုက်သည်။

ရခိုင်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေး စခန်းများအတွက် ဗုဒ္ဓဆင်းတုတော် ၁၇၀၀ အား စင်ကာပူက လှူဒါန်းမည်

ရခိုင်တိုင်းရင်းသားများ ပြန်လည်ထူထောင်ရေး စခန်းများအတွက် ဗုဒ္ဓဆင်းတုတော် ၁၇၀၀ အား စင်ကာပူနိုင်ငံမှ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မေတ္တာစင်တာဥက္ကဌ ဦးဝင်းဖေက လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းတုတော်များအား ယခုခါတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်အတွင်း ထားရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင်

လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေးနေ

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေး နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများကို ခေါ်ယူစစ်ဆေးနေသည့် အဆင့်သာရှိနေပြီး ပါဝင်ပတ်သက်မှု မရှိသူများကိုလည်း ပြန်လည် လွှတ်ပေးနေကြောင်း သိရှိရသည်။

တူမီးသေနတ်နှင့်ပစ်မည်ဟုဆိုသောကြောင့် နယ်မြေရှင်းလင်းဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းမြို့၏ ရှေ့ဘက်တောစပ် နေရာများ တွင် နေရာရွေ့ပြီး ရောင်း ချနေသော မူးယစ်သားကောင်များ မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ တောစပ်သို့လာရောက်လျှင် တူမီးနှင့်ပစ်မည်ဟု ပြောဆိုသံများကြောင့် ခရိုင်ရဲတပ်ဖွဲ့မှ မူးယစ်ရှင်းလင်းရေးအစီစဉ်ဖြင့် သွားရောက်ရှင်းလင်းဖမ်းဆီးခဲ့ကြကြောင်း နယ်မြေခံများထံမှသိရသည်။

မန္တလေးဆေးရုံးကြီးတွင် ကုတင် ၅၀၀ ဆံ့ဆေးရုံ လာမည့်နှစ်အတွင်း အပြီးဆောက်မည်

မန္တလေးတိုင်းအတွင်းမှ အထက်မြန်မာပြည်မှလူနာများ ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် ကုတင် ၅၀၀ဆံ့ ကိုးထပ်ဆေးရုံကြီးတစ်ခု မန္တလေးဆေးရုံကြီးဝင်းအတွင်းတွင် တည်ဆောက်မှု ၂၀၁၄ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေးဌာနအရာရှိ ဦးမင်းလွင်က ပြောသည်။

နှစ်သစ်ကူးည လည်ပတ်လိုသူများအတွက် ပြည်တွင်းရေကြောင်းသင်္ဘော အငှားလိုက်မည်

နှစ်သစ်ကူးညတွင် မြစ်ကြောင်းအတွင်း သင်္ဘောစီးပြီး နှစ်သစ်ကူးပွဲတော်နှင့် ပါတီပွဲများကျင်းပလိုသူများ အနေဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ သဘောင်္များ ငှားရမ်းသွားမည်ဟု ပို့ဆောင်ရေးဌာန မှူး ဦးရှိန်းယောက ပြောသည်။

နား၊လည်ချောင်း ပိုးဝင်စေတဲ့ ဘက်တီးရီးယားတွေဟာ စာအုပ်တွေပေါ် အချိန်ကြာ အသက်ရှင်နေနိုင်

နား နဲ့ လည်ချောင်းကို ပိုးဝင်မှုဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေဟာ စာအုပ်တွေပေါ်မှာ အချိန်ကာလ ကြာကြာ အသက်ရှင်နေနိုင်တယ်လို့ သုတေသီတွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နား၊ လည်ချောင်း ပိုးဝင်မှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ လူ့ခန္ဓာပြင်ပဖြစ်တဲ့ စာအုပ်၊ ကလေးပုခတ်နဲ့ အရုပ်တွေအပါအ၀င် အမျိုးမျိုးသော အရာဝတ္ထုတွေပေါ် အချိန်ကာလ ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။

ကားတင်သွင်းခွင့်အတွက် ယာဉ်အမျိုးအစားနှင့် နှစ်အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစား နှစ်အလိုက် သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ထွေ/အုပ်စာရေးတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရကာ လေထိုးပိုက်ဖြင့် ရိုက်နှက်ခံရမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်က အင်းစိန်မြို့မ ရဲစခန်း နယ်မြေအတွင်း စည်းကမ်းမဲ့၊ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၄)၊ အင်းစိန်ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူးများ ပါဝင်သော အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်များ လိုက်လံဖမ်းဆီး ခဲ့ကြောင်း သိရသည်။

လူငယ်များ၏ အခက်အခဲ ဇန်န၀ါရီ စစ်တမ်းကောက်မည်

လူငယ်များ၏ အခက်အခဲများ လိုအပ်ချက်များနှင့် ပတ်သက်ပြီး လူငယ်ဗဟိုပြု စစ်တမ်းများကို လာမည့် ဇန်န၀ါရီ ဒုတိယပတ်တွင် စတင်ကောက်ယူသွားမည်ဟု စစ်တမ်းကောက်ယူမည့် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဥက္ကဋ္ဌကိုဇွဲရန်နိုင်က မဇ္ဈိမကို ပြောသည်။

မန္တလေး ကျုံးဘေးပတ်လည်တွင် လေးထပ်ထက် ပိုဆောက်ခွင့်မပြုတော့

မန္တလေးမြို့၊ ကျုံးဘေးပတ်လည်တွင် လေးထပ်ထက်မြင့်သော အဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုတော့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးဦးမျိုးအောင်က ပြောသည်။

ပုဂ္ဂလိကလုပ်ကိုင်ခွင့် လေဆိပ်အားလုံးကိုမပေးဟု လေကြောင်း/ဦးစီးဆို

ပြည်တွင်းလေဆိပ် ၃၀ အတွက် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရာတွင် လေဆိပ် အားလုံးကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ် ဘဲ ပြည်တွင်းရှိ လေဆိပ်ခေါ်ယူမည့်တင်ဒါအား လုပ်ငန်းရှင် များဘက်မှတင်ပြမည့် အဆိုပြုလုပ်ငန်း (Registry of Interest (ROI)) အပေါ် အခြေပြု၍ လုပ်ကိုင် ခွင့်ပြုမည့် လေဆိပ်အား ရွေးချယ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က ပြောကြားသည်။

မြေပုံမြို့နယ် ဒုက္ခသည်စခန်း အခြေအနေ နိုင်ငံတကာ စိုးရိမ်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေဟာ အတော်လေးကို စိုးရိမ်ပူပန်စရာ အနေအထားမှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုလိုက်ပါတယ်။ စခန်းအတွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက

ငါး၊ ပုစွန်မွေးသူများ ပိုင်ဆိုင်မှု ပြနိုင်ရေး ညှိနှိုင်းပေးမည်ဟု လယ်/ဆည်ဝန်ကြီး ကတိပြု

ငါး၊ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေရယူရေးအတွက် အထောက်အထား တင်ပြ နိုင်ရန် ၀န်ကြီးဌာနအနေဖြင့် ညိှနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ကတိပြုပြောလိုက်သည်။

ရဲဘက်ပြေးနှင့် ဇနီးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီး

အလုံမြို့နယ်တွင် ရဲဘက်ပြေးနှင့် သူ၏ဇနီးတို့ကို မူးယစ်ဆေးဝါးရောင်းချနေမှုဖြင့် ရန်ကုန်တိုင်း ရဲတပ် ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းမှ ပူးပေါင်းရဲတပ်ဖွဲ့ဝင်များသည် သံချောင်း (ခ) ထွန်းကျော် လွတ်လပ်ရေးရပ်ကွက်၊ အလုံ မြို့နယ်နေသူမှာ ရဲဘက်ပြေးတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိခဲ့သည်ဟု ဆိုသည်။

ရှစ်တန်းကျောင်းသူတစ်ဦး ဆွဲကြိုးချ၍ အဆုံးစီရင်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာတွင် ယခုလ ၂၉ ရက် မနက် ၈ နာရီအချိန်က ရှစ် တန်းကျောင်းသူတစ်ဦးသည် မိမိကိုယ်ကိုဆွဲကြိုးချ၍ အဆုံးစီရင်ခဲ့သည်ဟု ဘုတလင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အဋ္ဌမတန်းကျောင်းသူ မအိမွန်ဖြိုး အသက်(၁၄)နှစ်ဆိုသူဖြစ်ပြီး ယခုလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်က ရွာ၏ တောင်ဘက်၊ ယာခင်းတော သွားရာလမ်းဘေးရှိ မန်းကျည်းပင်၌ ဆွဲကြိုးချ၍ မိမိ ကိုယ်ကို အဆုံးစီးရင်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ရဲဌာန၏ စစ်ဆေးပေါ်ပေါက်ချက်များတွင်တွေ့ရ သည်။

ဆိုင်ကယ် လမ်းပြောင်းပြန် စီးလာသူက ယာဉ်ထိန်းရဲကို လက်သီးဖြင့်ထိုး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ စည်ပင်သာယာဈေး၏ အရှေ့ဘက် အောင် ဇေယျလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၃ နာရီခွဲအချိန်က တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးကို လမ်းပြောင်းပြန်စီးလာသည့် ဆိုင်ကယ်မောင်းလာသူက ထိုးနှက်ခဲ့ကြောင်း

ကျားနှင့် အတူနေထိုင်သော ဘရာဇီးက မိသားစု

ဘရာဇီးနိုင်ငံမှ မိသားစု တစ်ခုဟာ ကျားကို အိမ်မွေးတိရစ္ဆာန် အဖြစ် ပြု စုစောင့်ရှောက်ထားပြီး ကမ္ဘာကို အံ့သြ စေခဲ့ပါတယ်။

အများအားဖြင့် ဆက်ကပ် နဲ့ မျက်လှည့်ပညာရှင်များက ကျား၊ ခြင်္သေ့တို့လို သတ္တဝါရိုင်းတို့နဲ့ အတူနေထိုင်တာ မဆန်းပေမယ့် သာမန် မိသားစု တစ်ခုရဲ့  နေထိုင်မှုကတော့ ဆန်းပြား ပါတယ်။ ၎င်းတို့ရဲ့  ပြောဆိုချက်အရ ယင်း ကားငယ်ကို ငယ်ငယ်လေးကတည်းက

အိမ်သာနဲ့ နံရံကြား ညှပ်နေတဲ့ မိန်းမတစ်ဦးကို မီးသတ်တပ်ဖွဲ့ ဝင်တွေ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရ

ကလပ်တစ်ခုရဲ့ အိမ်သာခန်းနံရံကျွံကျပြီး အိမ်သာနဲ့ နံရံကြား ညှပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ရေအိမ်ကို ဖြိုချပြီး မီးသတ်သမားတွေဟာ ခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရပါတယ်။
ကာဒစ်မြို့ သူမိန်းမကို ကယ်ဆယ်ခဲ့တဲ့ မီးသတ်အဖွဲ့ ဝင်ထဲကတစ်ယောက်ဖြစ်တဲ့ Mick Flanagan ပြောကြားချက်အရ

30.12.13

ကင်းထောက်ဥပဒေ လာမည့် ဇူလိုင်အမီ အသက်ဝင်ရန် ကြိုးပမ်းမည်ဟုဆို

နှစ်ပေါင်း ၅၀ အကြာ၌ ပြန်လည် အသက်ဝင်လာသော မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့သည် ၎င်းတို့ ရေးဆွဲထားသော ဥပဒေကြမ်းကို လွှတ်တော်က ၂၀၁၄ ခုနှစ် ဇူလိုင်လအမီ အတည်ပြုပေးရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးတင်ညိုက ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေ ပြင်ဆင်ရန် စီစဉ်

ပြည်ပ အလုပ် အကိုင်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည် ပရွှေ့ပြောင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦး က ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ မြေနီကုန်းရှိ ကရုဏာ ဆေးခန်းတွင် ရွှေ့ပြောင်းအလုပ်သမား ကွန်ရက်မှ ကျင်းပသော ရွှေ့ပြောင်း လုပ်သားများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင်

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၀ ကျော် မောင်တောတွင် ခိုလှုံ

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေ သည့် ရွေးကောက်ပွဲ ကျင်းပရေးနှင့် သက်ဆိုင်သည့် နိုင်ငံရေး ဆူပူမှုများကြောင့် ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၆၆ ဦး ကို ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင် ခိုလှုံနေကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ဘက်စုံ လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။

လိင်ဖျော်ဖြေသူအမျိုးသမီးများက အခက်အခဲများကိုပြန်ပြောရန် စိုးရွံ့ခြင်းကြောင့် ယင်းတို့၏အခွင့်အရေးများကို ကာကွယ်မပေးနိုင်ဖြစ်နေ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။ ။ လိင်မှု ဖျော်ဖြေသူအမျိုးသမီးများ သည် မိမိတို့တွေ့ကြုံနေရသည့် အခက်အခဲများကို ပြန် လည် ပြောပြရန် စိုးရွံ့ကြသည့်အတွက် ယင်းတို့၏အခွင့်အရေးများကို အကာအကွယ် မပေးနိုင်ဖြစ်နေ ကြောင်း The Help Myanmar အဖွဲ့မှ ဒါရိုက် တာဒေါ်သက်မွန် ဖြိုးကပြောသည်။

နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အီဂျစ် မွတ်ဆလင် ညီနောင်များကို အကြမ်းဖက် အဖွဲ့အဖြစ် လူ့အခွင့်အရေးအဖွဲ့ သတ်မှတ်

မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်းကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အီဂျစ်အစိုးရက ကြေညာလိုက်ခြင်း သည် နိုင်ငံရေးအရ လွှမ်းမိုးမှုများ ရှိနေသည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသည့်အဖွဲ့ Human Rights Watch (HRW) က ပြောဆို ထုတ်ပြန်လိုက်သည်။

တရုတ်ပြည်နယ်လွှတ်တော် အမတ် ၅၀ ကျော် ရာထူးမှ ထုတ်ပယ်ခံရ

ရွေးကောက်ပွဲ မသမာမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် လွှတ်တော်အမတ် ၅၀ ကျော်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်ပေါင်း ၇၆၃ ဦးရှိသည့် ဟူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက်မှ ကိုယ်စားလှယ် ၅၆ ဦးကို လာဘ်ငွေပေးပြီး ရာထူးရယူမှုဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း CCTV သတင်းတွင် ဖော်ပြထားသည်။

မြန်မာယူ ၂၂ အသင်း နည်းပြချုပ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်ခ်ျနှင့် တွေ့ဆုံခြင်း

အာရှဖလား ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာ ယူ ၂၂ အသင်း၏ စုဖွဲ့မှု အနေအထားအရ အာရှဖလား အုပ်စုပြိုင်ပွဲတွင် အောင်မြင်နိုင်မှု အနေအထားနှင့် ပြင်ဆင်မှု များ ဆောင်ရွက်ထားမှုကို သိရှိနိုင်စေရန် မြန်မာယူ ၂၂ အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်မည့် ဂျာမနီ နိုင်ငံသား ဂတ်ဖရိုင်းဒရစ်ခ်ျနှင့် တွေ့ဆုံမေးမြန်း ဖော်ပြ အပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ မြန်မာ ယူ ၁၉ အသင်းကနေ ယူ ၂၂ ကို ကိုင်တွယ်ခွင့်ရခဲ့တဲ့ ခံစားချက်က ဘာဖြစ်မလဲ။

လူပေါင်းတစ်သန်းကျော် ပါဝင်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံ စီစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူထုစုဝေးမှု မလုပ်ရဟု ရဲတပ်ဖွဲ့ဝင်များက ပိတ်ပင် ထားသော်လည်း လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို တနင်္ဂနွေနေ့တွင် ဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံများက စီစဉ်ထားကြောင်း Reutes သတင်းတွင် ဖော်ပြထားသည်။

ရုရှားတောင်ပိုင်းတွင် လျှပ်စစ်ဘတ်စ်ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွား

အဆိုပါမြို့၏ အဓိက မီးရထားဘူတာရုံတွင် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား အပြီး နောက်တစ်ရက်တွင် ဘတ်စ်ကားပေါ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ရုရှားနိုင်ငံတောင်ပိုင်း ဗော်လ်ဂိုဂရက်ဒ်မြို့ တွင် ကောင်းကင်ကြိုးလျှပ်စစ်ဓာတ် အားဖြင့် မောင်းနှင်သော ဘတ်စ်ကားတစ်စီးပေါ်၌ ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးသွားသည်။ အဆိုပါမြို့၏ အဓိက မီးရထားဘူတာရုံတွင်

မလေးရှားက မြန်မာအလုပ်သမားတွေ အရေး ဘယ်လိုရှိနေလဲ

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် မီရီမြို့ ရှိ မြန်မာအလုပ်သမားတွေကို မြန်မာသံရုံး အရာရှိများနှင့် မလေးရှား အလုပ်သမားအေဂျင်စီ တာဝန်ရှိသူများတွေ့ဆုံမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန စာမျက်နှာက ဖော်ပြပါတယ်။

မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာ အလုပ်သမားဆိုင်ရာ သံအရာရှိ ဦးစိုးဝင်း၊ မြန်မာသံရုံးအရာရှိတစ်ဦး၊

၂ဝ၁၄ မှာ စစ်တပ်က အာဏာပြန်သိမ်းမည်မဟုတ်

မြန်မာပြည်ရဲ့ အထင်ကရအဖြစ်ဆုံး နက္ခဗေဒပညာ စံ-ဇာဏီဘိုက အဲဒီလို ဟောကိန်းထုတ်လိုက်ပါပြီ။ ရက်ပိုင်းအတွင်း ရောက်လာတော့မယ့် ၂၀၁၄ ရဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေ ကို မြန်မာပို့စ်ဂျာနယ်က မေးမြန်းရာမှာ သူက အဲဒီလို ပြောလိုက်တာပါ။

သူ့ကို နောက်ထပ် မေးသင့်တဲ့ မေးခွန်းက … ၂၀၁၅ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးတို့ရဲ့ကြံ့ခိုင်ရေးပါတီ

ထိုင်းနိုင်ငံရေး အကြပ်အတည်းနှင့် ရွေးကောက်ပွဲ သံသရာ

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ သွေးထွက်သံယို မှုတွေကြောင့် ရွေးကောက်ပွဲကော် မရှင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစိုးရကို တောင်းဆိုတယ်။ အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရုံကလွဲလို့ တခြားနည်းလမ်းမရှိလို့ အကြောင်းပြပြီး ပယ်လိုက်တယ်။

ဇင်ဘာဘွေ နိုင်ငံတွင် အာဂဖခင် တစ်ဦးက မိကျောင်းကို တိုက်ခိုက်၍ သားဖြစ်သူအား ကယ်ဆယ်ခဲ့

ဇင်ဘာဘွေ နိုင်ငံရှိ ကျေးလက်ဒေသ တစ်ခုတွင် ဖခင် တစ်ဦးသည် ၎င်း၏ သားငယ်အား ကိုက်ခဲထားသည့် မိကျောင်း တစ်ကောင်ကို တိုက်ခိုက်၍ ၎င်း၏ပါးစပ် အတွင်းမှ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူအား ကယ်ဆယ် နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

လျော်ကြေးငွေ မယူထားသော မြေနေရာတွင် မြေများစုပုံမှုနှင့်ပတ်သက်၍ လက်ပံတောင်းတောင် ဒေသခံများဆန္ဒပြ

လက်ပံတောင်းတောင်ဒေသရှိ လျော်ကြေးငွေ မယူထာသော မြေနေရာများတွင် စွန့်ပစ်မြေများ လာရောက်စုပုံထားခြင်းအား
ပြေလည်အောင် မဖြေရှင်းပေးသဖြင့် ဒီဇင်ဘာ ၂၉ ရက်နေ့က ဒေသခံ ၈၀၀ ဦးခန့် ဆန္ဒပြခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

``ကျွန်တော်တို့ ပြေလည်အောင်မဖြေရှင်းနိုင်လို့ ခွင့်ပြုမိန့်တင်ပြီး

ထီကျပ်သိန်း ၁၅ဝဝ၏လှည့်ကွက်တစ်ခု(သို့မဟုတ်)ငွေမည်းကိုခဝါချသူများ

လူတိုင်း ကြီးပွားချမ်းသာချင် ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
မြန်မြန်ကြီးပွားချမ်းသာလိုသူတို့က လောင်းကစားကိုလုပ်၍ စီးပွား ပျက်၊ ဘဝပျက်၍ နာလန်မထူနိုင် သောအဖြစ်သို့ရောက်ရသူများလှ ၏။ တစ်လုံး၊ ဘောလုံး၊ နှစ်လုံး ထီ၊ သုံးလုံးချဲတို့ကို အလွယ်တကူ ကံစမ်းနေကြ၏။ နိုင်ငံတော်အစိုးရ ကလောင်းကစားဥပဒေများသတ် မှတ်၍ အရေးယူနေချိန်တွင် တစ် ဖက်ကလည်း ပြည်သူတို့အတွက် တရားဝင်ကံစမ်းနိုင်ရန် အောင်ဘာ လေသိန်းထီရှိနေပြီဖြစ်သည်။

ဘောလုံးကွင်းအတွင်း အိမ်ရာ ဆောက်လုပ်ခွင့်ပြုသော ရန်ကုန်စည်ပင်ကို ဆန္ဒပြ

သာကေတမြို့နယ် (၄) ရပ်ကွက် တောင်ပိုင်း အောင်သစ္စာလမ်း ဘောလုံး ကွင်းအတွင်း အထပ်မြင့်အိမ်ရာ ဆောက်လုပ်ခွင့် ပြုခဲ့သော ရန်ကုန်မြို့နယ် စည်ပင်သာယာရေး ကော်မတီကို အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူ ဦးစိန်ထွေးက ပြောကြားသည်။

အရက်၊ ဘီယာနှင့် ဆေးလိပ်ဖမ်းဆီးရရှိမှု ယခင်နှစ်ထက်လျော့နည်း

ဘဏ္ဍာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြည်တွင်းရှိ တရားမဝင် အရက်၊ ဘီယာနှင့် ဆေးလိပ် ယခုနှစ်သိမ်းဆည်း ရရှိမှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် (၂၀၁၂-၂၀၁၃) ထက် လျော့နည်းကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

တာချီလိတ်၌ မာရသွန်ပြိုင်ပွဲအား ၁.၁.၂၀၁၄ အစား ၂.၁.၂၀၁၄ တွင် ကျင်းပရန် ရက်ရွှေ့

တာချီလိတ်မြို့၌ အားကစားနည်း (၁၄)မျိုးဖြင့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအား ဒီဇင်ဘာလ နောက်ဆုံးအပတ်က စ၍ ပြုလုပ်ကျင်းပလာခဲ့သည့်ဖြစ်ရာ ၁.၁.၂၀၁၄ တွင် ကျင်းပပြုလုပ်မည့် "မာရသွန်"အပြေးပြိုင်ပွဲအား သတ်မှတ်ကျင်းပရက်မှ ၂.၁.၂၀၁၄ သို့ ရွှေ့၍ ကျင်းပမှာဖြစ်ကြောင်း သိရှိရသည်။

စစ်တွေတက္ကသိုလ်၌ မိုးလုံလေလုံအားကစားရုံတည်ဆောက်

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာအနီးရှိ စစ်တွေ တက္ကသိုလ် နယ်မြေ သစ်တွင် တက်ရောက်ပညာသင်ကြား လျှက်ရှိ သည့် ဘာသာရပ် အသီးသီးမှ ကျောင်းသား/ကျောင်းသူများ အားကစားနည်း များ အလိုက် လေ့ကျင့်ကစားနိုင်ရန်နှင့် စာသင်နှစ်အလိုက် အားကစားပြိုင်ပွဲ များ ကို ကျင်းပပြုလုပ်နိုင်ရန်အတွက် အဆိုပါ တက္ကသိုလ်၏ ၀င်းအတွင်း မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့ အာရုဏ်ဦး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်လျှက် ရှိကြောင်း သိရသည်။

29.12.13

မိုဘိုင်းလ်ဖုန်း အရောင်းဝန်ထမ်း ဖြစ်သွားသည့် အင်နီယေစတာ

ဖုန်းလာဝယ်သူများသည် ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် သန်းကြွယ်သူဌေးကို ဖုန်းအရောင်း ဝန်ထမ်းတစ်ဦးအဖြစ် တွေ့မြင်ရသည့်အခါ အလွန်အံ့ဩသွားကြသည်

ဘာစီလိုနာ ကွင်းလယ် ကစားသမား အန်းဒရက်စ် အင်နီယေစတာ အနေဖြင့် မိုဘိုင်းလ်ဖုန်း အရောင်းသမားအဖြစ် အလုပ်ပြောင်းသွားကြောင်း

"Mister and Miss University Myanmar ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် နည်းပညာ တက္ကသိုလ် (မှော်ဘီ) က ကျောင်းသားကျောင်းသူ ၁၀ဦးကို ကနဦး ရွေးချယ်"

ဒီဇင်ဘာ ၂၇ ရက်နေ့က နည်းပညာတက္ကသိုလ် မှော်ဘီမှာ Fresher Welcome King Queen ရွေးချယ်ပွဲ၊ Mister and Miss TU Hmawbi ရွေးချယ်ပွဲကို ကျင်းပခဲ့သည်။

လှိုင်သာယာ၊ ရွှေလင်ဗန်းကျေးရွာ၌ တဲထိုးနေရန် လာရောက်ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ တုတ်၊ ခဲများ ကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာအတွင်း တဲထိုးနေထိုင်ရန်လာရောက် ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ အငြင်းပွားရာမှတစ်ဆင့် တုတ်၊ ခဲများကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခု ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီခွဲခန့်မှစ၍

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂ၏ ကူညီငွေ ယူရိုတစ်သိန်းကျော်ထဲမှ ၂၀၁၄ တွင် ယူရို လေးသောင်းကျော် သုံးစွဲမည်

ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်း အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂမှ ကူညီငွေ ယူရိုတစ်သိန်းကျော်ထဲမှ လာမည့် ၂၀၁၄ တွင် ယူရိုငွေလေးသောင်းကျော် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် လက်လုပ်မိုင်း တွေ့ရှိမှုနှင့်ပတ်သက်၍ အထူးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိမှုကြောင့် အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ပြောကြားသည်။
ယင်းကဲ့သို့ လက်လုပ်မိုင်း ပြုလုပ်ထားရှိခဲ့သူကို အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရန် အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုင်းဆန္ဒပြပွဲ ပစ်ခတ်မှု တဦးသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စနေနေ့က အစိုးရဆန့်ကျင်သူတွေ စုဝေးနေရာကို သေနတ်သမားတယောက်က ပစ်ခတ်ခဲ့လို့ ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားပါတယ်။ ဝန်ကြီးချုပ်ရုံးနားမှာ ညလုံးပေါက် စခန်းချ ဆန္ဒပြနေကြတဲ့သူတွေနား ဖြတ်သွားတဲ့ ကားပေါ်ကနေ ပစ်ခတ်သွားတာလို့
မျက်မြင်တချို့ ကပြောပါတယ်။

၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ ဗန်းကိုင် ရှစ်ဦး၏ ရင်ခုန်စကားသံများ

၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲနဲ့ NLD

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်မယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောလိုက်တဲ့ တစ်နေ့ထဲမှာပဲ နောက် ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီကိစ္စကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟို ကော်မတီ အစည်းအဝေးတွေမှာ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကိစ္စကို ချိတ်ဆက်မထားတဲ့ သဘောမျိုးတော့ ပြောကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ

ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူထားသူ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ ပြည်တော်ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ် ပါ
တော့မယ်တဲ့။

ထိုင်းတွင် ပြည်ဝင်ဗီဇာသက်တမ်းလေးနှစ်ပြည့်ပြီး တရားဝင်ဆက်လက် လုပ်ကိုင်လိုသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ပြည်ဝင်ဗီဇာ သက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသူများ အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။