27.6.13

ဗီယက်နမ်အိုးပင်း ပြေးခုန်ပစ် ပြိုင်ပွဲကို မြန်မာပြေးခုန်ပစ်အဖွဲ့ ကစားသမား ၁၀ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်



   ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာပြေးခုန်ပစ်အဖွဲ့သည် ဗီယက်နမ်အိုးပင်း ပြေး ခုန်ပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့်ဇူလိုင် ၁၉ ရက်မှ၂၂  ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။ မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင်ပွဲကိုအမျိုး သားကစားသမားလေးဦး၊ အမျိုးသမီးကစားသမားခြောက်ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တာတိုပြိုင် ပွဲများနှင့် အပစ်ပြိုင်ပွဲများကို အဓိကထားဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာပြေးခုန်ပစ်အဖွဲ့သည် စင် င်္ကာပူ တံခွန်စိုက်ပြေးခုန်ပစ်ပြိုင်ပွဲတွင် တာလတ်နှင့် တာဝေးပြိုင်ပွဲများကို အဓိကထား ၀င်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း စင်ကာပူနိုင်ငံ၏ ရာသီဥတုအခြေအနေကြောင့် တာဝေးပြိုင်ပွဲများကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပေ။ ယခု ဗီယက်နမ်အိုးပင်း ပြိုင်ပွဲကို ယဉ်ယဉ်ခိုင်၊ လဲ့လဲ့ဝင်း၊ ကျော်စွာမိုး စသည့်ဝါရင့် ကစားသမား များအပြင် လူငယ်ကစားသမား အများစုကိုလည်း နိုင်ငံတကာ အတွေ့အကြုံ ရရှိစေရန် အတွက်စေလွှတ် ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာပြေးခုန်ပစ်အဖွဲ့၏ အားသာသည့် မီတာ ၄ x ၄၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယဉ်ယဉ်ခိုင်၊လဲ့လဲ့ဝင်းတို့နှင့်အတူ စုကြည်အောင်၊ဆွေလီမြင့် တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
   မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် လှံတံပစ်၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ မီတာ ၁၀၀ တန်းကျော် ၊ မီတာ ၄၀၀ တန်းကျော်၊ မီတာ ၂၀၀၊ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများ၊ မီတာ ၄  x ၄၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲ၊ တုတ်ထောက်ခုန် ပြိုင်ပွဲနှင့် မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာပြေးခုန်ပစ် အဖွဲ့သည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ပြိုင်ပွဲများစွာကို ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး သြဂုတ်လအတွင်း၌ ထိုင်းတံခွန်စိုက်ပြေးခုန်ပစ်ပြိုင်ပွဲ၊ အိန္ဒိယတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဆီးဂိမ်းစ်အ ကြို အာဆီယံဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲကိုမူ စက်တင်ဘာလအတွင်း၌ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိဘောလုံး ကွင်းတွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။ လာမည့် (၂၇) ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မြန် မာပြေးခုန်ပစ်အဖွဲ့သည် ပဏာမလက်ရွေးစင် ကစားသမား အမျိုးသား  ၄၄ ဦး၊ အမျိုးသမီး ၃၅ ဦးဖြင့် လေ့ ကျင့်လျက်ရှိပြီး နည်းပြ ၁၉ ဦးက တာဝန်ယူလေ့ကျင့် ပေးနေကြောင်း သိရသည်။

မြန်မာပြေးခုန်ပစ် အဖွဲ့
အုပ်ချုပ်သူ - ဦးဝေဇင်
နည်းပြ - ဦးကျော်ကျော်ဝင်း၊ ဦးစောဟိန်းရွှေ၊ ဒေါ်ခင်အုန်း
တရုတ်နည်းပြ - Liu Ging Li (လှံတံပစ်)၊ Chi Jianwing (သံပြားပစ်)
စကားပြန် - ဒေါ်ဝိုင်းဂျူလိုင်ထွန်း
ကစားသမား - ကျား - ကျော်စွာမိုး (လှံတံပစ်)၊ ဒီရဲဝူ (သံလုံးပစ်၊ သံပြားဝိုင်း)၊ စိုးမိုးဝင်း (မီတာ ၄၀၀ တန်းကျော်)၊ ထွန်းထွန်းလင်း (တုတ်ထောက်ခုန်)၊ မ - ယဉ်ယဉ်ခိုင်(မီတာ ၄၀၀)၊ လဲ့လဲ့ဝင်း (မီတာ ၂၀၀)၊ စုကြည်အောင် (မီတာ ၂၀၀၊ ၄၀၀)၊ ဆွေလီမြင့် (မီတာ ၈၀၀)၊ တင်ဇာမိုး (မီတာ ၁၀၀ တန်းကျော်၊ မီတာ

0 comments:

Post a Comment