ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

31.12.15

ဗိုလ်မှူး ကျော်နုမော်ကို တပ်မတော်မှ ထုတ်ပယ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်၏ နေအိမ်ခြံဝင်းတွင် ၈နှစ်အရွယ် မိန်ကလေးကို အမျိုးသမီးကြီးက ကိုယ်တုံးလုံးချွတ်ကာ နေပူလှမ်းရိုက်နှက်နှိပ်စက်မှုကြောင့် အိမ်ရှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကို တပ်မတော်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

28.12.15

ဘင်္ဂလားဒေ့ရှ်နဲ့ ရုရှား ဒေါ်လာ ၁၂ ဒသမ ၆၅ ဘီလီယံတန်ကြေးရှိတဲ့ နျူကလီယားစွမ်းအင်သုံးဓာတ်အားစက်ရုံနှစ်ခုတည်ဆောက်ဖို့ သဘောတူ



ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် အဏုမြူစွမ်းအင်ကော်မရှင်က ရုရှားနဲ့ ဒေါ်လာ
၁၂ဒသမ ၆၅ ဘီလီယံတန်ကြေးရှိတဲ့ နျူ ကလီယားစွမ်းအင်သုံးဓာတ်အား
စက်ရုံနှစ်ခုတည်ဆောက်ဖို့သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

လိပ်ကျွန်းအမှု ပြန်လည်သုံးသပ်ရန် တောင်းဆိုမှု ထိုင်းရဲတပ်ဖွဲ့ ပယ်ချ

c1_808360_151228064011_620x413
လိပ်ကျွန်းအမှု ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုမှု ထိုင်းရဲတပ်ဖွဲ့က ပယ်ချလိုက်ကြောင်း Bangkok Post  သတင်းတွင် ဖော်ပြထားသည်။ အဆိုပါအမှုတွင် DNA အပါအ၀င် မှုခင်းဆိုင်ရာများ သိပ္ပံနည်းကျ ပွင့်လင်းမြင် သာစွာ နိုင်ငံတကာ အဆင့်မီဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲကပြောသည်။

ယာဉ်အိုယာဉ်ဟောင်းများထဲမှ စက်မှုဇုန်ထုတ်ကားများ၏ အပ်နှံသက်တမ်း လျှော့ချပေးမည်

နှစ်သစ်တွင် မော်တော် ယာဉ် မူဝါဒအသစ်ဖြင့် တင်သွင်း ပါက စလစ်ကပ်ကားတင်သွင်းမှု များပြားလာနိုင်၍ ယာဉ်အိုယာဉ် ဟောင်းများထဲမှ စက်မှုဇုန်ထုတ် ကားများ၏ အပ်နှံသက်တမ်းကို လျှော့ချပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိသည်။

သူပုန်ခေါင်းဆောင် သေဆုံးပြီးနောက် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ကုလသမဂ္ဂက ရက်သတ်မှတ်


ဆီးရီးယား အစိုးရနှင့် အတိုက်အခံတို့ ဇန်န၀ါရီ ၂၅ ရက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုဆွေးနွေးပွဲကို ထောက်ခံသော သြဇာကြီး ဆီးရီးယား သူပုန်ခေါင်းဆောင် တစ်ဦး အသတ်ခံရပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ ရက်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ဆန္ဒပြမှုများကြောင့် ရန်ကုန်ရှိ ထိုင်းသံရုံးက Consular Section ကို သုံးရက်ပိတ်


ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် သေဒဏ် ချမှတ်ခြင်း ခံရသော မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်ခဲ့သည့်အပေါ် ဆန္ဒပြမှုများ သံရုံးပြင်ပတွင် ဆက်လက် ဖြစ်ပွားနေသဖြင့် ရန်ကုန်ရှိ ထိုင်းသံရုံးက ၎င်းတို့၏ Consular Section ကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပိတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

ကုမ္ပဏီများ အဆင့်သတ်မှတ်ချက်မရှိဘဲ ချေးငွေစာချုပ်များ ထုတ်ရောင်းခြင်း အရေးယူမည်ဟု ဒုဝန်ကြီးပြောကြား

ကုမ္ပဏီများက အဆင့် သတ်မှတ်ချက်မရှိဘဲ ချေးငွေစာ ချုပ်များ(Bonds)ထုတ်ရောင်းနေ ခြင်းသည် တရားမဝင် လုပ်ငန်း ဖြစ်သောကြောင့် ဥပဒေအရ အ ရေးယူမည်ဟု ဘဏ္ဍာရေးဒုဝန် ကြီးဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

ရာမာဒီက ပင်မအစိုးရဝင်း အီရတ်တပ်တွေ ပြန်သိမ်းနိုင်

ရာမာဒီက ပင်မအစိုးရဝင်း အီရတ်တပ်တွေ ပြန်သိမ်းနိုင်
အီရတ်တပ်ဖွဲ့တွေက Ramadi မြို့ရဲ့ အဓိက အစိုးရ အဆောက်ဦးတွေရှိတဲ့ ၀န်းကြီးကို ထိန်းချုပ် ထားလိုက်နိုင်ပြီဖြစ်ကြောင်း အီရတ် စစ်ဖက်တပ်မှူးတွေကပြောပါတယ်။ ထွက်ပြေးသွားကြတဲ့ IS စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေ ချန်ထားခဲ့တဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေကို စစ်အင်ဂျင်နီယာ တပ်ဖွဲ့တွေက လိုက်လံရှင်းလင်း နေတယ်လို့ ပြောပါတယ်။

26.12.15

ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့တို့တွင် ဆိုင်းဘုတ်များချကာ ကားပါကင်နေရာ ဦးထားမှုများကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ တရားစွဲမည်ဟုဆို





ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့များ စသည်တို့တွင် ဆိုင်းဘုတ်များ၊ တုံးများချကာ ကားပါကင်နေရာ ဦးထားခြင်းများကို ၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ တရားစွဲမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။

အစိုးရအဖွဲ့ထံ ပေးပို့ထားသည့် ပြည်သူများထံမှ တိုင်ကြားစာများ၏ ရာခိုင်နှုန်း ၈၀ ခန့်သည် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွှယ်နေသည့်အတွက် ကိုင်တွယ်ဖြေရှင်းခြင်း မရှိဟု ယူဆကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောကြား


အစိုးရအဖွဲ့ထံပေးပို့ထားသည့် တိုင်ကြားစာများ၏ ရာခိုင်နှုန်း ၈၀ ခန့်သည် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွှယ်နေသည့်အတွက် ကိုင်တွယ် ဖြေရှင်းခြင်း မရှိဟုယူဆကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမစမီ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးသည့် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးအစည်းအဝေး ခေါ်ယူနိုင်ရန် ကြိုးစားနေဟုဆို

အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စတင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယင်းညီလာခံမစခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့်အဖွဲ့များ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးအစည်းအဝေး ခေါ်ယူနိုင်ရေး ကြိုးစားနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

24.12.15

နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှ ကန့်ကွက်ပယ်ချသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ပြောကြား


မြန်မာနိုင်ငံတွင် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူများကို ၎င်းတို့ ရာထူးသက်တမ်းအတွင်း ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း မရှိနိုင်စေရန် ဥပဒေကြမ်းတစ်ခု တင်လာသည့်အပေါ် ပြည်ထောင်စုလွှတ်တော် အနေဖြင့် အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်ပယ်ချသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (Human Rights Watch) က ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Merry Christmas ....>>>....>>..>.....

                                        












            

မလေးရှားဗီဇာဝန်ဆောင်ခ ၁၂ ဒေါ်လာထက်ပိုကောက်လျှင် လုပ်သားပို့ဆောင်မှုတွင် အေဂျင်စီများ အခက်အခဲဖြစ်လာနိုင်ဟုဆို

မလေးရှား ဗီဇာဝန်ဆောင်ခကို ၁၂ ဒေါ်လာ သာ ကောက်ရန်နှင့် ယင်းထက်ပိုပါက အ လုပ်သမားပို့ခြင်းအတွက် အခက်အခဲ ဖြစ်လာနိုင်ပြီး လုံးဝရပ်ဆိုင်းရေး ကိစ္စကို အေဂျင်စီများအား လုံးဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်(MOEAF) အစည်းအဝေးမှ သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၆၀၀၀ ၀င်ရောက်ရန် လျာထားပြီး ဘဏ္ဍာနှစ် ရှစ်လအတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံက ဒေါ်လာ သန်း ၄၀၀၀ နီးပါး ၀င်ရောက်မြှုပ်နှံထား

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းဒေါ်လာ သန်း ၆၀၀၀ ၀င်ရောက်ရန် လျာထားပြီး ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံ က ဒေါ်လာ သန်း ၄၀၀၀ နီးပါး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအရ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၃၃ ခုရှိရာ ကိုးဖွဲ့မှာ အရှုံးပေါ်ပေါက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ပြောကြား


၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် အဖွဲ့အစည်း ၂၆ ဖွဲ့နှင့် ဘဏ္ဍာရန်ပုံငွေ အစီအစဉ် ပြင်ပမှ ဆောင်ရွက်မည့် အဖွဲ့ခုနစ်ဖွဲ့ရှိပြီး စုစုပေါင်း နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၃၃ ခုရှိရာ ကိုးဖွဲ့မှာ အရှုံးပေါ်ပေါက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အထူးကုန်စည်ခွန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီနှစ်ရပ် စည်းဝေး


ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသည့် အထူးကုန်စည်ခွန်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုလွှတ်တော်(Dဆောင်) ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

23.12.15

NCA တွင် လက်မှတ်မထိုးရခြင်းအကြောင်းရင်း NLD ရှင်းလင်း


အစိုးရနှင့်တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံ၍ NCA အပစ်ရပ်စာချုပ်တွင် လက်မှတ်မရေးထိုးသည့်အကြောင်းရင်းကို ရှင်းပြခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးက ပြောသည်။

22.12.15

ဆွီဒင် မိုဘိုင်းထုတ်လုပ်သူဖြစ်တဲ့ Ericsson က မူပိုင်ခွင့်လိုင်စင်တစ်ခု Apple ကုမ္ပဏီနဲ့ သဘောတူလက်မှတ်ရေးထိုး

ဆွီဒင် မိုဘိုင်းထုတ်လုပ်သူဖြစ်တဲ့ Ericsson က မူပိုင်ခွင့်လိုင်စင်
တစ်ခု Apple ကုမ္ပဏီနဲ့ သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့
သတင်းရရှိပါတယ်။

တစ်လုံးတစ်ခဲတည်းနိုင်ငံရေးပင်စင်နှင့် လစဉ်ချီးမြှင့်ငွေကို လွှတ်တော်အမတ်များအပြင် အစိုးရအဖွဲ့ဝင်များပါရရှိမည်ဟု သူရဦးရွှေမန်းဆို



တစ်လုံးတစ်ခဲရရှိမည့်နိုင်ငံရေးပင်စင်သာမက လစဉ်ချီးမြှင့်ငွေနှင့်စရိတ်နှင့် အဆောင်အယောင်တို့ကို လွှတ်တော်ကိုယ်စားလှယ်များအပြင် နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်အားလုံးရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။

Nippon Expressသီလဝါအထူးစီးပွားရေးဇုန်၌ဒုတိယမြောက်လုပ်ငန်းခွဲဖွင့်လှစ်

ဂျပန်နိုင်ငံ၏အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Nippon Express Co က ပို၍ အလားအလာကောင်းမွန်လာသော မြန်မာဈေးကွက်၌ ယင်း၏ ဒုတိယမြောက်လုပ်ငန်းခွဲကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

21.12.15

မိုဘိုင်းဖုန်းသုံးစွဲမှု အတိုးတက်ဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံက စတုတ္ထနေရာရှိ ဟုဆို

တစ်ကမ္ဘာလုံး၌ အသားတင်မိုဘိုင်းဖုန်းသုံးစွဲမှုတိုးရာတွင် မြန်မာနိုင်ငံက ထိပ်ဆုံးငါးနိုင်ငံထဲတွင်ပါဝင် ကြောင်း Ericsson Myanmar ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။

လက်ရှိ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ပုံမှန်နှင့် နယ်စပ် ကုန်သွယ်မှုမှ အကောက်ခွန် ပမာဏ စုစုပေါင်း ကျပ် ၁၁၁ ဘီလျံကျော် ရရှိပြီး ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိမှု ပမာဏ ပိုများ


လက်ရှိ ဘဏ္ဍာနှစ် မေလကုန်အထိ ပုံမှန်နှင့် နယ်စပ်ကုန်သွယ်မှုမှ အကောက်ခွန် ပမာဏ စုစုပေါင်း ကျပ် ၁၁၁ ဘီလျံကျော် ရရှိပြီး ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကောက်ခံရရှိမှု ပမာဏ ပိုများကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။

စည်းကမ်းဖောက်ဖျက်သောယာဉ်များအား အီးမေးလ်စနစ်ဖြင့် ဒဏ်ကြေးငွေဆောင် နိုင်မည့် စနစ်တစ်ခုပြုလုပ် ရန် အစီအစဉ်ရှိသော် လည်း လက်ရှိ အင်တာနက်မြန်နှုန်းအရ ခက်ခဲနေဟုဆို


 ရန်ကုန်မြို့ တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဖောက်ဖျက်မှုများနှင့်ပတ်သက် ၍ အီးမေးလ်စနစ်ဖြင့် ဒဏ်ကြေးငွေ ဆောင် နိုင်မည့်စနစ်တစ်ခု ပြုလုပ် ရန်အစီအစဉ်ရှိသော် လည်း လက်ရှိ အင်တာနက်မြန်နှုန်းအရ ခက်ခဲနေ ဆဲဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

နိုင်ငံခြားပိုင်ကုမ္ပဏီများ စကျင်ကျောက်ထုတ်လုပ်ခွင့် နှစ် ၅၀ သက်တမ်းတိုးခြင်းကို ဒေသခံလုပ်ငန်းရှင်နှင့် တောင်သူများကန့်ကွက်


ကားပါမစ် လျှောက်ထားမှု များနေ


 နှစ်သစ်တွင် မူဝါဒသစ် ဖြင့် ကားတင်သွင်းရမည်ဖြစ်သော ကြောင့် ယခုရက်ပိုင်းအတွင်းကားပါမစ် လျှောက်ထားသူ များနေကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တစ်ခုတည်းတွင်ပင် ရက်ပိုင်းအတွင်းလျှောက်ထား သည့် စောင်ရေထောင်ကျော်ရှိနေ ပြီး အရေအတွက်များပြားသော ကြောင့် ယခုလကုန်၌ပင် ပါမစ် ရရှိရန် စိုးရိမ်ရကြောင်း မော်တော် ယာဉ်တင်သွင်းရန် သွားရောက် လျှောက်ထားသူများက ပြော ကြားသည်။

ဝယ်လိုအားလျော့၍ ကျောက်စိမ်းဈေး ဆက်တိုက်ကျဆင်းနေ

 ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ကုန်ကြမ်းရှားပါးလာ မှုနှင့် တရုတ်နိုင်ငံ၏ ၀ယ်လိုအား ကျဆင်းသွားမှုတို့ကြောင့် တစ်လ လျှင် ကျောက်စိမ်းဈေး ၂၀ ရာခိုင် နှုန်းခန့် ကျဆင်းနေကြောင်း ကျောက်စိမ်းကျောက်မျက်ရောင်း ၀ယ်ရေးလုပ်ငန်းရှင်များထံမှ သ တင်းရရှိသည်။
‘‘ကျောက်စိမ်းဈေးက တစ် လကို ၂၀ ရာခိုင်နှုန်းလောက်ကျ တယ်။

18.12.15

မြိတ်ကျွန်းစုရှိ သဘာဝအတိုင်း တည်ရှိနေသော ကျွန်းများသို့ အပန်းဖြေခရီး သွားရောက်မှု မြင့်တက်


မြိတ်ကျွန်းစုအတွင်းရှိ သဘာဝအတိုင်း တည်ရှိနေသော ကျွန်းများသို့ အပန်းဖြေခရီး သွားရောက်မှု ပိုမိုများပြားလာနေပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားများလည်း လာရောက် အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည့် ညဈေးကို အစိုးရသစ် လက်ထက် မှသာ အကောင်အထည် ဖော်နိုင်မည်


ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည့် ညဈေးကို အစိုးရသစ် လက်ထက် မှသာ အ ကောင်အထည် ဖော်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ၂၀၁၄-၂၀၁၅ နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားမှ သိရသည်။

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေး စိုက်ပျိုးရေး ဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်နေအိမ် ၅၀၀၀ ကျော်ကို ဘက်ဟိုးယာဉ်များဖြင့် ဖျက်သိမ်း


လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေး စိုက်ပျိုးရေး ဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်နေအိမ် ၅၀၀၀ ကျော်ကို သက်ဆိုင်ရာက လူအင်အား ၁၀၀၀ ကျော် အပါအ၀င် ဘက်ဟိုးယာဉ်များဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၅ နာရီ ၀န်းကျင်က ဖျက်သိမ်းရှင်းလင်းခဲ့ကြောင်း သာယာကုန်း ကျေးရွာအုပ်စု ကျောက်အိုင်ကျေးရွာ နေထိုင်သူများက ပြောကြားသည်။

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံတန်ဖိုးရှိသော လက်နက်များ ရောင်းချရန် အမေရိကန်၏ ကြေညာမှုကို တရုတ်က ဒေါသထွက်


ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံ တန်ဖိုးရှိသော လက်နက်များ ရောင်းချမည် ဖြစ်ကြောင်း အမေရိကန်က ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့ရာ တရုတ်က ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ ကိုယ်ပိုင်အချုပ်အခြာဖြင့် ရပ်တည်နေသော ထိုင်ဝမ်ကျွန်းကို လေးနှစ်အတွင်း ပထမဆုံးအကြိမ် လက်နက်များ ရောင်းချရန် အမေရိကန်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့်ထိုင်ဝမ်တို့က ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေချိန်တွင် ယင်းကမ်းလှမ်းမှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် မြို့ပတ်ရထား အရှိန်နှုန်း နှစ်ဆ မြှင့်တင်မည့် စီမံကိန်းအား စတင် လုပ်ဆောင်နေ


ရန်ကုန် မြို့ပတ်ရထား အရှိန်နှုန်းအား နှစ်ဆ မြှင့်တင်မည့် စီမံကိန်းကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။  

မြို့ပတ်ရထား စီးနင်းသူ များပြားလာစေရန် ရည်ရွယ်လုပ်ကိုင်မည့် ယင်းစီမံကိန်းတွင် ဂျပန်နိုင်ငံ ကိုယ်စားပြု  JICA အဖွဲ့မှ ပူးပေါင်းဆောင်ရွက်နေပြီး အရှိန်နှုန်းမိုင် ၄၀ အထိ မောင်းနှင်ရန် စီစဉ်နေခြင်းဖြစ်သည်။

စတော့အိတ်ချိန်း စာရင်းဝင်ခွင့်ရ ကုမ္ပဏီအချို့၏ ဖြစ်ပေါ်နေသော ရှယ်ယာဈေးများမှာ စနစ်တကျ တွက်ချက်ပြီး တန်ဖိုးသင့်ထားခြင်း မဟုတ်သေးကြောင်း KBZ Stirlin Coleman တာဝန်ရှိသူ ပြောကြား


စတော့အိတ်ချိန်း စာရင်းဝင်ခွင့်ရ ကုမ္ပဏီအချို့၏ ဖြစ်ပေါ်နေသော ရှယ်ယာ ဈေးနှုန်းများမှာ စနစ်တကျ တွက်ချက် တန်ဖိုးသင့်ထားခြင်း မဟုတ်သေးကြောင်း KBZ  Stirlin Coleman မှ ဒါရိုက်တာ ဦးဇော်လင်းအောင် က ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် Melor မုန်တိုင်းကြောင့် မြန်မာ နိုင်ငံဒေသအချို့တွင် သုံးရက်အတွင်း မိုးရွာနိုင်

ဖိလစ်ပိုင် နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ သည့် Melor ၏ ဆက်လက်ရွေ့လျား နေသည့် လမ်းကြောင်း များ အရ မြန် မာနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသများအပေါ် အကျိုးသက်ရောက် မှုများရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ဒီဇင်ဘာ ၁၇ ရက် သတင်းထုတ် ပြန်ချက်အရသိရသည်။

မန္တလေးမြို့တွင် Best Western Hotels & Resorts ဟိုတယ်သစ် ဖွင့်လှစ်မည်

Best Western အဖွဲ့ဟာကမ္ဘာအကြီးဆုံး ဟိုတယ်လုပ်ငန်းစုတွေထဲကတစ်ခုဖြစ်ပြီးတော့
နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဟိုတယ်ပေါင်း ၄၀၀၀ ကျော်ရှိတာဖြစ်ပါတယ်။အခုမြန်မာနိုင်ငံမှာအသစ်ဖွင့်လှစ်မယ့် BEST WESERN PLUS Eastern Palace ဟိုတယ်ကို မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

16.12.15

ကမ္ဘောဇ ကုမ္ပဏီ နှင့် စင်္ကာပူ Stirling Colenman လုပ်ငန်းစု စတော့ဈေးကွက် လုပ်ကိုင်မည်

ကမ္ဘောဇ, စတော့ဈေးကွက်, စင်္ကာပူ လုပ်ငန်းစု
စီးပွားရေးလုပ်ငန်းကြီးအများစုကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကမ္ဘောဇ(KBZ)ကုမ္ပဏီများ အုပ်စုက စင်္ကာပူကုမ္ပဏီနှင့် ပူးပေါင်းပြီး ရန်ကုန် စတော့ရှယ်ယာ ဈေးကွက်အတွင်း ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇ ကုမ္ပဏီများအုပ်စု၏ အကြီးတန်း ဒါရိုက် တာ ဦးညိုမြင့် က ပြောသည်။

ပန်းနာရင်ကြပ်အတွက် သဘာဝဆေးနည်း





ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ ချွဲသလိပ်ရောဂါစွဲကပ်နေသူများအတွက် လက်တွေ့ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
(၁) သင်္ဘောသီးအစိမ်းတစ်လုံးကို ရေစင်အောင်ဆေး၍ အခွံမခွါပဲ ခြစ်ပါ။ ၄င်းခြစ်ထားသော သင်္ဘောသီးခြစ်များကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ သံပုရာသီးတို့ဖြင့် သုပ်စားပါ။
(၂) နောက်ရက်တွင် သင်္ဘောမယ်ဇလီရွက်(ပွေးကိုင်းရွက်) အရွက်နုလေးများကို ပြုတ်၍ တို့စရာအဖြစ် စားပေးပါ။ ၀မ်းနှင့်အတူ ချွဲသလိပ်များ၊ အပူများ ကျဆင်းသွားလိမ့်မည်။
(၃) ၀မ်းသွားပြီး နောက်တစ်နေ့တွင် အုန်းနဲရွက်(အစို သို့မဟုတ် အခြောက်) ကို ထန်းလျက်နှင့်ရောကြိတ်၍ ဆေးလုံးလေးများ ပြုလုပ်ထားပါပါ။ ပြီးလျှင် မနက်၊ ည တစ်လုံးစီ သောက်ပေးပါ။ ပန်းနာရင်ကြပ်ရောဂါများ ဒိဋ္ဌပျောက်ကင်းပါသည်။

Credit To >>> စောနွဲ့နေဆိုင်-ပူတာအို

အီတလီမှာ မွတ်စလင်အမျိုးသမီးများ ခေါင်းမြီးမခြုံရ ဥပဒေပြဋ္ဌာန်းချက်ကို ထုတ်ပြန်

ဆေးရုံများနှင့် အများပြည်သူသွား လာရာနေရာအဆောက်အအုံများ ၀င်ရောက်ရာတွင် ခေါင်းမြီးခြုံထည်များဖြစ်သည့် မွတ်စလင်အမျိုးသမီးဝတ်စုံ ဘူခါနှင့် နီကတ်တို့ကို ၀တ်ဆင်ဝင်ရောက်မှု တားမြစ်သည့်ဥပဒေတရပ် အီတလီနိုင်ငံ လွမ်ဘာဒီဒေသတွင် ပြဋ္ဌာန်းခဲ့သည်။ အီတလီနိုင်ငံတွင် မွတ်စလင်အမျိုးသမီးများ ခေါင်းမြီးခြုံ ၀တ်ဆင်မှုကို ပထမဦးဆုံးတားမြစ်သော ဥပဒေဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ငွေကြေးသက်သေခံလက်မှတ်များထုတ်ပေးခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင် ရာအကြံပေးခြင်း များကို KBZ Stirling Coleman ကုမ္ပဏီ ဝန်ဆောင်မှုပေးမည်

Stock
 ကမ္ဘောဇ (KBZ)လုပ်ငန်းစုနှင့် ဘဏ်လုပ်ငန်း ဆိုင် ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကော်ပို ရေးရှင်းဆိုင်ရာ အကြံပေးလုပ် ငန်း ဖြစ်သည့် Stirling Coleman လုပ် ငန်းစုတို့နှင့် ပူးပေါင်းကာ KBZ Stirling Coleman ကုမ္ပဏီအနေဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် ငွေ ကြေး သက်သေခံလက်မှတ်များ ထုတ် ပေးခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ် နှံမှု ဆိုင်ရာ အကြံပေးခြင်းများကို ဝန် ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အတုမပြုလုပ်နိုင်ရန် ယာဉ်မောင်းလိုင်စင်တွင် လုံခြုံရေးအဆင့်မြင့်သည့် Chip ပြားထည့်သွင်းမည်

ယာဉ် မောင်းလိုင်စင်ကို အတုမပြုလုပ်နိုင်ရန် လုံခြုံရေးအဆင့်မြင့်သည့် Chip ပြားကို လိုင်စင်ကတ်ထဲတွင် ထည့်သွင်းသည့်စနစ်ကို ဇန်နဝါရီလအ တွင်း စမ်းသပ်အသုံးပြုသွားမည်ဖြစ် ကြောင်း ကညန(နေပြည်တော်)ရုံး ချုပ်မှသိရသည်။

15.12.15

၂၀၁၆ တွင်လည်း အာရှစီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ရဦးမည်ဟု ဂျပန်ဘဏ္ဍာရေးလုပ်ငန်း သတိပေး


 အာရှစီးပွားရေးသည် ယခုနှစ်အတွင်း ရင်ဆုံကြုံတွေ့ရသော အခက်အခဲ၊ အကျပ်အတည်းများကို ၂၀၁၆ ခုနှစ်တွင်လည်း ဆက်လက်ရင်ဆိုင်ရဦးမည်ဟု ဂျပန်ဘဏ္ဍာရေးလုပ်ငန်း နိုမူရာက သတိပေး ပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ရွေးချယ်ခံ အထက်မြန်မာပြည် NLD လွှတ်တော် ကိုယ်စားလှယ်များအား ပို့ချမည့် သင်တန်းများ ဦးတေဇပိုင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်မည်



၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် အထက်မြန်မာပြည်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များအား ပို့ချမည့် သင်တန်းများကို ဦးတေဇပိုင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေး၌ ဆောက်လုပ်ရေး၊ နည်းပညာနှင့် ခေတ်မီနေထိုင်မှုပြပွဲကျင်းပ




မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း (မန္တလေးတိုင်း ဒေသကြီး)မှ ကြီးမှူး၍ ဆောက်လုပ် ရေး၊ နည်းပညာနှင့် ခေတ်မီနေထိုင် မှုပြပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ ဖွင့်ပွဲမုခ်ဦး၌ ကျင်းပသည်။

အနိမ့်ဆုံး လုပ်ခလစာက အလုပ်သမားများအတွက် အကျိုးသက်ရောက်မှု မရှိ

တွေ့ဆုံဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ ၃၆၀၀ ကျပ်ကို သတ်မှတ်နိုင်ခဲ့သော်လည်း အလုပ်သမားများအတွက် အကျိုးသက်ရောက်မှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

တရားဥပဒေ စိုးမိုးပြီး လုံခြုံသော လူမှုပတ်ဝန်းကျင်သစ် ဖန်တီးပေးနိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် အဖွဲ့အစည်းများကို မူပြောင်း၊ လူပြောင်း ဖွဲ့စည်းရန်လိုကြောင်း တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို ဆွေးနွေး



တရားဥပဒေ စိုးမိုးပြီး လုံခြုံသည့် လူမှုပတ်ဝန်းကျင်အသစ် ဖန်းတီးပေးနိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် အဖွဲ့အစည်းများကို မူပြောင်း၊ လူပြောင်း လိုလားချက်နှင့်အညီ မျိုးဆက်သစ်များဖြင့် ဖွဲ့စည်းပေးရန်မှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ အမျိုးသားရေး တာဝန်ဖြစ်ကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဆွေးနွေးပြောကြားသည်။

အမေရိကန်ဈေးကွက်သို့ Honor စမတ်ဖုန်းများဖြင့် ဝင်ရောက်ရန် Huawei ပြင်ဆင်နေ



Huawei အနေဖြင့် အမေရိကန်ဈေးကွက်သို့ ၎င်း၏ Honor အမှတ်တံဆိပ်ဖြင့် ဝင်ရောက်ရန် ပြင်ဆင်နေကြောင်းနှင့် ထုတ်ပြန်ကြေညာချက်ကို ဇန်နဝါရီလ အစောပိုင်းတွင်ကျင်းပမည့် CES 2016 တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဂျော့ခ်ျရှောင်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

11.12.15

လူထုနှင့် လွှတ်တော်တွင် အငြင်းပွားခဲ့သော အစိုးရ၏ ထပ်မံတောင်းခံငွေ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြု


လူထုနှင့် လွှတ်တော်တွင် အငြင်းပွားခဲ့သော အစိုးရ၏ ထပ်မံတောင်းခံငွေ ကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို မဖြတ်တောက်ဘဲ ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုခဲ့သည်။ အစိုးရက ထပ်မံတောင်းခံသည့် ငွေကျပ် ၂၅၃၅ ဒသမ ၁ ဘီလျံကို အဖြတ်အတောက် မရှိဘဲ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေခွဲဝေသတ်မှတ် သုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၃၀ သာပေးရသော ၉၂ ဧကကျော်ရှိ တောင်ငူမြို့သမိုင်းဝင် ကန်တော်ကြီးအား CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် တော်ဝင်ကေတု ဟိုတယ်က နှစ် ၇၀ ငှားရမ်းခွင့်ရရန် လျှောက်ထားကြောင်း သိရ


အကျယ်အ၀န်းအားဖြင့် ၉၂ ဧကကျော်ရှိပြီး၊ တစ်နှစ်ငှားရမ်းခ ကျပ်သိန်း ၃၀ သာ ပေးရသည့် သက်တမ်း ၅၀၀ ကျော်ရှိ၊ တောင်ငူမြို့ လေးကျွန်း ကန်တော်ကြီးဥယျာဉ်အား စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် တော်ဝင် ကေတု ဟိုတယ်မှနှစ် ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့်ရရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း တောင်ငူ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမှ ပူးတွဲသဘောတူညီချက်ကို စတင် အကောင်အထည်ဖော်၊ ယခု လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ကိုယ်စားလှယ်သစ်များ ခေါ်ယူမည်ဟု သူရဦးရွှေမန်း ပြောကြား


၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမှ ပူးတွဲသဘောတူညီချက်ကို စတင် အကောင်အထည်ဖော်နေပြီး လက်ရှိ ပထမအကြိမ် လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ကိုယ်စားလှယ်အသစ်များကို ခေါ်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် NLD တို့ နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးမည်


 ရွေးကောက်ပွဲ အနိုင်ရပါတီအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများနှင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် Myanmar Peace Center မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၃ ရက် ၀န်းကျင်တွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် IS ထိပ်တန်း ခေါင်းဆောင် ၃ ဦး သေဆုံး

ဆီးရီးယားက IS တွေကို U.S. Air Force ရဲ့ လေကြောင်း တိုက်ခိုက်မှု။
အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ IS အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ တခြား ထိပ်တန်းခေါင်းဆောင် ၂ ဦး သေဆုံး သွားတယ်လို့ အမေရိကန် စစ်တပ်ကပြောပါတယ်။

ဘူဂေးရီးယားနိုင်ငံသား တစ်ဦးက ငွေထုတ်ကတ် အတုများဖြင့် ATM စက်နှစ်ခုမှ ငွေခိုးထုတ်ယူမှု ကမာရွတ်မြို့နယ်၌ ဖြစ်ပွား

နိုင်ငံခြားမှ ယူဆောင်လာသည့် ငွေထုတ်ကတ် အတုများဖြင့် ဘူဂေးရီးယားနိုင်ငံသား တစ်ဦးက ATM စက်နှစ်စက်မှ ငွေခိုးထုတ်မှု ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

10.12.15

မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမားများသည် ကြွေးမြီများနှင့် ဆင်းရဲတွင်းထဲ၌ ပိတ်မိနေကြကြောင်း ဗြိတိန်အခြေစိုက် Oxfam အစီရင်ခံစာတွင် ဖော်ပြ


 မြန်မာနိုင်ငံရှိ အထည်ချုပ်အလုပ်သမားများသည် ကြွေးမြီများနှင့် ဆင်ရဲတွင်းထဲ၌ ပိတ်မိနေကြကြောင်းကို ဒီဇင်ဘာ ၉ ရက်တွင် ဗြိတိန်အခြေစိုက် Oxfam မြန်မာက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အစိုးရနှင့်ဆွေးနွေးရာ၌ ခက်ခဲမှုများရှိသော်လည်း နှစ်လနီးပါးကြာ ဖြစ်ခဲ့သည့်တိုက်ပွဲများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဆက်ထိန်းနိုင်ရေး SSPP ဆောင်ရွက်မည်

ရှမ်းပြည်နယ်အတွင်း၌ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစတင်ကာမကြာခဏဖြစ်ပွားခဲ့သည့်အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့အကြားစစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေးကိစ္စများ  ဆွေးနွေးမှုကို နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့သည် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်များက နေပြည်တော်၌ တွေ့ဆုံ၍ ဆွေးနွေးခဲ့ရာ ထိုသို့ဆွေးနွေးရာ၌ အခက်အခဲရှိသော်လည်း နှစ်လနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို ဆက်ထိန်းနိုင်ရေး ဆောင်ရွက်သွားမည်ဟု SSPP/SSA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
 

မြန်မာ့ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်းကို စတင် ဖွင့်လှစ်လိုက်သော်လည်း ရှယ်ယာများကို ၂၀၁၆ ခုနှစ် မတ်လဆန်းရောက်မှ ရောင်းချမည်



MAPCO, FMI, သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ လီမိတက် အပါအ၀င် အများပိုင်ကုမ္ပဏီ ခြောက်ခုတို့ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းကို စတင် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများကို ၂၀၁၆ ခုနှစ် မတ်လဆန်းတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

9.12.15

“မြန်မာနိုင်ငံ၏ပထမဆုံး စတော့အိတ်ချိန်း စတင်ဖွင့်လှစ်”


 မြန်မာနိုင်ငံ၏ ပထမဆုံး ရန်ကုန်စတော့ အိတ်ချိန်း ယနေ့ ဒီဇင်ဘာ ၉ရက်နံနက်ပိုင်းကစတင်ဖွင့်လှစ်ခဲ့သည်။

အိုင်အက်စ်တိုက်ခိုက်မှု မဖြစ်နိုင်ဟု ထိုင်းအင်တာပို အကြီးအကဲပြော

အိုင်အက်စ်နှင့် ချိတ်ဆက်သည့် ဆီးရီးယား ဆယ်ဦး ထိုင်းနိုင်ငံတွင်း ဝင်ရောက်သွားသည်ဟူသော ရုရှ
ထောက်လှမ်းရေး၏ သတိပေးချက်ထွက်လာ ပြီး
နောက် အိုင်အက်စ် သံသယရှိ အဖွဲ့ဝင်များက နိုင်ငံ တွင်း တိုက်ခိုက်ကျုးလွန်လာမည်ဟူသော စိုးရိမ်မှု များသည် ယုံကြည်လောက်သည့် ခြိမ်းခြောက်မှု မဟုတ်ကြောင်း ထိုင်းအင်တာပိုအကြီးအကဲက ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။

8.12.15

NLD အစိုးရ အသက်ရှုချောင်ရေး အမေရိကန်က ကုန်သွယ်ခွင့်ပိတ်ပင်မှုလျှော့ချ

NLD , အမေရိကန် , စီးပွားရေးပိတ်ဆို့မှု , အေးရှားဝေါလ်ဆိပ်ကမ်း
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင် ရရှိပြီးနောက်  အမေရိကန်ပြည်ထောင်စုက  မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုပိတ်ပင်ထားမှုကို ၆ လတိတိ ယာယီ ဖြေလျှော့ပေးလိုက်ကြောင်း သိရှိရသည်။

SME လုပ်ငန်းများ အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်တော့မည်


အသေးစား စက်မှု လက်မှုလုပ်ငန်းများ အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် Credit Guarantee Ins- urance(CGI) စနစ်ကို ဆောင်ရွက်ပေး တော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ခုံးကျော်တံတား သုံးစင်း တစ်ပြိုင်တည်း တည်ဆောက်မှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှုများ ချက်ချင်း ဖြေရှင်းပေးရန် ရှိ၊မရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မေးမြန်း

 
ရန်ကုန်မြို့ရှိ နေရာသုံးခုတွင် ခုံးကျော်တံတား သုံးစင်း တစ်ပြိုင်တည်း တည်ဆောက်နေမှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုများအား ချက်ချင်း ဖြေရှင်းပေးရန် ရှိ၊မရှိ ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညို သင်းက မေးမြန်းခဲ့သည်။

ရန်ကုန်မြို့ရှိ ရေသန့်လုပ်ငန်း ၁၃ ခုကို ပိတ်သိမ်း

သောက်သုံးရန်မသင့်ဘဲ စံချိန်စံညွှန်းမညီ ထုတ်လုပ်သည့် ရန်ကုန်မြို့ရှိ ရေသန့်ကုမ္ပဏီ ၁၃ ခုကို လုပ်ငန်းပိတ်သိမ်းအရေးယူခဲ့ ကြောင်း သတင်းရရှိသည်။

တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေး အစီရင်ခံစာတွင် ကျောက်မျက်ကဏ္ဍထည့်သွင်းမှု မြန်မာနိုင်ငံကပထမဆုံးဖြစ်

 
တွင်းထွက် သယံဇာတတူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) အကောင်အထည်ဖော်လျက် ရှိသည့် နိုင်ငံများတွင် မြန်မာနိုင်ငံ သည် ကျောက်မျက်ကဏ္ဍကို ယင်း အစီရင်ခံစာတွင် ထည့်သွင်းသည့် ပထမဦးဆုံးနိုင်ငံဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့က ကုန်သည်စက်မှု အသင်းချုပ်တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက် တာမောင် မောင်သိမ်းက ပြောသည်။

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ အမေရိကန် (၆)လ လျှော့ချ

Asia World ဆိပ်ကမ်း- ရန်ကုန်မြို့
မြန်မာနိုင်ငံရဲ့အဓိကဆိပ်ကမ်းတခုမှာ အမေရိကန်ကုမ္ပဏီတွေ ကူးသန်းရောင်းဝယ် ခွင့်ကို (၆) လတာ ခွင့်ပြုတဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန် သွယ်ရေး ပြစ်ဒဏ် ခတ်မှုတချို့ကို အမေရိကန်အစိုးရက တနင်္လာနေ့ က ဖြေ လျှော့ပေးလိုက်ပါတယ်။

စပိန်ရတနာ သင်္ဘောကို ကိုလံဘီယာတို့ တွေ့ရှိခဲ့ပြီး နှစ် ၃၀၀ ကျော် ပဟေဠိ အဆုံးသတ်


ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားတို့ အပြည့်တင်ဆောင်ခဲ့သော စပိန်သင်္ဘောပျက်ကို တွေ့ရှိထားကြောင်း ကိုလံဘီယာက ပြောကြားခဲ့ရာ ကာရစ်ဘီယံတွင် ဗြိတိန်တို့က နှစ်မြှုပ်ခဲ့သော ယင်းသင်္ဘောပျက်ကို နှစ် ၃၀၀ အကြာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တယ်လီနောမှ အွန်လိုင်း ဗီဒီယိုပညာရေးစနစ် သင်ထောက်ကူပစ္စည်းများ စတင်အသုံးပြု


တယ်လီနောမြန်မာလီမိတက်မှ (တယ်လီနော)မှ မြန်မာ့လူ့အဖွဲ့အစည်း၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော အခြေခံ ကွန်ပျူတာပညာနှင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည် တိုးတက်လာစေခြင်းအလို့ငှာ ၎င်း၏ အလင်းအိမ်စင်တာ ၁၁ ခုတွင် အွန်လိုင်းမှ ဗီဒီယိုဖြင့် လေ့လာရေးစနစ် သင်တန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

7.12.15

အစိုးရသစ်တွင် အခြားပါတီမှ ပုဂ္ဂိုလ်များကို ထည့်သွင်းဖွဲ့စည်းမည်ဟု ဦးဝင်းထိန် ပြော


ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ပြန်လည်ဖွဲ့စည်းမည့် အစိုးရသစ်တွင် အနာဂတ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြုမည့် အခြားပါတီမှ ပုဂ္ဂိုလ်များအား ထည့်သွင်းဖို့စီစဉ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က News Watch သို့ ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိ

ရှမ်းပြည်မြောက်ပိုင်း ဒေသတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား နိုဝင်ဘာ ၂၇ ရက်မှ လက်ရှိအချိန်ထိ တိုက်ပွဲ ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း TNLA ၏ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဒီဇင်ဘာ ၆ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

Myanmar Tower Company ကို မလေးရှား ကုမ္ပဏီ တစ်ခုက ဝယ်ယူ


စင်ကာပူအခြေစိုက် Digicel Asian Holdings မှတစ်ဆင့် Myanmar Tower Company ကို မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Edotco Group Shn Bhd က ဝယ်ယူလိုက်သည်ဟု ၄င်းတို့ Edotco က သတင်း ထုတ်ပြန်လိုက်သည်။

ဆပ်ပြာဖြင့် ဆေးကြောနိုင်သော စမတ်ဖုန်းတစ်မျိုးကို Kyocera

ဂျပန်ကုမ္ပဏီဖြစ်သည့် Kyocera သည် ဆပ်ပြာဖြင့် ဆေးကြော သန့်စင်နိုင်သော စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

မြန်မာအပေါ် ကုန်သွယ်ရေး ပစ်ဒဏ်ခတ်မှုတချို့ ဖြေလျှော့ဖို့ ကန် စဉ်းစားမှု HRW ဝေဖန်

ရန်ကုန်မြို့ဆိပ်ကမ်း။
အမေရိကန်က ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ပါနေတဲ့ မြန်မာနိုင်ငံက အေးရှားဝေါလ်ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ အမေရိကန် ကုမ္ပဏီတွေကနေ ကူးသန်းရောင်းဝယ်နိုင်ဖို့ အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့အချက်တချို့ကို အမေရိကန်အစိုးရက လျှော့ချပေးဖို့ ပြင်ဆင်နေပါတယ်။ဒီလို ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်မယ့်အပေါ်မှာ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။

5.12.15

ပြင်သစ် သမ္မတ ဟော်လန်ဒေး ပြင်သစ်လေယာဉ်တင် သင်္ဘောပေါ်သို့ ရောက်ရှိ၊ ဂျာမနီက အိုင်အက်စ်ကို တိုက်ခိုက်ရန် ပူးပေါင်း


ပြင်သစ်သမ္မတ ဟော်လန်ဒေးသည် ဆီးရီးယားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်ရှိ ပြင်သစ်နိုင်ငံ၏ လေယာဉ်တင် သင်္ဘော သို့ သွားရောက်လည်ပတ်နေချိန်တွင် ဂျာမန် ဥပဒေပြုလွှတ်တော်အမတ်များက အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရန် ပူးပေါင်းမည့် အစီအစဉ်ကို အတည်ပြုခဲ့ကြသည်။

ဒေါ်စုနဲ့ ဦးသန်းရွှေ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ဒီကနေ့ သောကြာနေ့ နေ့လယ်
၁ နာရီ ပတ်ဝန်းကျင်က နေပြည်တော်စစ်ဦးစီးဌာနချုပ်မှာ တွေ့ဆုံခဲ့ကြောင်းသတင်းတွေက်ပေါ် နေပါတယ်။

4.12.15

ပါလီမန်က ခွင့်ပြုခဲ့ပြီးနောက် ဗြိတိန်က ဆီးရီးယားတွင် လေကြောင်း တိုက်ခိုက်မှု စတင်


ဆီးရီးယားတွင် အမေရိကန် ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှု၌ ပါဝင်ရန် ပါလီမန်၌ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ပြီးနောက် ဗြိတိန်သည် ဒီဇင်ဘာ ၃ ရက်က ဆီးရီးယားတွင် IS တို့ ထိန်းချုပ်ထားသော ရေနံတွင်း တစ်ခုအား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ရုရှား၏ ဒဏ်ခတ်ပိတ်ဆို့မှုက တူရကီကို နှစ်စဉ်ဒေါ်လာ ၇၆၄ သန်းနစ်နာနိုင်



ရုရှား၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုကြောင့် နှစ်စဉ် စားသောက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၆၄ သန်း နစ်နာမည်ဖြစ်ကြောင်း တူရကီစိုက်ပျိုးရေးဝန်ကြီး ဖာရွတ်စေလစ်က ဒီဇင်ဘာ ၂က ပြောသည်။

ပြည်တွင်းစစ် ရပ်စဲရေး စစ်ရေးအမြင်သစ်နဲ့သာ ဖြေရှင်း ဆောင်ရွက်သင့်




မိမိတို့နိုင်ငံရဲ့ ပြည်တွင်းစစ် အခြေအနေ သွင်ပြင်အနေအထားက တစ်ခါတစ်လေ နားလည်ရ ခက်ပါ တယ်။ ဘာပြုလို့လည်းဆိုတော့ လူမျိုးစု လက်နက်ကိုင်တပ်တွေနဲ့ လက်ရှိအစိုးရတပ်တွေ တိုက်ကြခိုက်ကြ တဲ့အခါ ပေါ်ပေါက်လာတဲ့ စစ်ဘေး ဒဏ်သင့်ဒုက္ခသည်တွေကိုကြတော့ ပြည်သူတွေက ကူညီဆိုတဲ့ သတင်း တွေကို ယခုရက်ပိုင်းအတွင်း နေ့စဉ်လိုပင် သတင်းတွေ တက်လာနေလို့ ဖြစ်ပါတယ်။

တရားခံများအား ထိရောက်စွာ ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးခြင်းနှင့် ပစ်ခတ်ဖမ်းဆီးခွင့် ပေးခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ပြန်လည်သုံးသပ်သင့်ကြောင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ လွှတ်တော်သို့ တင်သွင်း

 တရားခံများအား ထိရောက်စွာ ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို လက်နက် တပ်ဆင်ပေးခြင်းနှင့် ပစ်ခတ်ဖမ်းဆီးခွင့်ပေးခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ပြန်လည်သုံးသပ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက လွှတ်တော်သို့ တင်သွင်းခဲ့သည်။

စီးပွားရေးလုပ်ငန်းသုံး ဒရုန်းနည်းပညာကဏ္ဍသစ်ဖွင့်လှစ်တဲ့ Amazon



အွန်လိုင်း အရောင်းဝန် ဆောင်မှုလုပ်ငန်းကြီး Amazon အနေနဲ့ အဝေးထိန်း လေယာဉ်ငယ် (Drone)တွေကို အရပ်ဘက် စီးပွားရေး လုပ်ငန်းနယ်ပယ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင် ဖို့ အရေးပါတဲ့ ခြေလှမ်းသစ် တစ်ရပ်ကို စတင်လိုက်ပါတယ်။