28.12.15

ဘင်္ဂလားဒေ့ရှ်နဲ့ ရုရှား ဒေါ်လာ ၁၂ ဒသမ ၆၅ ဘီလီယံတန်ကြေးရှိတဲ့ နျူကလီယားစွမ်းအင်သုံးဓာတ်အားစက်ရုံနှစ်ခုတည်ဆောက်ဖို့ သဘောတူ



ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် အဏုမြူစွမ်းအင်ကော်မရှင်က ရုရှားနဲ့ ဒေါ်လာ
၁၂ဒသမ ၆၅ ဘီလီယံတန်ကြေးရှိတဲ့ နျူ ကလီယားစွမ်းအင်သုံးဓာတ်အား
စက်ရုံနှစ်ခုတည်ဆောက်ဖို့သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

၁၂၀၀ မဂ္ဂဝမ်စွမ်းအားရှိတဲ့ နျူကလီယားစွမ်းအင်သုံးဓာတ်အားစက်ရုံ
နှစ်ခု တည်ဆောက်ဖို့သဘောတူလိုက်တာဖြစ်ပြီး၊ လာမယ့်နှစ်မှာ
အကောင်ထည်ဖော်မှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှ
မိုင် ၁၀၀ ဝေးတဲ့တည်ဆောက်မှာဖြစ်တယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနမှ
ပြောခွင့်ရပုဂ္ဂိုလ်Kamrul Islam Bhyian က ပြောပါတယ်။
ရုရှား က ကုန်ကျစရိတ်စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကိုအကြွေးပေးမှာဖြစ်ပြီး၊
အတိုး ၁ ဒသမ ၇၅ ရာခိုင်နှုန်းယူမှာဖြစ်ပါတယ်လို့ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချေးငွေအားလုံးကို ၂၈နှစ်အတွင်ပေးချေရမှာ
ဖြစ်ပါတယ်။ ရုရှားဘက်ကတော့ ပထမ ၁၀နှစ်အတွင်း အတိုးမယူပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Abul Maal က တိုင်းပြည်အတွင်း
အကြီးမားဆုံး စွမ်းအင်စီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။
ပထမဓာတ်အားပေးစက်ရုံကို ၂၀၂၂ခုနှစ်မှာ စတင်လည်ပတ်မှာဖြစ်ပြီး၊
ဒုတိယတစ်ခုကိုတော့ ၂၀၂၃ခုနှစ်မှာ လည်ပတ်မှာဖြစ်ပါတယ်။

Credit To >>> SFJ News 

0 comments:

Post a Comment