28.12.15

ယာဉ်အိုယာဉ်ဟောင်းများထဲမှ စက်မှုဇုန်ထုတ်ကားများ၏ အပ်နှံသက်တမ်း လျှော့ချပေးမည်

နှစ်သစ်တွင် မော်တော် ယာဉ် မူဝါဒအသစ်ဖြင့် တင်သွင်း ပါက စလစ်ကပ်ကားတင်သွင်းမှု များပြားလာနိုင်၍ ယာဉ်အိုယာဉ် ဟောင်းများထဲမှ စက်မှုဇုန်ထုတ် ကားများ၏ အပ်နှံသက်တမ်းကို လျှော့ချပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၀၆ မော်ဒယ်မှ ၂၀၁၃ မော်ဒယ်အထိ တင်သွင်းမည်ဆို ပါက မူဝါဒအသစ်တွင် စလစ် ကပ်တင်သွင်းရမည်ဖြစ်သဖြင့် လာမည့်နှစ်၌ စလစ်ရှားပါးမှုဖြစ် ပေါ်လာမည်ကို စိုးရိမ်ရသဖြင့် အပ်နှံခွင့်သက်တမ်းကို လျှော့ချ ပေးရန် စီစဉ်ထားပြီး လျှော့ချမည့် နှစ် အရေအတွက်ကိုမူ ဌာနကထုတ်ဖော်ပြောကြားခြင်းမရှိပေ။

အပ်နှံသက်တမ်းလျှော့ပေါ့ ပေးရာတွင် ယာဉ်အိုယာဉ်ဟောင်း ကားများ အားလုံးကို လျှော့ပေါ့ ပေးမည် မဟုတ်ဘဲ စက်မှုဇုန် ထုတ်ကားများ၏ အပ်နှံသက် တမ်းကိုသာလျှော့ချပေးမည်ဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် စက်မှုဇုန်ထုတ် ကားများ သက်တမ်းအားဖြင့် ၁၀ နှစ်ပြည့်ပါက အပ်နှံခွင့်ပြုနေပြီး ထပ်မံ လျှော့ချမည့် နှစ်အရေ အတွက်မှာ သုံးနှစ်မှ ငါးနှစ်အထိ ဖြေလျှော့အပ်နှံခွင့် ပြုနိုင်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများက မျှော်လင့်နေကြသည်။

‘‘မူဝါဒအသစ်စရင် အရင် ဆုံးဈေးစတက်သွားမယ့် စလစ် တွေကို ဇုန်ထုတ်တွေအပ်နှံသက် တမ်းလျှော့ပေးရင်လည်း ထင်သ လောက် ဈေးမကျနိုင်ဘူး’’ ဟု တစ်နိုင်တစ်ပိုင်ကားတင်သွင်းသူ ကိုနေမင်းစိုးက သုံးသပ်သည်။

၂၀၁၅ နှစ်စတွင် စက်မှုဇုန် ထုတ်ကားများကို ယာဉ်အိုယာဉ် ဟောင်းအဖြစ် မည်သည့်သက် တမ်းမဆို အပ်နှံခွင့်ပြုကြောင်း ကြေညာခဲ့ပြီးနောက် စလစ်ဈေး များကျဆင်းခဲ့သည်။

သို့သော် စက်မှုဇုန်ထုတ် ကား ထုတ်လုပ်သူများက ရက် ပိုင်းအတွင်းထုတ်လုပ်ပြီး မသမာ မှုပြုကာ ယာဉ်အိုယာဉ်ဟောင်း အဖြစ် ပြန်လည်အပ်နှံခဲ့၍ အပ်နှံ ခွင့်သက်တမ်းကို ၁၀ နှစ်အထိ ပြန်လည်ပြင်ဆင်ပြီး အပ်နှံခွင့်ပြု ခဲ့သည်။

ယခုအပ်နှံသက်တမ်းလျှော့ ချလိုက်ပါက အဆိုပါ မသမာမှု များ ပြန်လည်ပေါ်ပေါက်နိုင်သော ကြောင့် (ကညန)အနေဖြင့်အမှန် တကယ်စိစစ်ပြီးမှ အပ်နှံခွင့်ပြုရန် လိုအပ်ကြောင်း မော်တော်ယာဉ် တင်သွင်းသူများက သုံးသပ်နေကြသည်။

လက်ရှိပြည်တွင်းကားဈေး ကွက်တွင် စလစ်ရှားပါးနေပြီး စ လစ် တစ်စောင်လျှင် ကျပ် ၇၈ သိန်းမှ ကျပ်သိန်း ၈၀ အထိရှိ ကြောင်း ဒီဇင်ဘာ ၂၇ ရက်၌ ဈေး ကွက်မှ စုံစမ်းသိရှိရသည်။


Credit To >>> 7Day News Journal

0 comments:

Post a Comment