ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.12.13

ဆူဒန်တောင်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်၊ ရာဂဏန်း ရှိသော ပြည်သူများ သေဆုံး

ဆူဒန်တောင်ပိုင်း တွင် နှစ်ရက်ကြာ ဖြစ်ပွားသည့် နှစ်ဖက်အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ခန့်မှန်းခြေ ဦးရေ ၄၀၀-၅၀၀ ကြား ရှိ ပြည်သူ များ သေဆုံး ခဲ့ကြောင်း၊ ရာဂဏန်းရှိ ပြည်သူများသည် ကြောက်လန့် တကြားဖြင့် ထွက်ပြေးနေကြ ရကြောင်း

မြ၀တီတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်တွင် အမှတ် (၃၂) မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြ၀တီ) မှ တပ်ဖွဲ့ဝင်များ သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေ များနှင့် အတူ မြ၀တီမြို့၊ ရပ်ကွက် (၁)၊ သောင်း ရင်း မြစ် ကမ်းဘေး ရေဆိပ် (မိုးကုန်ကင်းစခန်း) တွင် မြ၀တီမြို့၊ ရပ်ကွက် (၄) နေ ကျော်လှမောင်

မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုဖြစ်

၁၉.၁၂.၂၀၁၃ရက်နေ့ ၀၂၃၀အချိန် မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ သူရလမ်း၊ အမှတ်(၉၀)၊ ဒေါ်ခင်သန်း၏နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ မျိုးမြင့်အောင်သည် နေအိမ်အိပ်ခန်းအတွင်း၌ လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ အနီးရှိ အကြော်ကြော်ရာတွင်အသုံးပြုသည့် ပွဲအိတ်များအားမီးကူးစက်ေ
လောင်ကျွမ်းခဲ့သဖြင့် နေအိမ်အပါအ၀င် အခြားအိမ်ခြေ(၁၅)လုံး
မီးလောင်ကျွမ်းခဲ့ပါသည်။

မောတောင် ကုန်သွယ်ရေးစခန်းမှ တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ကုန်သွယ်ခွင့်ပြုထား

တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တစ်ဦးချင်းကုန် သွယ်မှုကတ် ၁၂ ကတ်အထိသာ ရှိသေးပြီး ကုန်သွယ်မှု ပြုလုပ်ရာတွင် ၅ ရက်တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ခွင့်ပြုထားကြောင်း သိရသည်။ တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ဖြင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် လိုင်စင်တစ်ခါ လျှောက်ထားလျှင် ကျပ် ၁၀ သိန်းအထိ ခွင့်ပြုထားပြီး တစ်နိုင်တစ်ပိုင်ကုန်သွယ်မှု ပြုသူများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပစ်အခတ် ရပ်စဲထားသော်လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု ယမန်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာ

ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားသော်လည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကုလသမဂ္ဂ မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှို့ဝှက်ထောက်လှမ်းမှုအစီအစဉ်တွေ ကန့်သတ်ဖို့ ခုံရုံးအကြံပေး

သမ္မတအိုဘားမားအစိုးရအနေနဲ့ အစိုးရရဲ့ ထောက်လှမ်းရေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ဆိုပြီး ပြင်ပ ဆန်းစစ်ရေး ခုံရုံးအဖွဲ့တရပ်ကနေ အကြံပြုလိုက်ပါတယ်။

၂၀၁၄ တွင်ကျင်းပမည့် အာဆီယံ ဆန်းမစ်အတွက် ဘီအမ်ဒဗလျူက ကား ၉၅ စီး ကူညီမည်

၂၀၁၄ခု နှစ် မေနှင့် နိုဝင်ဘာလ များတွင် ကျင်းပမည့် ASEAN Summit အခမ်းအနားသို့ တက်ရောက် လာမည့် နိုင်ငံ့ခေါင်းဆောင်များ နှင့် ဝန်ကြီးများ အဆင်ပြေစွာအ သုံးပြုနိုင်ရန် အဆင့်မြင့် BMW ကား၉၅ စီး ကို ပံ့ပိုးကူညီသွားမည် ဟု Prestige Auto Mobiles မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြက ပြောသည်။

ABSDF မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ ၂၀၁၄ ဇန်နဝါရီတွင် ထုတ်ပြန်မည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု စုံစမ်း ဖော်ထုတ်နိုင်ရေးအတွက် အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် ထုတ်ပြန်မည် ဖြစ်ကြောင်း ABSDF အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ဝင် ဦးကျော်ကျော်လင်းက The Voice သို့ ပြောကြားသည်။

အမျိုးသမီးအသင်းနည်းပြ ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ် အာရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားမည်

မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် ဆီးဂိမ်း အမျိုးသမီးဘောလုံး အကြိုဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း ၁၃ မိနစ်တွင် မြန်မာအသင်းရရှိသည့် ပွဲဦးထွက်ဂိုးကို လူကျွံ သည့်အကြောင်းပြချက်ဖြင့် ဂိုးမပေးမှု၊ ပွဲချိန် ၂၅ မိနစ်တွင် ထိုင်းအသင်းက မြန်မာအသင်းဘက်သို့ ဂိုး သွင်းယူရာတွင် လူကျွံသော်လည်း

လန်ဒန်မှာ လျှပ်စစ်ဘတ်စ်ကားများ စတင် အသုံးပြု

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မှာ လျှပ်စစ်ဓာတ်အား သီးသန့် အသုံးပြုတဲ့ ဘတ်စ်ကားများ စတင် ပြေးဆွဲပြီ ဖြစ်ကြောင်း သိရ ပါတယ်။

Victoria, Waterloo နဲ့ London Bridge တို့ကို ဖြတ်၍ စတင်ပြေး ဆွဲခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တစ်မြို့လုံး အနှံ့ အသုံးပြုသွားမယ့် ဘတ်စ်ကား ဖြစ်ကြောင်း ဆိုပါတယ်။ လက်ရှိ ဘတ်စ်ကားက အားအပြည့်

မြန်မာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်း တိုးလာ

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် အတွင်း ဘိန်းထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်းတိုးလာပြီး မက်ထရစ်တန်ချိန် ၈၇၀ အထိ ရှိလာကြောင်း UNODC ၏ အစီရင်ခံစာ အရ သိရသည်။ ဘိန်းစိုက်မျိုးမှု၏ ၉၂ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ဖြစ်ပြီး ကျန် ၈ ရာခိုင်နှုန်းသည် ကချင်ပြည်နယ်တွင် ဖြစ်ကြောင်း၊

မြန်မာ - အိန္ဒိယ နယ်စပ် အခြေအနေ တင်းမာ

မြန်မာ-အိန္ဒိယ နယ်စပ်အခြေအနေတင်းမာနေ မြန်မာ-အိန္ဒိယနယ်စပ်၊ တ မူးမြို့တွင်ဖြစ်ပွားနေသောအငြင်း ပွားဖွယ်ဖြစ်နေသော ဘီပီ (၇၇) နှင့် (၇၉) နယ်မြေအတွင်း အိန်္ဒိယ အစိုးရဘက်မှ(ICP) ရုံးတည် ဆောက်နေခြင်းများ နှင့်ပတ်သက် ၍ မြန်မာအစိုးရဘက်မှတားမြစ် ကန့်ကွက်စာများ ပေးပို့ထား သော် လညိး အမှတ် (၉) အာသံ တပ် ရင်းမှူးမှ ဗဟိုအစိုးရမှလုပ်ဆောင် ခိုင်းသည်ဟုဆိုကာအဆောက်အအုံ များ ဆောက်လုပ်နေခြင်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံတင်းမာနေ သည့်အခြေအနေများ ဖြစ်ပေါ် နေပြီး အိန္ဒိယအစိုးရဘက်မှ တပ် ရင်း (၄)

" ကယန်းအလှ ရုပ်ရှင်ဇာတ်ကားကို ကယန်းဒေသတွင် ပြသခဲ့ "

ပထမဆုံး အကြိမ်အဖြစ် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ကယန်း အလှ ရုပ်ရှင်ကားကို ကယန်းဒေသတွင် ပြသခဲ့ကြောင်း ဒါရိုက်တာ အောင်ကိုလတ် က ပြောသည်။

ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိန်းခင်းများ ဖျက်ဆီးရေး အစိုးရနှင့် PNO ပူးပေါင်းမည်

ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဘိန်းခင်းများ ဖျက်ဆီးရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးနှင့် ပအိုဝ့် အမျိုးသား အဖွဲ့ချုပ် (PNO) တို့ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း PNO အတွင်းရေးမှူး ဦးခွန်လာက ပြောကြားသည်။

မင်္ဂလာနှစ်သစ်အား မင်္ဂလာရှိစွာ ပေးဆပ်တော့မည့် သင်ဇာဝင့်ကျော်

၁၆.၁၂.၂ဝ၁၃ ရက်နေ့တွင် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော လူမှုရေးလုပ်ငန်းများကို ပေးဆပ် လုပ်ဆောင်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ အမှတ်(၁၃ /က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက်၊ မ/ဒဂုံမြို့နယ်သို့ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော် သည် ၄င်း၏ အနုပညာလုပ်ငန်းများ မအားလပ်သည့်ကြားမှပင် လာရောက်၍ မွန်မြတ်လှသော နာရေးပို့ဆောင်မှုလုပ်ငန်းအား ကိုယ်တိုင်ကိုယ်ကျ ကာယကံမြောက်ကုသိုလ်ယူခဲ့ပါသည်။ ယခင်ကာလ များတွင်လည်း နှစ်စဉ်၊ နှစ်တိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ လာရောက် လှူဒါန်းသော အနုပညာရှင်တစ်ဦးပင်ဖြစ်သည်။

မျက်စေ့လည် လမ်းမှားနေသော မြန်မာပြည်နိုင်ငံရေး



ဒီရက်တွေအတွင်း မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်သူ လူထုတွေ့ဆုံပွဲတွေလုပ်ပြီး ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအပုတ်ချပွဲတွေ ကျင်းပနေတာတွေ့ရပါတယ်။ ဆင်းရဲတွင်းနက်နေတဲ့ မြန်မာပြည်အတွက် ဒီဖွဲ့စည်းပုံပြင်ဆင်ရေးက အဲလောက်အထိ အရေးပါနေသလား။ အခုချက်ချင်းဒါကိုပြင်လိုက်တာနဲ့ မြန်မာပြည်သူလူထုချမ်းသာလာမှာလား။ ဖွဲ့စည်းပုံပြင်လိုက်လို့ တိုင်းရင်း သားလက်နက်ကိုင်တွေအနေနဲ့ထာဝရငြိမ်းချမ်းရေးတကယ်ယူမှာလား။ ဒါဆိုရင်တော့ ပြင်ရုံမကဖျက်ချင်ရင် ဖျက်လိုက်ပါ။

ရန်ကုန်တိုင်းတွင် လူကုန်ကူးမှု ၁၈ မှုသာ ဖမ်းမိ

ရန်ကုန်မြို့တော်တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ လူကုန်ကူးမှု ၁၈ မှု ဖမ်းမိခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာမွေ ကစားသမားလေးဦး ဗိုလ်လုပွဲတက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် မွေ (အာဆီယံမွေ) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့က စတင်ယှဉ်ပြိုင် ခဲ့ကြရာ လက်ရှိ အချိန်တွင် စောငမန်း၊ စောမိုက်ရိုင်း၊ လှယဉ်မေနှင့် ဂရေ့စ်တို့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။

မန္တလေးလေဆိပ်တွင် ဂရိတ်ဖရုသီးထဲ ဝှက်ထည့်ထားသည့် ကျောက်စိမ်းတုံးများတွေ့

မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခန္တီးလေဆိပ်မှ ဆိုက်ရောက်လာသည့် လေယာဉ်ဖြင့် ပါရှိလာသည့် ခရီးသည်များ၏ အိတ်များကို စစ်ဆေးရာမှ ပိုင်ရှင်မဲ့ ဂရိတ်ဖရုသီး (Great Fruit) ထဲတွင် ဝှက်၍ထည့် ထားသည့် ကျောက်စိမ်းတုံးများ တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင်အများနှင့်သက်ဆိုင်သောကုမ္ပဏီဖွဲ့စည်း

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးတွင်တစ်ဖက်တစ်လမ်းမှပါဝင်
ဆောင်ရွက်ရန်နှင့်ဒေသတွင်းအလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုတိုး တက်ရရှိစေရန်ရည်ရွယ်ပြီး ရခိုင် ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင် အချို့ ဦးဆောင်၍ ရခိုင်စီးပွားရေး ဦးဆောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဖွဲ့စည်းခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကိုယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ် တွင် စစ်တွေမြို့၌ပြုလုပ်ခဲ့သည်။