
ဖွဲ့စည်းပုံပြင်ဆင်ရေးထက် တကယ်လုပ်သင့်တာက မြန်မာပြည်သူလူထုတွေ
ကြီးပွားချမ်းသာရေး၊ လက်နက်ကိုင်တွေရှိနေတဲ့နေရာတွေမှာ တိုက်ပွဲတွေ မဖြစ်ပွားရေး၊ မြန်မာ့ငွေကြေးခိုင်မာတောင့်တင်းပြီး
ဝန်ထမ်းတွေ ကိုယ့်လစာနဲ့ကိုယ် စိတ်ချမ်းသာစွာစားသောက်နေထိုင်ရေး၊ ဆင်းရဲမှုတွေတကယ်လျော့နည်း
ပပျောက်ရေး…ဒါတွေတကယ်လုပ်သင့်ပါတယ်။ဒီလိုလုပ်ပေးနိုင်တဲ့သူလာလျှင် ပြည်သူလူထုအပေါ်တကယ်
ချစ်တဲ့ခေါင်းဆောင်လို့ သတ်မှတ်ယုံကြည်ပါတယ်။
ဒီကနေ့အထိ အဲလိုမျိုးတကယ်လုပ်ပေးမယ့်သူကိုမတွေ့သေးပါဘူး။လက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေး
လုပ်နေတဲ့ လူတွေကြည့်လိုက်တော့လဲ နှစ်ဘက်စလုံးကငြိမ်းချမ်းရေးကို ဗန်းပြပြီးလုပ်စားနေကြတာပါပဲ။
ဒီဘက်ကကားပေးမယ်၊တိုက်ခန်းပေးမယ်၊ငွေကြေးကသိန်းတစ်ထောင်ပေးမယ်ဆိုတာမျိုးကျတော့မဖြစ်သင့်ပါ။အရင်တုန်းက
ဒီသတင်းတွေကို ဟုတ်တယ်လို့မယုံကြည် ခဲ့ပေမယ့် ဦးပီတာလင်းပင်လိုလူမျိုးနဲ့တွေ့တော့
အကုန်လုံး ဖုံးမရဖိမရဖြစ်ခဲ့တာပါပဲ။ ငြိမ်းချမ်းရေးဆိုတာကို
လုပ်စားတယ်ဆိုတာထင်ထင်ရှားရှားပါပဲ။
နောက်တစ်ဦးကတော့ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားရှိတဲ့ပြည်သူတွေရဲ့မျှော်လင့်ချက်ကကြီးမားပါတယ်။
၁၉၈၈ခုနှစ်ကစလို့အားကိုးခဲ့တာပါ။ နိုင်ငံရေးသမားကြီးတွေ ဝေဖန်ထောက်ပြသလိုပါပဲ။ မစုဟာ သူ့အဖေဗိုလ်ချုပ်အောင်ဆန်းလို
နိုင်ငံရေးမှာ ပါးနပ်လိမ္မာမှုမရှိဘူး..တဲ့။ တကယ်မှန်တဲ့စကားပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထဲက
သဘောထားပျော့ပြောင်းစွာနဲ့ လိုက်လျောသင့် တာလိုက်လျော၊ပေါင်းသင့်တာပေါင်းခဲ့မယ်ဆိုရင်
မြန်မာပြည်ဒီမိုကရေစီရတာ ဆယ်စုနှစ်ကျော်ပြီပေါ့။အခုမှ လွှတ်တော်နဲ့အစိုးရနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်မယ်ရှိသေးတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကပွဲဆူလာနေပါပြီ။
ပြောချင်တာက ပြည်သူအများစုအနေနဲ့ မြန်မာနိုင်ငံကိုတည်တည်ငြိမ်ငြိမ်နဲ့တိုးတက်စေချင်တာပါပဲ။
ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်ပါ။ ဒါကပြည်သူတွေဖြစ်စေချင်တဲ့ဆန္ဒအမှန်ပါပဲ။ အားလုံးဟာညီညီညွတ်ညွတ်နဲ့
ဖြစ်နေရင် တိုင်းပြည်တိုးတက်မှာပါ။ အခုကျတော့ပြည်သူတွေအနေနဲ့လက်ရှိမြန်မာနိုင်ငံရေးအပေါ်မျက်စေ့
လည်စရာဖြစ်နေပါတယ်။ အခြားသောအကြောင်းတွေကိုပြနေပေမယ့် တကယ့်အကြောင်းရင်းက ၂၀၁၅မှာ သမ္မတဖြစ်ဖို့အတွက်
ဖွဲ့စည်းပုံကို ပြင်ဆင်နေတာဖြစ်သလို တကယ်ငြိမ်းချမ်းရေးထက် ငွေကြေးနဲ့ဝယ်ယူနေ ရတဲ့ငြိမ်းချမ်းရေးဖြစ်နေတာမို့
မြန်မာ့နိုင်ငံရေးလမ်းမှားရောက်မှာကိုတော့ အလွန်ပဲစိုးရိမ်နေမိပါတယ်။
အောင်မိုးကျော်
0 comments:
Post a Comment